September 17, 2009

Oversea terrotory of the UK


၁၅၄။မွန်ဆာရက်(Monserrat)
(Oversea terrotory of the UK)

နောက်ခံသမိုင်းအကျဉ်း
(၁၆၃၂) တွင် စိန့်ကစ်မှ အင်္ဂလိပ်နှင့်အိုင်းရစ် ကိုလိုနီနယ်မြေရှာဖွေသူများ ပထမဦးစွာ အခြေချခဲ့ကြသည်။ နောက်နှစ်သုံးဆယ်ခန့်အကြာတွင် အာဖရိကမှကျွန်များ ရောက်ရှိလာခဲ့သည်။ အင်္ဂလိပ်နှင့်ပြင်သစ်တို့ မွန်ဆာရက်ကျွန်းကိုပိုင်ဆိုင်လိုမှုဖြင့်(၁၈)ရာစုတစ်ခုလုံးနီးပါး တိုက်ခိုက်ခဲ့ကြသည်။ သို့သော် (၁၇၈၃)တွင် ဗြိတိသျှတို့အခိုင်အမာပိုင်ဆိုင်မှု ရရှိခဲ့သည်။ ကျွန်း၏ကြီးမားသော သကြားလုပ်ငန်းများမှာ (၁၉)ရာစုအလယ်ပိုင်းလောက်တွင် သေးငယ်သော လယ်ယာလုပ်ငန်းအသွင်သို့ ပြောင်းလဲသွားသည်။ (၁၉၉၅)ခုနှစ် ဇူလိုင်လ(၁၅) ရက်နေ့တွင်စတင်ပေါက်ကွဲသော ဆူဖရီး မီးတောင်ကြောင့်ကျွန်းမှာ အများအပြား ပျက်စီးခဲ့ရပြီး လူဦးရေသုံးပုံနှစ်ပုံခန့်စွန့်ခွာထွက်ပြေးခဲ့ရသည်။ (၂၀၀၃)ဇူလိုင်လတွင် အဆိုပါ မီးတောင် နောက်ဆုံးပေါက်ကွဲခဲ့သည်။


ပထ၀ီအနေအထား
တည်နေရာ
ကာရစ်ဘီယံ၊ ကာရစ်ဘီယံပင်လယ်အတွင်းရှိကျွန်း၊ ပူအာတိုရီကို၏ အရှေ့ တောင်ဘက်။

မြေပုံအညွှန်း
အမေရိက အလယ်ပိုင်းနှင့်ကာရစ်ဘီယံ

ဧရိယာ
ကုန်းမြေ - ၁၀၂ sqkm
ရေ - ၀ sqkm

ထိစပ်နယ်မြေ
မရှိ

ကမ်းရိုးတန်း
၄၀km

ဧရိယာ
ကျယ်ဝန်းမှုကမ္ဘာ့အဆင့် - ၂၃၂

ရာသီဥတု
အပူပိုင်းဒေသရာသီဥတု။ နေ့စဉ် သို့မဟုတ် ရာသီဥတုလိုက်အပူချိန်အနည်းငယ်ပြောင်းလဲမှုရှိ။

မြေမျက်နှာသွင်ပြင်
မီးတောင်ကျွန်း၊ တောင်ထူထပ်၊ သေးငယ်သော ကမ်းရိုးတန်းမြေနိမ့်။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း - ကာရစ်ဘီယံပင်လယ် - ၀m
အမြင့်ဆုံးအပိုင်း - အင်္ဂလိပ်မီးတောင်ဝ ကုန်းပေါ်ရှိ ချော်ရည်တောင်ကုန်း - ၉၃၀ m

သဘာဝအရင်းအမြစ်
မရှိ။

လူ့အရင်းအမြစ်
လူဦးရေ ၅,၀၉၇
လူဦးရေကြီးမားမှုကမ္ဘာ့အဆင့် ၂၂၉
လူဦးရေတိုးနှုန်း ၀.၃၉၂%(၂၀၀၉)
မွေးဖွားနှုန်း ၁၂.၃၆/၁၀၀၀(၂၀၀၉)
သေဆုံးနှုန်း ၈.၄၄/၁၀၀၀ (၂၀၀၉)
ပျမ်းမျှအသက်
ကျား ၇၄.၇၄ နှစ်
မ ၇၀.၆၈ နှစ်
စုစုပေါင်း ၇၂.၇၆ နှစ်

လူမျိုး
မွန်ဆာရက်ရှန်း

တိုင်းရင်းသားလူမျိုး
လူဖြူ၊ လူမည်း။

ကိုးကွယ်မှု
အင်္ဂလီကန်၊ မက်သဒစ်၊ ရိုမန်ကက်သလစ်၊ ပင်တယ်ကိုစတယ်၊ သတ္တမမြောက်နေ့ မျှော်လင့်ခြင်း၊ အခြားခရစ်ယာန်။

ဘာသာစကား
အင်္ဂလိပ်

မြို့တော်
ပလိုင်းမောက်(Plymouth)

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။