Showing posts with label ကမ္ဘာ့နိုင်ငံများ. Show all posts
Showing posts with label ကမ္ဘာ့နိုင်ငံများ. Show all posts

January 28, 2010

Saint Helena ,Ascension,and Tristan da Cunha



၁၈၆ ။ စိန့်ဟီလီနား အက်ဆန်းရှင်း၊ ထရစ္စတန် ဒါကူညာ
Saint Helena ,Ascension,and Tristan da Cunha
နောက်ခံသမိုင်းအကျဉ်း
စိန့်ဟီလီနားသည် စိန့်ဟီလီနား နှင့် အက်ဆန်းရှင်း ကျွန်းများ၊ထရစ္စတန်ဒါကူညာ ကျွန်းစုတို့ပါဝင်သော ဗြိတိသျှ အဝေးရောက် ပိုင်နက် နယ်မြေများဖြစ်၏။

စိန့်ဟီလီနာ ။ ။ ၁၅၀၂ ခုနှစ်တွင် ပေါ်တူဂီတို့ ပထမဦးဆုံး တွေ့ရှိခဲ့ပြီး လူသူနေထိုင်းခြင်း မရှိသေးပေ။ (၁၇) ရာစုတွင် ဗြိတိသျှတို့ တပ်ခွဲထားခဲ့သည်။ ၁၈၁၅ မှ သေဆုံးချိန် ၁၈၂၁ ခုနှစ်အထိ နပိုလီယံဘိုနာပတ် ကို ပြည်နင်ဒဏ်ပေးရာ ကျွန်းအဖြစ် ကျော်ကြားခဲ့သည်။ ၁၈၆၉် ခုနှစ်တွင် ဆူးအက်တူးမြောင်း (Suez canal) ဖွင့်လှစ်ပြီးနောက်ပိုင်း အရေးကြီး ဆိပ်ကမ်းတစ်ခု အဖြစ်မှ လျောကျသွားခဲ့သည်။

အက်ဆန်းရှင်းကျွန်း ။ ၁၅၀၃ ခုနှစ်တွင် ပေါ်တူဂီတို့ တွေ့ရှိခဲ့ပြီး ကန္တာရဆန်၍ လူသူမရှိသော ဤကျွန်းကို ပေါ်တူဂီ အမည်ပေးထားခဲ့သည်။ စိန့်ဟီလီနာ ကျွန်းတွင် တကျွန်းပို့ထားသော နပိုလီယံကို ကယ်တင်ခြင်း မပြုနိုင်စေရန် ၁၈၁၅ တွင် ဗြိတိသျှသို့ တပ်ခွဲထားခဲ့သည်။ တော်ဝင်ရေတပ် အနောက်အာဖရိက တပ်ရင်း၏ ကျွန်းကုန်ကူးမှု နှိမ်နင်းရေးတွင် ထောက်ပံ့ရေး စခန်းအဖြစ် ထားရှိခဲ့သည်။ စိန့်ဟီလီနာ၏ အုပ်ချုပ်ခံ အဖြစ်ရောက်ရှိခဲ့သော ၁၉၂၂ အထိ ရေတပ် ဗိုလ်ချုပ်၏ အုပ်ချုပ်မှုအောက်တွင် ထားရှိခဲ့သည်။ ဒုတိယ ကမ္ဘာစစ်အတွင်း အန္တလန္တိတ် သမုဒ္ဒရာတလျောက် လေယာဉ်ပျံများအတွက် ကျွန်းပေါ်တွင် လေယာဉ်ကွင်းတည်ဆောက်ခွင့်နှင့် တောင်အန္တာလန္တိတ် သမုဒ္ဒရာအတွင်း ရေငုပ်သဘောင်္ အန္တရာယ်နှိမ်နင်းမှု စစ်ဆင်ရေး လုပ်ငန်းများအတွက် ဗြိတိန်က အမေရိကန်ကို ခွင့်ပြုခဲ့သည်။ ၁၉၆၀ ခုနှစ်များတွင် အမေရိကန်၏ အရေးကြီးသော ဝေဟင်ထောက်လှမ်းရေး ဌာနအဖြစ်အသုံးပြုခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် ဖေါက်ကလန် စစ်ပွဲအတွင်း ဗြိတိသျှ စစ်တပ်အတွက် တစ်ဆင့်ခံ နယ်မြေအဖြစ် အလွန်အသုံးဝင်ခဲ့သည်။ လက်ရှိ အချိန်အထိ ဗြိတိန်မှ တောင်အန္တာလန္တိတ်သို့ လေကြောင်းခရီးတွင် အရေးပါသော လောင်စာဖြည့်တင်းရာ နေရာအဖြစ် အသုံးပြုလျှက်ရှိသည်။

ခရစ္စတန်ဒါကူညာ ။ ။ ခရစ္စတန်ဒါကူညာ၊နိုက်တင်ဂေးလ်၊ အင်အက်ဆက်ဆေးဘဲလ် နှင့် ဂို့ကျွန်းတို့ ပါဝင်သော ကွ်ျန်းစုဖြစ်၏။ ၁၅၀၆ တွင် ပေါ်တူဂီတို့ တွေ့ရှိခဲ့ပြီး အမည်ပေးခဲ့သည်။ စိန့်ဟီလီနာရှိ နပိုလီယံကို ကယ်တင်ခြင်းမပြုနိုင်အောင် ၁၈၁၆ တွင် ဗြိတိသျှတို့ တပ်ခွဲထားခဲ့သည်။ ဂို့နှင့် အင်အက်ဆက်ဆေးဘဲလ် ကျွန်းများကို ကမ္ဘာ့အမွေအနှစ်နေရာများအဖြစ် သတ်မှတ်ထားသည်။ ဂို့ကျွန်းပေါ်တွင် မိုးလေ၀သနှင့်ဇလဗေး ဌာနတစ်ခုအတွက် တောင်အာဖရိက မှ ငှားရမ်းထားသည်။

ပထ၀ီအနေအထား တည်နေရာ
တောင်အန္တာလန္တိတ် သမုဒ္ဒရာအတွင်း၊ တောင်အမေရိက နှင့် အာဖရိကကြား။ စိန့်ဟီလီနာကျွန်း၏ အနောက်မြောက်ဘက် ရေပိုင် ၇၀၀။ စိန့်ဟီလီနာကျွန်း၏ အနောက်တောင်ဘက် ရေပိုင် ၂၃၀၀။

မြေပုံအညွှန်း
အာဖရိက

ဧရိယာ
ကုန်းမြေ စိန့်ဟီလီနာ = ၁၂၂ Sq km
အက်ဆန်းရှင်း = ၈၈ Sq km
ထရစ္စတန်ဒါကူညာ= ၉၈ Sq km
ရေ မရှိ
စုစုပေါင်း ၃၀၈ Sq km

ထိစပ်နယ်မြေ
မရှိ

ကမ်းရိုးတန်း
စိန့်ဟီလီနာ = ၆၀ Sq km
အက်ဆန်းရှင်း = မရှိသလောက်နည်းပါး
ထရစ္စတန်ဒါကူညာ = ၄၀ Sq km

ရာသီဥတု
စိန့်ဟီလီနာ။ အပူပိုင်းပင်လယ်။မျှတ၊ ကုန်သည်လေ တိုက်ခတ်မှုကြောင့် အပူအအေး သမ။
အက်ဆန်းရှင်း ။ အပူပိုင်းပင်လယ် ၊မျှတ၊ မိုးအနည်းငယ်ခေါင်။
ထရစ္စတန်ဒါကူညာ။ အပူအအေးမျှတသော ပင်လယ် ရာသီဥတု၊မျှတ၊ကုန်သည်လေ တိုက်ခိုက်မှုကြောင့် အပူအအေးမျှတ။

မြေမျက်နှာသွင်ပြင်
အန္တာလန္တိတ်သမုဒ္ဒရာ အလယ်ကုန်းကြော နှင့် ဆက်စပ် မီးတောင်များကြောင့် ဖြစ်ပေါ်လာ။

စိန့်ဟီလီနာ
ကြမ်းတမ်း၊မီးတောင်မြေ။ပြန့်ကျဲနေသော ကုန်းမြင့်လွင်ပြင်များနှင့် မြေပြန့်များ။

အက်ဆန်းရှင်း
မျက်နှာပြင်ကို ချော်ရည်စီးကြောင်းများနှင့် မီးတောင် ၄၄ ခုတို့၏ ပြာတောင်ပူစာတို့ဖြင့် ဖုံးလွှမ်းထား။ အရှေ့ဘက်သို့ ကုန်းမြေမြင့်တက်သွား။

ထရစ္စတ်ဒါကူညာ
စက်ဝိုင်းနီးပါး ကမ်းရိုးတန်းတလျောက် မက်ဆောက်သော ကမ်းပါးများရှိ ပင်မမီးတောင်၏ ခါးတွင် မက်စောက်စွာ ပြတ်ဂွေ့ လျက်ရှိ။မီးတောင်ဝနှင့် ကမ်းရိုးတန်း မက်စောက်ကျောက်ဆောင်များကြားတွင် ကျဉ်းမြောင်းသော ကမ်းရိုးတန်းလွင်ပြင်ရှိ။

အမြင့်ပေခြားနားချက်
အနိမ့်ဆုံးအပိုင်း အန္တာလန္တိတ် သမုဒ္ဒရာ = 0m
အမြင့်ဆုံးအပိုင်း ထရစ္စတန်ဒါကူညာ = တွင်းမေရီတောင်ထွက် = ၂၀၆၂ m
အက်ဆန်းရှင်းကျွန်း = တောင်စိမ်း = ၈၅၉ m
စိန့်ဟီလီနာကျွန်း = အက်တီယွန်တောင်= ၈၁၈ m

သဘာဝအရင်းအမြစ်
ငါး ၊ ပုဇွန်ထုပ်။

လူ့အရင်းအမြစ်
လူဦးရေ ၇၆၃၇ ဦးရေ (၂၀၀၉)
လူဦးရေကြီးမားမှု ကမ္ဘာ့အဆင့် = ၂၂၅
လူဦးရေတိုးနှုန်း ၀.၄၄၅ % (၂၀၀၉)
မွေးဖွားနှုန်း ၁၁.၁၃ /၁၀၀၀ ဦးရေ (၂၀၀၉)
သေဆုံးနှုန်း ၆.၆၈ / ၁၀၀၀ ဦးရေ (၂၀၀၉)
ပျှမ်းမျှအသက် ကျား = ၇၅.၅၂ နှစ်
မ = ၈၁.၅ နှစ်
စုစုပေါင်း = ၇၈.၄၄ နှစ် (၂၀၀၉)

လူမျိုး
စိန့်ဟီလီယံ
တိုင်းရင်းသားလူမျိုး
အာဖရိက အနွယ် ၅၀ %
လူဖြူ ၂၅%
တရုတ် ၂၅%

ကိုးကွယ်မှု
အင်္ဂလီကန် (အများစု)၊ ဘက်စတစ်၊ ခုနှစ်ရက်မြောက် မျှော်လင့်ခြင်း ၊ရိုမန်ကက်သလစ်။
ဘာသာစကား
အင်္ဂလိပ်

မြို့ တော်
ဂျိမ်းစ်တောင်း (Jamestown)

January 27, 2010

Saint Barthelemy




စိန့်ဘာသီလီမီ
Saint Barthelemy

နောက်ခံသမိုင်းအကျဉ်း
၁၉၄၃ တွင် ခရစ္စတိုဖာကိုလံဘတ်(စ်) ကရှာဖွေတွေ့ရှိခဲ့ပြီး ၎င်း၏ အစ်ကို ဘာတိုလိုမီဟို၏ အမည်ကို ပေးခဲ့သည်။ စိန့်ဘာသီလီမီ ၌ ၁၆၄၈ တွင် ပြင်သစ်တို့ ပထမဦးစွာ အခြေချခဲ့သည်။ ၁၇၈၄ တွင် ၎င်းကျွန်းကို ပြင်သစ်က ဆွီဒင်ထံသို့ ရောင်းချခဲ့သည်။ ထို့နောက် ဘုရင် ဂတ်စ်တဗ်(တတိယ)၏ အမည်ကို အစွဲပြု၍ အကြီးဆုံးမြို့ကို ဂတ်စ်စတာဗီယာ ဟူ၍ အမည်ပေးခဲ့ပြီး အခမဲ့ ဆိပ်ကမ်း ပြုလုပ်ခဲ့သည်။ ၁၈ ရာစုတွင်ဖြစ်ပွားသော ကိုလိုနီ စစ်ပွဲအတွင်း ထောက်ပံ့ရေးဌာနနှင့် ကူးသန်းရေးဌာနအဖြစ် စီးပွားဖြစ်ထွန်းခဲ့သည်။ ၁၈၇၈ တွင် ပြင်သစ်က ပြန်လည်ဝယ်ယူခဲ့ပြီး ဂွာီးလုပ်၏ အုပ်ချုပ်ခံ နယ်မြေအဖြစ် သတ်မှတ်ခဲ့သည်။ စိန့်ဘာသီလီမီ သည် ဆွီဒင်တို့ ပေးထားခဲ့သော မြို့အမည်များ လမ်းအမည်များကို ဆက်လက်ထိန်းသိမ်း သုံးစွဲခဲ့ပြီး လက်မောင်းအမှတ်တံဆိပ် မကိုဋ်သုံးခု အမှတ်အသားကို ဆက်လက်သုံးစွဲခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် ကျွန်းနေလူထုက ဂွါဒီလုပ်မှ ခွဲထွက်ရန် မဲပေးခဲ့ကြပြီး ၂၀၀၇ တွင် ပြင်သစ်၏ အဝေးရောက် ပိုင်ဆိုင်သော နယ်မြေတစ်ခု ဖြစ်လာခဲ့သည်။

ပထ၀ီအနေအထား
တည်နေရာ
ဂွါဒီလုပ်မှ အနောက်မြောက် ၁၂၅ မိုင်အကွာ။

မြေပုံအညွှန်း
အမေရိကန် အလယ်ပိုင်း ကာရစ်ဘီယံ။

ဧရိယာ
၂၁ Sq km

ထိစပ်နယ်မြေ
မရှိ

ရာသီဥတု
အပူပိုင်းဒေသ။ဒေသလိုက် အပူချိန်ပြောင်းလဲမှုမရှိ
ခြောက်သွေ့ရာသီနှင့် စိုထိုင်းသောရာသီ ဟူ၍ ရာသီဥတု နှစ်ခုရှိ။

မြေမျက်နှာသွင်ပြင်
တောင်ကုန်းပေါးများ၊ ရေတိမ်သန္တာကျောက်တန်းများ ကျွန်းလုံးပြည့်နီးပါး ၀န်းရံထား၊ ကမ်းခြေ အခု ၂၀ ရှိ။

မျက်နှာပြင်အမြင့် ခြားနားချက်
အနိမ့်ဆုံးအပိုင်း ကာရစ်ဘီယံပင်လယ် = ၀ m
အမြင့်ဆုံးအပိုင်း မွန်းဒူဗီတက် = ၂၈၆ m

သဘာဝအရင်းအမြစ်
အလွန်နည်းပါး။ ကမ်းခြေများသည် အရေးအပါဆုံး အရင်းအမြစ်များဖြစ်သည်။

လူ့အရင်းအမြစ်
လူဦးရေ ၇၄၄၈ ဦး (၂၀၀၉)
လူဦးရေ ကြီးမားမှု ကမ္ဘာ့အဆင့် = ၂၂၆
တိုင်းရင်းသားလူမျိုး = လူဖြူ ၊ ခရီအိုးလ် ၊ (မူလတို) ၊ဂွါဒီလုပ်မက်ဇတီဇို။

ကိုးကွယ်မှု
ရိုမန်ကက်သလစ်
ပရိုတက်စတင့်
ယေဝေါဟာသက်သေ။

ဘာသာစကား
ပြင်သစ် (အဓိက) အင်္ဂလိပ်။

မြို့တော်
ဂတ်စတာဗီယာ (Gustavia)




January 20, 2010

Republic of Rwanda



၁၈၄။ ရ၀မ်ဒါ
(Rwanda)
Republic of Rwanda


နောက်ခံ သမိုင်းအကျဉ်း
ဘယ်လဂျီယံထံမှ လွတ်လပ်ရေးမရမီ (၃) နှစ်အလို (၁၉၅၉) တွင် အင်အားကြီးဟူတူ တိုင်းရင်းသားတို့က တပ်ဆီ ဘုရင်ကို ဖြုတ်ချခဲ့သည်။ နောက်နှစ်ပေါင်းများစွာ ကြာအောင် တပ်ဆီ တိုင်းရင်းသား ထောင်ပေါင်းများစွာ အသတ်ခံခဲ့ရသည်။ တစ်သိန်းခွဲကျော် အိမ်နီးချင်း နိုင်ငံများသို့ နှင်ထုတ်ခံခဲ့ရသည်။ နှင်ထုတ်ခံခဲ့ရသော တပ်ဆီ တိုင်းရင်းသားတို့၏ မျိုးဆက်များက ရ၀မ်ဒါ မျိုးချစ်တပ်ဦး (Rwanda patriotic Front- RPF) ဖွဲ့စည်းပြီး သူပုန်ထခဲ့ရာ ၁၉၉၀ တွင် ပြည်တွင်းစစ် စတင်ဖြစ်ပွားခဲ့သည်။
အဆိုပါ ပြည်တွင်းစစ်နှင့် အတူ နိုင်ငံရေး၊စီးပွားရေး ကမောက်ကမ ဖြစ်ပွားခဲ့သည်။ ၁၉၉၄ ဧပြီတွင် တပ်ဆီ တိုင်းရင်းသားများနှင့် ယူတူ လူလတ်တန်းစား ၈၀၀,၀၀၀ ခန့် မျိုးတုန်းသတ်ဖြတ်ခံရပြီး အထွဋ်အထိပ်သို့ ရောက်ရှိခဲ့သည်။ ၁၉၉၄ ဇူလိုင်တွင် တပ်ဆီ သူပုန်များက ဟူတူ အစိုးရကို တော်လှန်အောင်မြင်ခဲ့ပြီးနောက် သတ်ဖြတ်မှုများ ရပ်တန့်သွားခဲ့သည်။ ဟူတူ တိုင်းရင်းသား ဒုက္ခသည် နှစ်သန်းခန့် အိမ်နီးချင်းနိုင်ငံများဖြစ်သော ဘူရန်ဒီ၊တန်ဇန်းနီးယား၊ ယူဂန္စ္စာ၊ဇိုင်ရီ နိုင်ငံများသို့ ထွက်ပြေး ခိုလှုံခဲ့ရသည်။ ထိုအချိန်မှစ၍ ဒုက္ခသည် အများစုမှာ ရ၀မ်ဒါ နိုင်ငံသို့ ပြန်လည်ဝင်ရောက်ခဲ့သော်လည်း ထောင်ပေါင်းများစွာသော ဒုက္ခသည်များမှာ အိမ်နီးချင်း ဒီမိုကရက်တစ် သမ္မတကွန်ရိုနိုင်ငံ (ယခင် ဇိုင်ရီ)တွင် ရှိနေဆဲဖြစ်၏။
ထို့နောက် အစွန်းရောက် သူပုန် အုပ်စုဖွဲ့စည်းပြီး ၁၉၉၀ တွင် RPF တို့ ကြိုးပမ်းခဲ့သည့်နည်းတူ နိုင်ငံအာဏာကို ပြန်လည်ရယူရန် ကြိုးပမ်းခဲ့သည်။ ၁၉၉၀ တွင် လူမျိုးတုန်း သတ်ဖြတ်မှု စစ်ပွဲ နောက်ပိုင်း ပထမဦးဆုံး သမ္မတ ရွေးကောက်ပွဲကို ကျင်းပခဲ့သည်။ ၂၀၀၃ တွင် ဥပဒေပြု လွှတ်တော် ရွေးကောက်ပွဲ ကျင်းပခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ကွန်ရိုစစ်တပ်နှင့် ပူးပေါင်း၍ ဟူတူ အစွန်းရောက်များကို ပူးပေါင်းစစ်ဆင်ရေး ပြုလုပ်ခဲ့ပြီး တီဂါလီ နှင့် ကင်ရှာဆာ တို့ သံတမန် ဆက်ဆံရေး ပြန်လည်ပြုလုပ်ခဲ့သည်။ ၂၀၀၉ ခုနှစ် နှောင်ပိုင်းတွင် ဓနသဟာယ အဖွဲ့သို့လည်း ၀င်ရောက်ခဲ့သည်။

ပထ၀ီ အနေအထား
တည်နေရာ
အာဖရိက အလယ်ပိုင်း၊ကွန်ဂို အရှေ့ ဘက်။

မြေပုံအညွှန်း
အာဖရိက

ဧရိယာ
ကုန်းမြေ = ၂၄၆၆၈ Sq km
ရေ = ၁၆၇၀ Sq km

ထိစပ်နယ်မြေ

ဘူရန်ဒီ ၂၉၀ km ဒီမိုကရက်တစ် ကွန်ဂို
သမ္မတနိုင်ငံ ၂၁၇ km တန်ဇန်းနီးယား
ယူဂန္စာ ၁၆၉ km

ကမ်းရိုးတန်း

မရှိ (ကုန်းတွင်းပိတ်)

ရာသီဥတု
အပူအအေးမျှတ။မိုးရာသီနှစ်ရာသီ (ဖေဖေါ်ဝါရီမှ ဧပြီ၊ နိုဝင်ဘာ မှ ဇန်န၀ါရီ)
တောင်တန်းတွင် ဆီးနှင်းကျ၍ သမမျှတ။

မြေမျက်နှာသွင်ပြင်

အများအားဖြင့် မြက်လွှမ်းသော ကုန်းမြင့်၊တောင်တန်းများ အနောက်မှ အရှေ့သို့ အမြင့်ပေ နိမ့်ကျလာပြီး တောင်တန်းများပြေပြစ်။

မျက်နှာပြင်အမြင့်ခြားနားချက်။
အနိမ့်ဆုံးအပိုင်း ရပ်ဆီဇီမြစ် ၉၅၀ m
အမြင့်ဆုံးအပိုင်း ဗော်လကန် ကာရီဆင်ဘီ = ၄၅၁၉ m

သဘာဝအရင်းအမြစ်
ရွှေ၊ သံဖြူသတ္တုရိုင်း၊ ခနောက်စိမ်းရိုင်း၊မိသိန်း၊ ရေအားလျှပ်စစ်၊စိုက်ပျိုးမြေ။

လူ့အရင်းအမြစ်

လူဦင်္းရေ ၁၀၄၇၃၂၈၂ ဦးရေ
လူဦးရေကြီးမားမှု ကမ္ဘာ့အဆင့် = ၇၇
လူဦးရေတိုးနှုန်း ၂.၇၈၂% (၂၀၀၉)
မွေးဖွားနှုန်း ၃၉.၆၇/၁၀၀၀ ဦးရေ (၂၀၀၉)
သေဆုံးနှုန်း ၁၄.၁၂/၁၀၀၀ ဦးရေ (၂၀၀၉)
ပျှမ်းမျှအသက် ကျား = ၄၉.၂၅ နှစ်
မ = ၅၁.၈၃ နှစ်
စုစုပေါင်း = ၅၀.၅၂ နှစ် (၂၀၀၉)

လူမျိုး
ရ၀မ်ဒါ

တိုင်းရင်းသားလူမျိုး
ယူတူ(ဘန်ဘူ) ၈၄%
တပ်ဆီ (ဟန်မီတစ်) ၁၅%
ထွာ (ပစ်ဂမီ) ၁ %။

ကိုးကွယ်မှု

ရိုမန်ကက်သလစ် ၅၆.၅%
ပရိုတက်စတစ် ၂၆ %
အက်ဒပြန်တစ် ၁၁.၁%
မွတ်စလင် ၄.၆ %
တိုင်းရင်းသား မီရိုးဖလာကိုးကွယ်မှု ၀.၁ %
ဘာသာမဲ့ ၁.၇%

ဘာသာစကား
ကင်ညာရ၀မ်ဒါ (ရုံးသုံး) ဘန်ဘူ နေ့စဉ်သုံးစကား။
ပြင်သစ် (ရုံးသုံး)
အင်္ဂလိပ် (ရုံးသုံး)
ကီဆွာဟီလီ(ဆွာဟီလီ) စီးပွားရေး တွင်သုံးသည်။

မြို့တော်
ကီဂါလီ (Kigali)

December 22, 2009

Russia

၁၈၃။ရုရှ
Russian Federation


နောက်ခံသမိုင်းအကျဉ်း
မင်းသားအုပ်ချုပ်သော မတ်စကိုဗီပြည်နယ်တစ်ခုအဖြစ် (၁၂) ရာစုတွင် စတင်တည်ထောင်ခဲ့ပြီး (၁၃) ရာစုမှ (၁၅) ရာစုအထိ နှစ်ပေါင်း (၂၀၀) ကျော်ကြာမွန်ဂိုးလ်တို့၏ ထိန်းချုပ်မှုအောက် လွတ်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့သည်။ ထို့နောက် ဘေးပတ်ဝန်းကျင် ပြည်နယ်များကို တဖြည်းဖြည်းချင်း သိမ်းပိုက်သွတ်သွင်း နိုင်ခဲ့သည်။ (၁၇) ရာစုအစောပိုင်းတွင် ရိုမန်နော့ဗ် မင်းဆက်သစ်မှ ဆားဗီးယားမှ ဖြတ်၍ ပစိဖိတ်အထိ နယ်ပယ်ချဲ့ ထွင်ရေး မူဝါဒကို ကျင့်သုံးခဲ့သည်။ ပထမပီတာဘုရင် (၁၆၈၂-၁၇၂၅) လက်ထက်တွင် ဘောလ်တစ် ပင်လယ်အထိ နယ်ချဲ့ ထွင်နိုင်ခဲ့ပြီး ရုရှ အင်ပါယာဟူ၍ အမည်သစ်မှည့်ခေါ်ခဲ့သည်။ (၁၉) ရာစု အတွင်းတွင် ဥရောပနှင့်အာရှတွင်လည်း နယ်ပယ်များ ရရှိပိုင်ဆိုင်ခဲ့သည်။ ၁၉၀၄-၀၅ ရုရှ-ဂျပန် စစ်ပွဲတွင် ရှူံးနိမ့်ပြီးနောက် ၁၉၀၅ တော်လှန်ရေးဖြစ်ပွားခဲ့ပြီး ပါလီမန်ဖွဲ့စည်းပုံ ပြန်လည်ပြင်င်ခဲ့ပြီး အခြားသော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်။

ကမ္ဘာစစ်အတွင်း ရုရှစစ်တပ်၏ ဆိုးဆိုးဝါးဝါး နှိပ်စက်သတ်ဖြတ်မှုများကြောင့် ရုရှနိုင်ငံ၏အဓိက မြို့ ကြီးများတွင် ကဓိကရုံးများပေါ်ပေါက်လာခဲ့ပြီး USSR ဟူ၍ တည်ထောင်ခဲ့သည်။ အာဏာရှင် အိုင်အိုစစ်ဖ် စတာလင် (Iosif Starlin /1928-53) လက်ထက်တွင် ကွန်မြူနစ်ဝါဒကို ပိုမိုခိုင်မာစေခဲ့ပြီး ရုရှတို့ကြီးစိုးသော ဆိုဗီယက်ယူနီယံတွင် လူပေါင်းသန်းနှင့်ချီ၍ အသက်ဆုံးရှုံးခဲ့ခရသည်။ နောက်ပိုင်းဆယ်စုနှစ်များတွင် ဆိုဗီယက် စီးပွားရေးနှင့် လူမှုရေး တိုးတက်မှု ရပ်တန့်နေခဲ့ပြီး အထွေထွေအတွင်းရေးမှူး မစ်ခေးလ်ဂေါ်တာချော့ (၁၉၈၅-၉၁) လက်ထက်တွင် ဆန်းသစ်သော ကွန်မြူနစ်ဝါဒကို အသက်သွင်းရန် ပွင့်လင်းမှုနှင့် ပြန်လည်တည်ဆောက်မှု ဟူသော မူဝါဒများ စတင်ကျင့်သုံးခဲ့သည်။
ွှသို့သော်စစ်တပ်များကို လက်လွှတ်လိုက်ခြင်းအားဖြင့် ဒီဇင်ဘာ၁၉၉၁နှင့် အခြားလွတ်လပ်သော နိုင်ငံ (၁၄) ရာစု ပေါ်ပေါက်လာကာ အစိတ်စိတ် အမွှာမွှာကွဲပြားသွားခဲ့သည်။ ထိုအချိန်မှစ၍ ရုရှသည် ဆိုဗီယက်အလွန် ဒီမိုကရေစီ ရည်မှန်းချက်များကို ပြောင်းလဲခဲ့ပြီး ဗဟိုချုပ်ကိုင် အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခဲ့သည်။

ထို့နောက် တစ်စိတ်တစ်ဒေသအားဖြင့် ရွေးကောက်ပွဲများကို ဂရုတစိုက် ကျင်းပပြီး ယခင်သမ္မတဟောင်းများ ပူတင်၏ လူကြိုက်များမှု၊ ရေရှည်အကျိုးစီးပွားကို ဦးတည်အုပ်ချုပ်မှုများကြောင့် ရုရှသည် စွမ်းအင် ကြွယ်ဝသော နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့သည်။ မြောက်ပိုင်း ကော့ကေးဆပ် ဒေသတွင် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး ချေချင်းသူပုန်မျာကို နှိမ်နှင်းနိုင်ခြင်းမရှိသေးပေ။

ပထ၀ီအနေအထား
တည်နေရာ
အာရှတိုက် မြောက်ဘက်။ အာတိတ်သမုဒ္ဒရာနှင့် ထိစပ်။ ဥပရောနှင့် မြောက်ပစိဖိတ် သမုဒ္ဒရာတို့ကြား။

မြေပုံအညွှန်း
အာရှ

ဧရိယာ
ကုန်းမြေ=၁၆,၃၇၇,၇၄၂ sqkm
ရေ=၇၂၀,၅၀၀ sqkm

ထိစပ်နယ်မြေ
အဇာဘိုင်ဂျန်=၂၈၄km
ဘီလာရုဇ်=၉၅၉km
(အရှေ့ တောင်) တရုတ်=၃,၆၀၅ km
(တောင်) တရုတ်=၄၀ km
အက်စတိုးနီးယား=၂၉၀ km
ကိုးရီးယား=၁၇.၅ km
လတ်ဗီးယား=၂၉၂ km
နော်ဝေ=၁၉၆ km
ပိုလန်=၄၃၂ km
ယူကရိန်း=၁,၅၇၆ km

ကမ်းရိုးတမ်း
၃၇,၅၆၃km

ရာသီဥတု
ဥရောပရုရှဒေသများတွင် တောင်ဘက်စတက်မြခင်းလွင်ပြင် တစ်လျောက် စိုစွတ်သော ဥရောပကုန်းရာသီဥတု။
ဆိုက်ဘေးရီးယားတွင် အာတိတ်တောင်ပိုင်းရာသီဥတုနှင့် မြောက်ဝင်ရိုစွန်း ဒေသဘက်တွင် ရေခဲလွှမ်း။ ပင်လယ် နက် ကမ်းရိုးတန်းတစ်လျောက်၏ အေးမြသော ဆောင်းရာသီနှင့် အာတိတ်ကမ်းရိုးတမ်းတစ်လျောက် အေးမြသော နွောရာသီ။

မြေမျက်နှာသွင်ပြင်
အူရယ်စ် အနောက်ဘက်တွင် တောင်ကုန်း နိမ့်များနှင့် ကျယ်ပြန့်သော လွင်ပြင်။ ဆိုက်ဘေးရီးယားတွင် ကျယ်ပြန့်သော ထင်းရှူးတောနှင့် ရေခဲလွှမ်းဒေသ။ တောင်ဘက် နယ်စပ်ဒေသတစ်လျောက် ကုန်မြင့်နှင့် တောင်များ။

မျက်နှာပြင်အမြင့်ခြားနားချက်
အိနိမ့်ဆုံးအပိုင်း=ကက်စပီယန်ပင်လယ် =-၂၈m
အမြင့်ဆုံးအပိုင်း=ဂေါ်ရာအယ်ဘရုဇ်=၅၆၃၃m

သဘာဝအရင်းအမြစ်
ရေနံသိုက်၊ သဘာဝဓါတ်ငွေ့၊ ကျောက်မီးသွေး ဗျူဟာမြောက်သတ္တုများ၊ သစ် စသည်တို့အပါအ၀င် ကြီးမားများပြားသော သဘာဝအရင်းအမြစ်များ ရှိသည်။

လူ့အရင်းအမြစ်
လူဦးရေ=၁၄၀,၀၄၁,၂၄၇ (၂၀၀၉)
လူဦးရေကြီးမားမှုကမ္ဘာ့အဆင့်=၉
လူဦးရေတိုးနှုန်း=-၀.၄၆၇% (၂၀၀၉)
မွေးဖွားနှုန်း=၁၁.၁/၁၀၀၀ ဦးရေ (၂၀၀၉)
သေဆုံးနှုန်း=၁၆.၀၆/၁၀၀၀ ဦးရေ (၂၀၀၉)

ပျမ်းမျှအသက်
ကျား=၅၉.၃၃နှစ်
မ=၇၃.၁၄နှစ်
စုစုပေါင်း=၆၆.၀၃နှစ် (၂၀၀၉)

လူမျိုး
ရုရှ

တိုင်းရင်းသားလူမျိုး
ရုရှ=၇၉.၈%
ကာတာ=၃.၈%
ဘက်ရှ်ကာ=၁.၂%
ချူဗက်=၁.၁%
အခြားနှင့်အမည်မသိ=၁၂.၁%

ကိုးကွယ်မှု
ရုရှ အော်သိုဒေါ့=၁၅-၂၀%
မွတ်စလင်=၁၀.၁၅%
အခြားခရစ်ယာန်=၂%

ဘာသာစကား
ရုရှ၊ တိုင်းရင်းသားလူနည်းစု ဘာသာစကားများစွာ။

မြို့ တော်
မော်စကို (Moscow)

December 15, 2009

Romania

၁၈၂။ ရိုမေးနီးယား (Romania)

နောက်ခံသမိုင်းအကျဉ်း

ဝေါ်လာရီယာနှင့် မော်လဒါစီယာ မင်းသား အုပ်ချုပ်သော ပြည်နယ်များသည် ဘာတစ်ရှ် အော်တိုမန် အင်ပါယာ လက်အောက်တွင် ရာစုနှစ်များစွာ ရပ်တည်လာခဲ့ပြီး ၁၈၅၆ တွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ရရှိခဲ့သည်။ ၁၈၅၉ တွင် နှစ်ပြည်နယ် ပေါင်းစည်းခဲ့ပြီးနောက် နှစ်အနည်းငယ်အကြာတွင် ရိုမေးနီးယား အမည်သစ်ခံယူခဲ့သည်။ ၁၈၇၈ ခုနှစ်တွင် လွတ်လပ်သော နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုခြင်းခံရသည်။ ပထမ ကမ္ဘာစစ်အတွင်း မဟာမိတ်တို့လက်မှ ပါဝင်ခဲ့ပြီး ထရန်ဆီဗေးနီးယား ဒေသအများအကြားကို ရရှိခဲ့သည်။ ၁၉၄၀တွင် ၀န်ရိုးတန်း အင်အားစုများနှင့် မဟာမိတ်ပြုခဲ့ပြီး ၁၉၄၁ တွင် ဂျာမဏီ၏ ဆိုဗီယက် ကျူးကျော်စစ်၌ ပါဝင်ခဲ့သည်။ နောက်သုံးနှစ်အကြာတွင် ဆိုဗီယက်မှ သိမ်းပိုက်ခဲ့ပြီး ရိုမေးနီးယားက အပစ်အခတ်ရပ်စဲရေး စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ စစ်ပြီးနောက်ပိုင်း ဆိုဗီယက် ကျူးကျော်မှုကြောင့် ဆိုဗီယက်မှ သိမ်းပိုက်ခဲ့ပြီး ရိုမေးနီးယားက အပစ်အခတ်ခံ ရပ်စဲရေး စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ စစ်ပြီးနောက်ပိုင်း ဆိုဗီယက် ကျူးကော်ျမှုကြောင့် ၁၉၄၇ တွင် ပြည်သူ့သမ္မတ ကွန်မြူနစ်နိုင်ငံဖြစ်လာခဲ့ပြီး ဘုရင်ခံစနစ်ဖယ်ရှားခဲ့သည်။ ၁၉၆၅ တွင် အာဏာရှင် နစ်ကိုးလ်ဆော်ဘတ်ကူး (Nicolae Ceausescu) အာဏာရလာခဲ့ပြီး ဆယ်စုနှစ်များစွာ ကြာအောင်အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခဲ့သည်။ ၁၉၈၀ ခုနှစ်များတွင် ၄င်း၏အုပ်ချုပ်ရေး ယန္တရားအောက်တွင် ပြင်းပြင်းထန်ထန် ဖိနှိပ်အုပ်ချုပ်ခဲ့ပြီး ဒေါသဒါဏ်စနစ်ကို ကျင့်သုံးခဲ့သည်။ ယခင် ကွန်မြူနစ်ဟောင်းများက အစိုးရဖွဲ့ပြီး ၁၉၉၆ အထိ အုပ်ချုပ်ခဲ့ပြီး ဖယ်ရှားခြင်း ခံခဲ့ရပြန်သည်။ ၂၀၀၄ တွင် နေတိုးသို့ ၀င်ရောက်ခဲ့ပြီး၂၀၀၇တွင် ဥပရောပသမဂ္ဂသို့ ၀င်ရောက်ခဲ့သည်။

ပထ၀ီအနေအထား
တည်နေရာ
ဥပရောပ အရှေ့ တောင်။ ပင်လယ်နက်နှင့် ထိစပ်။ ဘူလ်ဂေးရီးယားနှင့် ယူကရိန်းနိုင်ငံများကြား။

မြေပုံအညွှန်း
ဥရောပ

ဧရိယာ
ကုန်းမြေ=၁၁၉၈၉၁ Sqkm
ရေ=၈၅၀၀ sqkm
စုစုပေါင်း=၂၃၈၃၉၁ sqkm
ဧရိယာကျယ်ပြန့်မှု ကမ္ဘာ့အဆင့်=၈၂

ထိစပ်နယ်မြေ
ဘူလ်ဂေးရီးယား=၆၁၈km
ဟန်ဂေရီ=၄၄၃km
မော်ဒိုဗါ=၄၅၀km
ယူကရိန်း(မြောက်)=၃၆၂ km
ယူကရိန်း (အရှေ့ )=၁၆၉ km

ကမ်းရိုးတန်း=၂၂၅km

ရာသီဥတု
အပူအအေးမျှတ။ အေးမြ။ နှင်းခဲများ မကြာခဏကျ၍ တိမ်ထူသော ဆောင်းရာသီ။ မိုးဖွဲကျ၍ မိုးကြိုးမုန်တိုင်းများ မကြာခဏကျလေ့ရှိသော နွေရာသီ။

မြေမျက်နှာသွင်ပြင်
အရှေ့ ဘက် ကာပက်သီယံ တောင်များက ထရန်ဆီဗေးနီးယား မြစ်ချိုင့်ဝျမ်းဒေသနှင့် မော်လ်ဒါဗီယံကုန်းမြင့်လွင့်ပြင်ကို ပိုင်းခြားထားသည်။ ထရန်ဆီဗေးနီးယားအဲလ်ပ်စ် တောင်တန်းက ဝေါ်လ်ချီယန်ဒေသနှင့် ပိုင်းခြားထားသည်

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း
ပယ်လယ်နက်=0m

အမြင့်ဆုံးအပိုင်း
မော်ဒိုဗီယန်နူ=၂၅၄၄m

သဘာဝအရင်းအမြစ်
ရေနံ၊ သစ်၊ သဘာဝဓါတ်ငွေ့၊ ကျောက်မီးသွေး၊ သံရိုင်း၊ ဆား၊ စိုက်ပျိုးမြေ၊ ရေအားလျက်စစ်။

လူ့အရင်းအမြစ်
လူဦးရေ။ ၂၂၂၁၅၄၂၁ (၂၀၀၉)
လူဦးရေကြီးမားမှု ကမ္ဘာ့အဆင့်=၅၁%
လူဦးရေတိုးနှုန်း=၀.၁၄၇%(၂၀၀၉)
မွေးဖွားနှုန်း=၁၀.၅၃/၁၀၀၀ ဦးရေ (၂၀၀၉)
သေဆုံးနှုန်း=၁၁.၈၈/၁၀၀၀ ဦးရေ (၂၀၀၉)

ပျမ်းမျှအသက်
ကျား=၆၈.၉၅ နှစ်
မ=၇၆.၁၆နှစ်
စုစုပေါင်း=၇၂.၄၅နှစ်

လူမျိုး
ရိုမေးနီးယား

တိုင်းရင်းသားလူမျိုး
ရိုးမေးနီးယန်း=၈၉.၅%
ဟန်ဂေရီယန်း=၆.၆%
ရောမ=၂.၅%
ယူကရိန်းနီးယန်း=၀.၃%
ဂျာမန်=၀.၃.%
ရုရှ=၀.၂%
ကေကစ်=၀.၂%
အခြား=၀.၄%

ကိုးကွယ်မှု
အရှေ့ အော်သိုဒေါ့=၈၆.၈%
ပရိုတက်စတင့်=၇.၅%
ရိုမန်ကက်သလစ်=၄.၇%
အခြားနှင့်အမည်မသိ=၀.၉%
ဘာသာမဲ့=၀.၁%

ဘာသာစကား
ရိုမေးနီးယန်း=၉၁% (ရုံးသုံး)
ဟန်ဂေရီးယန်း=၆.၇%
ရိုမန်နီ(ဂျစ်ပစီ)=၁.၁%
အခြား=၁.၂%

မြို့တော်
ဘူချာရက်စ်(Bucharest)

New Zeland


၁၈၁။ နယူးဇီလန်
(New Zeland)

နောက်ခံသမိုင်းအကျဉ်း

အေးဒီ ၈၀၀ ခန့်တွင် ပိုလီနေရှင်း မာအိုရီတို့ နယူးဇီလန်သို့ ရောက်ရှိလာခဲ့ကြသည်။ ၁၈၄၀ တွင် ၄င်းတို့၏ ဦးဆောင်မှုကို ဗြိတိသျှတို့ လွှမ်းမိုးခဲ့ပြီး ဝေတန်ဂျီစာချုပ် (Treaty of Waitangi) ဖြင့် ဗစ်တိုးရီးယား ဘုရင်မထံသို့ အချုပ်အခြာအာဏာ အပ်နှင်းခဲ့သည်။

ထိုနှစ်ထဲမှာပင် ဗြိတိသျှတို့ ပထမဦးစွာ ကိုလိုနီပြု အခြေချခဲ့ကြသည်။ ၁၈၄၃ နှင့် ၁၈၇၂ တွင် ကုန်းတွင်းတိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဒေသခံတို့ အောင်ပွဲခံခဲ့သည်။ ၁၉၀၇ ခုနှစ်တွင် ဗြိတိသျှထံမှ လွတ်လပ်ရေး ရရှိခဲ့သည်။ နယူးဇီလန်က ကမ္ဘာစစ်ကြီးနှစ်ခုစလုံးတွင် အင်္ဂလန်ဘက်မှ ပါဝင်ခဲ့သည်။ ၁၉၈၀ ခုနှစ်များတွင် မဟာမိတ်တို့နှင့် ကာကွယ်ရေးကိစ္စရပ်များ အပြည့်အ၀ လက်တွဲလုပ်ဆောင်မှုများ ရပ်ဆိုင်းခဲ့သည်။ လွန်ခဲ့သော နှစ်များအတွင်း အစိုးရအနေနှင့် မာအိုရီတို့၏ ကာလရှည် ထိခိုက်နာကျင်ခဲ့ရမှုများကို ဖြေရှင်းရန် နည်းလမ်းရှာဖွေလျက် ရှိ၏။

ပထ၀ီအနေအထား
တည်နေရာ
အိုရှင်းနီးယား၊ တောင်ပစိဖိတ် သမုဒ္ဒရာအတွင်းရှိ ကျွန်းများ သြစတြေးလျ၏ အရှေ့ ဘက်။

မြေပုံအညွှန်း
အိုရှင်းနီးယား။

ဧရိယာ
ကုန်းမြေ=၂၆၇,၇၁၀ sqkm
ရေ= မရှိ
စုစုပေါင်း=၂၆၇,၇၁၀sqkm

ဧရိယာကျယ်ပြန့်မှုကမ္ဘာ့အဆင့်=၈၂

ထိစပ်နယ်မြေ=မရှိ
ကမ်းရိုးတန်း=၁၅၁,၃၄km

ရာသီဥတု
အပူအအေးမျှတ။
ဒေသအလိုက် အနည်းငယ် ပြောင်းလဲမှုရှိ။

မြေမျက်နှာသွင်ပြင်
တောင်ထူထပ်။
ကမ်းရိုးတမ်း မြေပြန့်များရှိ။

မျက်နှာပြင်အမြင့်ခြားနားချက်။
အနိမ့်ဆုံးအပိုင်း=ပစိဖိတ်သမုဒ္ဒရာ=၀m
အမြင့်ဆုံးအပိုင်း=အာ(၀)ရာကီ-မောက်ကွတ်=၃,၇၅၄m

သဘာဝအရင်းအမြစ်
သဘာဝဓာတ်ငွေ့၊ သံရိုင်း၊ သဲ၊ ကျောက်မီးသွေး၊ သစ်၊ ရေအားလျှပ်စစ်၊ ရွှေ၊ ထုံးကျောက်။

လူ့အရင်းအမြစ်
လူဦးရေ=၄၂၁၃၄၁၈(၂၀၀၉)
လူဦးရေကြီးမားမှုကမ္ဘာ့အဆင့်=၁၂၅
လူဦးရေတိုးနှုန်း=၀.၉၃၅%(၂၀၀၉)
မွေးဖွားနှုန်း=၁၃.၉၄/၁၀၀၀ (၂၀၀၉)
သေဆုံးနှုန်း=၇.၀၅/၁၀၀၀(၂၀၀၉)

ပျှမ်းမျှအသက်
ကျား=၇၈.၄၃နှစ်
မ=၈၂.၃၉နှစ်
စုစုပေါင်း=၈၀.၃၆နှစ်

လူမျိုး
နယူးဇီလန်

တိုင်းရင်းသားလူမျိုး
ဥရောပါ=၆၉.၈%
မာအိုရီ=၇.၉%
အာရှ=၅.၇%
ပစိဖိတ်ကျွန်းသား=၄.၄%
အခြား=၀.၅%
သွေးနှော=၇.၈%
အမည်မသိ=၃.၈%

ကိုးကွယ်မှု
အင်ဂလီကန်=၁၄.၉%
ရိုမန်ကက်သလစ်=၁၂.၄%
ပရက်စဘိုက်ရီးယန်း=၁၀.၉%
မက်သဒစ်=၂.၉%
ပင်တယ်ကိုစတယ်=၁.၇%
ဘက်ပတစ်=၁.၃%
အခြားခရစ်ယာန်=၉.၄%
အခြား=၃.၃%
အမည်မသိ=၁၇.၂%
ဘာသာမဲ့=၂၆%

ဘာသာစကား
အင်္ဂလိပ်(ရုံးသုံး)၊ မာအိုရီ (ရုံးသုံး) ဆိုင်းဘာသာစကား (ရုံးသုံး)။

မြို့ တော်
ဝယ်လင်တန်(Wellington)

November 19, 2009

State of Qatar



၁၈၀။ကာတာ
(Qatar)
State of Qatar

နောက်ခံသမိုင်းအကျဉ်း

၁၈၀၀ ခုနှစ်များ အလယ်လောက်ကတည်းက စ၍ အယ်-သနီ (AlThani) တော်ဝင်မိသားစုမှ အုပ်ချုပ်လာခဲ့သော ကာတာနိုင်ငံသည် ဗြိတိန်ထီးရိပ်ခို ဆင်းရဲသော နိုင်ငံတစ်နိုင်ငံအဖြစ်မှ ရုံးထွက်ရန် ရေနံဓါတ်ငွေ့ကြွယ်ဝသော လွတ်လပ်သော တိုင်းပြည်အဖြစ် ရပ်တည်ခဲ့သည်။ ၁၉၇၂ ခုနှစ် ကတည်းက အုပ်ချုပ်လာခဲ့သော အမ္မီရား (Amir) သည် ရေနံများ အလွန်အကျွန် ထုတ်ယူရောင်းချမှုကြောင့် ၁၉၈၀ ခုနှစ် များနှောင်းပိုင်းနှင့် ၁၉၉၀ ခုနှစ်များ အစောပိုင်းတွင် တိုင်းပြည်စီးပွားရေး ယိုင်နဲ့လာခဲ့သည်။ ယခုလက်ရှိစော်ဘွား ၄င်း၏သားဖြစ်သူ အမ္မီရာ ဟာမက်ဘင်ခါလီဖါ အယ်-သနီ (Air Hamad bin Khalifa al-Thani) က ၁၉၉ တွင် သွေးမြေမကျ အာဏာသိမ်းပြီး ဖခင်ကိုဖယ်ရှားခဲ့သည်။ ဘာရိန်း၊ ဆော်ဒီအာရေဗျတို့နှင့် ကာလကြာရှည်စွာ အငြင်းပွားလာခဲ့သော နယ်နိမိတ်ပြဿနာကို ၂၀၀၁ ခုနှစ်တွင် ဖြေရှင်းနိုင်ခဲ့သည်။ ထို့နောက် ၂၀၀၇ ခုနှစ်မှစ၍ ဓါတ်ငွေ့ရေနံထုတ်လုပ်မှုဖြင့် ကာတာသည် ကမ္ဘာ့ါ်တွင် ဒုတိယမြောက် လူတစ်ဦးချင်းဝင်ငွေ အများဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။

ပထ၀ီအနေအထား
တည်နေရာ
အရှေ့ အလယ်ပိုင်း။ ပါရှန်းပင်လယ်ကွေ့၊ ဆော်ဒီအာရေဗျတို့နှင့် ထိစပ်လျက်ရှိသော ကျွန်းဆွယ်။

မြေပုံအညွှန်း
အရှေ့ အလယ်ပိုင်း

ဧရိယာ
ကုန်းမြေ = ၁၁,၅၈၆ sqkm
ရေ=၀ sqkm

ထိစပ်နယ်မြေ
ဆော်ဒီအာရေဗျ = ၆၀km


ကမ်းရိုးတန်း
၅၆၃ km

ရာသီဥတု
မိုးခေါင်။ မျှတ၍သာယာသော ဆောင်းရာသီ။ အလွန်ပူ၍ စိုထိုင်းသော နွေရာသီ။

မြေမျက်နှာသွင်ပြင်
သဲနှင့်ကျောက်ဖုံးလွှမ်းသော ပြန့်ပျူး၍ သစ်ပင်မပေါက်ရောက်သော ကန္တာရ အများစု။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း
ပါရှန်းပင်လယ်ကွေ့= ၀m

အမြင့်ဆုံးအပိုင်း
ကာရန်အဘူအယ်ဘောလ်=၁၀၃m

သဘာဝအရင်းအမြစ်
ရေနံ၊ ဓါတ်ငွေ့၊ ငါး။

လူ့အရင်းအမြစ်
လူဦးရေ = ၈၃၃,၂၈၅ (၂၀၀၉)
လူဦးရေကြီးများမှုကမ္ဘာ့အဆင့် = ၁၅၈
လူဦးရေတိုးနှုန်း = ၀.၉၅၇%
မွေးဖွားနှုန်း=၁၅.၆၁/၁၀၀၀ ဦးရေ (၂၀၀၉)
သေဆုံးနှုန်း=၂.၄၆/၁၀၀၀ ဦးရေ (၂၀၀၉)

ပျှမ်းမျှအသက်
ကျား=၇၃.၆၆နှစ်
မ=၇၇.၁၄နှစ်
စုစုပေါင်း=၇၅.၃၅နှစ်

လူမျိုး
တာတရီ

တိုင်းရင်းသားလူမျိုး
အာရပ်=၄၀%
အိန္ဒိယ=၁၈%
ပါကစ္စတန်=၁၈%
အီရန်=၁၀%
အခြား=၁၄%

ကိုးကွယ်မှု
မွတ်စလင်=၇၇.၅%
ခရစ်ယာန်=၈.၅%
အခြား=၁၄%

ဘာသာစကား
အာရပ်(ရုံးသုံး)။ ဒုတိယဘာသာစကားအဖြစ် အင်္ဂလိပ်စကားကို တွင်ကျယ်စွာအသုံးပြု။

မြို့ တော်
ဒိုဟာ(Doha)


November 16, 2009

Puerto Rico

၁၇၉။ပူအာတိုရီကို
(Puerto Rico)
Commonwelth of Puerto Rico

နောက်ခံသမိုင်းအကျဉ်း

ရာစုနှစ်ပေါင်းများစွာ အတော်ရီးဂျင်းလူမျိုးများ အခြေချနေထိုင်ခဲ့ကြပြီး ကိုလံဘတ်၏ အမေရိကသို့ ဒုတိယခရီးစဉ် ရောက်ရှိပြီး နောက်ပိုင်း ၁၄၉၃တွင် စပိန်တို့ သိမ်းပိုက်ခဲ့သည်။ စပိန်ကိုလိုနီနယ်မြေအဖြစ် နှစ်ပေါင်း ၄၀၀ ကြာပြီးချိန်တွင် ဌာနေတိုင်းရင်ားးများ ပျောက်ကွယ်လုနီးပါးဖြစ်လာခဲ့ပြီး အာဖရိကမှ ကျွန်လုပ်သားများ တင်သွင်းခဲ့ကြသည်။ ၁၈၉၈ တွင် စပိန်-အမေရိကန် စစ်ဖြစ်ပွားပြီး ပူအာတိုရီကို ကျွန်းကိုအမေရီကန်ထံသို့ လွှဲပြောင်းပေးခဲ့ရသည်။ ၁၉၁၇ တွင် ပူအာတိုရီကိုကျွန်းကို အမေရိကန် နိုင်ငံသား ခံယူခွင့်ပေးခဲ့သည်။ ၁၉၄၈ မှစ၍ လူထုရွေးချယ်ခန့်အပ်သော ပြည်နယ်အုပ်ချုပ်ရေးမှူးများမှ အုပ်ချုပ်လာခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် အခြေခံဥပဒေတစ်ရပ် ပြဌာန်းပြီး ကိုယ်ပိုင်အုပ်ချုပ်ရေး ထည့်သွင်း ပြဌာန်းခဲ့သည်။ ၁၉၆၉၊ ၁၉၉၃ နှင့် ၁၉၉၈ ခုနှစ်များတွင် လူထုဆန္ဒခံယူပွဲများကျင်းပခဲ့သည်။ ဆန္ဒမဲပေးသူများက လက်ရှိနိုင်ငံရေးအခြေအနေကို ပြောင်းလဲခြင်း မပြုရန် ဆန္ဒပြုခဲ့ကြသည်။

ပထ၀ီအနေအထား
တည်နေရာ
ကာရစ်ဘီယံ၊ ကာရစ်ဘီယံပင်လယ်နှင့် မြောက်အတ္တလန္တိတ်သမုဒ္ဒရာကြားရှိ ကျွန်း၊ ဒိုမီနီကန် ပြည်ထောင်စု အရှေ့ ဘက်။

မြေပုံအညွှန်း
အမေရိကအလယ်ပိုင်းနှင့် ကာရစ်ဘီယံ။

ဧရိယာ
ကုန်းမြေ= ၈,၈၇၀ sqkm
ရေ=၄,၉၂၁ sqkm
စုစုပေါင်း=၁၃,၇၉၀ sqkm
ဧရိယာကျယ်ပြန့်မှု ကမ္ဘာ့အဆင့်=၁၆၂

ထိစပ်နယ်မြေ
မရှိ

ကမ်းရိုးတမ်း
၅၀၁km

ရာသီဥတု
အပူပိုင်းပင်လယ်၊ သမမျှတ၊ ရာသီလိုက် အပူချိန်အနည်းငယ် ပြောင်းလဲမှုရှိ။

မြေမျက်နှာသွင်ပြင်
မြောက်ပိုးကမ်းရိုးတမ်း ကုန်ပတ်လည် မြေပြန့်။ အများအားဖြင့် တောင်များ။ အနောက်ဘက်ကမ်းခြေတွင် မတ်စာက်သော တောင်များ။ ကမ်းခြေအများစုမှာ သဲလွှမ်း။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း
ကာရစ်ဘီယံပင်လယ်=၀m
အမြင့်ဆုံးအပိုင်း=၁၃၃၉m

သဘာဝအရင်းအမြစ်
ကြေးနီနှင့် နီကယ်အနည်းငယ်။ ကမ်းနီး။ ကမ်းဝေး ရေနံတူးဖေါ်ရရှိနိုင်။

လူ့အရင်းအမြစ်
လူဦးရေ=၃,၉၇၁,၀၂၀ (၂၀၀၉)
လူဦးရေကြီးမားမှု ကမ္ဘာ့အဆင့်=၁၂၈
လူဦးရေတိုးနှုန်း=၀.၃၄%
မွေးဖွားနှုန်း=၁၂.၁၂/၁၀၀၀ ဦးရေ (၂၀၀၉)
သေဆုံးနှုန်း = ၇.၇၅/၁၀၀၀ ဦးရေ (၂၀၀၉)
ပျမ်းမျှအသက်
ကျား=၇၄.၈၅ နှစ်
မ=၈၂.၃၉နှစ်
စုစုပေါင်း=၇၈.၅၃နှစ်(၂၀၀၉)

လူမျိုး
ပူအာတိုရီကန်(အမေရိကန်နိုင်ငံသား)

တိုင်းရင်းသားလူမျိုး
လူဖြူ (အများအားဖြင့် စပိန်ဆင်းသက်)=၇၆.၂%
လူမည်း=၆.၉%
အာရှ=၀.၃%
အမေရင်ဒီးယန်း=၀.၂%
သွေးနှော=၄.၄%
အခြား=၁၂%

ကိုးကွယ်မှု
ရိုမန်ကက်သလစ်=၈၅%
ပရိုတက်စတင့်နှင့်အခြား=၁၅%

ဘာသာစကား
စပိန်၊ အင်္ဂလိပ်။

မြို့ တော်
ဆန်ဂျူအန်(San Juan)

November 10, 2009

portugal Republic



၁၇၈။ပေါ်တူဂီ

(Portugal Republic)
နောက်ခံသမိုင်း အကျဉ်း
(၁၅) ရာစုနှင့် (၁၆) ရာစုကြား ပင်လယ်ရေကြောင်းတွင် လွှမ်းမိုးထားနိုင်ခဲ့ပြီး ပေါ်တူဂီ နိုင်ငံ၏ စည်ပင်ဝပြောခဲ့သော ကာလများ နောက်ပိုင်း (၁၇၅၅) လစ္စဘွန်း ငလျင်ဒဏ်ကြောင့် အတော်များများ ပျက်စီး ဆုံးရှုံးခဲ့ရသည်။ အကြွယ်ဝဆုံး ကိုလိုနီနိုင်ငံ ဖြစ်သော ဘရာဇီးကို (၁၈၂၂) တွင် လွတ်လပ်ရေး ပေးခဲ့ရပြီး နပိုလီယံ စစ်ပွဲများအတွင်း သိမ်းပိုက်ခြင်း ခံခဲ့ရသည်။ (၁၉၁၀) တွင် ဘုရင်စံနစ်ကို ဖြုတ်ချခဲ့သည်။ ထို့နောက် နှစ်ပေါင်း ၆၀ မျှ ကြာအောင် အာဏာရှင် အစိုးရမှ အုပ်ချုပ်ခဲ့သည်။ (၁၉၇၄) တွင် လက်ဝဲယိမ်း စစ်တပ်မှ အာဏာသိမ်းခဲ့ပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်။ နောက်နှစ်ထဲမှာပင် အာဖရိကရှိ ၎င်း၏ ကိုလိုန်ီနိုင်ငံအားလုံးကို လွတ်လပ်ရေး ပေးခဲ့သည်။ ပေါ်တူဂီသည် နေတိုး စတင် တည်ထောင်သော နိုင်ငံများတွင် အပါအ၀င်ဖြစ်ပြီး (၁၉၈၆) တွင် ဥရောပဘုံဈေးအဖွဲ့ (ယခု ဥရောပ သမဂ္ဂ) သို့ ၀င်ရောက်ခဲ့သည်။

ပထ၀ီ အနေအထား
တည်နေရာ
ဥရောပ အနောက်တောင်ဘက်။ မြောက်အတ္တလန္တိတ် သမုဒ္ဒရာနှင့် ထိစပ်။ စပိန်နိုင်ငံ၏ အနောက်ဘက်။

မြေပုံအညွှန်း
ဥရောပ

ဧရိယာ
ကုန်းမြေ ၉၁,၄၇၀ sq km
ရေ ၆၂၀ sq km
စုစုပေါင်း ၉၂,၀၉၀ sq km
ဧရိယာကျယ်ပြန့်မှု ကမ္ဘာ့အဆင့် = ၁၁၀

ထိစပ်နယ်မြေ
စပိန် ၁,၂၁၄ km

ကမ်းရိုးတန်း
၁,၇၉၃ km

ရာသီဥတု
အပူအအေးမျှတ်သော ပင်လယ်ရာသီဥတု၊ မြောက်ပိုင်းတွင် အေးမြ၍ တောင်ပိုင်းတွင် အနွေးဓါတ်ပို၍ ခြောက်သွေ့။

မြေမျက်နှာသွင်ပြင်
တဂတ်စ်မြစ် မြောက်ပိုင်းတွင် တောင်ထူထပ်။ တောင်ပိုင်းတွင် လှိုင်းတွန့် မြေပြန့်။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း အတ္တလန္တိတ်သမုဒ္ဒရာ = ၀ m
အမြင့်ဆုံးအပိုင်း ပွန်တာဒိုပီကို ၂၃၅၁ m

သဘာဝအရင်းအမြစ်
ငါး၊သစ်တော၊(အထူးသဖြင့် ၀က်သစ်ချခေါက်)၊ သံရိုင်း ၊ ကြေးနီ၊သွပ်၊သံဖြူ၊ အဖြိုက်နက်၊ငွေ၊ရွှေ၊ယူရေနီယံ၊ စကျင်၊ရွှံ့စေး၊ ဂျစ်ပဆပ်၊ ကျောက်၊ဆား၊စိုက်ပျိုးမြေ၊ ရေအားလျှပ်စစ်။

လူအရင်းအမြစ်
လူဦးရေ - ၁၀,၇၀၇,၉၂၄ (၂၀၀၉)
လူဦးရေတိုးနှုန်း - ၀.၂၇၅% (၂၀၀၉)
မွေးဖွားနှုန်း - ၁၀.၂၉/၁၀၀၀ ဦးရေ (၂၀၀၉)
သေဆုံးနှုန်း - ၁၀.၆၈ / ၁၀၀၀ ဦးရေ (၂၀၀၉)

ပျှမ်းမျှအသက်
ကျား = ၇၄.၉၅ နှစ်
မ = ၈၁.၆၉ နှစ်
စုစုပေါင်း = ၇၈.၂၁ နှစ် (၂၀၀၉)

လူမျိုး
ပေါ်တူဂီ

တိုင်းရင်းသားလူမျိုး
မျိုးနွယ်တစ်စုတည်းမှာပင် ဆင်းသက်လာသောလူမျိုး။

ကိုးကွယ်မှု
ရိုမန်ကက်သလစ် ၈၄.၅ %
အခြားခရစ်ယာန် ၂.၂ %
အခြား ၀.၃ %
အမည်မသိ ၉ %
ဘာသာမဲ့ ၃.၉ %

ဘာသာစကား
ပေါ်တူဂီ (ရုံးသုံး) မိုင်ရန်ဒိစ်

မြို့တော်
လစ္စဘွန်း (Lisbon)

Republic of Poland


၁၇၆။ ပိုလန်

(Republic of Poland)

နောက်ခံသမိုင်းအကျဉ်း

ပိုလန်သည် (၂၀) ရာစု အလယ်ပိုင်းလောက်တွင် စတင် ဖွံ့ဖြိုးလာခဲ့သော ရှေးဟောင်း နိုင်ငံ တစ်နိုင်ငံဖြစ်၏။ (၁၆) ရာစုခန့်တွင် ပိုလန်၏ ရွှေရောင်လွှမ်းသောခေတ် ဖြစ်ခဲ့သည်။ နောက်ရာစုတွင် သူကောင်းမျိုးများ အင်အား ကြီးများလာပြီး ပြည်တွင်း မငြိမ်အသက်မှုများကြောင့် အင်အား ချည့်နဲ့လာခဲ့သည်။ ၁၇၇၂ မှ ၁၇၉၅ အတွင်း သဘော တူညီမှုများဖြင့် ရုရှ၊ ပရပ်ရှားနှင့် သြစတြီးယားတို့ ပိုလန်ကို ခွဲဝေယူခဲ့ကြသည်။ ၁၉၁၈ ခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့သော်လည်း အစိုးရအနေဖြင့် အတော်အတန် ပျော့ပြောင်းပြီး တိုးတက်မှုရှာဖွေနိုင်ခဲ့သည်။ ၁၉၈၀ တွင်အလုပ်သမား အုံကြွမှု ပေါ်ပေါက်လာခဲ့ပြီး လွတ်လပ်ရေး ကုန်သွယ်မသဂ္ဂ "စည်းလုံးခြင်း" အဖွဲ့ ပေါ်ပေါက်လာခဲ့သည်။ ထို့နောက် နိုင်ငံရေးအင်အားစု တစ်ရပ် အသွင်ဆောင်လာကာ ၁၉၉၀ တွင် ပါလီမန် ရွေးကောက်ပွဲများနှင့် သမ္မတစံနစ်တို့ကို ဖယ်ရှားပစ်ခဲ့သည်။ ၁၉၉၀ ခုနှစ်အစောပိုင်းတွင် "ရှော့ရိုက်ကုထုံး" ခေါ်စနစ်တစ်ရပ်ကို ကျင့်သုံးပြီး စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ခြင်းအားဖြင့် ဥရောပ အလယ်ပိုင်းတွင် စီးပွားရေး တောင့်တင်းသော နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့သည်။ သို့သော် အလုပ်လက်မဲ့နှုန်းမြင့်မားခြင်း ဖွံ့ဖြိုးမှု မျဉ်းအောက် ကျရောက်နေခြင်း၊ အခြေခံအဆောက်အဦးများ မပြည့်စုံခြင်း ကျေးလက်နေ အောက်လူတန်းစားများ ဆင်းရဲမွဲတေခြင်း စသည့် အခက်အခဲများ ရင်ဆိုင်ရသည်။ ၂၀၁ ခုနှစ် ပါလီမန်ရွေးကောက်ပွဲတွင် အောက်လွှတ်တော်အတွက် ကိုယ်စားလှယ်တစ်ဦးမှ ရွေးချယ်တင်မြှောက်နိုင်ခြင်း မရှိသည့်အတွက် စည်းလုံးခြင်းပါတီ ရှုံးနိမ့်သွားခဲ့ရသည်။ ထို့နောက် စည်းလုံးခြင်းကုန်သွယ် သမဂ္ဂ၏ခေါင်းဆောင်သစ်များက ၄င်းတို့သမဂ္ဂ၏ နိုင်ငံရေးကဏ္ဍကို လျော့ချရန် အဖို့ပြုခဲ့ကြသည်။ ပိုလန်သည် ၁၉၉၁ တွင် နေတိုးသို့ဝင်ရောက်ခဲ့ပြီး ၂၀၀၄ တွင် ဥရောပသမဂ္ဂသို့ ၀င်ရောက်ခဲ့သည်။ ဒီမိုကရေစီနှင့် ဈေးကွက် စီးပွားရေးပြုပြင် ပြောင်းလဲမှုများတွင် အောင်မြင်မှုရရှိခဲ့သည်။ ဥရောပ အတ္တလန္တိတ် အဖွဲ့များတွင်လည်း တက်ကြွသော အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်၏။

ပထ၀ီအနေအထား
တည်နေရာ
ဥရောပအလယ်ပိုင်း၊ ဂျာမဏီအရှေ့ ဘက်။

မြေပုံအညွှန်း
ဥရောပ

ဧရိယာ
ကုန်းမြေ - ၃၀၄,၂၅၅ sqkm
ရေ - ၈,၄၃၀ sqkm
စုစုပေါင်း - ၃၁၂,၆၈၅ sqkm

ထိစပ်နယ်မြေ
ဘီလာရုဇ် - ၆၀၅ km
ချက်သမ္မတနိုင်ငံ- ၆၁၅ km
ဂျာမဏီ - ၄၅၆ km
လစ်သူရေးနီးယား - ၉၁ km
ရုရှ - ၄၃၂ km
ဆလိုဗေးကီးယား - ၄၂၀ km
ယူကရိန်း - ၄၂၈ km

ကမ်းရိုးတန်း
၄၄၀km

ရာသီဥတု
အေးမြ၍ အပူအအေးမှတ၊ တိမ်ထူထပ်။ အတော်အသင့် ပြင်းထန်သော ဆောင်းရာသီတွင် မိုးမကြာခဏရွာသွန်း လေ့ရှိ။ သမမျှတသော နွေရာသီတွင် မိုးဖွဲကျလေ့ရှိပြီး မိုးကြိုးပစ်လေ့ရှိ။

မြေမျက်နှာသွင်ပြင်
အများအားဖြင့် ပြန့်ပျူးသော မြေပြန့်၊ တောင်ဘက် နယ်စပ်တစ်လျောက် တောင်မျာရှိ။

မြေမျက်နှာသွင်ပြင် အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း
ရက်ဇကီ အယ်လ်ဘာစကီး - ၂m
အမြင့်ဆုံးအပိုင်း ရိုင်ဆီ-၂,၄၉၉ m

သဘာဝအရင်းအမြစ်
ကျောက်မီးသွေး၊ ဆာလဖာ၊ ကြေးနီ၊ သဘာဝဓာတ်ငွေ့၊ ငွေ၊ ခဲ၊ ဆား၊ ပင်း၊ စိုက်ပျိုးမြေ။

လူ့အရင်းအမြစ်
လူဦးရ - ၃၈,၄၂၈,၉၁၉ (၂၀၀၉)
လူဦးရေတိုးနှုန်း - ၀.၀၀၄၇% (၂၀၀၉)
မွေးဖွားနှုန်း - ၁၀.၀၄/၁၀၀၀ ဦးရေ (၂၀၀၉)
သေဆုံးနှုန်း - ၁၀.၅/ ၁၀၀၀ ဦးရေ (၂၀၀၉)

ပျမ်းမျှအသက်
ကျား=၇၁.၆၅နှစ်
မ=၇၉.၆၃နှစ်
စုစုပေါင်း=၇၅.၆၃နှစ် (၂၀၀၉)

လူမျိုး
ပိုလန်

တိုင်းရင်းသားလူမျိုး
ပိုလန်=၉၆.၇%
ဂျာမန်=၀.၄%
ဘီလာရူရှန်း=၀.၁%
ယူကရိန်း=၀.၁%
အခြားအမည်အသိ=၂.၇%

ကိုးကွယ်မှု
ရိုမန်ကက်သလစ်=၈၉.၈%
အရှေ့ အော်သိုဒေါ့=၁.၃%
ပရိုတက်စတင့်=၀.၃%
အခြား=၀.၃%
အမည်မသိ=၈.၄%

ဘာသာစကား
ပိုလန်=၉၇.၈%
အခြား=၂.၂%

မြို့ တော်
ဝါဆော(Warsaw)


November 6, 2009

Republic of Phillipines



၁၇၅။ ဖိလစ်ပိုင်
(Phillipines)
Republic of Phillipines

နောက်ခံသမိုင်း အကျဉ်း
ဖိလစ်ပိုင် ကျွန်းများသည် (၁၆) ရာစု အတွင်းတွင် စပိန်ကိုလိုနီ ဖြစ်ခဲ့ပြီး (၁၈၉၈) ခုနှစ် နောက်ပိုင်း စပိန်- အမေရိကန် စစ်ပွဲပြီးဆုံးသွားသောအခါ စပိန်မှ အမေရိကန်သို့ လွှဲပြောင်းပေးခဲ့သည်။ (၁၉၅၃) တွင် ဖိလစ်ပိုင်သည် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရနေ သဟာယနိုင်ငံဖြစ်လာခဲ့သည်။ မန်နွယ် စယူးဇွန်း (Manuel Quezon) ကို သမ္မတအဖြစ် ရွေးချယ်ခဲ့ပြီး ၁၀နှစ်ကြာ လွှဲပြောင်းပေးမှု အစီအစဉ်အရ လွတ်လပ်ရေးအတွက် ကြိုတင်ပြင်ဆင်ရန် တာဝန်ပေးအပ်ခဲ့သည်။
ဒုတိယ ကမ္ဘာစစ် အတွင်း (၁၉၄၂)တွင် ဂျပန်တို့၏ သိမ်းပိုက်မှုကို ခံခဲ့ရပြီး အမေရိကန်နှင့် ဖိလစ်ပိုင် တပ်များပူးပေါင်း၍ (၁၉၄၄ မှ ၄၅) အတွင်း ပြန်လည် တိုက်ထုတ်ခဲ့သည်။ ၁၉၄၆ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် ဖိလစ်ပိုင် သမ္မတဟူ၍ လွတ်လပ်ရေးရရှိခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် မနီလာရှိ “လူထု စွမ်းအား” အမည်ရှိ လှုပ်ရှားမှုဖြင့် အနှစ် (၂၀) ကြာ အာဏာရှင် ဖါဒီနန်မားကို့စ်(Ferdinand Marcos) ကို ဖယ်ရှား၍ ပြည်နှင်ဒဏ် ပေးခဲပြီး ကိုရာဇွန် အာကွီနို (Corazon Aquino) သမ္မတ ဖြစ်လာခဲ့သည်။ သူမ၏ သမ္မတ သက်တမ်းအတွင်း အာဏာသိမ်းရန် ကြိုးပမ်းမှုများ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ပြီ နိုင်ငံရေး၊ စီးပွားရေး ပြန်လည်တည်ငြိမ်မှု ရရှိအောင်ကြိုးပမ်းရာ၌ အဟန့်အတားများစွာ ဖြစ်ခဲ့ရသည်။ ၁၉၉၂ တွင် ဖီဒယ်ရာမို့စ် (Fidel Ramos) သမ္မတ ဖြစ်လာခဲ့ပြီး စီးပွားရေး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ပိုမိုအောင်မြင်မှုရရှိခဲ့သည်။
ထိုနှစ်ထဲ၌ပင် ဖိလစ်ပိုင်ရှိ နောင်ဆုံးလက်ကျန် စစ်တပ် အခြေစိုက် စခန်းများကို အမေရိကန်မှ ရုတ်သိမ်းခဲ့သည်။ ၁၉၉၈ တွင် ဂျိုးဇက် အက်စထရာဒါ (Joseph Estrada) သမ္မတအဖြစ် ရွေးကောက်ခြင်းခံရပြီး ၂၀၀၁ ခုနှစ် ဇန်န၀ါရီလတွင် ၎င်း အပေါ် လာဘ်ပေး လာဘ်ယူမှုဖြင့် တရားစွဲခံရပြီး ဒုတိယလူထုစွမ်းအား လှုပ်ရှားမှုဖြင့် နှုတ်ထွက်စေခဲ့ပြီးနောက် ဒုတိယ သမ္မတဖြစ်သူ ဂလိုရီယာ မာကာပါဂယ် အာရိုယို (Gloria Macapagal - Arroyo) သမ္မတဖြစ်လာခဲ့သည်။
၂၀၀၄ မေလတွင် အာရိုယို သည် (၆) နှစ် သက်တမ်းရှိ သမ္မတ ရာထူးအတွက် ရွေးချယ်ခြင်း ခံရသည်။ ဖိလစ်ပိုင် အစိုးရသည် အမေရိကန် ပြည်ထောင်စု၏ နိုင်ငံခြား အခြေစိုက် အကြမ်းဖက် အဖွဲ့ အစည်းများဟု စာရင်းသွင်းထားသော အကြမ်းဖက် အုပ်စု သုံးစု နှင့် ရင်ဆိုင်ရလျက်ရှိပြီး ၂၀၀၆ နှင့် ၂၀၀၇ နှစ်များတွင် အဓိက ခေါင်းဆောင်များကို ဖမ်းဆီးရမိခြင်း ၊ သတ်ဖြတ်သုတ်သင်နိုင်ခြင်းများကြောင့် အောင်မြင်မှုများ ရရှိခဲ့သည်။
ဆယ်စုနှစ်များ ကြာအောင် ထကြွလာကြသော တောင်ပိုင်းရှိ မွတ်စလင် သောင်းကျန်းသူ အဖွဲ့တစ်စုနှင့် ငြိမ်းချမ်းရေး သဘောတူညီမှု တစ်ခု ပြုလုပ်နိုင်ခဲ့ပြီး အခြားအဖွဲ့တခုနှင့်မူ ရပ်လိုက် ပြန်စလိုက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်နေဆဲဖြစ်သည်။

ပထ၀ီ အနေအထား
တည်နေရာ
အရှေ့တောင်အာရှ၊ တောင်ဖရုတ်ပင်လယ်နှင့် ဖိလစ်ပိုင် ပင်လယ်များကြားရှိ ကျွန်းစု။ ဗီယက်နမ် အရှေ့ဘက်။

မြေပုံအညွှန်း
အရှေ့တောင်အာရှ။

ဧရိယာ
ကုန်းမြေ ၂၉၈,၁၇၀ Sq km
ရေ ၁,၈၃၀ sq km
စုစုပေါင်း ၃၀၀,၀၀၀ sq km
ကမ္ဘာအဆင့် ၇၉

ထိစပ်နယ်မြေ
မရှိ

ကမ်းရိုးတန်း
၃၆,၂၈၉ km

ရာသီဥတု
အပူပိုင်းပင်လယ် ။ အရှေ့မြောက်မုတ်သုံ (နိုဝင်ဘာမှ ဧပြီလအထိ) အနောက်တောင် မုတ်သုံ မေလ မှ အောက်တိုဘာလ အထိ)။

မြေမျက်နှာသွင်ပြင်
အများအားဖြင့် တောင်ထူထပ်ပြီး၊ကျဉ်းမြောင်း ကမ်းရိုးတန်း ၊မြေနိမ့်များ၊ ကျယ်ပြန့်သော ကမ်းရိုးတန်း မြေနိမ့်များရှိ။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း ဖိလစ်ပိုင် ပင်လယ် = 0 m
အမြင့်ဆုံးအပိုင်း အပိုတောင် = ၂၉၅၄ m

သဘာဝအရင်းအမြစ်
သစ်၊ ရေနံ၊ နီကယ်၊ ကိုဘော့သတ္တု၊ ငွေ၊ ရွှေ၊ ဆား၊ကြေးနီ။

လူ့အရင်းအမြစ်
လူဦးရေ ၉၇,၉၇၆,၆၀၃ (၂၀၀၉)
လူဦးရေကြီးမားမှုကမ္ဘာ့အဆင့် = ၁၃
လူဦးရေတိုးနှုန်း ၁.၉၅၇ % (၂၀၀၉)
မွေးဖွားနှုန်း ၂၆.၀၁/၁၀၀၀ ဦးရေ (၂၀၀၉)
သေဆုံးနှုန်း ၅.၁ / ၁၀၀၀ ဦးရေ (၂၀၀၉)
ပျှမ်းမျှအသက် ကျား = ၆၈.၁၇ နှစ်
မ = ၇၄.၁၅ နှစ်
စုစုပေါင်း = ၇၁.၀၉ နှစ် (၂၀၀၉)

လူမျိုး
ဖိလစ်ပိုင်

တိုင်းရင်းသားလူမျိုး
တာဂါလော့ = ၂၈.၁ %
သယ်ဘွာနို = ၁၃.၁ %
ဘီဆာရာ / ဘီနီဆာရာ = ၇.၆ %
ဟီလီဂေနွန် အီလောင်ဂို =၇.၅ %
ဘီတော =၆%
ဝါရေး = ၃.၄ %
အခြား =၂၅.၃ %

ကိုးကွယ်မှု
ရိုမန်ကက်သလစ် = ၈၀. ၉ %
မွတ်စလင် = ၅%
ဝေဂလိ = ၂.၈ %
အစ်ဂလီရှားနီ ခရစ်စ္စတို = ၂.၃ %
အစ်ဂလီပါယန် = ၂%
အခြား ခရစ်ယာန် = ၄.၅ %
အခြား = ၁.၈ %
အမည်မသိ = ၀.၆ %
ဘာသာမဲ့ = ၀.၁ %

ဘာသာစကား
ဖိလစ်ပိုင် (ရုံးသုံး)
အင်္ဂလိပ် (ရုံးသုံး)
တာဂါလော့ ၊ သယ်ဘွာနို ၊ အီလိုကာနို၊ ဟီလီဂေနွန်၊ ဘီတော၊ ၀ါရေး၊ ပမ်ပန်ဂိုနှင့် ပန်ဂန်ဆီနန် စသည့်အဓိက ဒေသိယစကား ရှစ်မျိုး။

မြို့ တော်
မနီလာ( Manila)


November 4, 2009

Republic of Peru


၁၇၄။ပီရူး(Peru)

Republic of Peru


နောက်ခံသမိုင်းအကျဉ်း

ရှေးဟောင်းပီရူးနိုင်ငံသည် ထင်ရှားသော အင်ဒီယဉ်ကျေးမှုများ တည်ရှိခဲ့ရာ နေရာဖြစ်ခဲ့သည်။ အများအားဖြင့် အင်ကာ ယဉ်ကျေးမှုများဟု ထင်ရှားခဲ့ပြီး ၁၅၃၃ တွင် စပိန် နယ်မြေချဲ့ ထွင်သူတို့က သိမ်းပိုက်ခဲ့သည်။

၁၈၂၁ တွင် စပိန်ထံမှ လွတ်လပ်ရေးရရှိခဲ့ပြီး လက်ကျန်စပိန်တပ်များကို ၁၈၂၄ အထိ ဆက်လက် နှိမ်နင်းခဲ့သည်။ ၁၂ နှစ်ကြာမျှ စစ်အုပ်ချုပ်ရေးနှင့် အုပ်ချုပ်ခဲ့ပြီး ၁၉၈၀ တွင် ဒီမိုကရေစီစနစ်သို့ ပြောင်းလဲခဲ့သည်။ သို့သော် စီးပွားရေးကျပ်တည်းမှု၊ သူပုန်ထမှုများ ရင်ဆိုင်ခဲ့ရသည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် သမ္မတ အယ်လ်ဘာတို မူဂျီမိုရီ အနိုင်ရပြီးနောက် ဆယ်စုနှစ်တစ်ခုအတွင်း စီးပွားရေးပြန်လည် ကောင်းမွန်လာပြီး သူပုန်ထမှုများကို နှိမ်နင်းခဲ့သည်။ သို့သော် သမ္မတ၏ အာဏာရှင်ဆန်ဆန် ကျင့်သုံးမှုများ ကျယ်ပြန့်လာခဲ့ပြီး ၁၉၉၀ ခုနှစ်များနောက်ပိုင်း စီးပွားရေးကျဆင်းမှုများကြောင့် အစိုးရအပေါ် မကျေနပ်မှုများ ဖြစ်ပွားလာပြီး ၂၀၀၀ ခုနှစ်တွင် ဖြုတ်ချခံခဲ့ရသည်။ ထို့နောက် ကြားဖြတ်အစိုးရမှ ၂၀၀၁ နွေဦး ရွေးကောက်ပွဲကို ကြီးကြပ်ပေးခဲ့ပြီး အယ်လီဂျန်ဒရိုတိုလီဒိုမန်ရမ်စ် (Alejandro Toledo Merrique) ဌာနေ အမေရိကတိုင်းရင်းသားမျာဲးမှ ပထမဦးဆုံး ဒီမိုကရေစီ နည်းကျ ရွေးကောက်ခံ သမ္မတဖြစ်လာခဲ့သည်။ ၂၀၀၆ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် အလန်ဂါရှား ပီရက်ဇ် (Alan Garcia Perez) တကျော့ပြန် အနိုင်ရခဲ့သည်။ ၄င်းသည် ၁၉၈၅ မှ ၁၉၉၀ သမ္မတတာဝန်ထမ်းဆောင်စဉ်က ညံ့ဖျင်းခဲ့သည်။ သို့သော် ယခုအခါအလွန်အောင်မြင်သော မက္ကရိုစီးပွားရေးစနစ် (နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်ဆောင်သော စီးပွားရေးစနစ်) တစ်ရပ်ကို ဦးဆောင်လျက်ရှိ၏။


ပထ၀ီအနေအထား
တည်နေရာ

တောင်အမေရိက အနောက်ဘက်။ တောင်ပစိဖိတ် သမုဒ္ဒရာနှင့် ထိစပ်။ ချီလီနှင့် အီကွေဒါ နိုင်ငံတို့ကြား။


မြေပုံအညွှန်း

တောင်အမေရိကတိုက်။


ဧရိယာ

ကုန်းမြေ = ၁,၂၈၅,၂၁၆ sqkm

ရေ= ၅,220 sqkm


ထိစပ်နယ်မြေ

ဘိုလီဗယား = ၁,၀၇၅ km

ဘရာဇီး = ၂,၉၉၅ km

ချီလီ = ၁၇၁ km

ကိုလံဘီယာ = ၁,၈၀၀ km

အီကွေဒေါ = ၁,၄၂၀ km


ကမ်းရိုးတန်း

၂,၄၂၄ km


ရာသီဥတု

အရှေ့ ဘက်တွင် အပူပိုင်း ရာသီဥတု။ အနောက်ဘက်တွင် ခြောက်သွေ့ ကန္တာရ ရာသီဥတု။ အင်ဒီးစ်တောင်တန်းများတွင် အပူအအေးမျှတသော ရာသီဥတုနှင့် အလွန်အေးခဲသော ရာသီဥတုများရှိ။


မြေမျက်နှာသွင်ပြင်

အနောက်ဘက် ကမ်းရိုးတန်း မြေပြန့် (ကိုစတာ)။ အလယ်ပိုင်းတွင် မြင့်မားကြမ်းတမ်းသော အင်ဒိးစ် တောင်တန်း (ဆီအယ်ရာ) အရှေ့ ဘက် အမေဇုန်မြစ်ဝှမ်း မြေနိမ့်သစ်တော (ဆယ်လ်ဗာ)

မြေမျက်နှာအမြင့်ခြားနားချက်

အိနိမ့်ဆုံးအပိုင်း

ပစိဖိတ်သမုဒ္ဒရာ = ၀m

အမြင့်ဆုံးအပိုင်း = နီဗာဒိုဟွာစကာရန် =၆၇၆၈m


သဘာဝအရင်းအမြစ်

ကြေးနီ၊ ငွေ၊ ရွှေ၊ ရေနံ၊ သစ်၊ ငါး၊ သံရိုင်း၊ ကျောက်မီးသွေး၊ ဖေါ့စဖိတ်၊ သံရိုင်း၊ ကျောက်မီးသွေး၊ ဖေါ့စဖိတ်၊ ဆားပြာ၊ ရေအားလျှပ်စစ်၊ သဘာဝဓာတ်ငွေ့။


လူ့အရင်းအမြစ်

လူဦးရေ။ ။၂၉,၅၄၆,၉၆၃ (၂၀၀၉)

လူဦးရေကြီးမားမှု ကမ္ဘာ့အဆင့် = ၃၉

လူဦးရေတိုးနှုန်း

၁.၂၂၉%

မွေးဖွားနှုန်း

၁၉.၃၈/၁၀၀၀ ဦးရေ (၂၀၀၉)

သေဆုံးနှုန်း

၆.၁၄/၁၀၀၀ ဦးရေ (၂၀၀၉)

ပျမ်းမျှအသက်

ကျား=၆၈.၈၈နှစ်

မ=၇၂.၆၉နှစ်

စုစုပေါင်း=၇၀.၇၄ နှစ် (၂၀၀၉)


လူမျိုး

ပီရူး


တိုင်းရင်းသားလူမျိုး

အမေရင်ဒီးယန်း=၄၅%

မက်စတီတို=၃၇%

လူဖြူ=၁၅%

လူမည်း၊ ဂျပန်၊ တရုတ်နှင့် အခြား=၃%

ကိုးကွယ်မှု

ရိုမန်ကက်သလစ် = ၈၁.၃%

ဝေဂေလိ=၁၂.၅%

အခြား=၃.၃%

အမည်မသိနှင့် ဘာသာမဲ့=၂.၉%


ဘာသာစကား

စပိန် (ရုံးသုံး)၊ စွယ်ချွာ (ရုံးသုံး)

အိုင်မာရာ၊ အမေဇုန်တိုင်းရင်းသားဘာသာစကား အများအပြား။

မြို့ တော်

လီမာ(lima)

October 24, 2009

Papua New Guinea

၁၇၃။ ပါပူအာ နယူး ဂူနီးယား(Papua New Guinea)
Independent State of Papua New Guinea



နောက်ခံသမိုင်းအကျဉ်း

ကမ္ဘာ့ဒုတိယ အကြီးဆုံးကျွန်းဖြစ်သော နယူးဂူနီးယား၏ အရှေ့ ဘက်ခြမ်းကို ၁၈၈၅ တွင် မြောက်ပိုင်းကို ဂျာမဏီ၊ တောင်ပိုင်းကို ဗြိတိသျှတို့ခွဲဝေပိုင်ဆိုင်ခဲ့ကြသည်။ ထို့နောက် ၁၉၀၂ တွင် ဗြိတိသျှပိုင်ဆိုင်သောအပိုင်းကို သြစ တြေးလျသို့ လွှဲပြောင်းပေးခဲ့သည်။ ပထမကမ္ဘာစစ်အတွင်း ဂျာမဏီပိုင်ဆိုင်သောအပိုင်းကို သြစတြေးလျက သိမ်း ပိုက်နိုင်ခဲ့ပြီး ၁၉၇၅ အထိ ပေါင်းစည်းအုပ်ချုပ်ခဲ့သည်။ ထို့နောက် ဘိုဂိန်းဗီလီကျွန်း (Bougainville) ခွဲထွက်ရေး သမားတို့၏ လက်နက်ကိုင် ပုန်ကန်မှု ၁၉၉၇ တွင် အဆုံးသတ်သွားပြီး လူပေါင်း ၂၀၀၀၀ခန့် အသက်ဆုံးရှုံးခဲ့ရ သည်။



ပထ၀ီအနေအထား
တည်နေရာ

အိုရှင်းနီးယား၊ နယူးဂူနီးယားကျွန်း၏ အရှေ့ ဘက်ခြမ်းအပါအ၀င်ကော်ရယ်ပင်လယ်နှင့် တောင်ပစိဖိတ်သမုဒ္ဒရာ ကြားရှိ ကျွန်းစု။ အင်ဒိုနီးရှားအရှေ့ ဘက်။

မြေပုံအညွန်း
အိုရှင်းနီးယား

ဧရိယာ
ကုန်းမြေ = ၄၅၂,၈၆၀ sqkm
ရေ = ၉,၉၈၀ sqkm
စုစုပေါင်း = ၄၆၂ ၈၄၀ sqkm
ဧရိယာကျယ်ပြန့်မှုကမ္ဘာ့အဆင့် = ၆၁

ထိစပ်နယ်မြေ
အင်ဒိုနီးရှား ၈၂၀ km

ကမ်းရိုးတန်း
၅ ၁၅၂ km

ရာသီဥတု
အပူပိုင်းဒေသရာသီဥတု၊ ဒီဇင်ဘာလမှ မတ်လအထိ အနောက်တောင်မုတ်သုံရာသီဥတု။ မေလမှ အောက်တို ဘာလအထိ အရှေ့ တောင်မုတ်သုံရာသီဥတု။ ရာသီအလိုက် အပူချိန်အနည်းငယ်ပြောင်းလဲမှုရှိ။

မြေမျက်နှာသွင်ပြင်
အများအားဖြင့် ကမ်းရိုးတန်းမြေနိမ့်များနှင့် တောင်များ။ လှိုင်းတွန့်သဏ္ဍာန် တောင်ကုန်းများ။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း ပစိဖိတ်သမုဒ္ဒရာ = ၀ m
အမြင့်ဆုံးအပိုင်း ၀ီလ်ဟမ်တောင် = ၄, ၅၀၉ m

သဘာဝအရင်းအမြစ်
ရွှေ၊ ကြေးနီ၊ ငွေ၊ သဘာဝဓါတ်ငွေ့၊ သစ်၊ ရေနံ၊ ငါးဖမ်းလုပ်ငန်း

လူ့အရင်းအမြစ်
လူဦးရေကြီးမားမှုကမ္ဘာ့အဆင့် ၁၀၇
လူဦးရေ ကြီးထွားနှုန်း ၂.၀၆၉ %
မွေးဖွားနှုန်း ၂၇.၅၅/၁၀၀၀ဦးရေ(၂၀၀၉)
သေဆုံးနှုန်း ၆.၈၆/ ၁၀၀၀ ဦးရေ (၂၀၀၉)
ပျမ်းမျှအသက် ကျား = ၆၄.၀၈ နှစ်
=၆၈.၇၂ နှစ်
စုစုပေါင်း = ၆၆. ၃၄ နှစ်(၂၀၀၉)
လူမျိုး
ပါပူအာ နယူဂူနီးယန်း

တိုင်းရင်းသားလူမျိုး
မယ်လန်နီးရှန်း၊ ပါပူအန်၊ မိုက်ခရိုနီးရှန်း၊ ပိုလီနီးရှန်း။

ကိုးကွယ်မှု
ရိုမန်ကက်သလစ် = ၂၇ %
ဧ၀ံဂလိ လူသီရန် = ၁၉.၅ %
ညီညွတ်သော အသင်းတော် = ၁၁.၅ %
သတ္တမမြောက်နေ့ မျှော်လင့်ခြင်း =၁၀ %
ပင်တယ်ကိုစတယ် = ၈.၆ %
ဧ၀ံဂလိ မဟာမိတ် = ၅.၂ %
အင်္ဂလီကန် = ၃.၂ %
ဘက်ပတစ် = ၂.၅ %
အခြားပရိုတက်စတင့် = ၈.၉ %
ဘာဟိုင်း = ၀.၃ %
တိုင်းရင်းသား ရိုးရာယုံကြည်ကိုးကွယ်မှုများ = ၃.၃ %

ဘာသာစကား
တော့ပစ်ဆင်၊ အင်္ဂလိပ်၊ ဟိုင်ရီမိုတူ စသည့်ရုံးသုံးဘာသာစကားများနှင့် အခြားတိုင်းရင်းသားလူမျိုးစု၊ ဘာသာစ ကား၊ ၈၆၀ မျိုးခန့်။

မြို့ တော်
ပို့မော်ရစ်ဘီ (Port Moresby)

October 23, 2009

Republic of Panama


၁၇၂။ ပနားမား(Panama)
Republic of Panama

နောက်ခံသမိုင်းအကျဉ်း

(၁၆) ရာစုတွင် စပိန် စွန့်စားရှာဖွေသူတို့ အခြေချခဲ့ကြသည်။ ၁၈၂၁ တွင် စပိန်နှင့် ခွဲထွက်ခဲ့ပြီး ဂရန်း ကိုလံ ဘီ ယာ သမ္မတနိုင်ငံခေါ် (Republic of Gran Colombia) ကိုလံဘီယာ၊ အီကွေဒေါ၊ ဗင်နီဇွဲလားတို့ပါဝင်သော ပြည်ထောင်စုပြိုကွဲသောအခါ ပနားမားသည် ကိုလံဘီယာနှင့် ပူပေါင်းကျန်ရစ်သည်။ ထို့နောက် အမေရိကန်ပြည် ထောင်စု၏ ကျောထောက်နောက်ခံဖြင့် ၁၉၀၃ ခုနှစ်တွင် ဗင်နီဇွဲလားနှင့်ပြတ်စဲခဲ့ပြီး တူးမြောင်းဒေသ ခေါ် တူး မြောင်းတစ်ဖက်တစ်ချက်ရှိ နယ်မြေများတွင် အမေရိကန် အချုပ်အခြာတည်ခဲ့သည်။ ၁၉၀၄ နှင့် ၁၉၁၄ အတွင်း အမေရိကန် တပ်မတော်အင်ဂျင်နီယာကော်ပိုရေးရှင်းမှ တူးမြောင်းကို တာဝန်ယူဖောက်လုပ်ခဲ့ခြင်းဖြစ်၏။ ရာစု နှစ် ကုန်လျင် အမေရိကန်မှ ပနားမားသို့ တူးမြောင်းလွှဲအပ်ရန် သဘောတူစာချုပ်ကို ၁၉၇၇ တွင် ချုပ်ဆိုခဲ့သည်။ ၁၉၈၉တွင် အမေရိကန်၏ အကူအညီဖြင့် အာဏာရှင် မန်နွေလ နော်ရိုင်ဂါ (Manuel Noriega) ကို ဖယ်ရှားနိုင် ခဲ့သည်။ ၁၉၉၉ ခုနှစ်အကုန်တွင် တူးမြောင်းကြီးတစ်ခုလုံး၊ တူးမြောင်းထောက်ပံ့ဒေသနှင့် အမေရိကန်စစ်ဖက်ဌာ နများအားလုံးကို ပနားမားသို့အလုံးစုံလွှဲပြောင်းပေးခဲ့သည်။ ၂၀၀၆ အောက်တိုဘာတွင် ပနားမားတူးမြောင်းချဲ့  ထွင်ရေးစီမံကိန်းကို ပနားမားသားတို့ သဘောတူညီခဲ့ကြသည်။ ၂၀၀၇ ခုနှစ်တွင် စီမံကိန်း စတင်ခဲ့ပြီး တူးမြောင်း ပမာဏနှစ်ဆခန့် ကျယ်သွားမည်ဖြစ်၍ ၂၀၁၄ - ၁၅ တွင် အပြီးသတ်ရန် ခန့်မှန်းထားသည်။


ပထ၀ီအနေအထား
တည်နေရာ

အမေရိကအလယ်ပိုင်း ကာရစ်ဘီယံပင်လယ်၊ ပစိဖိတ်သမုဒ္ဒရာတို့နှင့်ထိစပ်၊ ကိုလံဘီယာနှင့်ကော်စတာရီကာ နိုင်ငံတို့ကြား။

မြေပုံအညွှန်း

အမေရိကအလယ်ပိုင်းနှင့် ကာရစ်ဘီယံပင်လယ်။

ဧရိယာ
ကုန်းမြေ = ၇၄,၃၄၀ sqkm
ရေ = ၁, ၀၈၀ sqkm
စုစုပေါင်း = ရ၅ , ၄၂၀ sqkm
ဧရိယာကျယ်ပြန့်မှုကမ္ဘာ့အဆင့် = ၁၂၄

ထိစပ်နယ်မြေ

ကိုလံဘီယာ = ၂၂၅
ကောစတာရီကာ = ၃၃၀ km
စုစုပေါင်း = ၅၅၅ km

ကမ်းရိုးတန်း = ၂၄၉၀ km

ရာသီဥတု

အပူပိုင်းပင်လယ်ရာသီဥတု၊ ပူ၍၊ စိုစွတ်၊ တိမ်ထူထပ်။ မေလမှဇန်န၀ါရီလအထိ ရှည်လျားသော မိုးရာသီ။ ဇန်န၀ါ ရီလမှ မေလအထိ တိုတောင်းသော ခြောက်သွေ့ရာသီ

မြေမျက်နှာသွင်ပြင်

အများအားဖြင့် မက်စောက်သော ကုန်းတွင်းပိုင်း၊ ကြမ်းတမ်းသောတောင်များနှင့်တစ်ဘက်တစ်စပ်တည်း မရှိ သောကုန်းမြင့်မြေပြန့်များ။ ကမ်းရိုးတန်းကျယ်ပြန့်သော မြေပြန့်များနှင့် လှိုင်းတွန့်တောင်ကုန်းများ။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း ။ ပစိဖိတ်သမုဒ္ဒရာ = 0 m
အမြင့်ဆုံးအပိုင်း ။ဗော်လ်တန်ဘာရု = ၃,၄၇၅ m

သဘာဝအရင်းအမြစ်
ကြေးနီ၊ မဟောဂနီသစ်တော၊ ပုဇွန်၊ ရေအားလျှပ်စစ်။

လူ့အရင်းအမြစ်
လူဦးရေ ။ ၃,၃၆၀,၄၇၄ (၂၀၀၉)
လူဦးရေ ကြီးမားမှုကမ္ဘာ့အဆင့် = ၁၃၅
လူဦးရေတိုးနှုန်း = ၁.၅၀၃ %
မွေးဖွားနှုန်း = ၂၀.၁၈ / ၁၀၀၀ ဦးရေ (၂၀၀၉)
သေဆုံးနှုန်း = ၄.၆၆ / ၁၀၀၀ ဦးရေ (၂၀၀၉)
ပျမ်းမျှအသက် = ကျား ၇၄.၄၇နှစ်
မ ၈၀ . ၁၆ နှစ်
စုစုပေါင်း = ၇၇. ၂၅ နှစ်(၂၀၀၉)

လူမျိုး

ပနားမားနီးယန်း

တိုင်းရင်းသားလူမျိုး

မက်စတီကို (အမေရင်ဒီးယန်းနှင့်လူဖြူကပြား) = ရ၀%
အမေရင်ဒီးယန်းနှင့် သွေးနှောများ = ၁၄ %
လူဖြူ = ၁၀ %
အမေရင်ဒီးယန်း = ၆%

ကိုးကွယ်မှု
ရိုမန်ကက်သလစ် = ၈၅ %
ပရိုတက်စတင့် = ၁၅ %

ဘာသာစကား
စပိန်(ရုံးသုံး)
အင်္ဂလိပ် = ၁၄%

မြို့ တော်
ပနားမား (Panama)

October 16, 2009

Palau


၁၇၁။ပါလူး
(Palau)

နောက်ခံသမိုင်းအကျဉ်း
အမေရိကန်၏ ကြီးကြပ်မှုဖြင့် ကုလသမဂ္ဂ အစောင့်ရှောက်ခံ နိုင်ငံအဖြစ် နှစ်ပေါင်း (၃၀) မျှကြာပြီးနောက် မိုက်ခရိုနီးရှား၏ ပြည်ထောင်စုနိုင်ငံ တစ်ခုအဖြစ် မပူးပေါင်းခဲ့ ၁၉၇၈ တွင် လွတ်လပ်ရေး ရယူရန် ဆုံးဖြတ်ခဲ့ရသည်။ ၁၉၈၆ တွင် လွတ်လပ်သော အဖွဲ့အစည်းစာချုပ် (A compact of Free Association ) ပြုလုပ်ရန် အမေရိကန်နှင့် သဘောတူညီမှုရရှိခဲ့သော်လည်း ၁၉၉၄ အထိ အကျုံးမ၀င်ခဲ့ပေ။ လွတ်လပ်ရေးရှိခဲ့သော နောက်တစ်နှစ်မှ စ၍အကျုံးဝင်လာခဲ့သည်။

ပထ၀ီအနေအထား
တည်နေရာ
အိုရှင်းနီးယား။
မြောက်ပစိဖိတ် သမုဒ္ဒရာအတွင်းရှိ ကျွန်စု။ ဖိလစ်ပိုင် အရှေ့ ဘက်။

မြေပုံအညွှန်း
အိုးရှင်းနီးယား

ဧရိယာ
ကုန်းမြေ -၄၉၅ sqkm
ရေ - ၀ sqkm
စုစုပေါင်း - ၄၉၅ sqkm

ထိစပ်နယ်မြေ
မရှိ

ကမ်းရိုးတန်း
၁၅၁၉ km

ရာသီဥတု
အပူပိုင်းရာဒေသ၊ ပူ၍စိုထိုင်း။ မေလမှနိုင်ဝင်ဘာလအထိ စိုစွတ်။

မြေမျက်နှာသွင်ပြင်ခြားနားချက်
ဘယ်ဘယ်သူအက် ကုန်းမတွင် မြင့်၍တောင်ထူထပ်ပြီး နိမ့်သောသန္တာကျွန်းများတွင် အများအားဖြင့် ကြမ်းတမ်းသော သန္တာကျောက်ဆောင်များ ဖြာထွက်လျက်ရှိ။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း - ပစိဖိတ်သမုဒ္ဒရာ = ၀ m
အမြင့်ဆုံးအပိုင်း - ငါချယ်ချူးယပ်တောင် = ၂၄၂ m

သဘာဝအရင်းအမြစ်
သစ်တောများ၊ သတ္တုတွင်းများ (ရွှေအများစု) ၊ ပင်လယ်ထွက်ပစ္စည်းများ၊ ပင်လယ်ကြမ်းပြင်အောက် တွင်းထွက်များ။

လူ့အရင်းအမြစ်
ူလူဦးရေ =၂၀၇၉၆ (၂၀၀၉)
လူဦးရေကြီးမားမှုကမ္ဘာ့အဆင့် = ၂၁၈
လူဦးရေတိုးပွားနှုန်း = ၀.၄၂၈%
မွေးဖွားနှုန်း=၁၁.၂/၂၀၀၀ ဦးရေ (၂၀၀၉)
သေဆုံးနှုန်း=၂.၈၉/၁၀၀၀ ဦးရေ (၂၀၀၉)

ပျမ်းမျှအသက်
ကျား - ၆၈.၀၈ နှစ်
မ - ၇၄.၅၄ နှစ်
စုစုပေါင်း- ၇၁.၂၂ နှစ် (၂၀၀၉)

လူမျိုး
ပါလူးအန်း

တိုင်းရင်းသားလူမျိုး
ပါလူးအန်း=၆၉.၉%
ဖိလစ်ပိုင်=၁၅.၃%
တရုတ်=၄.၉%
အခြားအာရှ=၂.၄%
လူဖြူ=၁.၉%
ကရိုလိုင်းနီးယန်း=၁.၄%
အခြားမိုက်ခရိုနေးရှန်း=၁.၁%
အမည်မသိ=၃.၂%

ကိုးကွယ်မှု
ရိုမန်ကက်သလစ်=၄၁.၆%
ပရိုတက်စတင့်=၂၃.၃%
မော်ဒယ်ငီး=၈.၈%
သတ္တမမြောက်နေ့မျှော်လင့်ခြင်း=၅.၃%
ယေဟောဝါသက်သေ=၀.၉%
အခြား=၃.၁%
အမည်မသိ=၁၆.၄%

ဘာသာစကား
ပါလူးအန်း=၆၄.၇%
တော်ဘီ၊ အင်ဂွာ၊ ဖိလစ်ပိုင်=၁၃.၅%
အင်္ဂလိပ်=၉.၄%
တရုတ်=၅.၇%
ကာရိုလိုင်းနီးယန်း=၁.၅%
ဂျပန်=၁.၅%
အခြားအာရှ=၂.၃%
အခြားဘာသာစကား=၁.၅%

မြို့ တော်
မယ်လီကီအော့(Melekeok)

October 14, 2009

Islamis Republic of Pakistan


၁၇၀။ ပါကစ္စတန်(Pakistan)
Islamis Republic of Pakistan


နောက်ခံသမိုင်းအကျဉ်း
လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ ခန့်က ကမ္ဘာပေါ်ရှိ အစောဆုံးယဉ်ကျေးမှုများမှ တစ်ခုအပါအ၀င်ဖြစ်သော အိန္ဒု တောင်ကြားဒေသ ယဉ်ကျေးမှုသည် ယနေ့ ပါကစ္စတန်ဒေသတွင် ပျံ့ နှံ့တည်ရှိခဲ့သည်။ ခရစ်တော်မပေါ်မီ သက္ကရာဇ် (၂၀၀၀) ခန့်အတွင်း ၎င်းယဉ်ကျေးမှုအကြွင်းအကျန်များနှင့် ၀င်ရောက်အခြေချ အင်ဒို - အာရိယန်လူ မျိုးများရောနှောသွားခဲ့သည်။ နောက်ပိုင်း ရာစုနှစ်များတွင် ပါရှန်း၊ ဂရိ၊ ဆိုင်သီယန်၊ အစ္စလာမ် ဘာသာသယ် ဆောင်လာသူ အာရပ်များ၊ အာဖဂန် ၊တာ့ခ် တို့ ကျူးကျော်ခဲ့ကြသည်။ (၁၆) နှင့် ( ၁ရ) ရာစုများတွင် မူဂယ်အင် ပါယာ ထွန်းကားခဲ့ပြီး (၁၈) ရာစုတွင် ဗြိတိသျှတို့ဝင်ရောက် ကျူးကျော်ခဲ့သည်။ ၁၉၄၇ တွင် ဗြိတိသျှ အိန္ဒိယအ ဖြစ်မှ ပါကစ္စတန် မွတ်စလင်နိုင်ငံအဖြစ်ခွဲထွက်သွားခဲ့သည်။ ဟိန္ဒူအများစု အိန္ဒိယမှာ ဤကိစ္စအပေါ် ကျေနပ်မှုမ ရှိခဲ့ပေ။ ထို့ကြောင့် ကက်ရှ်မီးယားဒေသ အငြင်းပွားမှုဖြင့် ၁၉၄၇ - ၄၈ နှင့် ၁၉၆၅ တို့တွင် စစ်ပွဲ နှစ်ပွဲ ဖြစ်ပွားခဲ့ သည်။ ၁၉၇၁ တွင် တတိယအကြိမ် စစ်မက်ဖြစ်ပွားခဲ့သည်။ ဤစစ်ပွဲတွင် အိန္ဒိယက အစ္စလာမ်မာဘတ်အစိုးရ၏ ဘင်္ဂါလီတို့ကို ဘေးဖယ်ထားခြင်းအပေါ် အမြတ်ထုတ်အသုံးချခဲ့သည်။ ထို့ကြောင့် အရှေ့ ပါကစ္စတန်သည် ဘင်္ဂ လားဒေ့ရှ်၏ ခွဲထွက်တိုင်းပြည်တစ်ခုဖြစ်လာခဲ့သည်။ အိန္ဒိယ၏ နျူကလီးယားစမ်းသပ်မှုကို တုံ့ပြန်သောအားဖြင့် ပါကစ္စတန်ကလည်း ၁၉၉၈ တွင် စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။ ကက်ရှမီးယား အငြင်းပွားမှု ဆက်လက်ဖြစ်ပွား လျက်ရှိသော်လည်း ဆွေးနွေးပွဲများနှင့် ယုံကြည်မှုတည်ဆောက်ခြင်းများဖြင့် ၂၀၀၂ ခုနှစ်မှစ၍ တင်းမာမှုများ လျော့ချနိုင်ခဲ့သည်။ သမ္မတမူရှာရက်အပေါ်လူထုမကျေနပ်မှုများ တိုးပွားလာခဲ့ပြီး ၂၀၀၇ ခုနှစ် နှောင်းပိုင်းတွင် ထင်ရှား၍ လူကြိုက်များသော ခေါင်းဆောင် ဘင်နက်ဇီယာ ဘူတို (Berasir Bhutt0) လုပ်ကြံခံရမှုကြောင့် ၂၀၀၈ သြဂုတ်လတွင် သမ္မတ မူရှာရက် နှုတ်ထွက်ခဲ့ရသည်။ ထို့နောက် စက်တင်ဘာလတွင် ရွေးကောက်ပွဲ ကျင်းပခဲ့ရာ သူတို့၏ ခင်ပွန်း အဆစ်ဇာဒါရီ (Asif Zardari)အနိုင်ရပြီး သမ္မတဖြစ်လာခဲ့သည်။

ပါကစ္စတန်အစိုးရနှင့် စစ်ခေါင်းဆောင်များသည် အာဖဂန်နယ်စပ်နှင့် ကပ်လျက် လူမျိုးစု ဒေသများတွင် အခြေချ သောင်းကျန်းလျက်ရှိသော အစ္စလာမ် အစွန်းရောက်သူပုန်များကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေရလျက်ရှိသည်။ ၂၀၀၈ နိုဝင်ဘာလ မွန်ဘိုင်းတိုက်ခိုက်မှုကြောင့် တဖန် အိန္ဒိယ - ပါကစ္စတန်ဆက်ဆံရေးတင်းမာလာခဲ့ရသည်။ ပါကစ္စတန်အစိုးရသည် နိုင်ငံခြားဖလှယ်ရေး အရင်းအအမြစ်များ ကျဆင်းလာခြင်းကြောင့် စီးပွားရေး ယိုယွင်းလျက်ရှိပြီး ငွေတန်ဖိုးကျဆင်းခြင်း၊ ငွေကြေးအကျပ်အတည်း အစည့်အခက်အခဲများ ရင်ဆိုင်ရလျက်ရှိသည်။

ပထ၀ီအနေအထား
တည်နေရာ
တောင်အာရှ၊ အာရေဗီယန်ပင်လယ်နှင့် ထိစပ်၊ အရှေ့ ဘက်တွင် အိန္ဒိယနှင့် ဘီရန်နိုင်ငံတို့ကြား အနောက်ဘက်တွင် အာဖဂန်နစ္စတန်နှင့် မြောက်ဘက်တွင် တရုတ်။

မြေပုံအညွှန်း
အာရှ

ဧရိယာ
ကုန်းမြေ - ၇၇၀,၈၇၅ sqkm
ရေ - ၂၅,၂၂၀ sqkm
စုစုပေါင်း - ၇၆၉,၀၄၅ sqkm

ဧရိယာကျယ်ပြန့်မှုကမ္ဘာ့အဆင့် = ၄၃

ထိစပ်နယ်မြေ
အာဖဂန်နစ္စတန်=၂၄၃၀ km
တရုတ် = ၅၂၃ km
အိန္ဒိယ = ၂,၉၁၂ km
အီရန် = ၉၀၉ km

ကမ်းရိုးတန်း
၁.၀၄၆ km

ရာသီဥတု
အများအားဖြင့် ပူ၍ခြောက်သွေ့သော ကန္တာရရာသီဥတု။ အနောက်မြောက်ဘက်တွင် အပူလျော့ပိုင်း။ မြောက်ဘက်တွင် အာတိတ်ရာသီဥတု။

မြေမျက်နှာသွင်ပြင်
အရှေ့ ဘက်တွင် ပြန့်ပြူးသော အိန္ဒုမြေပြန့်၊ မြောက်ဘက်နှင့် အနောက်မြောက်ဘက်တွင် တောင်များ၊ အနောက်ဘက် သလိုချီစတန် ကုန်းမြင့်လွင်ပြင်။

မြေမျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း
အိန္ဒိယသမုဒ္ဒရာ

အမြင့်ဆုံးအပိုင်း
ဂေါ်နွင်၊ အော်စတင်တောင် = ၈,၆၆၁m

သဘာဝအရင်းအမြစ်
လူဦးရေ =၁၇၆,၂၄၂,၉၄၉ (၂၀၀၉)
လူဦးရေအများဆုံးကမ္ဘာ့အဆင့် = ၇
လူဦးရေတိုးနှုန်း = ၁.၉၄၇% (၂၀၀၉)
မွေးဖွားနှုန်း = ၁၇.၆၂/၁၀၀၀ ဦးရေ (၂၀၀၉)
သေဆုံးနှုန်း = ၇.၆၈/၁၀၀၀ ဦးရေ (၂၀၀၉)

ပျမ်းမျှအသက်
ကျား=၆၃.၄ နှစ်
မ=၆၅.၆၄ နှစ်
စုစုပေါင်း = ၆၄.၆၉နှစ် (၂၀၀၉)

လူမျိုး
ပါကစ္စတန်

တိုင်းရင်းသားလူမျိုး
ပန်ချာပီ = ၄၄.၆၈%
ပက်ရှ်တွန်း = ၁၅.၄၂%
ဆင်ဒီ = ၁၄.၁ %
သရီအိုက်ကီ = ၈.၃၈%
မူဟာဂျာ =၇.၅၇%
သလိုချီ = ၃.၅၇%
အခြား = ၆.၂၈%

ကိုးကွယ်မှု
မွတ်စလင်=၉၅%
ဆွန်နီ=၇၅%
ရှီးအိုက်=၂၀%
အခြား=၅%

ဘာသာစကား
ပန်ချာပီ = ၄၈%
ဆင်ဒီ = ၁၂%
သရီအိုက်ကီ = ၁၀%
ပက်ရှ်တွန်း = ၈%
အူရဒူ(ရုံးသုံး) = ၈%
ဘလိုချီ = ၃%
ဟိုင်းကို = ၂%
ဘရာဟူအီ = ၁%
ဘူရူရှာစကီနှင့် အခြား=၈%

မြို့ တော်
အစ္စလာမ္ဗာဘက်(Islambad)

Oman


၁၆၉။ အိုမန်
(0man)
နောက်ခံသမိုင်းအကျဉ်း
အိုမန်ဒေသတွင်း နေထိုင်သူများသည် အိန္ဒိယသမုဒ္ဒရာ ကုန်သွယ်ရေးကြောင့် ကာလကြာမြင့်စွာကပင် စီးပွားရေး ကောင်းသူများ ဖြစ်ကြ၏။ (၁၈) ရာစု နှောင်းပိုင်းတွင် မွတ်စလင်၌ စော်လတန် စော်ဘွားစံနစ်သစ် တစ်ရပ်ထူ ထောင်ပြီးနောက် ဗြိတိသျှတို့နှင့် ချစ်ကြည်ရေးစာချုပ်များ ပထမဦးဆုံးချုပ်ဆိုခဲ့ကြသည်။ အချိန်ကြာလာသည် နှင့်အမျှ နိုင်ငံရေးနှင့်စစ်ရေးဆိုင်ရာကိစ္စများတွင် ဗြိတိသျှတို့အပေါ် မှီခိုရမှုများ တိုးပွားလာခဲ့သည်။ သို့သော် ကို လိုနီအဖြစ်သို့မူ မကျရောက်ခဲ့ပေ။ ၁၉၇၀ တွင် ခါဘူးဘင်ဆက်အယ် ဆက် (Qaboos bin said al - said) က ဖခင်၏ စော်လတန် ပီသစွာ အုပ်ချုပ်ခဲ့သော တင်းကြပ်သောအုပ်ချုပ်ရေးစည်းမျဉ်းများကို ပယ်ဖျက်ခဲ့သည်။ ၎င်း ၏ ခေတ်မှီသောအစီအစဉ်များကြောင့် ကမ္ဘာသို့ တံခါးများစွာပွင့်သွားပြီး ဗြိတိန်နှင့် ရေရှည်ပူးပေါင်းရေး အ တွက် ပြင်ဆင်ဆောက်ရွက်ချက်များ ပြုလုပ်ခဲ့သည်။ အိုမန်၏ ပျော့ပြောင်းသော လွတ်လပ်သော နိုင်ငံခြားရေး မူဝါဒများကြောင့် အရှေ့ အလယ်ပိုင်းနိုင်ငံများနှင့်လည်း ဆက်ဆံရေးပြေပြစ်ကောင်းမွန်လျက်ရှိ၏။


ပထ၀ီအနေအထား
တည်နေရာ
အရှေ့ အလယ်ပိုင်း။ အာရေဗီယန်ပင်၊ အိုမန်ပင်လယ်ကွေ့တို့နှင့် ထိစပ်။ ယီမင်နှင့်အာရပ်စော်ဘွားများပြည်ေ ထာင်စုတို့နှင့်ထိစပ်။

မြေပုံအညွှန်း
အရှေ့ အလယ်ပိုင်း

ဧရိယာ
ကုန်းမြေ ၃၀၉ ၊ ၅၀၀ sqkm
ရေ ၀ sqkm
စုစုပေါင်း ၃၀၉ ၊ ၅၀၀ sqkm
ဧရိယာကျယ်ပြန့်မှု ကမ္ဘာ့အဆင့် = ၇၇

ထိစပ်နယ်မြေ
ဆော်ဒီအာရေဗျ = ၆၇၆ km
အာရပ်စော်ဘွားများပြည်ထောင်စု = ၄၁၀ km
ယီမင် ၂၈၈ km

ကမ်းရိုးတန်း
၂၀၉၂ km

ရာသီဥတု
ခြောက်သွေ့ကန္တာရရာသီဥတု။ ကမ်းရိုးတန်းတလျှောက်စို ထိုင်းသောရာသီဥတု။ ကုန်းတွင်းပိုင်း ပူပြင်းခြောက်သွေ့။ တောင်ဘက်များဒေသတွင် အားကောင်းသော အနောက်တောင်နွေ မုတ်သုံရာသီဥတု (မေလမှ စက်တင်ဘာလ အထိ)

မြေမျက်နှာသွင်ပြင်
အလယ်ပိုင်းကန္တာရမြေပြန့်။ မြောက်ဘက်နှင့်တောင်ဘက်တွင် ကြမ်းတမ်းသောတောင်များ။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း
အာရေဗီယန်း ပင်လယ် = ဝ

အမြင့်ဆုံးအပိုင်း
ဂျယ်ဘယ်ရှမ် = ၂ ၉၈၀

သဘာဝအရင်းအမြစ်
ရေနံ၊ ကြေးနီ၊ ကျောက်ဂွမ်း၊ စကျင်ကျောက်၊ ထုံးကျောက်၊ ခရိုမီယမ်၊ ဂျစ်ပဆမ်ကျောက်၊ သဘာဝဓါတ်ငွေ့။

လူ့အရင်းအမြစ်
လူဦးရေ ၃ ၄၁၈ ၀၈၅ (၂၀၀၉)
လူဦးရေ ကြီးမားမှုကမ္ဘာ့အဆင့်= ၁၃၄
လူဦးရေ တိုးပွားနှုန်း ၃. ၁၃၈ % (၂၀၀၉)
မွေဖွားနှုန်း ၃၄. ၇၉ / ၁၀၀၀ဦးရေ (၂၀၀၉)
သေဆုံးနှုန်း ၃.၆၅/ ၁၀၀၀ ဦးရေ (၂၀၀၉)
ပျမ်းမျှအသက် ကျား= ၇၁. ၈၇နှစ်
သေဆုံးနှုန်း ၃.၆၅/ ၁၀၀၀ဦးရေ (၂၀၀၉)

ပျမ်းမျှအသက်
ကျား = ၇၁. ၈၇နှစ်
မ = ၇၆.၅၅ နှစ်
စုစုပေါင်း = ၇၆.၁၆ နှစ် (၂၀၀၉)

လူမျိုး
အိုမန်နီ

တိုင်းရင်းသားလူမျိုး
အာရပ်၊ ဘာလူချီ၊ တောင်အာရှသား၊ အာဖရိက။

ကိုးကွယ်မှု
အီဘာဒီ မွတ်စလင် = ၇၅%
အခြား = ၂၅%
ဘာသာစကား
အာရပ်(ရုံးသုံး)၊ အင်္ဂလိပ်၊ ဘာလူချီ၊ အူရဒူ၊ အိန္ဒိယဒေသိယ စကားများ။

မြို့ တော်

မွတ်စကတ်(Muscat)

October 12, 2009

Kingdom of Norway



၁၆၈။ နော်ဝေ(Norway)
Kingdom of Norway

နောက်ခံသမိုင်းအကျဉ်း

ဗိုက်ကင်းလူမျိုးတို့၏ ရာစုနှစ် နှစ်ခုမျှကြာအောင် ဥရောပသို့ဝင်ရောက်တိုက်ခိုက်မှုများ ၁၉၉၄ ခုနှစ်တွင် ဘုရင် အို လဗ်ထရိုဂ်ဗာဆင် (Olav Tryggvason) မှ ခရစ်ယာန်အယူဝါဒ သွတ်သွင်းပြီး နောက်ပြီး တဖြည်းဖြည်းပျောက် ကွယ်သွားခဲ့သည်။ နောက်ဆယ်စုနှစ်များစွာအကြာတွင် နော်ဝေနိုင်ငံတော် ပြောင်းလဲမှု ဖြစ်ပေါ်ခဲ့သည်။ ၁၃၉၇ တွင်ဒိန်းမတ်က နော်ဝေကို သိမ်းသွင်းခဲ့ပြီး ရာစုနှစ်လေးစုမျှကြာညောင်းခဲ့သည်။ ၁၈၁၄ တွင် နော်ဝေသည် ဆွီဒင်မှ ခွဲထွက်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ရပ် ရေးဆွဲပြဋ္ဌာန်းခဲ့သည်။ ထို့နောက် ဆွီ ဒင်က နော်ဝေကို ကျူးကျော်သိမ်းပိုက်ခဲ့သည်။ သို့သော် အခြေခံဥပဒေကိုမူ ဆက်လက်ထားရှိခွင့်ပြုခဲ့ပြီး အပြန် အလှန်အားဖြင့် ဆွီဒင်ဘုရင်၏ ပြည်ထောင်စုအောက်တွင်ထားရှိမှုကို သဘောတူညီရသည်။ (၁၉)ရာစုတွင် အ မျိုးသားရေးစိတ်ဓါတ်များနိုးကြားလာပြီး ၁၉၀၅ ခုနှစ်တွင် လူထုဆန္ဒ ခံယူမှု ဖြင့်လွတ်လပ်ရေးရရှိခဲ့သည်။ ပထမ ကမ္ဘာစစ်တွင် ကြားနေနိုင်ငံအဖြစ်နေထိုင်ခဲ့သော်လည်း ၎င်း၏ သင်္ဘောလုပ်ငန်းများ ပျက်စီးဆုံးရှုံးခဲ့ရသည်။ ဒု တိယကမ္ဘာစစ်တွင် ကြားနေနိုင်ငံအဖြစ် ရပ်တည်ခဲ့သော်လည်း ၁၉၄၀ မှ ၁၉၄၅ အထိ နာဇီဂျာမဏီတို့၏ သိမ်း ပိုက်မှုကို ခံခဲ့ရသည်။ ၁၉၄၉ တွင် ကြားနေမူဝါဒကို စွန့်လွှတ်၍ နေတိုးအဖွဲ့သို့ဝင်ရောက်ခဲ့သည်။ ကမ်းရိုးတန်းအ နီး ရေနံ၊ ဓါတ်ငွေ့များ ရှာဖွေတွေ့ရှိမှုကြောင့် ၁၉၆၀ နှစ်များ လွန်ပိုင်းတွင် နော်ဝေစီးပွားရေး ကောင်းမွန်လာခဲ့သည်။ လက်ရှိအချိန်တွင် ရေရှည်ဖူလုံရေးစံနစ်နှင့် ရေနံအရင်းအမြစ်များကုန်ခန်းသွားမည့်အချိန်အတွက် အစီအစဉ်များ ချမှတ်ကာ လုပ်ဆောင်လျက်ရှိ၏။ ၁၉၇၂ နှင့် ၁၉၉၄ တွင် လူထုဆန္ဒခံယူပွဲများ ကျင်းပ၍ နော်ဝေအနေနှင့် ဥရောပသမဂ္ဂသို့ဝင်ရောက်ခြင်းမပြုခဲ့ပေ။

ပထ၀ီအနေအထား
တည်နေရာ
ဥရောပမြောက်ဘက်။ မြောက်ပင်လယ်၊ မြောက်အတ္တလန္တိတ်သမုဒ္ဒရာတို့်နှင့်ထိစပ်။ ဆွီဒင်နိုင်ငံအနောက်ဘက်။

မြေပုံအညွှန်း
ဥရောပ

ဧရိယာ
ကုန်းမြေ = ၃၀၄ ၂၈၂ sqkm
ရေ = ၁၉ ၅၂၀ sqkm
စုစုပေါင်း = ၃၂၃ ၈၀၂ sqkm
ဧရိယာကျယ်ပြန့်မှုကမ္ဘာ့အဆင့် = ၇၄

ထိစပ်နယ်မြေ
ဖင်လန် = ၇၂၇ km
ဆွီဒင် = ၁ ၆၁၉ km
ရုရှ = ၁၉၆ km
ကမ်းရိုးတန်း = ၂၅ ၁၄၈ km

ရာသီဥတုItalic
ကမ်းရိုးတန်းတစ်လျှောက် အပူလျော့။ မြောက်အတ္တလန္တိတ်ရေစီးကြောင်း၏ပြုပြင်မှုခံရ။ ကုန်းတွင်းပိုင်းတွင် မိုး ရေချိန် မြင့်မား၍ အအေးပို။ အအေးကဲသောနွေရာသီ။ အနောက်ဘက်ကမ်းခြေတွင် တစ်နှစ်ပတ်လုံး မိုးရွာ သွန်း။

မြေမျက်နှာသွင်ပြင်
ရေခဲဖုံးလွှမ်း။ အများအားဖြင့် မြေသြဇာကောင်းမွန်သော တောင်ကြားဒေသများဖြင့် ကြမ်းတမ်းတောင်များ။ သေးငယ်ပြန့်ကျဲနေသော မြေပြန့်များ။ ကမ်းရိုးတန်းတလျှောက် မက်စောက်ရေလက်ကြားများရှိ။ မြောက်ပိုင်း တွင် အာတိတ်တန္ဒရာ ဒေသ (အေးခဲ၍ သစ်ပင်မပေါက်ရောက်)

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း
နော်ဝေရီယန်ပင်လယ် = ၀ m

အမြင့်ဆုံးအပိုင်း
ဂယ်ဒိုပစ်ဂျင် = ၂ ၄၆၉ m

သဘာဝအရင်းအမြစ်
ရေနံ၊ သဘာဝဓါတ်ငွေ့၊ သံရိုင်း၊ ကြေးနီ၊ ခဲ၊ သွပ်၊ တိုက်တေနီယမ်၊ ဖရိုက်၊ နီကယ်၊ ငါး၊ သစ်၊ ရေအားလျှပ်စစ်

လူ့အရင်းအမြစ်
လူဦးရေ = ၄ ၆၆၀ ၅၃၉ (၂၀၀၉)

လူဦးရေကြီးမားမှုကမ္ဘာ့အဆင့် = ၁၁၇
မွေးဖွားနှုန်း ၁၀. ၉၉/ ၁၀၀၀ ဦးရေ (၂၀၀၉)
သေဆုံးနှုန်း ၉.၂၉/ ၁၀၀၀ဦးရေ (၂၀၀၉)

လူမျိုး
နော်ဝေဂျီယန်

တိုင်းရင်းသားလူမျိုး
နော်ဝေဂျီယန် = ၉၄.၄ %
အခြားဥရောပ = ၃.၆ %
အခြား = ၂%

ကိုးကွယ်မှု
နော်ဝေအသင်းတော် = ၈၅.၇ %
ပင်တယ်လိုဓဇယ် = ၁%
ရိုမန်ကက်သလစ် = ၁%
အခြားခရစ်ယာန် = ၂.၄ %
မွတ်စလင် = ၁.၈ %
အခြား = ၈.၁ %

ဘာသာစကား
ဘော့မယ်နော်ဂျီယန် (ရုံးသုံး)
နိုင်နော့နော်ဝေဂျီယန်(ရုံးသုံး)

မြို့ တော်
အော့စလို (0rlo)

October 9, 2009

North Mariana Island


၁၆၈။ မြောက်မာရီယာနာကျွန်းများ
(Northern Mariana Islands)


နောက်ခံသမိုင်းအကျဉ်း

ပစိဖိတ်ဒေသ ကုလသမဂ္ဂအစောင့်အရှောက်ခံနယ်မြေ အစိတ်အပိုင်းတစ်ခုအဖြစ် အမေရိကန် ပြည်ထောင်စု၏ အုပ်ချုပ်မှုအောက်တွင် ထားရှိခဲ့သည်။ ၁၉၇၀ ကာလများတွင် မြောက်မာရီယာနာ ကျွန်းသားများက လွတ်လပ်ရေး မယူရန်ဆုံးဖြတ်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုနှင့် ဆယ်နွယ်မှုနှင့် ဆက်နွယ်မှု ပိုမိုခိုင်မာစေရန်ကြိုးပမ်းခဲ့သည်။ ၁၉၇၂ တွင် စတင်၍ နယ်မြေအခြေအနေနှင့် ပတ်သတ်ပြီး စေ့စပ်ညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့သည်။ ၁၉၇၅ တွင် အမေရိကန် ပြည်ထောင်စုနှင့် နိုင်ငံရေးစုစည်းတည်ဆောက်မှု ဓနသဟာယ နိုင်ငံတည်ဆောက်ရေူးအတွက် သဘောတူညီမှုရရှိပြီး ၁၉၇၆ မတ်လ ၂၄ ရက်တွင် စတင်အကျုံးဝင်ခဲ့သည်။ ၁၉၇၈ တွင် အစိုးရအသစ်တစ်ရပ်နှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတို့ စတင်အသက်ဝင်ခဲ့သည်။

ပထ၀ီအနေအထား
တည်နေရာ
အိုးရှင်းနီးယား၊ မြောက်ပစိဖိတ် သမုဒ္ဒရာအတွင်းရှိ ကျွန်းများ၊ ဟာဝိုင်အီမှ ဖိလစ်ပိုင်သို့ သွားခရီးစဉ် လေးပုံသုံးပုံခန့်တွင် တည်ရှိ။

မြေပုံအညွှန်း
အိုးရှင်းနီးယား

ဧရိယာ
ကုန်းမြေ - ၄၆၄ sqkm
ရေ - ၀ sqkm
စုစုပေါင်း - ၄၆၄ sqkm

ဧရိယာကျယ်ပြန့်မှု ကမ္ဘာ့အဆင့် = ၂၀၃

ထိစပ်နယ်မြေ
မရှိ

ကမ်းရိုးတမ်း
၁၄၈၂ km

ရာသီဥတု
အပူပိုင်းပင်လယ်ရာသီဥတု၊ အရှေ့ မြောက် ကုန်သည်လေ တိုက်ခက်မှုကြောင့် သမမျှတ။ ရာသီဥတု အပူချိန်ကြောင့် အနည်းငယ် အပြောင်းအလဲရှိ။ ဒီဇင်ဘာမှ ဇွန်လအထိ ခြောက်သွေ့ရာသီ၊ ဂျူလိုင်လမှ အောက်တိုဘာလအထိ မိုးရာသီ။

မြေမျက်နှာသွင်ပြင်
တောင်ပိုင်းရှိ ကျွန်းများမှာ ဖျာထွက်နေသော သန္တာကျောက်တန်းများနှင့် အလွှာအဆင့်ဆင့် ထုံးကျောက်များဖြင့် ဖွဲ့စည်းထားသည်။ မြောက်ဘက်ကျွန်းများမှ မီးတောင်ကျွန်းများဖြစ်၏။

မျက်နှာပြင်အမြင့် ခြားနားချက်
အနိမ့်ဆုံးအပိုင်း = ပစိဖိတ်သမုဒ္ဒရာ - ၀m
အမြင့်ဆုံးအပိုင်း = အဂ္ဂရိဟန် ကျွန်းပေါ်ရှိ အမည်မရှိသော နေရာတစ်ခု-၉၆၅ m

သဘာဝအရင်းအမြစ်
လူဦးရေ - ၈၈,၆၆၂ (၂၀၀၉)
လူဦးရေကြီးမားမှုကမ္ဘာ့အဆင့် - ၁၉၇
လူဦးရေတိုးနှုန်း - ၂.၂၉၅% (၂၀၀၉)
မွေးဖွားနှုန်း - ၁၈.၇၇ / ၁၀၀၀ ဦးရေ (၂၀၀၉)
သေဆုံးနှုန်း - ၂.၃၂ / ၁၀၀၀ ဦးရေ (၂၀၀၉)

ပျမ်းမျှအသက်
ကျား - ၇၄.၀၈ နှစ်
မ - ၇၉.၄၇ နှစ်
စုစုပေါင်း = ၇၆.၇ နှစ်

လူမျိုး
အမေရိကန်နိုင်ငံသား

တိုင်းရင်းသားလူမျိုး
အာရှ = ၅၆.၃%
ပစိဖိတ်ကျွန်းသား =၃၆.၃%
ကောကေးရှန် = ၁.၈%
အခြား = ၀.၈ %
သွေးနှော = ၄.၈%

ကိုးကွယ်မှု
ခရစ်ယာန်

ဘာသာစကား
ဖိလစ်ပိုင်းစကားများ = ၂၄.၄%
တရုတ် = ၂၃.၄%
ချမိုရို = ၂၂.၄%
အင်္ဂလိပ် = ၁၀.၈%
အခြားပစိဖိတ်ကျွန်းစကားများ = ၉.၅%
အခြား = ၉.၆ %

မြို့ တော်
ဆိုင်ပန် (Saipan)

October 8, 2009

Territary of Norfork Island


၁၆၇။နောဖေါ့ကျွန်း(Norfork Island)
Territary of Norfork Island

နောက်ခံသမိုင်းအကျဉ်း
၁၇၈၈ - ၁၈၁၄ နှင့် ၁၈၂၅ - ၁၈၅၅ များတွင် တစ်သက်တစ်ကျွန်းကျ အကျဉ်းသားများထားရှိသည့်ကျွန်းအဖြစ် ဗြိ တိသျှတို့ နှစ်ကြိမ် အသုံးပြုခဲ့ပြီးနောက် ကျွန်းကို လုံးဝစွန့်ပစ်ထားခဲ့သည်။ ၁၈၅၆ တွင် ဘောင်ဘီ သူပုန်မျိုးဆက် များနှင့် ၎င်းတို့၏ တဟီတီယံအပေါင်းအပါများ ဖြစ်သော ပစ်ကိုင်းကျွန်းသားများအခြေချနေ ထိုင်ခဲ့ကြသည်။

ပထ၀ီအနေအထား
တည်နေရာ
အိုးရှင်းနီးယား၊ တောင်ပစိဖိတ်သမုဒ္ဒရာအတွင်းရှိကျွန်း သြစတြေးလျအရှေ့ ဘက်ရှိကျွန်း။

မြေပုံအညွှန်း
အိုးရှင်းနီးယား

ဧရိယာ
ကုန်းမြေ = ၃၆ sqkm
ရေ = ၀ sqkm
စုစုပေါင်း = ၃၆ sqkm
ဧရိယာကျယ်ပြန့်မှု ကမ္ဘာ့အဆင့် = ၂၄၁

ထိစပ်နယ်မြေ
မရှိ

ကမ်းရိုးတန်း
၃၂ km

ရာသီဥတု
အပူလျော့ပို်င်း။ သမမျှတ။ ရာသီလိုက် အပူချိန်အနည်းငယ်ပြောင်းလဲမှုရှိ။

မြေမျက်နှာသွင်ပြင်
မီးတောင်ဖွဲ့စည်းပုံနှင့်အများအားဖြင့်လှိုင်းတွန့်သော မြေပြန့်ရှိ။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း ပစိဖိတ်သမုဒ္ဒရာ = ၀ m
အမြင့်ဆုံးအပိုင်း ဘိတောင် = ၃၁၉ m

သဘာဝအရင်းအမြစ်
လူဦးရေ ၂၁၄၁ (၂၀၀၉)
လူဦးရေကြီးမားမှု ကမ္ဘာ့အဆင့် = ၂၃၁
လူဦးရေတိုးနှုန်း = ၀.၀၀၆%

လူမျိုး
နောဖော့ကျွန်းသား

တိုင်းရင်းသားလူမျိုး
ဘောင်တီသူပုန်မျိုးဆက်များ၊ သြစတြေးလျ၊ နယူးဇီလန်၊ ပိုလီနေးရှင်း။

ကိုးကွယ်မှု
အင်္ဂလီကန် = ၃၁.၈%
ရိုမန်ကက်သလစ် = ၁၁.၅%
သြစတြေးလျ ညီညွတ်သော အသင်းတော် = ၁၀.၆ %
သတ္တမမြောက်နေ့ မျှော်လင့်ခြင်း = ၃.၂%
အခြား ခရစ်ယာန် = ၅.၆%
ဘာသာမဲ့ = ၁၉.၉ %
အမည်မသိ = ၁၆.၆ %

ဘာသာစကား
အင်္ဂလိပ်(ရုံးသုံး)
နော်ဖော့

ဲမြို့ တော်
ကင်းစတန်(Kingston)

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။