1

December 1, 2009

Political Sceince Part (40)

အင်္ဂလန်တရားစီရင်ရေးဌာန

အင်္ဂလန်တရားစီရင်ရေး လွတ်လပ်မှုကို ၁၇၀၀ ခုနှစ် ဥပဒေဖြင့် အာဏာအကွယ် ပေးထားရသည်။ တရားသူကြီးများကို ဘုရင်က ခန့်အပ်ပြီး ၄င်းတရားသူကြီးတို့သည် ဥပဒေတစ်ခုခုကို မကျူးလွန်သမျှကာလပတ်လုံး ရာထူးတည်မြဲခွင့်ရရှိကြသည်။ တရားသူကြီးမျာကို လွှတ်တော်နှစ်ရပ်ပေါင်းကသာဖြုတ်ချနိုင်၏ သို့ရာတွင် တရားသူကြီးလေးများကိုမူ လော့ချရန် ဆယ်လာက ထုတ်ပယ်ပစ်နိုင်သည်။ ယင်းသို့ လော့ချရန်ဆယ်လာက ထုတ်ပယ်မှုမျိုးမှာလည်း အလွန်ပြုလုပ်ခဲ့သော ကိစ္စတစ်ရပ် ဖြစ်သောကြောင့် တရားသူကြီးလေးတို့ ရာထူးမှာလည်း ခိုင်မြဲကြောင်းသိသာ နိုင်ပေသည်။

ပြင်သစ်တရားစီရင်ရေးဌာန

ပြင်သစ်နိုင်ငံတွင် တရားသူကြီးများကို အုပ်ချုပ်ရေးဌာနက စာမေးပွဲစစ်၍ ခန့်အပ်သည်။ ယင်းသို့ စာမေးပွဲကို ယှဉ်ပြိုင်ဖြေဆို၍ ရွေးချယ်ခန့်အပ်ထားသောကြောင့် အရည်အချင်းပြည့်ဝသော တရားသူကြီးများကို ရရှိနိုင်ပေသည်။ တရားသူကြီးများကို နောက်ဆုံးအယူခံရုံးချုပ် (The Final Court of Appeal) ခေါ်ရာထူးချထားရေး တရားရုံး (Court of Cessation) က ဖြုတ်ချနိုင်သည်။ ၄င်းတရားရုံးတွင် တရားသူကြီး ၇ ဦး ပါဝင်သော ကော်မတီက ရုံးထိုင်၍ စဉ်းစားဆုံးဖြတ်သည်။ တရားသူကြီးများကို ရာထူးမှ ထုတ်ပယ်ခြင်းပြုလုပ်ကြသည်။

တရားစီရင်ရေးဌာနအမျိုးမျိုးအကြောင်း


(၁) Rule of Law ပြည်သူ့ဥပဒေ
(၂) The Droit Administrative ရာထမ်းမှုထမ်းဥပဒေ

ကမ္ဘာပေါ်တွင် တရားစီရင်ရေးဌာန အနမျိုးအစားအားဖြင့် နှစ်မျိုးသာရှိသည်။ ၄င်းတို့မှာ တိုင်းသူပြည်သားအားလုံး အတွက် တရားဥပဒေ တစ်မျိုးတစ်စားတည်းသာ ထားရှိသော "ပြည်သူ့ဥပဒေ" Rule of Law နှင့် တခြားတစ်ခုမှာ အစိုးရ အရာထမ်းမှုထမ်းများအတွက် ဥပဒေတစ်မျိုး သာမန်တိုင်းသူပြည်သားများအတွက် ဥပဒေတစ်မျိုးထား၍ တရားစီရင်သော "ရာထမ်းမှုထမ်း" The Droit Administrative Law တို့ပင်ဖြစ်ကြသည်။ ယင်းတရားဌာနနှစ်မျိုးတို့၏ ကွဲပြားခြားနားမှုသည် အဓိကအားဖြင့် တရားစီရင်ရေးဌာနနှင့် အုပ်ချုပ်ရေးဌာနတို့၏ ဆက်သွယ်ပုံပေါ်တွင် မူတည်နေကြောင်း တွေ့ ရှိနိုင်၏။

အကယ်၍ တရားစီရင်ရေးဌာနသည် အုပ်ချုပ်ရေးဌာန၏ ချယ်လှယ်လွှမ်းမိုးမှုတို့မှ လုံးဝကင်းလွတ်နေလျှင် "ပြည်သူ့ဥပဒေစနစ် " Rule of Law ဖြစ်ပြိး တရားစီရင်ရေးဌာနသည် အုပ်ချုပ်ရေးဌာနနှင့် ဆက်သွယ်ပုံပေါ်တွင် မူတည်နေကြောင်း သိသာနိုင်ပေသည်။ တနည်းအားဖြင့် ၄င်းတရားစီရ၈်ရေးစနစ်များကို လွယ်ကူအောင် မှတ်လိုပါက ပထမစနစ်ကို ဥပဒေတစ်မျိုးတည်းရှိသော စနစ်ဟုမှတ်ယူပြီး ဒုတိယစနစ်ကိုမူ ဥပဒေနှစ်မျိုးစနစ်ဟူ၍ မှတ်ယူနိုင်ပေသည်။ ၄င်းစနစ်နှစ်မျိုးတို့၏ အကျိုး အပြစ်များကို ဝေဖန်စီစစ် မကြည့်မီ ၄င်းတရားဥပဒေများကို အသုံးပြုသည့် တရားစီရင်ရေးဌာနတို့၏ ဖွဲ့စည်းမှုကို လေ့လာကြည့်ကြပါစို့။

ဥပဒေတစ်မျိုးစနစ်


ဥပဒေတစ်မျိုးဆိုသည်မှာ တစ်နိုင်ငံလုံမှ ပြည်သူတိုင်းအတွက် ဥပဒေတစ်မျိုး တစ်စားတည်းဖြင့် စီရင်ဆုံးဖြတ်သော စနစ်ပင်ဖြစ်သည်။ ဘုရင်သည်လည်းကောင်း၊ သူတောင်းစားသည်လည်းကောင်း တူညီသော ဥပဒေတစ်ခုခုကို ချိုးဖောက်လျှင် ထိုနှစ်ဦးအပြစ်တူညီစွာ ခံကြရလိမ့်မည်။ ထို့ကြောင့် "ဥပဒေတစ်မျိုး" စနစ်တွင် မည်သူတစ်စုံတစ်ယောက်မျှ ဥပဒေအပေါ်၍ မရှိကြပေ။ တိုင်းပြည်၏ အထွဋ်အထိပ်ဖြစ်ကြသော ဘုရင်နှင့် သမ္မတတို့မှအစ တိုင်းပြည်၏အောက်ဆုံးလွှာမှ ကျေးကျွန်တောင်းစားသူများအထိ မည်သူမျှဥပဒေပြင်ပတွင် မရှိကြပေ။ ဥပဒေမျက်စိ ရှေ့ မှောက်၌ လူတိုင်းသည် အတူတူသာဖြစ်၏။ ယင်းဥပေးတစ်မျိုးတည်းသော စနစ်သည် ဒီမိုကရေစီကျသောကြောင့် ကမ္ဘာ့နိုင်ငံအများစုတွင် အသုံးပြုလျက်ရှိကြပေသည်။

ဥပဒေတစ်မျိုးစနစ်တွင် တရားသူကြီးများကို ဥပဒေပြုထားသည်ကို တွေ့ရှိပေသည်။ ဥပဒေပြုအဖွဲ့မှ ပြုလုပ်လိုက်သော ဥပဒေများသည် အခြေအနေအရပ်ရပ်နှင့် ကိုက်ညီအောင် ပြုစုထားခြင်းဖြစ်သောကြောင့် ယင်းလွှတ်တော်မှ ပြုစု လိုက်သောဥပဒေများ အနေဖြင့်အခြေအနေအတိုင်းနှင့် အံကျကိုက်ညီရန်မဖြစ်နိုင်ပေ။ ယင်းသို့အခြေအနေနှင့် အံကျမဖြစ်သော ဥပဒေများကိုကိုင်စွဲ၍ တရားစီရင်ဆုံးဖြတ်ရန်မှာလည်း အခြေအနေနှင့်ကိုက်ညီနိုင်သလောက်ကိုက်ညီအောင် ပြန်ဆို၍ တရားစီရင်ဆုံးဖြတ်ကြရပေသည်။ ဤသို့ဆုံးဖြတ်ချက်များကို မှတ်တမ်းတင်ထားပြီး နောင်လာနောင်သားတရား သူကြီးကလည်း ထိုစီရင်ဆုံးဖြတ်ချက်မှတ်တမ်းများကို ကိုးကား၍ တရားစီရင်ဆုံးဖြတ်ကြသည်။ ယင်းသို့ဖြင့် ကာလကြာသောအခါ တရားသူကြီးတို့၏ ဆုံးဖြတ်ချက်များသည် ဥပဒေအဖြစ် ပြောင်းလဲလာပေသည်။ ထို့ကြောင့် တရားသူကြီးများသည် ဥပဒေပြုလုပ်ငန်းလုပ်ကြသ်ညဟူ၍ မှတ်ယူရခြင်းဖြစ်၏။

တရားသူကြီးများ၏ အဓိကလုပ်ငန်းသည် လူတစ်ဦးစီကို ဥပဒေအရအကာအကွယ် ပေးရန်ပင်ဖြစ်သည်။ လူတစ်ဦးကို လူတစ်ယောက်ကသော်လည်းကောင်း လူတစ်ဦးကို အစိုးရနှင့်တကွ လူများစုကသော်လည်းကောင်း တရားလက်လွတ် အနိုင်ကျင့် မတရားပြုလုပ်ခြင်းတို့မှ ကာကွယ်ပေးရန်သည် တရားစီရင်ရေးဌာန၏ အလုပ်ဖြစ်ပေသည်။ ထို့ကြောင့် တရားစီရင်ရေးဌာနသည် အုပ်ချုပ်ရေးဌာန၏ လွှမ်းမိုးမှုမှ လုံးဝကင်းလွတ်ရပေသည်။

(၁) အထက်ပါအတိုင်း ဥပဒေမျိုးသာရှိခြင်း။
(၂) တရားသူကြီးများ ဥပဒေပြုရခြင်း။
(၃) တရားစီရင်ရေးဌာနသည် အုပ်ချုပ်ရေးဌာနတို့နှင့် ကင်းလွတ်နေခြင်းတို့သည် ဥပဒေ တစ်မျိုး စနစ်၏ထူးခြားသော လက္ခဏာသုံးရပ်ပင်ဖြစ်ပေသည်။

ဥပဒေတစ်မျိုးစနစ်ကောင်းကျိုးများ

(၁) တရားစီရင်ရေးဌာန၏ တာဝန်ဝတ္တရားသည် ပြည်သူပြည်သား တစ်ယောက်ကို တခြားပြည်သူပြည်သားတစ်ယောက်နျင့် အစိုးရတို့က တရားမဲ့ပြုကျင့်ခြင်းတို့မှ ကာကွယ်ရန်ဖြစ်သည်။ ဥပဒေတစ်မျိုးစနစ်တွင် တရားသူကြီးများ၏တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်နိုင်စေရန် တရားစီရင်ရေးဌာနကို အစိုးရအဖွဲ့၏ ကျန်နှစ်ဌာနဖြစ်သော ဥပဒေဖြစ်သောဥပဒေနှင့် အုပ်ချုပ်ရေးဌာနတို့မှ သီးခြားခွဲ၍ တည်ထောင်ထားပေသည်။ ထို့ကြောင့် တရားသူကြီးများသည် ၄င်းတို့၏ အသက်အိုးအိမ်စည်းစိမ်အတွက် စိုးရိမ်မှုကြောင့် ဂတိလိုက်စားမှု၊ မျက်နှာကြီးရာ ဟင်းဖတ်ပါမှု စသည်တို့နှင့် ကင်းကာတရားပိုးကို ရွာသွန်းဖြိုးနိုင်ကြပေသည်။ တိုင်းပြည်တွင်း၌ ဤဥပေးတစ်မျိုးစနစ်ကို အသုံးပြုခြင်းဖြင့် မလိုလားအပ်သော တရားမဲ့မှုများ ကင်းလွတ်နိုင်သောကြောင့် ကောင်းသောစနစ်ဟု ယူဆရပေမည်။

(၂) ဥပဒေတစ်မျိုးစနစ်သည် လူတန်းစားခွဲခြားခြင်းမရှိသော စနစ်တစ်ခုဖြစ်သည်။ ဥပဒေမျက်စိ ရှေ့ မှောက်၌ အတူတူသာဖြစ်ကြ၏။ မည်သည့်ပုဂ္ဂိုလ်မျှဥပေးကို ကျုးလွန်ခွင့်မရှိပေ။ ဘုရင်နှင့် သူတောင်းစားသည် လူမှုဆက်ဆံရေးလောက၌ မိုးနှင့်မြေပမာ ကွာခြားလှပေသည်။ သို့ရာတွင် ၄င်းတို့နှစ်ဦးသည် ဥပေး၏ မျက်မှောက်ရှေ့ ၌ မည်သို့မျှခြားနားခြင်း ရှိလိမ့်မည်မဟုတ်ပေ။ ယင်းသို့လူတိုင်းကို တရားဥပဒေအရ အခွင့်အရေး တူညီစွာပေးထားသောကြောင့် ဒီမိုကရေစီကျသော လက္ခဏာအရပ်ပင် ဖြစ်သည်။ ထို့ကြောင့် ဥပဒေတစ်မျိုးစနစ်သည် ကောင်သောစနစ်ဟူ၍ နှစ်ကြိမ်မြောက်မှတ်ယူရပေမည်။

ဥပဒေတစ်မျိုးစနစ်၏ ဆိုးကျိုးများ

ဥပဒေတစ်မျိုးစနစ်၏ လက္ခဏာရပ်သုံးချက်တွင် ဖေါ်ပြပြီးသည့်အတိုင်း ၄င်း၏စနစ်တွင် တရားသူကြီးများက ဥပဒေပြုလုပ်နိုင်ပေသည်။ တရားသူကြီးများသည် ဥပဒေပြုအဖွဲ့မှ ပြုလုပ်လိုက်သော ဥပဒေများကို အခြေအနေနှင့် အံကျဖြစ်အောင် အဓိပ္ပါယ်ပြန်ဆို၍ တရားစီရင်ဆုံးဖြတ်ကြပြီး ယင်းဆုံးဖြတ်ချက်ကို မှတ်တမ်းတင်ထားကြပေမည်။ နောင်လာနောက်သား တရားသူကြီးများကလည်း ၄င်းစီရင်ချက် မှတ်တမ်းများကို ကိုးကား၍ တရားစီရင်ခြင်းပြုကြခြင်းဖြင့် ၄င်းမျတ်တမ်းများသည် ဥပဒေအစစ်များ ဖြစ်လာကြပေသည်။ ယင်းသို့တရားသူကြီး အဆက်အဆက်တို့က ၄င်းတို့၏ဆန္ဒအတိုင်း ဥပဒေပြုအဖွဲ့မှ ပြုစုပြဌာန်းထားသော ဥပဒေကိုလိုသလိုဆွဲ၍ လိုသလို ဆုံးဖြတ်ကြသောကြောင့် မူလဥပဒေတို့၏ သဘောလက္ခဏာများ ကွယ်ပျောက်သွားနိုင်ပေသည်။ တနည်းအားဖြင့် တရားသူကြီးများ ပြုလုပ်ကြသော ဥပဒေများသည် မူလဥပဒေအဖွဲ့မှ ပြုလုပ်ကြသော ဥပဒေများသည် မူလဥပဒေအဖွဲ့မှ ပြုလုပ်ကြသောဥပဒေတို့၏ ဆိုလိုရင်းသဘောမှ တိမ်းယိမ်းကွဲလွဲလာနိုင်၏။ ဤချိန်ကြာညောင်းလာလျှင် ဥပဒေပြုအဖွဲ့မှ လုပ်ထားသောဥပဒေများ လုံးလုံးပင်ပျောက်ကွယ်သွားနိုင်ပေသည်။ ယင်းသို့ဖြစ်လာပါက ဥပဒေများသည် တိကျပြတ်သားမှုမရှိဘဲ လိုသလိုဆွဲ၍ရနိုင်သော မြော့ကြိုးဥပဒေများကို မည်သို့ကျေပြွန်အောင် ထမ်းဆောင်အံ့နည်း။ ပြည်သူတို့ကို ဘေးအန္တရာယ် ကျရောက်စေနိုင်သောကြောင့် ဥပဒေတစ်မျိုးစနစ်ကို အကြွင်းမဲ့ကောင်းသော စနစ်ဟူ၍ မှတ်ယူရန် မထိုင်သင့်ပေ။
အပြည့်အစုံသို့...

November 25, 2009

HRDP Student List (2009)

HRDP Student list (2009)


အပြည့်အစုံသို့...

November 19, 2009

State of Qatar



ကာတာ
(Qatar)
State of Qatar

နောက်ခံသမိုင်းအကျဉ်း

၁၈၀၀ ခုနှစ်များ အလယ်လောက်ကတည်းက စ၍ အယ်-သနီ (AlThani) တော်ဝင်မိသားစုမှ အုပ်ချုပ်လာခဲ့သော ကာတာနိုင်ငံသည် ဗြိတိန်ထီးရိပ်ခို ဆင်းရဲသော နိုင်ငံတစ်နိုင်ငံအဖြစ်မှ ရုံးထွက်ရန် ရေနံဓါတ်ငွေ့ကြွယ်ဝသော လွတ်လပ်သော တိုင်းပြည်အဖြစ် ရပ်တည်ခဲ့သည်။ ၁၉၇၂ ခုနှစ် ကတည်းက အုပ်ချုပ်လာခဲ့သော အမ္မီရား (Amir) သည် ရေနံများ အလွန်အကျွန် ထုတ်ယူရောင်းချမှုကြောင့် ၁၉၈၀ ခုနှစ် များနှောင်းပိုင်းနှင့် ၁၉၉၀ ခုနှစ်များ အစောပိုင်းတွင် တိုင်းပြည်စီးပွားရေး ယိုင်နဲ့လာခဲ့သည်။ ယခုလက်ရှိစော်ဘွား ၄င်း၏သားဖြစ်သူ အမ္မီရာ ဟာမက်ဘင်ခါလီဖါ အယ်-သနီ (Air Hamad bin Khalifa al-Thani) က ၁၉၉ တွင် သွေးမြေမကျ အာဏာသိမ်းပြီး ဖခင်ကိုဖယ်ရှားခဲ့သည်။ ဘာရိန်း၊ ဆော်ဒီအာရေဗျတို့နှင့် ကာလကြာရှည်စွာ အငြင်းပွားလာခဲ့သော နယ်နိမိတ်ပြဿနာကို ၂၀၀၁ ခုနှစ်တွင် ဖြေရှင်းနိုင်ခဲ့သည်။ ထို့နောက် ၂၀၀၇ ခုနှစ်မှစ၍ ဓါတ်ငွေ့ရေနံထုတ်လုပ်မှုဖြင့် ကာတာသည် ကမ္ဘာ့ါ်တွင် ဒုတိယမြောက် လူတစ်ဦးချင်းဝင်ငွေ အများဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။

ပထ၀ီအနေအထား
တည်နေရာ
အရှေ့ အလယ်ပိုင်း။ ပါရှန်းပင်လယ်ကွေ့၊ ဆော်ဒီအာရေဗျတို့နှင့် ထိစပ်လျက်ရှိသော ကျွန်းဆွယ်။

မြေပုံအညွှန်း
အရှေ့ အလယ်ပိုင်း

ဧရိယာ
ကုန်းမြေ = ၁၁,၅၈၆ sqkm
ရေ=၀ sqkm

ထိစပ်နယ်မြေ
ဆော်ဒီအာရေဗျ = ၆၀km


ကမ်းရိုးတန်း
၅၆၃ km

ရာသီဥတု
မိုးခေါင်။ မျှတ၍သာယာသော ဆောင်းရာသီ။ အလွန်ပူ၍ စိုထိုင်းသော နွေရာသီ။

မြေမျက်နှာသွင်ပြင်
သဲနှင့်ကျောက်ဖုံးလွှမ်းသော ပြန့်ပျူး၍ သစ်ပင်မပေါက်ရောက်သော ကန္တာရ အများစု။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း
ပါရှန်းပင်လယ်ကွေ့= ၀m

အမြင့်ဆုံးအပိုင်း
ကာရန်အဘူအယ်ဘောလ်=၁၀၃m

သဘာဝအရင်းအမြစ်
ရေနံ၊ ဓါတ်ငွေ့၊ ငါး။

လူ့အရင်းအမြစ်
လူဦးရေ = ၈၃၃,၂၈၅ (၂၀၀၉)
လူဦးရေကြီးများမှုကမ္ဘာ့အဆင့် = ၁၅၈
လူဦးရေတိုးနှုန်း = ၀.၉၅၇%
မွေးဖွားနှုန်း=၁၅.၆၁/၁၀၀၀ ဦးရေ (၂၀၀၉)
သေဆုံးနှုန်း=၂.၄၆/၁၀၀၀ ဦးရေ (၂၀၀၉)

ပျှမ်းမျှအသက်
ကျား=၇၃.၆၆နှစ်
မ=၇၇.၁၄နှစ်
စုစုပေါင်း=၇၅.၃၅နှစ်

လူမျိုး
တာတရီ

တိုင်းရင်းသားလူမျိုး
အာရပ်=၄၀%
အိန္ဒိယ=၁၈%
ပါကစ္စတန်=၁၈%
အီရန်=၁၀%
အခြား=၁၄%

ကိုးကွယ်မှု
မွတ်စလင်=၇၇.၅%
ခရစ်ယာန်=၈.၅%
အခြား=၁၄%

ဘာသာစကား
အာရပ်(ရုံးသုံး)။ ဒုတိယဘာသာစကားအဖြစ် အင်္ဂလိပ်စကားကို တွင်ကျယ်စွာအသုံးပြု။

မြို့ တော်
ဒိုဟာ(Doha)


အပြည့်အစုံသို့...

November 18, 2009

ဖ၊ ဆ၊ ပ၊ လ ညီလာခံ မိန့်ခွန်း

ဖ၊ ဆ၊ ပ၊ လ ပဏာမ ပြင်ဆင်မှု ညီလာခံ မိန့်ခွန်း

၁၉၄၆ ခု၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင် (ဖဆပလ) အဖွဲ့ချုပ် ဗဟိုဦးစီး အဖွဲ့၏ သဘောတူညီချက်အရ၊ ဗိုလ်ချုပ်အောင်ဆန်းက ခေါင်းဆောင်၍ ယာယီ အမှုဆောင် အစိုးရ အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ အစိုးရအဖွဲ့ ဖွဲ့စည်းပြီး ၍ တလခွဲမပြည့်မီ ၁၉၄၆ ခု၊ နိုဝင်ဘာလ ၈ ရက်နေ့ တွင် ဗိုလ်ချုပ်အောင်ဆန်း အစိုးရ အဖွဲ့က အရေးကြီးသော ကြေညာချက်တစ်စောင် ထုတ်ပြန်လေသည်။ ယင်းကြေညာချက်မှာ “ ဗြိတိသျှအစိုးရက မြန်မာပြည် လွတ်လပ် ရေးကို ကြေညာရန်နှင့် မကြေညာက အစိုးရတဖွဲ့လုံး နုတ်ထွက်မည်” ဟူသော ကြေညာချက်ဖြစ်၏။ ထိုကြေညာ ချက်အရ ဗြိတိသျှအစိုးရက ကြေညာချက်တစ်ရပ် ထုတ်ပြန်ပြီးလျှင် ဗိုလ်ချုပ်အောင်ဆန်းတို့ကို ဘိလပ်သို့ ဖိတ် ခေါ် ဆွေးနွေးရ၏။ “အောင်ဆန်းအက်တလီစာချုပ်” ချုပ်ဆိုခဲ့ကြသည်။ ယင်းစာချုပ် အပိုဒ် ၁ အရ ရွေးကောက်ပွဲ များကျင်းပပြီး တိုင်းပြုပြည်ပြုလွှတ်တော်ကို တည်ထောင်နိုင်ခဲ့၏။ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို လွှတ် တော်သို့ မတင်သွင်းမီ ပြည်သူ့ကိုယ်စားလှယ်များပါဝင်သော ဂျူဗလီဟောညီလာခံကြီးတွင် တင်ပြခဲ့သည်။ အောက်ပါ မိန့်ခွန်းမှာ ဂျူဗလီဟောပဏာမ ပြင်ဆင်မှု ညီလာခံတွင်မိန့်ကြားခဲ့သော မိန့်ခွန်းဖြစ်၏။ မိန့်ခွန်းပြော သောနေ့မှာ ၁၉၄၇ ခု၊ မေလ ၁၉ ရက်နေ့ ဖြစ်သည်။

ရဲဘော်တို့ -
ယခုလို တိုင်းပြည်ရဲ့ အရေးကြီးတဲ့ ပြဿနာတွေ၊ အထူးသဖြင့် ကျွန်ဘ၀ကနေပြီး သခင်နိုင်ငံဘ၀သို့ လက်ငင်း တက်လှမ်းနိုင်အောင် စီစဉ်ရမဲ့ပြဿနာတွေကို ဆွေးနွေးတိုင်ပင်နှီးနှောရအောင်ဆိုပြီး ကျွန်တော်တို့တခါ တွေ့ ဆုံစည်းဝေးကြရတယ်ဆိုတာ အင်မတန် ကောင်းတာဘဲ။ ခင်ဗျားတို့ဒီရောက်လာတာ သိတဲ့အတိုင်း တိုင်းပြုပြည် ပြု လွှတ်တော် ရှေ့ ပြေး၊ ပဏာမ ပြင်ဆင်မှု ညီလာခံကို လာတက်တဲ့ ကိုယ်စားလှယ်တွေ အဖြစ်နဲ့ ရောက်လာကြ တာဘဲ။ ဒီညီလာခံမျိုးဟာ ဒီဗမာပြည်မှာ ဒီတခါဘဲ လုပ်ဘူးသေးတယ်။ ဒီလိုညီလခံရဲ့ ကိုယ်စားလှယ်တွေ အဖြစ် ခင်ဗျားတို့ရဲ့တာဝန်တွေဟာအင်မတန်ကြီးမားလှပေတယ်။ ခင်ဗျားတို့ လုပ်ငန်းဆောင်တာတွေဟာလဲတော် တော်ဘဲ ကျယ်ဝန်းလိမ့်မယ်။ ခင်ဗျားတို့ နောက်ဆုံးအလုပ်က ထွက်ပေါ်မဲ့ အကျိုးတရားတွေဟာလဲ ရာဇ၀င်တွင် ကျန်ရစ်နိုင်တယ်။ ဒါကြောင့် အခု ခင်ဗျားတို့ ဒီညီလာခံကို လာတက်တဲ့အတွက် ခင်ဗျားတို့ကိုဝမ်းပန်းတသာ ခရီး ဦးကြိုပြုတယ်ဆိုတာလောက်ဘဲ လောကွတ်စကားပြောပြီး ပြောသင့်ပြောစရာ ရှိတဲ့အချက်တွေကို တန်းပြီး ပြော ပြချင်တယ်။ လုံးဝ လွတ်လပ်ရေးသာ လိုချင်တယ် ဒီပဏာမ ညီလာခံဟာ ဖ၊ ဆ၊ ပ၊ လ က လုပ်တဲ့ ညီလာခံဘဲ။ တိုင်းပြုပြည်ပြုလွှတ်တော်ရဲ့လုပ်ငန်းတွေကို အစား ထိုးဖို့မဟုတ်ဘဲ ဖြည့်စွက်ဖို့သာဖြစ်တယ်။ ဒီညီလာခံဟာ ဖ၊ ဆ၊ ပ၊ လ က လုပ်တဲ့ ညီလာခံဘဲ။ တိုင်းပြုပြည်ပြု လွှတ်တော်ရဲ့လုပ်ငန်းတွေကို အစားထိုးဖို့ မဟုတ်ဘဲ ဖြည့်စွက်ဖို့သာဖြစ်တယ်။ ဒီညီလာခံဟာ ဖ၊ဆ၊ပ၊လ အဖွဲ့ချုပ် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေအရလုပ်တာ မဟုတ်ဘူး။ အမှန် ကျုပ်တို့ရဲ့ မူလ ရည်ရွယ်ချက်ကတော့ ဖ၊ ဆ၊ ပ၊ လ နှစ် စဉ် ညီလာခံသဘင်ကျင်းပပြီး နည်းလမ်းတကျ ရွေးတဲ့ တတိုင်းတနိုင်ငံလုံးရဲ့ ကိုယ်စားလှယ်တွေနဲ့ ဖ၊ ဆ၊ ပ၊ လ တိုင်းပြုပြည်ပြု လွှတ်တော်အမတ်တွေက နေပြီး ဗမာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေစည်းမျဉ်း အခြေခံတွေကို စဉ်း စားဖို့ဘဲ။ သို့ပေမဲ့ အချိန် မရတာနဲ့ ဒုတိယ လူစုံစုံရတဲ့နည်းကိုထွင်ပြီး သုံးရတာဘဲ။ ဗမာပြည်ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ စည်းမျဉ်း အခြေခံတွေကို စဉ်းစားမယ်ဆိုတော့ ရှေးဦးစွာ တချို့ သတင်းစာတွေ လူတွေ ရှုပ်တုတ်တုတ်လုပ်နေတဲ့အချက်ကြီးကို တခါထဲ ရှင်းပစ်လိုက်ချင်တယ်။ ဒီအချက်ကြီးဟာ ဘာလဲဆိုယင် ဖ၊ ဆ၊ ပ၊ လ က လုံးဝ လွတ်လပ်ရေး ဆုံးဖြတ်မလား၊ ဒိုမီနီယံအုပ်ချုပ်ရေး ဆုံးဖြတ်မလား ဆိုတဲ့ မရှုပ်သင့်ဘဲ ရှုပ် နေတဲ့ မေးခွန်းဘဲ။ ၁၉၄၆ ခု ဇန်န၀ါရီလထဲမှာ ကျင်းပခဲ့တဲ့ ဖ၊ ဆ၊ ပ၊ လ အဖို့မှာ ဆိုယင် ယခုအထိ အာဏာပိုင် ဆုံးအဖွဲ့ကြီးဘဲ။ ဒီအဖွဲ့ကြီးက နေပြီး ဘယ်လိုဒိုမီနီယံ အမျိုးအစားမှ မလိုချင်ဘူး။ လုံးဝ လွတ်လပ်ရေးကိုသာ တောင်းဆိုမယ်ဆိုပြီး အတိအလင်း ဆုံးဖြတ်ထားတာ ရှိနေတာ ဘာမှ ထပ်ပြီးနားရှုပ်စရာမလိုပါဘူး။ ကျုပ်တို့ဟာ မှန်တာ မမှန်တာ၊ ကောင်းတာ မကောင်းတာတွေ အပထားပြီး အဲဒီညီလာခံကြီးရဲ့ဆုံးဖြတ်ချက်ကို ပယ်လဲမပယ် နိုင်ဘူး။ ပြောင်းလဲမပြောင်းနိုင်ဘူး။ ဒီတော့ဒီကိစ္စဟာ ဘာမှ ထပ်ပေါ်စရာမလိုတော့ဘူး။ သို့သော်လဲ ဗမာပြည် လုံးဝ လွတ်လပ်တော့ အချုပ်အချာအာဏာပိုင်တဲ့နိုင်ငံ လူမျိုးပေါင်းစုံ (Commonwealth of Sovereign Nations) ကို မြန်မာပြည်က မတည်ထောင်ဘူးလား၊ မ၀င်ဘူးလားဆိုတဲ့မေးခွန်းကတော့ တခြားဖြစ်တယ်။ အဲဒီ မေးခွန်းဟာတော့ ဗမာပြည်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေရေးဆွဲတဲ့နေရာမှာ စဉ်းစားဖို့ မဟုတ်ဘူး။ ဒီကိစ္စကို တော့ ကျွန်တော်နောက်မှ ဆွေးနွေးပါအုံးမယ်။ သမ္မတနိုင်ငံ ထူထောင်မယ် ကိုင်း . . . လွတ်လပ်တဲ့ ဗမာပြည် ဆိုတော့ ဘယ်လိုဗမာပြည်မျိုးလဲ။ သမ္မတနိုင်ငံလား၊ ရှင်ဘုရင်စံနစ်နဲ့ အုပ်ချုပ် မဲ့ နိုင်ငံလား။ ဒီမေးခွန်းပေါ်လာတယ်။ ဒီတော့ဒီမေးခွန်းကို တိုတိုဘဲ ဖြေပါဆိုယင် သမ္မတနိုင်ငံလိုချင်တယ်လို့ တို တိုဘဲ ဖြေရုံဘဲ။ ဒါပေမဲ့ ကျွန်တော်က ဒီလောက် တိုတိုဖြေချင်ဘူး။ လိပ်ပတ်လည်အောင် အစိုးရ (State) ဆိုတဲ့ သဘောတရားနဲ့ ပက်သက်ပြီး ဆွေးနွေးချင်တယ်။ ဒီ“အစိုးရ” ဆိုတဲ့ သဘောတရားနဲ့ပက်သက်ပြီး ဆွေးနွေးချင် တယ်။ ဒီ “အစိုးရ” ဆိုတဲ့ သဘောတရားနဲ့ပက်သက်ပြီး ရှေးက တရုပ်၊ အိန္ဒိယ၊ ခေါမ၊ ရောမခေတ်ကစပြီး ကနေ့ အထိ သဘောအမျိုးမျိုး ပေါ်ခဲ့တယ်။ အခုခေတ်မှာတော့ ကားလ်မတ်ဆိုတဲ့ပုဂ္ဂိုလ်ကစတဲ့ မတ်ဝါဒတွေရဲ့ သဘော တရားဟာ တဖြေးဖြေး ခေတ်စားလာတယ်။ ရှင်ဘုရင် အုပ်စိုးတဲ့စနစ် မလိုချင် အဲဒီ ၀ါဒဟာလဲ အဆုံးစွန် တရားမဟုတ်သေးဘူး။ ရှာတုန်း၊ ဖွေတုန်း၊ တိုးတက်တုန်းဘဲ။ အဲဒီလို သဘောအမျိုးမျိုး ဆိုပေမဲ့ နိုင်ငံရေးဟာ စီးပွားရေးအုတ်မြစ်ပေါ်မှာ တည်တယ်ဆိုတာကို တော့ ဘယ်သူမှ မငြင်းနိုင်တော့ပါဘူး။ လူရယ်လို့ ဖြစ်လာယင် လူဟာစားရမယ်၊ ၀တ်ရမယ်၊ နေရမယ်။ အဲဒီအစား၊ အ၀တ်၊ အနေ အထိုင်နဲ့ပတ်သက်ပြီး လူရဲ့လိုတဲ့ ၀တ္ထုပစ္စည်းအသုံးအဆောင်တွေကို ရှာကြံတဲ့အခါကျတော့ လူသုံးပစ္စည်းလုပ်ငန်း စနစ်တွေပေါ်လာ တယ်။ အဲဒီ ပစ္စည်း စနစ်တွေပေါ်လာတဲ့အခါ လူအချင်းချင်း ဆက်ဆံပေါင်းသင်းမှု စနစ်ဟာလဲ ပေါ်လာတယ်။ လူတန်းစားခြားနားလာကြတယ်။ အဲဒီလို ခြားနားလာကြရာက အကျိုးချင်း ကွဲပြားပြီး ပဋိပက္ခဖြစ်လာကြတယ်။ ဒီ ပဋိပက္ခဖြစ်တာတွေကို ကြီးတဲ့ငယ်အောင်၊ ငယ်တဲ့အမှု ပလပ်အောင် လုပ်ဖို့ဆိုပြီး အစိုးရဆိုတာကိုလူတွေက တင်မြှောက်တယ်။ တင်မြှောက်တုန်းကတော့ လူတွေကဘဲ။ ဒါပေမဲ့ နောက်ကျတော့လူ့အထက်ရောက်သထက် ရောက်ပြီး လူတွေအထဲက ပေါ်ခဲ့တဲ့ အစိုးရဟာ မိုးကျရွှေကိုယ်ဘ၀ရောက်သွားတယ်။ အဲဒီဘ၀ကစပြီး အစိုးရ ဆို တာ လူတွေက အာဏာအပ်လို့ ဖြစ်တာပါလားဆိုတဲ့သဘာဝဟာ လုံးလုံးပျောက်သွားတာဘဲ။ အဲဒီ ရှင်ဘုရင်စနစ် လိုသားစဉ် မြေးဆက် ဆက်ခံတဲ့ အစိုးရမျိုးကျတော့လဲ ဘာပြောစရာ ရှိတော့မလဲ။ တခါထဲ အစိုးရဆိုတာ ဘုန်း ကံကြောင့် (Divne Right of King) ဆိုပြီးတောင် တခါတုန်းက အယူဖြစ်တဲ့အထိ အစိုးရရဲ့မူလ ဘ၀ဟာ ပျောက် ခဲ့တာဘဲ။ အဲဒီမှာ ပြောချင်ကြလိမ့်အုံးမယ်။ ဒါက ရှေးရှင်ဘုရင်တွေပါ။ အခု ရှင်ဘုရင်တွေကတော့ အာဏာလဲမရှိတော့ပါ ဘူး။ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေအတိုင်း အုပ်ချုပ်ရတာပါလို့ ပြောကြလိမ့်မယ်။ ကောင်းပြီ။ ရှင်ဘုရင်ဆိုယင်သားစဉ် မြေးဆက် ဆက်ခံရလိမ့်မယ်။ အဲဒီလို မှူးတွေ မတ်တွေ ရှိရလိမ့်မယ်။ အင်္ဂလန်မှာဆိုယင် ဒီအတိုင်းဘဲမဟုတ် လား။ မှူးတွေ မတ်တွေဆိုပြီးအချောင်ပွနေသလောက် ပွနေကြတာ (House of Lords) မှူးတွေ မတ်တွေလွှတ် တော်ဆိုပြီး အဆာကျယ်နေကြတာ သူတို့တတွေဘဲ။ အာဏာ ရှိတာမရှိတာကို အပထားပြီး သူတို့တတွေကို ဒီလို ရှိတာဟာ လူလူချင်း အတူတူဘဲဆိုတဲ့ သဘောတရားကို ဖုံးလွှမ်းနိုင်သမျှ ဖုံးလွှမ်းနိုင်အောင် လုပ်ပြီး၊ နောက်ဆုံး ကျတော့ လူတွေက ပေးထားတဲ့အစိုးရအာဏာကို အချောင်ကော်နိုင်အောင် စီစဉ်ထားတာတွေဘဲ။ အာဏာဆို တာလဲ မရှိဘူး မဟုတ်ပါဘူး။ ဗြောင်သာ သိပ်မရှိတယ်။ သွယ်ဝိုက်တဲ့နည်း၊ စီးပွားရေးနည်း၊ ဟိတ်လုံး ဟန်လုံး နည်းတွေနဲ့ အများကြီးဘဲ။ သူတို့အာဏာရှိနေကြတာဘဲ၊ ပြီးတော့ဒီရှင်ဘုရင် စံနစ်ဆိုတာမျိုးဟာ အချောင်တိုင်း ပြည် ပိုက်ဆံကုန်တဲ့ရာထူးတွေ တော်တော်ဘဲရှိတယ်။ ဒီတော့ လူတွေက တင်မြှောက်တဲ့“အစိုးရ”ဆိုတာဟာ လူ တွေရဲ့အစိုးရ ပြည်သူတွေရဲ့အစိုးရ၊ ပြည်သူတွေနှင့် အလှမ်းမဝေးဘဲ အမြဲလက်တွဲနေတဲ့အစိုးရ၊ ဖြစ်မှသာလျှင် သဘောတရားအတိုင်းကိုက်ညီမယ်လို့ ကျွန်တော်ထင်တယ်။ အဲဒီသဘောတရားနဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင် တဲ့ သားစဉ်မြေးဆက် ဆက်ခံသွားတဲ့ရှင်ဘုရင်စနစ်ကို မလိုချင်ဘူး။ ဒီမိုကရေစီဝါဒအစစ်ကိုသာ ဖန်တီးမယ် အဲဒီတော့ သမ္မတ စံနစ်ကို လိုချင်တယ်။ သမ္မတစနစ်ဟာ တိုင်းသူပြည်သားတွေသာလျင် အရင်းခံမူလဘူတ ဖြစ် တယ်ဆိုတဲ့ သဘာဝကို ပြန်ဖော်တယ်။ လူလူချင်း အတူတူဘဲဆိုတဲ့သဘာဝကိုပြန်ဖော်တယ်။ ဒါပေမဲ့တခုသတိ ပြုရမယ်။ “အစိုးရ” ဆိုတဲ့ အာဏာဟာ အင်မတန် အဖိုးတန်အသုံးဝင်တယ်။ အဲဒီအာဏာကိုလဲ ပစ္စည်းအင်အားကောင်းတဲ့ လူတွေအချင်းချင်းလုကြတယ်။ ရယင်လဲ လက်မ လွှတ်ချင်ဘူး။ တိုင်းသူပြည်သားတွေ ဆိုတာကတော့ အဲဒီထဲမှာ ဒုတ်လုပ်ပြီး အရိုက်ခံရမဲ့အခါကျမှ ပါရတာဘဲ။ ဒီလို အာဏာလုကြတဲ့အ ခါ “ ဒီမိုကရေစီ” ဆိုပြီး “ပြည်သူ့ဆန္ဒ၊ ပြည်သူ့အာဏာ” လို့ကြွေးကြော်ဟစ်အော်ပြီး၊ ညာတဲ့စနစ်တွေလဲရှိတယ်၊ လူတွေက တိုင်းသူပြည် သားတွေက “အစိုးရ”အာဏာအပ်လိုက်တုန်းက ကျုပ်တို့အတွက်ကောင်းအောင်လုပ်ပေးပါဆိုပြီး အာဏာအပ်လိုက်တာဘဲ။ ဒါပေမယ့် ကျုပ်တို့ကို ခင်ဗျားတို့ အုပ်စိုးတဲ့လူတွေအတွက် နှိပ်ကွပ်အုပ်ချုပ်ပါဆိုတဲ့အချက်သာ ဖြစ်နေတာဘဲ။ လူတွေက တင်မြှောက်ပြီး လူတွေရဲ့အကျိုးကို လုပ်တဲ့ လူတွေရဲ့အစိုးရသာလျှင် ဒီမိုကရေစီ ဖြစ်နိုင်မယ်။ အခြားဟာတွေဒီမိုကရေစီ အစစ် မဖြစ်နိုင်ဘူး။ အတုတွေ သာဖြစ်တယ်။

ဒီမိုကရေစီဆိုတာ ဘာလဲ
အဲဒီလို စံနစ်မျိုးနဲ့သမ္မတ အစိုးရမျိုးမှသာ ကျုပ်တို့ တိုင်းသူပြည်သားတွေကို အကျိုးထိရောက်စွာ ဆောင်ရွက်ပေးနိုင်မှာဘဲ။ ဒီမိုကရေစီ တိုင်း ဒီမိုကရေစီတာမဟုတ်ဘူး။ ဒီမိုကရေစီ ခေတ်စားလာတဲ့အခါမို့ ရောယောင်ပြီးသံဖမ်းပြောကြတာတွေလဲ အများကြီးဘဲ။ ဒါဖြင့် ဒီမို ကရေစီဆိုတာ ဘာလဲလူလူချင်း၊ လူတန်းစား အချင်းချင်း။ လူမျိုးအချင်းချင်း အစရှိသည်အားဖြင့် အခွင့်အရေးတန်းတူ ကျပ်ပြည့်မရှိသမျှ ကာလပတ်လုံး ဒီမိုကရေစီကျပ်ပြည့် တင်းပြည့် မဟုတ်သေးဘူး။

ဒီမိုကရေစီတုတွေ

အခု ဒီမိုကရေစီ ခေါ်နေတဲ့ တိုင်းပြည်တွေ အများဟာ တကယ့်ဒီမိုကရေစီ မဟုတ်သေးဘူး။ ငါးမူး၊ သုံးမူး၊ တပဲ လောက်ဘဲ ဒီမိုကရေစီ တွေဖြစ်ကြသေးတယ်။ အဲဒီ ဒီမိုကရေစီတွေဟာ အရင်းစစ်လိုက်တော့ အရင်းရှင်ခေါ်တဲ့ပစ္စည်းရှင် အရင်းရှင်တွေ စီးပွားရေးခြယ်လှယ်တဲ့ စနစ်အခြေခံတဲ့ ဒီမိုကရေစီတွေ ဖြစ်တယ်။ တနည်းအားဖြင့် အရင်းရှင်တွေရဲ့ အာဏာရှင် စနစ်အုပ်ချုပ်ရေး၊ ဒီမိုကရေစီဆိုတဲ့ ဗန်းပြပြီး ထားတဲ့ အုပ်ချုပ်ရေးဘဲ။

ဒီမိုကရေစီ အစစ်ကတော့
ဗမာပြည် လွတ်လပ်ရေးရတဲ့အခါ တိုင်းသူပြည်သားတွေသာလျှင် အဓိက လိုလားပြီး တိုင်းပြည်တည်ထောင်ချင်တယ်ဆိုယင် ဒီမိုကရေစီ စနစ်ရမှ ဖြစ်နိုင်မယ်။ ဒီမိုကရေစီ အရင်းခံဘဲ။ ဆိုရှယ်လစ်ဝါဒ ကွန်မြူနစ်ဝါဒဆိုတာတွေဟာ စင်စစ်တော့ ဒီကနေ ဖြာထွက်သွားတာဘဲ။ ဘယ်ဟာမှ ဒီမိုကရေစီ မစစ်သေးဘူး။ နိုင်ငံရေးတွင်မက စီးပွားရေးပါ ပါမှ ဒီမိုကရေစီစစ်နိုင်မယ်လို့ ဒီမိုကရေစီ သဘောတရားတွေကို လိုက်ရှာပြီး လုပ်နေကြခြင်းသာဖြစ်တယ်။

ဒီတော့ ဒီမိုကရေစီ ဆိုတာ ဘယ်လို အင်္ဂါမျိုးနဲ့ ညီညွတ်ရမလဲ။ အဲဒီလို ကျပ်ပြည့်တင်းပြည့် ဒီမိုကရေစီမျိုးကို ကျုပ်တို့ ဘယ်လိုတည် ဆောက်ရမလဲ။ ချက်ချင်း ဖြစ်မလား။ ဘယ်လောက်ကြာမလဲ။ ဘယ်နည်းအကောင်းဆုံးလဲ ဆိုတာတွေကို အခု ကျုပ်တို့ တိုင်းပြည် တည် ထောင်ရမဲ့အခါ အထူးစဉ်းစားရမဲ့အချက်တွေဘဲ။

နိုင်ငံရေးဟာ စီးပွားရေး အခြေခံပေါ်မှာ တည်တယ်။ နိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွေကလည်း စီးပွားရေးသဘောတရားတွေ နှင့်ကင်းလို့ မဖြစ်နိုင်ဘူး။ အရင်းရှင် ဒီမိုကရေစီသမား သက်သက် မျက်စိနဲ့ကြည့်ပြောယင်တော့ ဒါမမှန်ဘူးလို့ ပြောရမှာဘဲ။ ဒါပေမဲ့ က မ္ဘာအရပ်ရပ်မှာ ရှိတဲ့ နိုင်ငံအသီးသီး ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေတွေကို အတွင်းကျကျလေ့လာယင် စီးပွားရေးသဘောတရားတွေ မူတည်ပြီး လုပ်ကြတယ်ဆိုတာ တွေ့ရလိမ့်မယ်။ အရင်းရှင်ဒီမိုကရေစီသမားတွေအဖို့ ဆိုယင် အရင်းရှင်စနစ်သာလျှင် စီးပွားရေးစနစ်မှန်ဖြစ်တယ်။ ဒီ စံနစ်သာလျှင်တည်တံ့ရမယ်။ အဲဒီစနစ်ဟာ အမြဲတမ်းတည်တံ့သလိုလို ယူဆပြီး အလုပ်လုပ်ကြတယ်။ အမှန်မတော့ ဘယ်နိုင်ငံရေး၊ စီး ပွားရေးစနစ်မှာမှ အမြဲတည်တံ့တာမရှိဘူး။ သူ့အချိန် သူ့အခြေအနေလိုက်ဖြစ်လာကြတာဘဲ။

ဒီတော့ ကျွန်တော်တို့ ဗမာပြည်အဖို့မှာ အရင်းရှင်စံနစ်ထက်တောင်အောက်ကျနောက်ကျဖြစ်နေတဲ့ ကျွန်ဘ၀က လှမ်းတက်ရမယ်ဆို တော့ အလယ်အလတ်အဆင့်မှာရှိတဲ့ ဒီအရင်းရှင်စံနစ်ကို ကျော်မသွားနိုင်သေးပေမဲ့ အဲဒီစနစ်တွင်သာမလုပ်နိုင်ဘဲ ဒီစံနစ်ကို အမြန်ဆုံး ကျော်သွားနိုင်မဲ့ စီးပွားရေးသဘောတရားတွေကို အခြေခံထားပြီး တိုင်းပြည်တည်မှသာလျှင် တကယ့်ဒီမိုကရေစီနိုင်ငံကို ရောက်အောင် သွားနိုင်လိမ့်မယ်။
တကယ့်ဒီမိုကရေစီဆိုတာ နိုင်ငံရေးသဘောတရားအရ ပြည်သူတွေရဲ့အကျိုးအတွက် ပြည်သူတွေက တင်မြှောက်တဲ့ ပြည်သူတွေရဲ့အစိုး ရဖြစ်ရုံနဲ့မပြီးသေးဘူး။ အဲဒီအစိုးရဟာ ပြည်သူတွေရဲ့လက်ငင်းစီးပွားရေးအဆင့်အတန်းကို အခွင့်အရေးတန်းတူရနိုင်တဲ့အခြေအထိ မြှင့် တင်နိုင်အောင်ဆောင်ရွက်ပေးမှ တကယ့် ဒီမိုကရေစီ အထိတက်လှမ်းနိုင်မယ်။ ဒါဖြင့် အဲဒီလိုဒီမိုကရေစီ အဆင့်အတန်းရောက်အောင် ဘယ်လို အခြေခံတွေ ချရမလဲ။

ဒီမိုကရေစီအခြေခံများ
၁။ အရေးကြီးတဲ့ စက်မှုလက်မှု ပစ္စည်းလုပ်ငန်းတွေကို အစိုးရသိမ်းနိုင်ရမယ်။ သို့မဟုတ် သိမ်းနိုင်အောင် အခြေခံပျိုးထားရမယ်။

၂။ အလုပ်သမားတွေရဲ့ နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေး၊ ကျန်းမာရေး၊ စည်းရုံးရေး၊ အိုနာစာအရေးအစရှိသဖြင့် အခွင့်အရေးတွေ ရှိရမယ်။

၃။ လယ်လုပ်တဲ့ လူတွေရဲ့ လက်ထဲ လယ်ရောက်အောင် စီစဉ် နိုင်ရမယ်။လယ်အမြောက်အမြားကို တသီးပုဂ္ဂလ ပိုင်ဆိုင်တဲ့စံနစ်ကို ပယ်ဖျက်နိုင်ရမယ်။

၎။ လူမျိုးအသီးသီးဟာလဲ သူတို့ရထိုက်တဲ့အခွင့်အရေးတွေ ရအောင်စီစဉ်ထားရမယ်။ ၅။ တိုင်းသူပြည်သားတွေသာလျှင် အာဏာပိုင်အစစ်ဖြစ်တယ်ဆိုတဲ့ သဘောတရားကို ခိုင်ခိုင်မာမာဖြစ်အောင် စီ စဉ်တတ်ရမယ်။

၆။ လူမျိုးဘာသာ လိင်မရွေးတိုင်းပြည်ကြီးသားတိုင်း ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ ပါရမယ်။

၇။ တိုင်းပြည်ကာကွယ်ရေးဟာ ပြည်သူ့အစိုးရတာဝန်ဖြစ်တယ်။ အခုကျွန်ဘ၀မှာလို ရှေးကလို အပျော်ထမ်း ရဲအဖွဲ့ အစရှိတဲ့အခု ပြည်သူ့ရဲဘော်တပ်ဖွဲ့ဆိုတဲ့ အဖွဲ့မျိုးတွေကို တသီးတခြား တည်ထောင်ရတဲ့ အခြေအနေမျိုး မရှိစေရဘူး။

၈။ တိုင်းပြည်ဥပဒေတရားရုံး စံနစ်ဟာလဲ ပြည်သူတွေရဲ့အကျိုး ရှေ့ ရှုမဲ့ ပြည်သူ့တရားရုံးစနစ်မျိုး ဖြစ်ရမယ်။ အဲဒီလို အချက်တွေ ပါမှသာလျှင် တကယ့်ဒီမိုကရေစီ အခြေခံတွေ ချ ရာရောက်မယ်။ ဒါမှသာလျှင် သူ့အချိန်အခါ ရောက်တဲ့အခါ ဒီမိုကရေစီဆိုတဲ့အဆောက်အအုံကြီးကို မားမားမတ်မတ်တည်ဆောက်နိုင်မယ်။ ဒီအချက်တွေကို ထပ်ပြီး ကျွန်တော်ရှင်းပြပါဦးမယ်။ ပဌမ အချက်သဘောကတော့ ကုန်ပစ္စည်း လုပ်နည်း (Means of Production) များတွင် အချက်အချာ ဖြစ်တဲ့ သစ်တော၊ သတ္တု အစရှိတဲ့ မြေပေါ်ပစ္စည်း မြေတွင်းပ စ္စည်းများ၊ ရေတွင်း ရေပေါ် သက်ဆိုင်ရာများ၊ သဘာဝအား၊ လျှပ်စစ်အား၊ မီးရထား၊ လေကြောင်းသွားလာရေး၊ စာပို့တိုက်၊ သံကြိုးစကားပြောကြေးနန်း၊ အသံလွှင့်ရုံတို့ဟာ တိုင်းပြည်ရဲ့ကိုယ်စား အစိုးရပိုင်ဖြစ်ရလိမ့်မယ်။ တ ခြား ပစ္စည်းလုပ်ငန်းတွေကိုလဲ တတ်နိုင်သမျှ ပြည်သူ့သမ၀ါယမ အသင်းများက ပိုင်ဆိုင်အောင်ကြိုးစားရလိမ့် မယ်။ အစိုးရသိမ်းသမျှ ပစ္စည်းလုပ်ငန်းများကို အစိုးရ ကိုယ်တိုင် လုပ်နိုင်ယင် လုပ်၊ မလုပ်နိုင်သေးယင် အခြားလူ တွေကို ငှားရမ်းတဲ့သဘောသာ ဖြစ်ရလိမ့်မယ်။ နိုင်ငံခြားကူးသန်းရောင်းဝယ်ရေး ကိစ္စဆိုယင် အစိုးရ အုပ်ချုပ်နိုင်အောင်စီစဉ်ရမယ်။ ဒီဟာတွေကို ဘာပြုလို့ အခြေခံချရမလဲဆိုယင် ပြည်သူတွေ အများအကျိုး ရှိနိုင်ဖို့ဘဲ။ ဒီလိုမဟုတ်ယင် အရင်းရှင်တွေက ခြယ်လှယ်ချင်တိုင်း ခြယ်လှယ်တဲ့အဖြစ်မျိုးရောက်ပြီး တိုင်းသူပြည်သားတွေ အပေါ်အရင်းရှင်တွေက လက်ဝါးကြီးအုပ်သွေးစုပ်နိုင်တဲ့ အခြေအနေမျိုးရောက်သွားမယ်။ အဲဒီလို အရင်းရှင်တွေကြီးစိုးရုံတွင်မကတသီးပုဂ္ဂလအရင်းရှင်ပိုင်ကုမ္မဏီကြီး တွေ (Monopoly) တဦးတည်းပိုင် သဘောမျိုးဖြစ်သွားပြီး ဈေးနာအရပ်ရပ်နဲ့ နိုင်ငံစီးပွားရေးအရပ်ရပ်ကို သူတို့စီမံရာ ခံရမယ်ဆိုတဲ့ စံနစ်မျိုး ရှိလာမယ်ဆိုယင် ကျွန်တော်တို့ဒီကမ္ဘာကြီးဟာ မနေ့တနေ့ကအလွန်အော့နှလုံးနာပြီး ရွံ့ မုန်းစရာဖြစ်တဲ့ ဖက်ဆစ်စံနစ်ကြီးဖြစ်ပေါ်လာဖို့ စီးပွားရေးအခြေခံကြီးကို ခွင့်ပြုရာကျတယ်။ ဒါကြောင့် အဲဒီလို (Monopoly) လက်ဝါးကြီးအုပ် အရင်းရှင်ကုမ္ပဏီကြီးများဖြစ်တဲ့ (Cartels, Syndicates,Trusts) အစရှိတဲ့ တသီး ပုဂ္ဂလ ပစ္စည်းလုပ်ငန်းကြီးတွေကိုတော့ ကျုပ်တို့ရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေမှာ အတိအလင်းပိတ်ပင်ထား ရလိမ့်မယ်။ အခု ကျွန်တော်တို့ ပြောနေတဲ့ အချက်အလက်တွေဟာ ဆိုရှယ်လစ်ဝါဒအရလားလို့ မေးချင်မေးကြလိမ့်မယ်။ မဟုတ်သေးဘူး။ အမှန်ကတော့ ကျွန်တော်တို့ဗမာပြည်မှာ ဆိုရှယ်လစ်စံနစ်ကို ကျွန်တော်တို့ ဘယ်လောက်ဘဲ ထူထောင်ချင်ပေမဲ့ အခု ဗမာပြည်မှာ ဖြစ်နေတဲ့ စီးပွားရေးအခြေအနေအရ ဘယ်နည်းနဲ့မှမဖြစ်နိုင်သေးဘူး။ ကျုပ်တို့ပြည်မှာ အရင်းရှင်စံနစ်ဆိုတာတောင် ကောင်းကောင်းမရှိသေးဘူး။ အရင်းရှင်စံနစ်ထက် နောက်တစ် ဆင့်ကျတဲ့စီးပွားရေးစံနစ်မှာ ကျုပ်တို့ရောက်နေတယ်။ ဒီတော့ ကျုပ်တို့ဟာအရင်းရှင်စနစ်ကို မလွှဲမရှောင်သာ လို့ ခွင့်ပြုသင့်သလောက်ခွင့်ပြုရမှာဘဲ။ အရင်းရှင်စနစ်ကို ခွင့်ပြုထားတော့ ကိုယ်ပိုင်တသီးပုဂ္ဂလပစ္စည်း၊ ကိုယ် ပိုင်လုပ်ငန်းတွေရှိအုံးမှာဘဲ။ ဒါပေမဲ့ ကျွန်တော်တို့ဟာအရင်းရှင်စနစ်ကို မတက်သာလို့ခွင့်ပြုရပေမဲ့ တတ်နိုင်သ မျှ ချုပ်ချယ် ရလိမ့်မယ်။ ကိုယ်ပိုင် ပစ္စည်း၊ ကိုယ်ပိုင်လုပ်ငန်းတွေဆိုယင် အများအကျိုးကို မထိခိုက်စေရဘူး။ ကိုယ်ပိုင်ပစ္စည်း၊ ကိုယ်ပိုင် လုပ်ငန်းတွေကို လိုတဲ့အခါ အစိုးရက တိုင်းပြည်ကိုယ်စားသိမ်းနိုင်မဲ့ အခြေခံမျိုးတွေ ဖွင့်ထားရလိမ့်မယ်။ အလုပ်သမားအခွင့်အရေး ကာကွယ်မယ် အရင်းရှင်စံနစ်ကို ခွင့်ပြုထားတော့ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို ကောင်းကောင်း သတ်မှတ်ပြီး သူ များသွေးစုပ်ချင်တိုင်း မခံရအောင် စီမံဖန်တီးပြီး အခြေခံတရားတွေ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေမှာ ထည့်ထားရလိမ့် မယ်။ လယ်လုပ်သူသာ လယ်ပိုင်ရမယ် လယ်ယာမြေ ပိုင်ဆိုင်မှု ကိစ္စမှာဆိုလဲ လယ်ယာမြေလုပ်တဲ့လူတွေ လယ်ယာမြေရအောင် အခြေခံတွေချရလိမ့် မယ်။ လယ်မြေဧက အမြောက်အများပိုင်တဲ့ လယ်ရှင်ကြီးစံနစ်ကိုတော့ ဥပဒေအရ ကန့်သတ်ချုပ်ချယ်ဖျက်ပယ် ပစ်ရလိမ့်မယ်။ နောက်ပြီးဘယ်လို ကိုယ်ပိုင်လယ်ယာမြေမျိုးဖြစ်ဖြစ်၊ ဘယ်နှစ်ဧကထက်မပိုစေရ အစရှိသည် အားဖြင့် ဥပဒေအရကန့်သတ်ရလိမ့်မယ်။ ဒီလိုမှမလုပ်ယင် လယ်ပိုင်ရှင်စံနစ်ကြီးဟာ ရှိနေတာကိုမဖျက်နိုင်ရုံ တင်မဟုတ်ဘူး၊ ပြန်ဖြစ်အောင်လုပ်တာဖြစ်လိမ့်မယ်။ လယ်ယာမြေများကို အမှန်အားဖြင့်ဆိုယင် နောက်ဆုံး တိုင်းပြည်ပိုင် (အစိုးရနှင့် သမ၀ါယမအဖွဲ့ပိုင်) လုပ်နိုင်ယင် ကောင်းမှာဘဲ။ သို့သော်လဲ အဲဒီဟာ မလုပ်မီ လယ် ယာမြေလုပ်သူတိုင်း မြေလက်ရှိရအောင် လုပ်နိုင်ရမယ်။ ဒီအခါမျိုးမှာ အစိုးရက အလယ်အလတ်တန်းနှင့် အောက်တန်းကျတဲ့တောင်သူလယ်သမားတွေကို တတ်နိုင်သမျှ ကူညီရလိမ့်မယ်။ အဲဒီလို စီးပွားရေး အခြေခံတ ရားတွေကို ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေမှာ ထည့်ဖို့လိုလိမ့်မယ်။ အခုနပြောခဲ့တဲ့ စီးပွားရေး အခြေခံသဘောတရားတွေဟာ အရင်းရှင်စံနစ်နဲ့ မကင်းသေးပေမဲ့ အမှန်ကတော့ အ ရင်းရှင်စံနစ်လဲမကဘူး။ ဆိုရှယ်လစ်စနစ်လဲ မကျသေးဘူး။ နိုင်ငံရေးဆိုတာ စီးပွားရေးအခြေခံသဘောတရား တွေကို ခေါင်ချုပ်သရုပ်ဆောင်တဲ့အတိုင်း ဒီလိုစီးပွားရေးအခြေခံတဲ့ အရင်းရှင်ဒီမိုကရေစီနိုင်ငံရေးဟာ အရင်းရှင် သက်သက် ဒီမိုကရေစီလို အရင်းရှင်တွေရဲ့ အာဏာရှင်စံနစ်ကို ကာဆီးမထားဘဲ ပဒေသရာဇ်စံနစ် (Feudalism) ကို တွန်းလှန်ဖြိုဖျက်ပြီး ပြည်သူတွေရဲ့အခွင့်အရေးကိ ဆောင်ရွက်မဲ့ ပြည်သူ လူတန်းစားပေါင်းစုံ အာဏာရှင်စနစ်ပုံသဏ္ဍာန်ဆောင်ထားတဲ့ ဒီမိုကရေစီသစ်နိုင်ငံရေးဖြစ်ရမယ်။ အခု အချို့ နိုင်ငံတွေမှာ ကျုပ်တို့ ကြားသိတွေ့မြင်ရတဲ့ ဒီမိုကရေစီဆိုတာတွေဟာ အမှန်ကတော့ (Oligarchy) ခေါ်တဲ့ အရင်းရှင်ဖြစ်ဖြစ်၊ အရင်း ရှင်လို လူတန်းစားတွေဖြစ်ဖြစ် လူတစုလောက်က ကြိုးကိုင်ထားတဲ့အာဏာရှင် လုပ်နေတဲ့စံနစ်တွေဖြစ်တယ်။ လူအများဆုံး အကျိုးရှိမှုရှေ့ ရှုတယ် ကျုပ်တို့ လုပ်ချင်တာကတော့ (Greatest Happiness of the Greatest Number) လူအများဆုံး အကောင်းဆုံး ချမ်းသာ သုခရအောင် အဲဒီလူလို အများဆုံးက ကြိုးကိုင်တဲ့ အာဏာရှင် လုပ်တဲ့ ဒီမိုကရေစီမျိုးကိုသာ လိုချင်တာဘဲ။ အကုန်လုံး အကျိုးရှိတဲ့ ဒီမိုကရေစီ ဆိုတာတော့ ခုလိုအရင်းရှင် အလုပ်သမား၊ လယ်ရှင်အစရှိတဲ့ လူတန်းစား ကွဲပြားမှုတွေရှိနေသမျှကာလပတ်လုံး မဖြစ်နိုင်သေးဘူး။ လယ်ရှင် အကျိုးရှိတိုင်း လယ်သမားအကျိုးမရှိနိုင်ဘူး။ အလုပ်ရှင်အကျိုးရှိတိုင်း အလုပ်သမားအကျိုးမရှိနိုင်ဘူး။ သုတို့အချင်းချင်းအကျိုးတွေဟာ တခါတခါ စေ့စပ်လို့မရနိုင်ဘဲ တဦးအကျိုးရှိယင် တဦးထိမယ်။ ဆိုတဲ့အခြေမျိုးဖြစ်လာတဲ့အခါ အစိုးရဟာ တဖက်ဖက်က ပင်းမှဖြစ် နိုင်မယ်။ အဲဒီတော့ ဒီမိုကရေစီသစ်ဆိုတာ အစိုးရက လူများစု ဖြစ်တဲ့ လူဆင်းရဲတွေဖက်က ထုံးစံတော့ ပင်းမယ် ဆိုတဲ့သဘောဘဲ။ လူများစု အာဏာပိုင်အုပ်ချုပ်ရေး ဒီမိုကရေစီသစ်အရ လုပ်မဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေမျိုးဟာ ဘယ်လိုဖြစ်ရမလဲဆိုယင် တိုင်းသူပြည်သား လူများစုတွေ အာဏာပိုင်အဖြစ် အုပ်ချုပ်နိုင်အောင် သူတို့ ရွေးကောက်တဲ့ ကိုယ်စားလှယ်တွေဟာ အောက်ကနေပြီး ထိပ်အထိ တိုင်းပြည်အုပ်ချုပ်ရေး တိုင်းပြည်အစိုးရအာဏာကို ကိုင်ထားရမယ်။ သူတို့ရွေးကောက်လိုက်တဲ့ ကိုယ်စား လှယ်တွေကို မကြိုက်လို့ရှိယင်ပြန်ခေါ်နိုင်ရမယ်။ ဒီတော့ အခု ဗမာပြည်မှာ ရှိနေတဲ့ အရာရှိ ဗျူရိုကရက် အုပ်ချုပ်ရေးမျိုး မရှိနိုင်တော့ဘူး။ တိုင်းပြည် သစ္စာမဖောက်တဲ့ တိုင်းပြည် ပြည်ကြီးသားတွေဟာ ပြည်သူ့လွတ်လပ်ခွင့်ကို အများအကျိုးအတွက် လုပ်မဲ့နေရာတွေမှာ ရရှိလိမ့်မယ်။ ဒီနေရာမှာ လူများစုလို့ ဆိုတာဟာ ပစ္စည်းအခြေအနေ ရာထူးအခြေအနေကို အကြောင်းပြုပြီးသား လူများစု၊လူနည်းစု ဖြစ်ကြတဲ့ လူတွေကိုသာ ဆိုလိုတယ်။ လူမျိုးရေးအရ ကွဲပြားနေတဲ့ လူများစု၊လူနည်းစု ကိစ္စတွေမှာတော့ လူများစု လူမျိုးစုက လူနည်းစုမျိုးတွေအပေါ် လွှမ်းမိုးမှုမရှိစေမှ ဒီမိုကရေစီ မှန်မယ်။ လူမျိုးအရ၊ဘာသာအရ၊လိင်အရ အခွင့်အရေး ခွဲခြားမှု၊နှိမ့်ချမှုတွေကို ဥပဒေအရ ပယ်ဖျက်ပြီး ဒီလိုနှိမ်နင်းတာမျိုးတွေ့ယင် ဥပဒေအရ အပြစ်ပေးတာမျိုးတောင် စီမံရမယ်။ ဒါမှ ဒီမိုကရေစီ ပီသမယ်။ လူမျိုးရေးနှင့် ပတ်သက်၍ ထပ်မံပြီး ကျွန်တော် ဆွေးနွေးပါအုံးမယ်။ ဗျူရိုကရက် အုပ်ချုပ်ရေး ဖျက်ရမယ် အထက်မှာ ပြောခဲ့တဲ့ အထဲမှာ အခု ဗမာပြည်မှာ ရှိနေတဲ့ အရာရှိ ဗျူရိုကရက် အုပ်ချုပ်ရေးမျိုး မရှိနိုင်တော့ဘူးဆိုတာဟာ ဘာဆိုလိုတာလဲ။ ကျွန်တော် ရှင်းပြလိုပါသေးတယ်။ လွတ်လပ်မဲ့ ဗမာပြည်ကြီးမှာ အခု အစိုးရ အရာထမ်း အမှုထမ်းတွေ၊လောကဓါတ်ဆရာ၊ပညာသည်၊စက်ဆရာ၊ဆေးဆရာ၊ အစရှိတဲ့ လူတွေကို မလိုတော့ဘူးလားဆိုယင် သူတို့ကိုလိုလိမ့်မယ်။ သူတို့အထဲက (Technicians) ခေါ်တဲ့ အထူး သင်ကြားမှု တက်တဲ့ လူတွေဆိုယင် အစိုးရက ကောင်းကောင်း မြှောက်စားရမှာဘဲ။ ဒါပေမယ့် သူတို့ဟာ ပြည်သူ့အစိုးရ ပြည်သူ့ မိတ်ဆွေတွေ ဖြစ်ရမယ်။ ပြည်သူတွေကို ဂရုမစိုက်ဘဲ အထက်လူကြိုက်ပြီးရော လုပ်တဲ့ လူစားတွေ မဖြစ်ရဘူး။ တိုင်းပြည်နဲ့ ပြည်သူတွေရဲ့ သစ္စာကို စောင့်ထိန်းတဲ့ လူတွေ ဖြစ်ရမယ်။ အဲဒီလိုလူတွေ အမှန်မတော့ တချို့လခတွေ ဘာတွေမှာ နည်းချင် နည်းလာပေမယ့် လွတ်လပ်မယ့် ဗမာပြည်မှာ ပိုပြီးအခွင့်အရေးတွေ ပေးလာနိုင်ပါလိမ့်မယ်။ အခုအခါ အင်္ဂလိပ်တွေသာ လုပ်နေရတဲ့ နေရာမျိုးတွေ ကျွန်နိုင်ငံ ဖြစ်နေလို့၊သခင် နိုင်ငံလုပ်ရတဲ့နေရာမျိုးတွေမှာ သူတို့ ၀င်ခွင့်၊လုပ်ခွင့်ရှိလာကြမှာဘဲ။ သို့သော်လည်း ရှေးက အရာရှိ စံနစ်အတိုင်း ပြည်သူတွေနှင့် တခြားစီတော့ နေလို့ မဖြစ်နိုင်ဘူး။ တိုင်းပြည်ကာကွယ်ရေး အစိုးရ တာဝန် ပြီးတော့ ဂျပန်ပြည်မှာလို စစ်တပ်က နိုင်ငံအုပ်ချုပ်ရေးမှာ ခြယ်လှယ်တာမျိုး၊ဂျာမနီမှာ ဟစ်တလာတို့ တက်လာ တာမျိုးကို စီးပွားရေး ၊နိုင်ငံရေးအရ နှိမ်နင်းတဲ့နေရာမှာ လွတ်လပ်တဲ့ ဗမာပြည်တွင် တိုင်းပြည်က ကာကွယ်ရေးဟာ အစိုးရရဲ့ တာဝန်၊တတိုင်းပြည်လုံးရဲ့ တာဝန် ဖြစ်လာတဲ့ အတိုင်း ကာကွယ်ရေး လုပ်ငန်းမှန် သမျှ အစိုးရသာလျှင် လုပ်နိုင်မယ်။ တသီးအခြား ကိုယ်ပိုင် အဖွဲ့တွေကလုပ်ဖို့လဲမလိုဘူး။ အခွင့်လဲ ပြုနိုင်မှာ မဟုတ်ဘူး။ အခုလို ကျွန်ဘ၀မှာတော့ တိုင်းပြည်ကာကွယ်တဲ့ တာဝန်က သခင်လူမျိုး အစိုးရ တာဝန်လို ဖြစ်ပြီး သူတို့ကလဲ ကောင်းကောင်းမလုပ်တော့ ကျွန်တော်တို့ ဖာသာ ကျွန်တော်တို့ တတ်သမျှ။မှတ်သမျှ၊ ဖြစ်သမျှ ပြည်သူ့ရဲဘော် တပ်ဖွဲ့ အစရှိတဲ့ အဖွဲ့မျိုးတွေ ဖွဲ့ပြီး လုပ်နေရတယ်။ ဒီလိုအဖွဲ့တွေဟာ လွတ်လပ်တဲ့ ဗမာနိုင်ငံမှာ မရှိတော့ဘူး။ သို့မဟုတ်ယင် လွတ်လပ်တဲ့ ဗမာပြည်မှာ ဒီလို အဖွဲ့ မျိုးဟာ စစ်သဘော နိုင်ငံရေးပါတီမျိုး ဖြစ်တက်ပြီး ဖြစ်လာတဲ့အခါ ဖက်ဆစ်ဝါဒတွေ မွေးမြူလာတက်တယ်။ ဒါကိုလဲ ကောင်းကောင်း သတိပြုရမယ်။ အထူးသဖြင့် ဖက်ဆစ်ဝါဒ ဗမာပြည်မှာ မပေါ်နိုင်အောင် စီးပွားရေး ၊ နိုင် ငံရေးအရ၊ အဖက်ဖက်က နေပြီး တားရလိမ့်မယ်။ ဖက်ဆစ်စံနစ် ဖက်ဆစ် ၀ါဒဆိုလို့ ဗမာပြည်မှာ ယောင်ဝါးဝါး တွေ အများကြီးဖြစ်နေကြတယ်။ ဖက်ဆစ်စံနစ်ဆိုတာ ဘာလဲ။ ကြမ်းသင့်လို့ ကြမ်းတာကို ဖက်ဆစ် စံနစ်လို့ခေါ် တာ မဟုတ်ဘူး။ ငွေပင်ငွေရင်းရှင် (Financial Capitalists) ကြီးတွေက လက်ကိုင်ဒုတ် လုပ်ထားတဲ့ တပည့် တွေနဲ့ တိုင်းသူပြည်သား လူအများကို အကြမ်းပတမ်း ဖိနှိပ်ပြီး အင်မတန် ကျဉ်းမြောင်းမှားယွင်းတဲ့ လူမျိုးရေး တရား လက်ကိုင်ထားတဲ့ ၀ါဒဟာ ဖက်ဆစ်ဝါဒပဲ။အဲဒီတော့ စီးပွားရေး၊နိုင်ငံရေး၊လူမျိုးရေးတရားတွေနှင့် ပတ် သက်ပြီး ကျုပ်တို့ဟာ ဖက်ဆစ်အားပေးတရားတွေ မပေါ်အောင် တိုင်းပြည်ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေလုပ် ကတည်းက စီမံထားရလိမ့်မယ်။ လူမျိုးကြီးဆိုတာ ဘာလဲ
့
ဒီနေရာမှာ လူမျိုးရေးကိစ္စကို ကျွန်တော်ဆွေးနွေးလိုတယ်။ အင်္ဂလိပ်လိုမှာ (Nation or Nationality,Race,Tribe) အစရှိသည် အားဖြင့် လူမှုရေးးတွေကို အသီးသီး ခေါ်ထားတာရှိတယ်။ (Nation or Nationality) ဆိုတာမျိုးကတော့ ဗမာလို တိတိကျကျ ဘယ်လိုပြန်ရမယ် ဆိုတာ ဗမာ့ အဘိဓါန် ကျကျနန ထွက်မှဘဲ ဖြစ်နိုင်မှာဘဲ။

အဓိပ္ပာယ်ကတော့ ဥပမာ ဗြိတိသျှ လူမျိုးဆိုယင် အင်္ဂလိပ်၊စကော့၊ဝေလ၊အိုင်းရစ်လူမျိုးတွေ ပေါင်းထားတာကို ခေါ်တာပဲ။ အမေမရိကန် လူမျိုး ဆိုယင်လ ဥရောပ လူမျိုစုံ၊အမေရိကန်မှာ လာနေပြီး အမေရိကန် လူမျိုးလိုနေတဲ့ လူအားလုံးကို ခေါ်တာပဲ။ ဒီတော့ (Nation) သို့မဟုတ် (Nationality) ခေါ်တဲ့ လူမျိုးကြီးကို ဆိုကြပါစို့၊အဲဒီ လူမျိုးကြီးဆိုတာ ဘယ်လို အချင်းအရာတွေနဲ့ ပြည့်စုံမှ လူမျိုးကြီးလို့ ခေါ်မလဲ။ အဲဒီလူမျိုးရေး ပြဿနာနဲ့ ပတ်သက်ပြီး အခု ကမ္ဘာကျော် ဆိုဗီယက် ယူနီယံ ခေါင်းဆောင်ကြီး ဖြစ်တဲ့ စတာလင်က ဘယ်လို သရုပ်ဖော်ထားသလဲ ဆိုယင် -

A nation is a historically evolved stable community of language,territory ,economic life, and psychologicsl make - up manifested in a community culture;

လူမျိုးကြီးဆိုတာ


လူမျိုးကြီး ဆိုတာ ရာဇ၀င်အရ ဖြစ်ပွားပြီး တည်တည်တံ့တံ့ နေလာတဲ့ သူ့ဘာသာစားနဲ့၊ သူ့နယ်မြေနဲ့၊သူ့စီးပွားရေးနဲ့၊သူ့ယဉ်ကျေးမှု ပညာထုံးစံဓလေ့တွေနဲ့ ညီညွတ်စည်းရုံးထားတဲ့ လူပေါင်းစုဘဲလို့ စတာလင်က သရုပ်ဖော်ပြခဲ့တယ်။ ဒီနေရာမှာ လူပေါင်းစုဆိုတာဟာ (A nation is not a racial or trible community oof people) လို့ အတိအလင်း ဖော်ပြထားတယ်။ အဓိပ္ပာယ်ကတော့ လူမျိုးကြီးဆိုတာ အသွေးအဆင်းတူတဲ့ (Race) တို့ (Tribe) တို့ ခေါ်တဲ့ လူမျိုးစုမျိုး မဟုတ်ဘူး။ အဲဒီ (Race) တို့များ ပေါင်းစပ်ထားခြင်း ဖြစ်လို့ တယ်ရှင်းလင်း ပြန်တယ်။

အဲဒီမှာ စကားတူရှိရုံနဲ့ လူမျိုးကြီး မဖြစ်နိုင်ဘူးတဲ့။ စကားတမျိုးထဲ ပြောကြတဲ့ အင်္ဂလိပ် အမေရိကန်ဟာ လူမျိုးကြီးနှစ်မျိုးဖြစ်နေတာ အထင်အရှားဘဲ မဟုတ်လားတဲ့။ လူမျိုးခြားတိုင်း စကားမခြားဘူး။ စကားတူတိုင်း လူတမျိုးတည်း မဟုတ်ဘူး။ အကြောင်းအားလျော်စွာံ ဆုံစည်းခွင့် မရှိလို့ရှိယင် တမျိုးစီဖြစ်တယ်။ အဲဒီလို ဆုံစည်းတဲ့ နေရာမှာ တမြေတည်းနေ တရေတည်းသောက်တဲ့ လူတွေမှ လူတမျိုး တည်း ဖြစ်လာနိုင်သတဲ့။ နောက်စီးပွားရေးမှာလဲ တဦးနှင့်တဦး ကျောထောက်နောက်ခံ သဘောမျိုး မှီခိုပြီး ပေါင်းစည်းထားမှ ဖြစ်သတဲ့။ ပြီးတော့ လူတမျိုးရဲ့ စိတ်ဓါတ် (Nationnal Cccharacter) လို့ ဆိုတဲ့ လူယဉ်ကျေးမှုထုံးစံ ဓလေ့ဆိုတာကို မထားလို့ မဖြစ်ဘူးတဲ့။ ဒီအချက်တွေထဲက တခုလောက်မရရုံနဲ့ဘဲ လူမျိုးကြီးဆိုတဲ့ ဂုဏ်အင်္ဂါကို မထိုက်တန်ဘဲ ဖြစ်သွားနိုင်သတဲ့။ အဲဒီတော့ ဒီအချင်းအရာတွေ အားလုံးပြည့်စုံမှ လူမျိုးကြီး တမျိုး ဖြစ်တယ်ဆိုဘဲ။ ဒီနေရာမှာ (Common Language) ဆိုတဲ့ စကားတူလို့ ဆိုတာမှာလဲ ဥပမာ ဗြိတိသျှ လူမျိုးကြီးများ အင်္ဂလိပ်စကား အားလုံး ပြောကြတယ်။ နားလည်ကြတယ်။ ဒါပေမယ့် အိုင်းရစ်တို့ ဘာတို့မှာ သူတို့စကား သတ်သတ်ရှိတယ်။ အဲဒါကိုလဲ သတိပြုဖို့ လိုတယ်။

နိုင်ငံတော်

နောက်ပြီး (State) (ဒီနေရာမှာတော့ လက်နက်နိုင်ငံတော်လို့ဘဲ ဆိုကြပါစို့)။ အဲဒီ လက်နက်နိုင်ငံတော်ဆိုတဲ့ (Political Community) နိုင်ငံရေး လူပေါင်းစနဲ့ လူမျိုးကြီး ပေါင်းစုံ (National Community)ကို နားမရှုပ်စေလိုဘူးလို့ စတာလင်က ရှင်းထားတယ်။ ဘယ်လိုလဲ ဆိုယင် တူတာတွေထဲမှာ စကားတူမှ လူမျိုးကြီး တမျိုးဆိုတာ ဖြစ်နိုင်မယ်။ သို့သော်လည်း လက်နက်နိုင်ငံတော်ဆိုတဲ့ နိုင်ငံရေး လူပေါင်းစုထဲမှာတော့ စကားမတူပေမဲ့ တနိုင်ငံတည်း ဖြစ်နိုင်တယ်ဆိုတာ ဖော်ပြထားတယ်။

လူမျိုးရေး လူနည်းစု

ကောင်းပြီး။ ဒီအချက်တွေကို အခြေပြုပြီး စဉ်းစားယင် ကျွန်တော်တို့ ဗမာပြည်မှာ (Nation oer Nationnality) လူမျိုးကြီး အဖြစ်နဲ့ ဘယ်နှစ်မျိုး ရှိသလဲ ဆိုယင် စင်စစ် ပြောရယင်တော့ အားလုံးတမျိုးတည်းပဲ ရှိနိုင်မယ်။ (Race,Tribe) ဆိုတဲ့ ဟာမျိုးတော့ ရှိသပေါ့။ ဒါမျိုးတွေကော (Nation or Nationality) ထဲမှာ မရှိဘူးလား ဆိုတော့ ရှိသတဲ့။ သူတို့ကို (National Minority) လို့ ခေါ်တယ်။ လူမျိုးရေး လူနည်းစုတွေလို့ ခေါ်တယ်တဲ့။ အဲအခုန ကျွန်တော်တို့ ဗမာပြည်မှာ လူမျိုးကြီး စစ်စစ် ခေါ်နိုင်တာ အားလုံးပေါင်းခေါ်မှ ဖြစ်နိုင်တယ်လို့ ကျွန်တော် ဘာပြုလို့ ပြောရသလဲဆိုယင် အထက်မှာ ဖော်ပြခဲ့တဲ့ အချက်တွေနဲ့ ပြည့်စုံတဲ့ လူပေါင်းစု ဆိုလို့၊ ရှမ်းလူမျိုးကို ပြောမယ်ဆိုယင်တော့ စစ်စစ် မဟုတ်ဘဲ ခပ်လျော့လျော့ သဘောမျိုး ဆိုယင် လူမျိုးကြီးလို့ ခေါ်နိုင်ပါလိမ့်မယ်။ တခြား လူမျိုးတွေ ဆိုယင် မခေါ်နိုင်ဘူး။

ကွဲပြားချက်တွေ

ဥပမာ ဂျိန်ဖောလူမျိုး ၊ သူတို့မှာ အထက်ပါ လူမျိုးကြီး အင်္ဂါပြည့်ပြည့်စုံစုံ မရှိဘူး။ အထူးသဖြင့် စီးပွားရေးမှာ သူ့ချည်း မဖြစ်နိုင်ဘူး။ ဥပမာ ချင်း ၊ ချင်းကျတော့ ပိုတောင် ဆိုးသွားသေးတယ်။ ဘာပြုလို့လဲ ဆိုယင် သူတို့မှာ စကားတူကို မရှိဘူး။ အချင်းချင်း ကျတော့ ဗမာစကားယင်လဲသုံး၊ အင်္ဂလိပ်တွေ စီမံခဲ့လို့ ကုလားစကားယင်လဲ သုံးနေရတာပဲ။ ကရင်နီကို ကြည့် ၊လူဦးရေကလဲ မိုးဗြဲနယ်ဆိုတာ ထည့်ပါမှ ရှစ်သောင်လောက်ဘဲရှိတယ်။ အဲဒီ ရှစ်သောင်းလောက်က အချင်းချင်း ဘာစကား သုံးနေရလဲ ဆိုယင် ဗမာစကားကို သုံးနေရတယ်။ ကရင် လူမျိုးကြည့်အုံးမလား။ အမျိုး ၁၂ မျိုးလောက်ကွဲပြီး စကားဆိုယင်လဲ (Principal Languages) အဓိက စကား နှစ်မျိုးတောင် ရှိနေတယ်။ အချင်းချင်းကျတော့ ဗမာစကားဘဲ သုံးနေရတာဘဲ။ ရှမ်းဆိုတာလဲ အမှန်ကတော့ ဗမာစကား အများအားဖြင့် နားလည်ကြတာဘဲ။ ယဉ်ကျေးမှုဆိုယင် ဗမာ ယဉ်ကျေးမှုနဲ့ တူတာတွေ အများကြီးဘဲ။ လူမျိုးကြီး အချင်းချင်း ဆိုယင်တော့ (Nations are Sovereigns and all natiiions are equal) လို့ လူမျိုးကြီးတွေဟာ အချုပ်အချာ အာဏာရှိတယ်။ အတူတူဘဲ။ တန်းတူဘဲလို့ စတာလင်က ဆိုထားတယ်။

ကိုယ်ပိုင်ပြဌာန်းနိုင်ခွင့်

ဒါဖြင့် ဒီအဓိပ္ပာယ်က ဘယ်လို သဘောလဲ။ လူမျိုးကြီးဆိုတာ အချင်းချင်း ပေါင်းသင်းနေယင် (Regional Autonomy) ဆိုတဲ့ နယ်မြေအရ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရပြီး ခွဲထွက်ခွင့်ပါ ရထိုက်သတဲ့။ ကိုယ်ပိုင် ပြဌာန်းနိုင်ခွင့် လုံးဝ ရထိုက်သတဲ့။

The right of self-determination means that a nation can arrange its life according to itsown will. It has the right to arrange its own life on the basis of autonomy.

It has the right to enter into federal relation with other nations. It has right to complete secession.

လို့ ဆိုထားတယ်။ ဒါပေမယ့် ဆက်ပြောထားတာရှိသေးတယ်။

This of course does not mean that Social Democrats will support every demand of nation.A nation has the right even to return to the order of things; but this does not mean that Social Domocrats will subscribe to such a decision if taken by any institution of the said nation............

ပြီးတော့

In fighting for the right of nations to self-determination, the aim of the Social Democrats is to put an end to the policy of national oppression,to render it impossible, and thereby to remove the grounds of hostility and reduce it to a minimum.

ကိုယ်ပိုင် ပြဋ္ဌာန်းနိုင်ခွင့်ကို လူမျိုးကြီးဆိုတာတိုင်း ရထိုက်တယ်ဆိုပေမဲ့ နေရာတကာ အမြဲတမ်းမဟုတ်ဘူး။ ကောင်းကျိုးလုပ်ဖို့သာ ဖြစ်တယ်။ ဆိုးကျိုးလုပ်ဖို့မဟုတ်ဘူးဆိုတာ ပြောထားတယ်။ လူမျိုးအချင်းချင်းချယ်လှယ်လွှမ်းမိုးမှု၊ နှိပ်စက်မှု မဖြစ်ရအောင် ဒီအခွင့်အရေး မျိုးကိုလူမျိုးကြီးတိုင်းကို ပေးတာဘဲ။ ပီတော့ “ မတ်ဝါဒ” ဋီကာဆရာတဦးကလဲ

It would be wrong to say that Marxists must support every national movement and that they have to apply the principle of national self-determination as dogma in every simple case. Also the right of self - determination of this or that national group has to be difinitely denied if under the given conditions it would serve reactionary purposes the do a disservice to the general cause of democtacy.

ကွယ်လွန်သွားတဲ့ လီနင် ဆိုတဲ့ပုဂ္ဂိုလ်ကြီးကလဲဆိုထားတယ်။

The various demands of democracy, including self-determination, are not absolute, but a small part of the general de mocratic (now general socialist) world movement. Possible in individual concrete cases, the part may contradict the whole, if so it must be rejected.

နောက်ပြီး

The question of the right of a nation freely to secede must not be confused with the question of whether it would be expedient for any given nation to secede at secede at any given moment.

ဒါတွေ အားလုံးခြုံလိုက်တော့ ဘာအဓိပ္ပါယ်ထွက်သလဲဆိုင်ယင် လူမျိုးကြီးဆိုတာ အချင်းချင်းပေါင်းကြယင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အရ ပေါင်းကြ။ ဒါပေမဲ့ နေရာတကာ အချိန်အခါတိုင်းမှာ အခြေအနေ အကျိုးအကြောင်းကို မထောက်ဘဲ အရမ်းကိုယ်ပိုင် ပြဋ္ဌာန်းခွင့်မဟုတ်ရ ဘူးဆိုတဲ့ အဓိပ္ပါယ်ပါဘဲ။ ဒါက (Nation or Nationality) ဆိုတဲ့ လူမျိုးကြီးနှင့် ပက်သက်ပြီးသိသင့်သိထိုက်သော သဘောတရားတွေဘဲ။

ပြီးတော့ ....

Of course not one of the regions constitutes a compact homogeneous nation for each is interspersed with national minorities. Such are the Jews in Poland. the Latvians in Lithuania, the Russians in Caucasus. the Poles in the Ukraine,and so on. It may be feared. therefore, that the minorities will be oppressed by the national majorities. But there will be grounds for this fear. only if the old order continues to prevail in the country. Give the country complete democracy and all grounds for this fear will vanish.

What is it that particularly a national minority? A minority is discontented because it does not enjoy the right to use its native language. Permit it to use its native language and the discontent will pass of itself. A minority is discontented beause it does not possess its own schools. Give it its own schools and all grounds for discontent will disappear. A minority is discontented because it does not enjoy liberty of conscience, etc. Give it these liberties and it will cease to be discontented. Thus national equality in all forms (languages, schools etc) is an essential element} in the solution of the national problem.

A state law based on cmplete democracy in the country is required. prolubiting all national privileges without exception and all kinds of disablities and restrictions on the rights of national minorities.

ဒီဟာကတော့ လူမျိုးရေးလူနည်းစုအခွင့်အရေးတွေနှင့် ပက်သက်ပြီးသိသင့်သိထိုက်တဲ့အချက်တွေဘဲ။ ပီးတော့ လူမျိုးရေးလူနည်းစုဆို တာ လူဦးရေ ဘယ်လောက်ရှိမှ လူမျိုးရေး လူနည်းစုခေါ်မလဲ ဆိုတာကိုလဲ သိဖို့လိုတယ်။ အရင် စစ်မဖြစ်ခင်တုန်းက ရှိခဲ့တဲ့ နိုင်ငံပေါင်းစုံ အသင်းချုပ်ကြီးက သရုပ် ပြဋ္ဌာန်းထားတာကတော့၊ လူမျိုးရေးလူနည်းစုဆိုတာ လူမျိုးရေးလူများစုရဲ့ ငါးပုံတပုံလောက်ရှိမှ လူမျိုးရေးလူ နည်းစုလို့ ခေါ်နိုင်မယ်လို့ ဆိုထားတယ်။ ဘာပြုလို့လဲ ဆို ရှမ်းပြည်မှာ လူမျိုးပေါင်း ၂၀၊ ၃၀ လောက်ရှိတယ်။ အဲဒီလိုသာ လူမျိုးကွဲတိုင်း ရှောက်ခေါ်နေရယင်ဆုံးမှာ မဟုတ်ဘူး။ ဒါကြောင့်လူဦးရေ သတ်မှတ်ရတာဘဲ။ သို့ပေမဲ့ ဗမာပြည်အဖို့မှာ လူမျိုးရေး လူများစုရဲ့ ငါးပုံတပုံ ဆိုတာတော့ များလွန်းအားကြီးတယ် ထင်တယ်။ ဆယ်ပုံတပုံ လောက်ရှိယင်ဘဲ လူမျိုးရေးလူနည်းစုလို့ ခေါ်သင့်တယ်လို့ ကျွန်တော်ယူဆတယ်။ လူမျိုးရေး လူများစုရဲ့ ငါးပုံတပုံရှိမှ လူမျိုးရေးလူနည်းစုဆိုယင်တော့ ဗမာပြည်မမှာ လူမျိုးရေး လူနည်းစုကို မရှိနိုင်တော့ဘူး။

ကရင်လူမျိုးရေး လူနည်းစု

ဒါပေမဲ့ ဥပမာ ကရင်လူမျိုးဆိုလို့ရှိယင် လူမျိုးရေး လူနည်းစုအဖြစ်နဲ့ အခွင့်အရေးတွေ ရသင့်သလောက် မရဘဲ ရှိနေတယ်ဆိုတာ ငြင်းလို့ ကျုပ်တို့ ရမှာမဟုတ်ဘူး။ ပြီးတော့ သူတို့တတွေဟာလဲ ဗမာတွေရဲ့ ဆယ်ပုံတပုံလောက် အဖျင်းဆုံး ရှိလိမ့်မယ်။ အဲဒါကြောင့် သူတို့ကို တော့ လူမျိုးရေးလူနည်းစု အခွင့်အရေးတွေကို ပေးဖို့တောင်းတယ်။ မွန်လူမျိုးကိစ္စဆိုယင်တော့ သူတို့မှာ အခုလူမျိုးရေး လူနည်းစုအဖြစ် နဲ့ မွန်စာပေ၊ မွန်ကျောင်းတွေ ကိစ္စလောက်က လွဲယင် တခြားနစ်နာချက်တွေမရှိပါဘူး။ မွန်ရယ်၊ ဗမာရယ် ခွဲခြားပြီး ကရင်လို သဘော ထားသလိုထားစေချင်လို့တော့ မဖြစ်နိုင်ဘူး။

ပြည်ထောင်စုနိုင်ငံ ထူထောင်ကြစို့

ဒီတော့ လူမျိုးရေး ပြဿနာနဲ့ပက်သက်ပြီး ကျွန်တော် တော်တော်စုံစုံလင်လင် ပြောပြပြီးတဲ့နောက်၊ ကျွန်တော်တို့ ဗမာပြည်သစ်ကို တည်ထောင်တော့ ပြည်ထောင်စုသဘောတည်ထောင်မလား။ လူမျိုးကြီးတမျိုးတည်းဘဲဆိုတဲ့ တိုင်းပြည်မျိုး (Unitary) တ်ာထောင်မလား ဆိုတဲ့ မေးခွန်းကို ဖြေဆိုလိုတယ်။ ကျွန်တော်အမြင်အရ ဆိုယင်တော့ အထက်လူမျိုးရေးအရ ရသင့်ရတိုက်တဲ့ အခွင့်အရေးမျိုးတွေကို စည်းကမ်း သတ်မှတ်ပေးပြီးးတော့ (Unitary State) လူမျိုးကြီး တမျိုးတည်းဆိုတဲ့ နိုင်ငံမျိုးတော့ ထောင်လို့မဖြစ်ဘူး။ ပြည်ထောင်စု သဘောမျိုးဘဲ ဖြစ်ရမှာဘဲ။ ဒါပေမယ့် ပေါင်းခါမှ ဆေးအတွက် လေးတဲ့ ပြည်ထောင်စုမျိုး၊လီနင်ပြောသလို တစိတ် တဒေသက တခုလုံးကို ဆန့်ကျင်တဲ့ (The part contradic ting the whole) ပြည်ထောင်စုမျိုး ဆိုယင်တော့ အဖြစ်နိုင်ဘူး။ အထူးသဖြင့် ပြည်ထောင်စုဟာ စီးပွားရေး တိုးတက်မှုကို စုပေါင်းပြီး စံနစ်တကျ စီစဉ်နိုင်မယ့် ပြည်ထောင်စုမျိုး ဖြစ်ရလိမ့်မယ်။ ဒါမှ လူမျိုးအားလုံး တိုင်းသူပြည်သား အများဆုံး တိုးတက်မှုကို လုပ်နိုင်မှာဘဲ။ ပေါင်းတယ်ဆိုတာ အချင်းချင်း ကောင်းကျိုးရှိအောင် ပေါင်းကြတာ ဖြစ်ပြီး ဆိုးကျိုးရှိအောင် ပေါင်းတာမျိုး ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။

ဒီလူမျိုးရေး ပြဿနာနဲ့ ပတ်သက်ပြီါ် နောက် အကြောင်းပေါ်ယင် ပေါ်သလို ဆွေးနွေးသင့်ယင် ဆွေးနွေးပါအုံးမယ်။ အခု ဒီမိန့်ခွန်းမှာတော့ ဒီလောက်နဲ့ဘဲ တော်လောက်ပြီလို့ ကျွန်တော်ယူဆပါတယ်။

ကိုင်း - ကျုပ်တို့လာမဲ့ တိုင်းပြုပြည်ပြု လွှတ်တော်မှာ ဘယ်လို ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေများ ရေးဆွဲဆုံးဖြတ်သင့်တယ် ဆိုတာနဲ့ ပတ်သက်ပြီိး အခြေခံတရားတွေကို ကျွန်တော်ပြောပြခဲ့ပြီးပြီ။ဒိပြင် ကျွန်တော်တို့ ဘာတွေ လုပ်ကြဦးမလဲဆိုတာတွေ စဉ်းစားကြဦးစို့။

ပဌမ ကျုပ်တို့ တိုင်းပြုပြည်ပြု လွှတ်တော်ကနေပြီး ဘယ်လို ဘယ်လို ဆုံးဖြတ်သင့်တယ် ဆိုတာတွေ စဉ်းစားတာကတော့ ဟုတ်ပါပြီး ။ဒါပေမယ့် ကျုပ်တို့ ဆုံးဖြတ်တာ အတည် ဖြစ်ပါ့မလား။ ကျုပ်တို့ တိုင်းပြုပြည်ပြု လွှတ်တော်ဟာ အချုပ်အခြား အာဏာရှိရဲ့လားဆိုတဲ့ မေးခွန်းကို ကျွန်တော် ဖြေပြလိုတယ်။ အိန္ဒိယပြည်မှာ တိုင်းပြုပြည်ပြု လွှတ်တော်ဟာ အချုပ်အခြာ အာဏာနဲ့ ပြည့်စုံတဲ့ အဖွဲ့လို့ ယူဆပြီး စီစဉ်ကြတယ်။ ဘယ်လို စီစဉ်ကြသလဲ ဆိုယင် တိုင်းပြုပြည်ပြု လွှတ်တော်စတဲ့ နေ့ကစပြီး တိုင်းပြုပြည်ပြု လွှတ်တော်နဲ့ ဆိုင်သမျှ ကိစ္စမှန်သမျှ တိုင်းပြုပြည်ပြု လွှတ်တော်သာလျှင် အာဏာပိုင် ဆုံးးဖြတ်နိုင်တယ်။ အစိုးရနဲ့ မဆိုင်ဘူး ဆိုပြီး စီစဉ်ကြတယ်။ ကျုပ်တို့ ဘိလပ် အစိုးရနဲ့ သဘောတူထားတဲ့ အတိုင်းကတော့ တိုင်ပြုပြည်ပြု လွှတ်တော်က ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို ဆုံးဖြတ်းပါ ဆိုတဲ့ အချက်ပါခဲ့တယ်။ သို့သော် အချုပ်အခြာ အာဏာဆိုတာ ဥပဒေ သဘော၊ပါးစပ် သဘော ဖြစ်ရှုံနှင့် မပြီးသေးဘူး။ ကျုပ်တို့ တိုင်းပြည်နောက်က ၊ကျုပ်တို့ တိုင်းပြုပြည်ပြု လွှတ်တော်နောက်က (Popular mass sanction) ခေါ်တဲ့ တိုင်းပြည်လူထုရဲ့ အားပေး ထောက်ခံမှုရမှ အချုပ်အခြာ အာဏာ ဆိုတာ သေသေချာချာ အကောင်အထည် ဖော်နိုင်မယ်။

ကျွန်တော်တို့လို အခြေအနေမျိုး မပြောနဲ့။ လွတ်လပ်နေတယ်ဆိုတဲ့ နိုင်ငံတွေရဲ့ အချုပ်အခြာ အာဏာတွေတောင် ကိုယ့်တိုင်းပြည် နောက်က (Sanction) အားမကောင်းလို့ရှိယင် အချုပ်အချယ် ခံရတယ်ဆိုတာ ကျွန်တော်တို့ သတိပြု ကြရမယ်။ အဲဒါက ဥပဒေ သဘော။ ဥပဒေ စကားမဟုတ်ဘူး။ နိုင်ငံရေးသဘော၊ နိုင်ငံရေး စကားဘဲ၊ ကျွန်တော်တို့ တိုင်းပြုပြည်ပြု လွှတ်တော် ပေါ်ပေါက်လာရခြင်းဟာ တော်လှန်ထကြွပြီး အာဏာ သိမ်းပိုက်ပြီးတဲ့ နိုင်ငံအခြေ အနေမျိုးမှာ ပေါ်ပေါက်တာမျိုး မဟုတ်ဘဲ တ၀က် တပျက် တော်လှန်ရေး အခြေအနေ (Semi-revolutionary situa-tion) မျိုးမှာ နှစ်ဦးနှစ်ဖက် စေ့စပ်ပြီး ပေါ်ပေါက်လာရတဲ့ တိုင်းပြုပြည်ပြု လွှတ်တော်မျိုး ဖြစ်တော့ သူ့အခြေအနေအတိုင်း ထူးဆန်းတဲ့ အကြောင်းချင်းရာတွေ တွေ့ရတယ်။ အမှန်ကတော့ တိုင်းပြုပြည်ပြု လွှတ်တော်ကို မကျင်းပမီ လွတ်လပ်တဲ့ ယာယီ အမျိုးသား အစိုးရ (Provisional National Govenment) ဆိုတာမျိုး ပေါ်ပေါက်အောင် လုပ်နိုင်ယင်တော့ ပိုပြီး ကောင်းတာဘဲ။ ဒါပေမဲ့ ကျုပ်တို့ဟာ ဘ၀ အခြေအနေ အမှန်တိုင်း ကောင်းတာကို စိတ်ကူးသန်သလို ပြောမနေဘဲနဲ့ ဖြစ်သလိုကနေပြီး ကိုယ်လိုရာ ကိုယ်ရောက်အောင် ဆွဲဆောင်သွားနိုင်မှ ခေါင်းဆောင်တွေ စစ်မယ်။ တော်လှန်ရေး သမားစစ်မယ်။ နေပါအုံး။ တော်လှန်ရေး ဆိုတာ ဘာလဲ။ ဒီမေးခွန်းကို ကျွန်တော်မေး၊ ကျွန်တော် ဖြေချင်ဆေသးတယ်။ ဘာပြုလဲ ဆိုယင် ကျုပ်တို့ တိုင်းပြည်မှာ လူငယ်တွေ တော်လှန်ရေးစကား တော်တော် ပြောကြတယ်။ ဒါ့ကြောင့် ဒီအရေးကို ကျွန်တော် အခု ဆွေးနွေးရတာဘဲ။

တော်လှန်ရေးဆိုတာဘာလဲ

ဘာလဲ တော်လှန်ရေး။ အကြမ်းပတမ်း လုပ်တာတိုင်း တော်လှန်ရေးလား။ မဟုတ်ဘူး။ အဖျက်လုပ်ငန်းဆိုတာတိုင်း တော်လှန်ရေးလား။ မဟုတ်ဘူး။ အဖျက်လုပ်ငန်းဆိုတာတိုင်း တော်လှန်ရေးလား။ မဟုတ်ဘူး။ လုပ်ချင်တိုင်း လုပ်လို့ရသလား။ မဟုတ်ဘူး။ ဘာရည်ရွယ်ချက် နဲ့လဲ။ ဘယ်လိုလဲ၊ လဲ လဲ လဲ။ အဲဒီလို “လဲ” တွေ အမျိုးမျိုးနဲ့ ကျွန်တော်တို့ စဉ်းစားကြစို့။ တရံရောအခါက ဒီမေးခွန်းကို ကျွန်တော်ဒီလို ဖြေခဲ့တယ်။

Revolution is direct participation of masses themselves to shape their own destiny fundamentally by all possible means; historiacally inevitable and necessary, and inadmissible of all forms of dry schematisation unrelated to given historical condi-tions, and of blind, negative, spontaneous, destructive condi-tions, and of blind, negative, spontaneous, destructive character;and therefore creative in the highest degree. Its fundamental objective is the emencipation of all toilers; its basis mass participation, its guarantee of victory mass consciousness. (in other words, the digree to which the toiling mass is organised and thus conscious of its role and power.)

တော်လှန်ရေးဆိုတာ

တော်လှန်ရေးဆိုတာ လူထုက လူထုရဲ့ကံကြမ္မာကို အခြေခံကနေပြီးဖန်တီးရာမှာ ဘယ်လိုဘဲဖြစ်ဖြစ်ဆိုပြီး လူထုကိုယ်တိုင် ပါဝင်ဆောင် ရွက်ခြင်းဖြစ်တယ်။ ရာဇ၀င်ကြောင်း အရ မလွှဲမရှောင်သာလို့လဲ လိုတယ်။ ဖြစ်ပျက် ပေါ်ပေါက်နေတဲ့ ရာဇ၀င်အခြေအနေအချက်အလက် တွေနဲ့ အခြားတလမ်းဖြစ်တဲ့ အခြောက်တိုက် စိတ်ကူးစီမံကိန်းမျိုးနဲ့တော့ မဖြစ်နိုင်ဘူး။ ပြီးတော့ မျက်စိစုံမှိတ်ပြီး အကန်းလို ရမ်းလို့မဖြစ် ဘူး။ တဖက်တွင်သာလုပ်တဲ့အလုပ်၊ အလိုအလျောက်လူထုထကြွမှု ဖျက်ဆီးရုံ အလုပ်ကိုလဲလက်မခံနိုင်ဘူး။ အဲဒါတွေကြောင့် တော်လှန် ရေးဆိုတာ အကြီးကျယ်ဆုံးပြုပြင်ဖန်တီးတတ်တဲ့သတ္တိရှိပါတယ်။ တော်လှန်ရေးဆိုတာ အကြီးကျယ်ဆုံးပြုပြင် ဖန်တီးတတ်တဲ့သတ္တိရှိပါ တယ်။ တော်လှန်ရေးရဲ့အခြေခံရည်ရွယ်ချက်ကြီးကတော့ လုပ်စားကိုင်စား လူထုကြီး လွတ်လပ်မှု ဖြစ်ပါတယ်။ တော်လှန်ရေးရဲ့ အခြေခံ အုတ်မြစ်ကတော့ လူထုပါဝင်အောင် ဆောင်ရွက်ရေးဖြစ်ပါတယ်။ တော်လှန်ရေးအောင်မြင်ဖို့ အခြေခံကတော့ လူထုကြီးရဲ့နိုးကြားထကြွ မှု တနည်းအားဖြင့် လူထုကြီးဟာ ဘယ်အထိ ဖွဲ့ဖွဲ့စည်းစည်းရှိလို့ ဘယ်အထိ မိမိရဲ့တာဝန်နဲ့တန်ခိုးအာဏာကို သိရှိနားလည်နိုးကြားသလဲ ဆိုတဲ့ အပေါ်မှာ တည်ပါတယ်။ အဲဒီလို ကျွန်တော်ဖြေခဲ့တယ်။

ဒီနေ့လဲ ဒီလိုဘဲ ဖြေရမှာဘဲ။ ကျွန်တော်တို့ အခုလုပ်နေတာ အားလုံးတွေဟာ ဘာကိုလုပ်နေတာလဲ။ ကျုပ်တို့ တိုင်းပြည်ကြီးကို တော်လှန် ပြောင်းလဲနေကြတာဘဲ မဟုတ်လား။ အဲဒီလို တော်လှန်ပြောင်းလဲနေတဲ့အခါ ကြမ်းသင့်တဲ့အခါလဲ ကြမ်းခဲ့တယ်။ ကြမ်းစရာလိုသေးယင် လဲ ကြမ်းရအုံးမှာဘဲ။ သို့သော်လဲ အရမ်းကြမ်းရမယ်ဆိုတာတော့ ကျွန်တော်နားလည်သလောက် တကယ့်တော်လှန်ရေးသဘောတရား မဟုတ်ဘူး။ အမိဝမ်းကဖွားမြင်လာသော ကလေးဟာ မမွေးခင် ပဋိသန္ဓေတည်ရတယ်။ နေ့ရက်စေ့မှမွေးဖွားရတယ်။ အဲဒီမတိုင်မီ မွေးဖွား ယင်သေယင်လဲသေမယ်။ လျှောယင်လဲလျှောမယ်။ ချည့်နဲ့ယင်လဲချည့်နဲ့မယ်။ အင်မတန်ကောင်းခဲတယ်။ ပြီးတော့မွေးဖွားတဲ့အခါမှာလဲ ပြင်းပြင်းထန်ထန်နဲ့ဖွားရတာရှိတယ်။ သက်သက်သာသာနဲ့ဖွားရတာရှိတယ်။ အမေ၊ အဖေရဲ့ ကျန်းမာရေး၊ လက်သယ်လုပ်တဲ့သူ ကျင်လည်မှု အစရှိတဲ့ အခြေအနေတွေအရဖြစ်တာဘဲ။ အခုလဲအဲဒီအတိုင်း တော်လှန်ရေးကို စဉ်းစားမယ်ဆိုယင် တချို့ လူတွေက ကြမ်း မှ အာဏာသိမ်းရမယ်ဆိုပြီးပြောကြတယ်။ ကိုင်း-ရုရှားပြည်မှာတော်လှန်ရေးဖြစ်တုန်းက အာဏာ သိမ်းယူတဲ့အခါ ကြမ်းခဲ့ရသလား။ ခြုံ ကြည့်ယင်မကြမ်းခဲ့ရဘူး။ သိမ်းပြီးအာဏာကို နောက်ကျတော့ ပြန်ကာကွယ်တဲ့အခါမှာ ကြမ်းတာတွေ လုပ်ရတယ်။ ဘာပြုလို့ အာဏာ သိမ်းတဲ့နေရာမှာ မကြမ်းခဲ့ရသလဲ။

အာဏာထိန်းသိမ်းထားနိုင်ဖို့ လိုတယ်

တော်လှန်ရေး လုပ်တဲ့လူတွေက ကြမ်းချင်လို့လဲမဟုတ်ဘူး။ မကြမ်းချင်လို့လဲ မဟုတ်ဘူး။ ကြမ်းစရာကို မလိုလို့မကြမ်းရတာဘဲ။ တော် လှန်ရေးရဲ့နောက်ဆုံးအဆင့်ဟာ အာဏာလက်ရ သိမ်းပိုက်မှုဘဲ။ အာဏာလက်ရသိမ်းပိုက်မှုဆိုတာလဲ ကနေ့ အာဏာရပြီး နက်ဖြန်ပြန် လွတ်သွားတာမျိုးမဟုတ်ဘူး။ ရပြီးတဲ့အာဏာကို ထိန်းထားနိုင်အောင် စီစဉ်ပြီး သိမ်းပိုက်မှတကယ့်အာဏာသိမ်းပိုက်ရာရောက်မယ်။ အရင်စစ်ကြီး ဖြစ်ခဲ့တဲ့ အခြေအနေနဲ့ အခု စစ်ကြီးပြီးခဲ့တဲ့ အခြေအနေခြားနားမှုကိုလဲ ကျွန်တော်တို့ မြင်ရမယ်။


အရင်စစ်ကြီး အပြီးတုန်းက နယ်ချဲ့စနစ်ဟာ အခုလို မယိုင်လဲသေးဘူး။ ဆိုဗီယက် ယူနီယံ၊ဥရောပအရှေ့ တရုတ်ပြည် မြောက်ပိုင်းတို့မှာလို တော်လှန်ရေးအောင်မြင်ထားတဲ့ နိုင်ငံတွေ မရှိသေးဘူး။ ပြီးတော့ အရှေ့အာရှ တောင်ပိုင်း အခြေအနေကို သုံသပ် ရမယ်။ အင်ဒိုနီးရှားမှာ လက်နက်နဲ့ တော်လှန်ခဲ့တယ်။ လုံးဝ လွတ်လပ်ရေး ရပလား။ မရသေးဘူး။ပီးတော့ ကျုပ်တို့ တော်လှန်ရေး လုပ်ယင် ဘယ်အထိ အလွန်ဆုံး လုပ်နိုင်မလဲ။ အမျိုးသား ဒီမိုကရေစီ တော်လှန်ရေးဆိုတာထက် ပိုမသွားနိုင်ဘူး။ ဒါအလွန်ဆုံးဘဲ တခုန်တည်းနှင့် လှေကားအဆင့်ဆင့် ကျော်ရောက်ချင်လို့ မဖြစ်ဘူး။

There are in the meantime,another kind of people, who though they may not be maliciiioous,often got taken in by the so-called “ theory of one stage Revolution” and the entirely subjective thesis which purports to “complete the political and social revolution in one stroke” in utter disregard of the develo-pment of the revolution i.e. the necessity of a period of tren- sition between one revolution and another; and then permit thennm-selves the nonsense of the talk referred to ,viz, “to complete the political and social revolution in one strokke”.


သူ့နည်းနှင့်သူ ကိုယ့်နည်းနှင့်ကိုယ်

အဲသလို တရုတ် ကွန်မြူနစ် ခေါင်းဆောင် မော်စီတုန်းက ပြောခဲ့တယ် မဟုတ်လား။ နောက်ပြီး စတာလင်က မတ်ဝါဒသမားတွေဟာ အရင်းရှင် စံနစ်ကို တော်လှန် ပြောင်းလွှဲပြီး ဆိုရှယ်လစ် ၀ါဒ ထူထောင်တဲ့ နေရာမှာ တလမ်းတနည်းတည်းသာ ရှိတာလို့ မယူဆဘူး။ ရုရှားပြည်ရဲ့ နည်းဟာ ရုရှားပြည်ရဲ့ အခြေအနေအရဖြစ်တယ်။ အင်္ဂလန်ပြည်မှာ အင်္ဂလန်ပြည်ရဲ့ အခြေအနေအရ အင်္ဂလိပ်နည်းအရ ဖြစ်တယ်။ ရုရှားနည်းဟာ ပိုကြမ်းတယ်။ အင်္ဂလိပ်နည်းဟာ ပိုခရီးရှည်တယ် အစရှိသည့် အားဖြင့် ပြောခဲ့တယ် ။ နောက်ပြီး စတာလင်ကဘဲ (Revolution does not come of itself.It must be prepared for and won) တော်လှန်ရေးဆိုတာ အလိုအလျောက် မဖြစ်ဘူး။ ပြင်ဆင်ပြီး လုပ်မှ အောင်မြင်နိုင်မယ် လို့ဆိုခဲ့တယ်။


လွတ်လပ်ရေး စခန်းကို ဘယ်လိုလှမ်းမလဲ


အဲသလို အချက်တွေ စဉ်းစားပြီး ကျုပ်တို့ လွတ်လပ်ရေးစခန်းကို ဘယ်လိုလှမ်းရမလဲ။ ကျွန်တော် အမြင်အရ ပြောရယင် ဗမာပြည်ရဲ့ တော်လှန်ရေးးဟာ အရှေ့အာရှ တောင်ပိုင်း တော်လှန်ရေးရဲ့ တစိတ်တဒေသအဖြစ် ပူးပေါင်းသွားနိုင်မှ လုံးဝ အောင်မြင်မယ်။ အဲဒီမတိုင်းမီ ကျုပ်တို့ အရှေ့ အာရှတောင်မှာရှိတဲ့ တိုငးပြည်တွေ တစီးတခြားစီ ကိုယ့်လမ်း ကိုယ်သွာံးတဲ့ အခြေအနေမျိုးတွေ ရှိနေအုံးမှာဘဲ။ အဲဒီ အခြေအနေမျိုးမှာ လွတ်လပ်ရေး ဆိုတာရသလောက်တော့ ရမှာဘဲ။ လုံးဝပြည့်စုံမယ်လို့ တထစ်ချ မဆိုနိုင်ဘူး။ အရှေ့ အာရှ တောင်ပိုင်းပြည်ထောင်စုသာလျှင် အဲဒီအပိုင်းမှာရှိတဲ့ နိုင်ငံတွေရဲ့ အစွမ်းကုန် လွတ်လပ်ရေးကို ရယူနိုင်မယ်။ ထိန်းသိမ်းနိုင်မယ်။ တိုးချဲ့နိုင်မယ်။ ဒီအပိုင်းမှာ ကမ္ဘာရဲ့ နယ်ချဲ့နိုင်ငံတွေ အများဆုံး စုပြီး စိုးမိုးနေကြတယ်။ အဲဒီ နယ်ချဲ့တွေဟာ တသီးတခြားစီ အားဖြင့် အင်အားနည်းပေမဲ့ စုပေါင်းလိုက်ယင် အားမသေးသေးဘူး။သူတို့ဟာလဲ တဦးကို တဦး အကူအညီ ပြုသလောက် ပြုနေကြတယ်။ ကျုပ်တို့ နိုင်ငံ အချင်းချင်းကလဲ မိတ်တောင်မှ ကောင်းကောင်း မဆက်နိုင်ကြသေးဘူး။ ကျုပ်တို့ရဲ့ အသီးသီး အင်အားတွေဟာလဲ လုံးဝ ခိုင်မာ တောင့်တင်းနေကြတယ်လို့ မဆိုနိုင်သေးဘူး။


ပြင်ဆင်မှုဆင်တွေ လုပ်ကြစို့



အဲဒီလို စကောစက ဖြစ်နေတဲ့ အခြေမျိုးမယ် ကျုပ်တို့ စကောစကဘဲ ရှိနေအုံးမှာဘဲ။ ကျုပ်တို့ ရဲ့ နိုင်ငံအသီသီးဟာ အိန္ဒိယပြည်မှာသာ ဟိန္ဒူနှင့်မူဆလင် ညီညွတ်နိုင်ယင် အိန္ဒယ လွတ်လပ်ရေးဟာ ကျပ်ပြည့် တင်းပြည့် ဖြစ်နိုင်တယ်။ သို့သော်လည်း ဖြစ်သမျှထဲက အကောင်းဆုံးဖြစ်အောင် ကျုပ်တို့ တိုင်းပြုပြည်ပြု လွှတ်တော်က ဗမာပြည်ရဲ့ လွတ်လပ်ရေး ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို ဆုံဖြတ်လိုက်တဲ့ အခါ တိုင်းပြည်လူထု အုံကြွထောက်ခံမှုကို နိုင်ငံရေး ၊ စည်းရုံးရေး၊ စီးပွားရေးပြင်ဆင်မှုတွေက တဖက်၊အိန္ဒိယ၊တရုတ်ပြည်၊အရှေ့အာရှ တောင်ပိုင်း အခြားနိုင်ငံတွှေင့် ဆက်သွယ်မှု အရပ်ရပ် လုပ်ပြီး ပြင်ဆင်မှုတွေက ဆဖက်။ ကျုပ်တို့တိုင်းပြည်ရဲ့ ကာကွယ်ရေး အင်အားစုတွေကို စုနိုင်သမျှ ပြင်ဆင်မှုတွေက တဖက်။ အစိုးရ လုပ်ငန်းနှင့် ပြည်သူလုပ်ငန်းတွေကို တွဲဖက်ပြီး ပြင်ဆင်မှုတွေက တဖက်။အဲဒီလို အဖက်ဖက် ပြင်ဆင်မှုတွေ လုပ်ပြီးတော့ တိုင်းပြုပြည်ပြု လွှတ်တော်ကြီးကို စကားသဘော အချုပ်အခြာ အာဏာနှင့် ပြည့်စုံတဲ့ အဖွဲ့ကနေပြီး လက်တွေ့ သဘော အချုပ်အချာနှင့် ပြည့်စုံတဲ့ တိုင်းပြုပြည်ပြု လွှတ်တော် ဖြစ်အောင် ကျုပ်တို့ တိုင်းပြည် ကျုပ်တို့ အခြေအနေအရ ကျုပ်တို့ ဘာတွေ လုပ်ရမလဲ။


သွေးပုပ်တွေ ဖောက်ပစ်ကြ

၁။ ဖ၊ဆ၊ပ၊လ ဆက်သွယ်တဲ့ လူထု အစည်းအရုံး (ပြည်သူ့ရဲဘော်တပ်ဖွဲ့ပါ) တွေက မိမိတို့ အတွင်း အင်အားစုတွေ သန့်ရှင်းနိုင်သမျှ သန့်ရှင်းအောင် ကိုယ်တပ်လုံနိုင်သမျှ လုံအောင် သွေးပုပ်တွေ ဖောက်ပစ်တဲ့ စံနစ်ကို တနိုင်ငံလုံး ချီပြီး လုပ်ရလိမ့်မယ်။

၂။ နိုင်ငံရေး သင်တန်းတွေကို စံနစ်တကျ ဖွင့်ပြီး နိုင်ငံရေးလုပ်နေတဲ့ လူငယ်တွေကို နိုင်ငံရေး ထပ်ပြီး အပြင်းအထန် သင်ပေးကြရလိမ့်မယ်။

၃။ သမ၀ါယမ လုပ်ငန်းကို အစိုးရ အကူအညီရသမျှယူပြီး အကောင်အထည်ဖြစ်သွားအောင် လုပ်ကြရလိမ့်မယ်။

၎။ ဖ၊ဆ၊။ပ၊လ လွတ်လပ်ရေး ရန်ပုံငွေကို ဆက်ပြီး ကောက်ခံကြရလိမ့်မယ်။

၅။ အစိုးရနှင့် ပြည်သူ ပူးပေါင်းပြီး တိုင်းပြည် ပြန်လည် ထူထောင်ရေးကို ဖ၊။ဆ၊ပ၊လ က အင်တိုက် အားတိုက် ညွှန်ကြားခေါင်းဆောင်ပြီး လုပ်သွားရမယ်။


လွတ်လပ်ရေးသည် လမ်းဆုံးမဟုတ်



ဖ၊ဆ၊ပ၊လ တိုင်းပြုပြည်ပြု လွှတ်တော် အမတ်တွေဟာ ဖ၊ဆ၊ပ၊လ အစိုးရကို ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေမှာ အကြံပေးဥာဏ်ပေး ကူညီဆောင်ရွက်ချဲ့ထွင်း ပေးရုံတင်မကဘဲ မိမိတို့ ဆိုင်ရာ မဲဆန္ဒနယ်တွေနဲ့ အဆက်မပြတ်ဘဲ လွတ်လပ်တဲ့ ဗမာပြည် အတွက် တိုင်းပြည်လူထုကို အမြင်မှန်အတိုင်း ပြင်ဆင် ထားဖို့ လိုတယ်။ အထူးသဖြင့် တိုင်းပြည်လူထုဟာ လွတ်လပ်ရေးရဲ့ တာဝန်များကိုလဲ အဆင်သင့် ဖြစ်အောင် ဟောပြောပြင်ဆင်ထားဖို့ လိုတယ်။ လွတ်လပ်ရေး ရတယ်ဆိုတဲ့ ကိစ္စဟာ လွယ်တဲ့ ကိစ္စ မဟုတ်ဘူး။ လွတ်လပ်ရေးရရုံနဲ့ ကျုပ်တို့ ပြဿနာတွေ ပြေရှင်းသွားကြမှာ မဟုတ်ဘူး။ အဲဒီ အခါကျမှ တကယ့်ပြဿနာတွေ ပေါ်လာလိမ့်မယ်။ လွတ်လပ်ရေးဟာ လမ်းဆုံး မဟုတ်ဘဲ လူတွေရဲ့ ကောင်းစားရေးကို ရောက်စေမဲ့ လမ်းကြောင်းသာ ဖြစ်တယ်။


ခြိုးခြံဇွဲသန်ကြပါ


တိုင်းပြည် ပြန်လည်ထူထောင်ရာမှာ အခု ရုရှား ပြည်သစ် တည်ခါစကလို အခု ဘိလပ်မှာ ဖြစ်နေသလို လူတွေဟာ အင်မတန် ခြိုးခြံ သည်းခံပြီး ဖွဲနဲ့ဘဲနဲ့ စီစစ် ဆောင်ရွက်လုပ်ကိုင်နိုင်မှ လောင်စာကျပြီ ပြာပုံ အတိဖြစ်နေတဲ့ ဗမာပြည်ကြီးကို စည်ပင်သာယာဝပြောအောင် မနည်း ကျုပ်တို့ လုပ်ရလိမ့်မယ်။ ကျုပ်တို့ဟာ လူထု ခေါင်းဆောင်တွေ ဆိုလို့ ရှိယင် လူထုနားလည်အောင် ရှေ့ဆောင် ဟောပြောညွှန့်ပြပြီး သတ္တိရှိရှိ လုပ်ပြရလိမ့်မယ်။


လွတ်လပ်ရေး အတွက် ချသင့်က ချရမယ်။



အဲဒီတော့ကာ အင်္ဂလိပ်တွေနဲ့ စာရင်းရှင်းကြတဲ့ နေရာမှာလဲ ဗမာပြည်လွတ်လပ်ယင် ဘယ်သူတွေနဲ့ ပေါင်းရမလဲ။ ဘယ်သူတွေနဲ့ ပေါင်းလို့ကောင်းမလဲ။ ကျုပ်တို့ဟာ နိုင်ငံခြား အကူအညီ ကင်းလို့ မဖြစ်နိုင်ဘူးဆိုတာတွေ ထောက်ပြီး အမြော်အမြင်ကြီးကြီနဲ့ လုပ်တက်ရလိမ့်မယ်။ အကြမ်းပတမ်း ဖြစ်ယင်လဲ ဒီလောက်ဘဲ။ ဒီအတိုင်း သွားလဲ ဒီလောက်ဘဲ ဆိုတဲ့ အခြေအနေမျိုး ဆိုယင်တော့ ကျွန်တော်တို့ အဖို့မှာ ဘယ်သူတွေ ဘာပြောပြော၊အကြမ်းမကိုင်ဘဲနဲ့ လွတ်လပ်ရေး အာဏာသိမ်းနိုင်အောင် လုပ်မှာဘဲ။ သို့ပေမဲ့ ဒီလို မဖြစ်နိုင်ဘူး ဆိုယင်တော့ ချရမှာဘဲ။ အဲဒီလိုလုပ်ရမဲ့ ကိစ္စတွေမှာ ဖ၊ဆ၊ပ၊လ မှာ ရှိတဲ့ လက်ဝဲသမားတွေ ညီညွတ်မှုဟာ အခြေခံ ပင်မ အချက်ကြီး ဖြစ်တယ်ဆိုတာ တုမှေ-သင် ပရိသတ် အပေါင်းတို့သည် ၊ ဂဏုထ-မမေ့ မလျော့မပေါ့သတိနှင့် မှတ်သား သွားကြကုန်လော့ဟူ၍ တိုက်တွန်း လိုက်ရပေသတည်း။
အပြည့်အစုံသို့...

Political Sceince Part (39)

တရားစီရင်ရေးဌာန

တရားဥပဒေဆန့်ကျင်ချိုးဖောက်သူများကို အပြစ်ပေးရန် တရားစီရင်ရေးဌာန၏ အဓိကတာဝန်ဝတ္တရား ဖြစ်ပေသည်။ တရားစီရင်ရေးဌာနသည် လူတိုင်းကို တရားဥပဒေအရ ကာကွယ်ပေးရသောကြောင့် လူတစ်ဦးကို တခြားတစ်ဦးက သော်လည်းကောင်း လူအများနှင့် အစိုးရကသော်လည်းကောင်း တရားဥပဒေမဲ့ ထင်တိုင်းမလုပ်နိုင်အောင် ကာကွယ်မှုပြရသည်။ ထို့ကြောင့် တရားစီရင်ရေးဌာနကို ပုဂ္ဂိုလ်တိုင်း၏ စောင့်ထိန်းကာကွယ်သူအဖြစ် နားလည်ကြပေသည်။ ပြည်ထောင်စု နိုင်ငံများတွင်မူ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးရာနှင့် စပ်လျဉ်းပြီး အချင်းများနိုင်သည်။ယင်းသို့ အချင်းများလာလျှင် ကိုးကားကိုင်စွဲ၍ ဖြေရှင်းရသည်။ သို့ရာတွင် ပြည်ထောင်စု နိုင်ငံများရှိ တရားစီရင်ရေးဌာနတို့၏ တန်ခိုးအာဏာတစ်ခုနှင့် တစ်ခု မတူညီသညို သတိပြုရပေမည်။

အထက်ပါအကြောင်းများကို ထောက်ရှုလျှင် တရားစီရင်ရေးဌာန၏ အဓိကအရေးကြီးဆုံးတာဝန်မှာ အုပ်ချုပ်ရေးနှင့် စပ်လျဉ်းပြီး တရားမျှတမှုရှိအောင် ဆောင်ရွက်ပေးရန်ပင်ဖြစ်ကြောင်း ထင်ရှားသည်။ ပြည့်ဝသော တရားမျှတမှုကို လူတိုင်းရရှိခံစားနိုင်စေရန် တရားစီရင်ရေးဌာနသည် အစိုးရအဖွဲ့၏ ကျန်နှစ်ဌာနတို့၏ လွှမ်းမိုးမှုမှ လုံးဝကင်းလွတ်ရန်လခိုအပ်ပေသည်။ ထို့ပြင် တကယ်တမ်း ဖြောင့်မှန် တရားမျှတသော ဆုံးဖြတ်ချက်များ ပေးနိုင်ရန် အမက်ဒေါသထွက်နေသော လူထု၏ အလိုဆန္ဒလွှမ်းမိုးမှုတို့မှလည်း ကင်းလွတ်ရပေမည်။ ယင်းသို့ဖြစ်လာနိုင်စေရန် နည်းအမျိုးမျိုးကို အသုံးပြုသောကြောင့် တရားသူကြီးများကို ခန့်အပ်ရာ၌လည်းကောင်း၊ ဖြုတ်ချရာ၌လည်းကောင်း တစ်နိုင်ငံနှင့် တစ်နိုင်ငံ မတူညီကြချေ။

တရားသူကြီးများခန့်အပ်ပုံ

၁) တရားသူကြီးများကို ပြည်သူလူထုက ရွေကောက်တင်မြောက်ခြင်း။
၂) ဥပဒေပြုအဖွဲ့က ရွေးကောက်တင်မြှောက်ခြင်း။
၃) ရွေးချယ်ရေးဌာနက ရွေးချယ်ခန့်အပ်ခြင်း။

၁)အမေရိကန်ပြည်ထောင်စုမှ များစွာသော ပြည်နယ်တို့တွင် တရားသူကြီးများကို ပြည်သူများကိုယ်တိုင် ရွေးကောက် တင်မြောက်ကြသည်။ ဤနည်းသည် အာဏာခွဲဝေသောစနစ် (Seperation Of power) နှင့် ကိုက်ညီသောကြောင့် ဒီမိုကရေစီကျသောနည်းဟူ၍ ယူဆကြ၏။ သို့ရာတွင် ၄င်းနည်း၌ ချွင်းချက်များရှိနေသည်ကို အောက်ပါအတိုင်း တွေ့ရှိရပေသည်။

(က)သာမန်မဲဆန္ဒရှင်တို့သည် တရားရေးရာများနှင့် စပ်လျဉ်းပြီး နားမလည်ကြသောကြောင့် တရားသူကြီးလောင်းတို့၏ တကယ့်အရညအချင်းများကို သိနိုင်ကြလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် မဲဆန္ဒရှင်တို့သည် တရားရေးရာနှင့် စပ်လျဉ်းပြီး အရည်အချင်းပြည့်ဝသော သူထက် ထင်ပေါ်ကျော်စောသူကို ရွေးကောက်တင်မြောက်ကြပေလိမ့်မည်။

(ခ)တရားသူကြီးများကို ရွှေးကောက်တင်မြှောက်လျှင် နိုင်ငံရေးပါတီတို့မှ ပုဂ္ဂိုလ်များဝင်ရောက် အရွှေးခံကြပေလိမ့်မည်။ အကျင့် သီလသမာဓိတို့နှင့် ပြည့်စုံကြပြီး ပါတီနိုင်ငံရေးနှင့် ကင်းရှင်းသော ပုဂ္ဂိုလ်များအနေဖြင့် ကင်းရှင်းသော ပုဂ္ဂိုလ်များအနေဖြင့် တရားသူကြီး ရွှေးကောက်ပွဲတွင် ၀င်ရောက်ပြိုင်ဆိုင်လိုကြမည် မဟုတ်ပေ။ ထို့ကြောင့် တရားသူကြီးကောင်းများ မရရှိနိုင်ပဲ ပါတီသံယောဇဉ်ဖြင့် မျက်နှာလိုက်တတ်သော နိုင်ငံရေးရာသူကြီးများ ကြီးစိုးသည့်အောက်တွင် ပြည်သူတို့ဒုက္ခရောက်ကြရပေလိမ့်မည်။

(၂)အမေရိကန်ပြည်ထောင်စု၏ တချို့ သောပြည်နယ်များတွင် တရားသူကြီးများကို ဥပဒေပြုအဖွဲ့ အရွှေးအကောက် တင်မြှောက်ကြသည်။ ဆွစ်ဇာလန်ပြည်ထောင်စု တရားသူကြီးများကိုလည်း ပြည်ထောင်စုဥပဒေပြုအဖွဲ့က ရွှေးကောက်တင်မြှောက်ရ၏။ ဥပဒေပြုအဖွဲ့မှ အမတ်များသည် မဲဆန္ဒရှင် လူထုထက်အရည်အချင်းရှိသောကြောင့် ၄င်းအဖွဲ့မှ ရွှေးကောက် တင်မြှောက်သော တရားသူကြီးများသည် မဲဆန္ဒရှင် ပြည်သူတို့က ရွှေးကောက်တင်မြောက်သော တရားသူကြီးများထက် အဆင့်အတန်းမြင့်လိမ့်မည်ဟု ယုံကြည်ယူဆကြသည်။ သို့ရာတွင် အောက်ပါအတိုင်း ချို့ ယွင်းချက်တစ်ခုကို တွေ့ရှိရသည်။

ဥပဒေပြုအဖွဲ့တွင် အာဏာရပါတီ၏ အမတ်ဦးရေက အများစုဖြစ်နေသောကြောင့် အာဏာရပါတီသည် ၄င်း၏ဥပဒေပြုအဖွဲ့မှ အမတ်များကို အသုံးချပြီး မှန်ကန်စွာ ဆုံးဖြတ်နိုင်မှ အရည်အချင်း ပြည့်ဝမှုတိုပါတီကို သစ္စာရှိသော သူများကိုသာ တရားသူကြီး များအဖြစ်ဖြင့် ရွှေးကောက်တင်မြှောက်ကြပေလိမ့်မည်။ ပါတီမှ မြှောက်စားလိုက်သော တရားသူကြီးသည် ပါတီအတွက်သာ အဓိကားပြုမူလုပ်ဆောင်ကြမည်ဖြစ်သောကြောင့် တရားသူကြီးများတွင် ရှိအပ်သော

(၁) မျက်နှာမလိုက်ခြင်း။
(၂)ရိုးသားဖြောင့်မတ်ခြင်း။
(၃) သန့်ရှင်းစင်ကြယ်ခြင်း။
(၄)လွတ်လပ်ခြင်း အစရှိသော အရည်အချင်းများကို ဖျက်ဆီးပစ်ကြပေလိမ့်မည်။ ယင်းသို့သော တရားသူကြီးများ လက်အောက်ရှိ ပြည်သူလူထုသည် "ကျားသနားမှ နွားချမ်းသာ" ဘ၀မျိုးတွင် ကျရောက်နေကြရပေလိမ့်မည်။

(၃)အထက်ဖော်ပြပါ အကြောင်းများကြောင့် မျက်မှောက်ခေတ် နိုင်ငံအများအပြားတွင် တရားသူကြီးများကို အုပ်ချုပ်ရေးဌာနက ခန့်အပ်သော နည်းကို အသုံးပြုကြသည်။ ဤနည်းမှာလည်း ပါတီသံယောဇဉ် ကင်းနိုင်သော နည်းတစ်ရပ်မဟုတ်သေးပေ။ သို့ရာတွင် ပထမနည်းတိုးတက်မှု ကောင်းမွန်ကြောင်း လက်တွေ့အားဖြင့် တွေ့ရှိကြရပေမည်။ တရားစီရင်ရေး ဌာနနှင့် စပ်လျဉ်းပြီး ဤမျှနှင့် ကျေနပ်နိုင်စရာ အကြောင်းမရှိပေ။

ထို့ကြောင့်ပြည်သူတို့ တရားမျှတမှု အပြည့်အ၀ခံစား နိုင်စေရန် အောက်ဖော်ပြပါ နည်းများကို အသုံးပြုကြပေသည်။

(၁)ကမ္ဘာ့နိုင်ငံတိုင်းလိုတွင်ရှိကြသော တရားသူကြီးတို့၏ တရားသူကြီးသက်တမ်းသည် အမြဲတမ်းဖြစ်ကြ၏ တရားသူကြီးတစ်ယောက်သည် အကျင့်သီလပျက်ပြီး လာဘ်စားခြင်း စသောတရားဥပဒေ တစ်ခုခုကိုမျှ ချိုးဖောက်ခြင်းမရှိလျှင် ၄င်း၏ရာထူးမှာ ရာသက်ပန်တည်မြဲနိုင်သည်။ တရားသူကြီး တစ်ယောက်သည် ကောင်းစွာကျင့်ကြံပြုမှု နေသမျှ ၄င်းကိုမည်သူကမျှ ဖြုတ်မချနိုင်ပေ။ ထို့ကြောင့် တရားသူကြီးသည် ပြည်သူတို့အပေါ် "တရားမိုး" ရွာသွန်းဖြိုးနိုင်ပေလိမ့်မည်။

(၂)တရားသူကြီးများ တရားဆုံးဖြတ်ရာတွင် လွတ်လပ်မှုနှင့် လုံခြုံမှုရှိစေရန် ၄င်းတရားသူကြီးများကို ခန့်အပ်နိုင်သူနှင့် ဖြုတ်ချနိုင်သူကို တစ်ဦးစီထားရှိရပေသည်။ များစွာသော နိုင်ငံများတွင် တရားသူကြီးများကို အုပ်ချုပ်ရေးဌာနကသာ ခန့်အပ်လေ့ရှိသည်။ ၄င်းတရားသူကြီးများတွင် အပြစ်ရှိလာသောအခါ ဥပဒေပြုအဖွဲ့က ဖြုတ်ချရ၏ အမေရိကန်တွင် ဆီးနိတ်၏ သဘောတူညီချက်ဖြင့် သမ္မတကပြည်ထောင်စု တရားသူကြီးကို ခန့်အပ်ရသည်။ တရားသူကြီးအနေဖြင့် အပြစ်တစ်စုံတစ်ရာကို ကျူးလွန်လျှင် စွဲချက်တင်၍ ဥပဒေပြုအဖွဲ့က ဖြုတ်ချနိုင်သည်။

အင်္ဂလန်နိုင်ငံတွင်မှု လွှတ်တော်ချုပ်တရားသူကြီးများကို ချန်ဆယ်လာ၏ အကြံပေးတင်ပြချက် အတိုင်းဘုရင်ခန့်အပ်ရသည်။ ချန်ဆယ်လာကို တရားသူကြီး ချုပ်အနေဖြင့် ယူဆကြသည်။ တရားသူကြီးများကို လွှတ်တော်နှစ်ရပ်ပေါင်းက ဖြုတ်ချနိုင်သည်။

(၃)တရားမျှတသော ဆုံးဖြတ်ချက်များ ပေးနိုင်ရန် တရားသူကြီးများအတွက် အရေးကြီးဆုံးသော အချက်မှာ စိတ်ရူးပေါက်နေသော ပြည်သူတို့၏ အလိုဆန္ဒလွှမ်းမိုးမှုမှ ကင်းလွတ်ရန်ပင်ဖြစ်သည်။ ဆိုလိုသည်မှာ ပြည်သူတို့အနေဖြင့် မမှန်မကန် မကောင်းသော ဆုံးဖြတ်ချက်ဟု ယူဆန္ဒနေကြသော်လည်း တရားသူကြီးအနေဖြင့် ၄င်းမှန်သည်ထင်ရာကို ရဲရဲဝံ့ဝံ့ဆုံးဖြတ်ဆုံးဖြတ်ချက် ပေးဝံ့ရန်ပင်ဖြစ်သည်။ တရားသူကြီး တစ်ယောက်အနေဖြင့် ပြည်သူလူထု အလိုဆန္ဒလွမ်းမိုးခံရပါမှု "မြည်းတစ်ကောင်နှင့် သားဖ နှစ်ယောက်" ပုံပြင်ကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့်တရား သူကြီးများအပေါ် ပြည်သူဆန္ဒ လွှမ်းမိုးမှုမရှိနိုင်စေရန် တရားသူကြီးများကို ရွှေးကောက်တင်မြောက်ခြင်း မပြုအပ်ပေ သို့မှသာလျှင် တရားသူကြီးတို့၏ တရားဆုံးဖြတ်ချက်များသည် ပြည်သူတို့၏ စိတ်ရူးပေါက်သော အလိုဆန္ဒများ လွှမ်းမိုးခြင်းတို့မှ ကင်းလွန်ပြီးတရားမျှတ နိုင်ပေမည်။

(၄)တရားသူကြီးများကို အဆင့်အတန်းမြင့်မားစွာ နေထိုင်စေရန် လုံလောက်သောလစာ ပေးထားသင့်ပေသည်။ သို့မှသာလျှင် လာဘ်စား၍ မျက်နှာလိုက်ဆုံးဖြတ်ပေးမှုတို့မှ ကင်းလွတ်နိုင်ပေမည်။

(၅)တရားသူကြီးများကို ခန့်အပ်ရာတွင်လည်း ပါတီသံယောဇဉ်ရှိသူများကို မခန့်အပ်ဘဲ ရိုးသားဖြောင့်မတ်၍ အရည်အချင်းရှိသော ပုဂ္ဂိုလ်များကို ခန့်အပ်သင့်သည်။


အပြည့်အစုံသို့...

Political Sceince Part (38)

သမ္မတအာဏာကိုကန့်သတ်ချက်များ

ကမ္ဘာပေါ်တွင်ရှိသော အုပ်ချုပ်ရေးဌာနတို့၏ အာဏာများထဲတွင် အမေရိကန်အုပ်ချုပ်ရေးဌာနမှ အမေရိကန် သမ္မတအုပ်ချုပ်ရေး ဌာနမှ အမေရိကန်သမ္မတ၏ အုပ်ချုပ်ရေးအာဏာသည် တန်ခိုးပါဝါအကြီးဆုံးဖြစ်သည်။ သို့ရာတွင် အမေရိကန် သမ္မတအာဏာမှာလည်း အကန့်အသတ်မရှိသော အာဏာမဟုတ်ချေ။ သမ္မတအာဏာကို ကန့်သတ်ထားကြ၏ ယင်းသို့ ကန့်သတ်မထားလျှင် သမ္မတလည်း အာဏာရှင်ဖြစ်လာပေမည်။ ထို့ကြောင့် အောက်ဖော်ပြပါအတိုင်း အမေရိကန် သမ္မတ၏ အာဏာများကို ကန့်သတ်ထားပေသည်။

၁) ဒုတိယဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ချက်အရ မည်သည့်ပုဂ္ဂိုလ်မျှ အမေရိကန်သမ္မတအဖြစ် နှစ်ကြိမ်ထက်ပို၍ ဖြစ်နိုင်ခွင့်မရှိပေ။

သို့ရာတွင် အမေရိကန်လွတ်လပ်ရေးရရှိသော ၁၇၈၃ မှ စ၍ ယနေ့သမ္မတ ဂျွန်ဆင်လက်ထက်အထိ အမေရိကန် သမ္မတပေါင်း ၃၆ ယောက်ရှိသည့်အနက် "၃၁" ကြိမ်မြောက်ဖြစ်သော သမ္မရူးစဘဲတ် (Roosevelt) သည် ၁၉၃၃ ခုနှစ်မှစ၍ ၁၉၄၅ ခုနှစ်အထိ သမ္မတဖြစ်ခဲ့သောကြောင့် နှစ်ကြိမ်ထက်ပို၍ သမ္မတဖြစ်ခဲ့ရသည်ကို တွေ့ရှိရသည်။ ယင်းသို့ ကန့်သတ်ချက်ထက် အကြိမ်ပို၍ သမ္မဖြစ်ရခြင်းမှာ ၄င်းသမ္မတနှစ်ကြိမ်သက်တမ်းအတွင်း ဒုတိယကမ္ဘာစစ်ဖြစ်သောကြောင့်ပင် ဖြစ်သည်။

၂) သမ္မတသည် အုပ်ချုပ်ရေးဌာန၏ အာဏာပိုင်ဖြစ်သော်လည်း ဥပဒေပြုအဖွဲ့ကို ဖျက်သိမ်းနိုင်ခွင့်မရှိပေ။ ဥပဒေပြုအဖွဲ့အနေဖြင့်လ်း သမ္မတကို ဖြုတ်မချနိုင်သောကြောင့် အုပ်ချုပ်ရေးဌာနနှင့် ဥပဒေပြုဌာနတို့သည် အကြမ်းအားဖြင့် တန်ခိုးအာဏာတူမျှသည်။ သို့ရာတွင် သမ္မတ၏ အပြည်ပြည်ဆိုင်ရာ စာချုပ်များည် စီးနိတ်လွှတ်တော်က သဘောတူမှသာလျှင် အတည်ဖြစ်နိုင်သည်။ ထို့ကြောင့် အမေရိကန်သမ္မတသည် အပြည်ပြည်ဆိုင်ရာ စာချုပ်များကို ၄င်း၏သဘောအတိုင်း ချုပ်ဆိုနိုင်ခွင့် မရှိပေ။

၃) သမ္မတသည် အုပ်ချုပ်ရေးကိစ္စမှန်သမျှ တာဝန်ယူ၍ ဆောင်ရွက်ရသော်လည်း ၄င်းအုပ်ချုပ်ရေး ကိစ္စများနှင့် စပ်လျဉ်း၍ ငွေသုံးစွဲခွင့်ကိုမူ ဥပဒေပြုအဖွဲ့က ချုပ်ကိုင်ထားပေသည်။ ထို့ကြောင့် သမ္မတသည် ဥပဒေပြုအဖွဲ့၏ ခွင့်ပြုချက်ရမှသာလျှင် အုပ်ချုပ်ရေး၊ စီမံကန်းစသည်တို့အတွက် ငွေကြေးသုံးစွဲရပေသည်။

အမေရိကန်သမ္မတအုပ်ချုပ်ရေးစနစ်၏ ကောင်းကျိုးများ


၁) ပါလီမန်အုပ်ချုပ်ရေးစနစ်တွင် မတွေ့ရှိနိုင်သော ကောင်းကျိုးများကို သမ္မတအုပ်ချုပ်ရေးစနစ်တွင် တွေ့ရှိနိုင်သည်။ အုပ်ချုပ်ရေးဌာနသည် ဥပဒေပြုဌာနနှင့် လုံးဝကင်းလွှတ်နေခြင်းသည် သမ္မအုပ်ချုပ်ရေးစနစ်၏ လက္ခဏာတစ်ရပ်ဖြစ်သည်။ အုပ်ချုပ်ရေးအဖွဲ့သည် ဥပဒေပြုအဖွဲ့နှင့် ကင်းလွှတ်နေသောကြောင့် ပြည်တွင်းစစ်များနှင့် လုပ်ကြံမှုများဖြစ်နိုင်သည်။

၃) ဥပဒေကို အခြေအနေနှင့် လိုက်လျောကိုက်ညီအောင် ပြုစုပြဌာန်းရန် အလွန်အရေးကြီးသည်။ ယင်းသို့အခြေအနေနှင့် လိုက်လျောကိုက်ညီအောင် ပြုစုပြဌာန်းခွင့် ရှိမှသာလျှင် ဖြစ်နိုင်ပေမည်။ ပါလီမန်အုပ်ချုပ်ရေးစနစ်တွင် အုပ်ချုပ်ရေးဌာနမှ ကက်ဘိနက်အဖွဲ့ဝင် ၀န်ကြီးအားလုံးတို့သည် ဥပဒေပြုအမတ်များ ဖြစ်ကြသောကြော့် ဥပဒေပြုအဖွဲ့တွင် လမ်းညွှန်ကော်မတီသဖွယ် ဖြစ်နေ၏။ ထိုကြောင့် တိကျပြတ်သားသော ဥပဒေများ၊ အခြေအနေနှင့် ဟပ်မိသောဥပဒေများ၊ တကယ်တမ်းလိုအပ်သည့် လုံးဝင်းလွတ်နေကြသည့်အလျောက် အခြေအနေနှင့် ဟပ်မိသော ဥပဒေများကိုလည်း ပြုစုနိုင်လိမ့်မည် မဟုတ်ပေ။ ထိုကြောင့် အုပ်ချုပ်ရေးစက်ယန္တယားတွင် ချွတ်ယွင်းချက်များဖြစ်ပေါ်နိုင်သည်။

၎) သမ္မတအုပ်ချုပ်ရေးစနစ်ကို အသုံးပြုသော နိုင်ငံအစစ် အုပ်ချုပ်ရေးသမားတို့နှင့် ရုပ်ပြအုပ်ချုပ်ရေးသမားတို့ (National And Real Executive) မှာ ကွဲပြားခြားနားမှု မရှိချေ။ သမ္မတသည် အာာပိုင်အုပ်ချုပ်ရေးသမား ဖြစ်သကဲ့သို့ ရုပ်ပြအုပ်ချုပ်ရေးသမားလည်းဖြစ်သည်။ ထို့ကြောင့် သမ္မတသည် အာဏာပိုင် အုပ်ချုပ်ရေးသမား တစ်ယောက်အနေဖြင့် တိုင်းပြည်အုပ်ချုပ်ရေး စက်ယန္တရားကို မောင်နှင်နေရပြီး၊ တစ်ဘက်တွင်လည်း အာဏာမပိုင်သော ရုပ်ပြအုပ်ချုပ်ရေးသမား တစ်ယောက်အနေဖြင့် အရေးမကြီးသော အခမ်းအနား ပွဲလမ်းသဘင် ကပွဲ၊ ပြပွဲများ ဖွင်ပေးခြင်း အဆောက်အဦးအုပ်မြစ်ချခြင်း စသောအလုပ်များကို ပြုလုပ်ရပေသည်။ ယင်းသို့ ရုပ်ပြအုပ်ချုပ်ရေးသမား ပြုလုပ်ရမည့် ကစ္စအ၀၀ကို ဆောင်ရွက်နေရခြင်းဖြင့် အုပ်ချုပ်ရေး လုပ်ငန်းများ လစ်ဟင်းစေနိုင်သည်။
အပြည့်အစုံသို့...

November 16, 2009

Political Sceince Part (37)

သမ္မတအုပ်ချုပ်ရေး

သမ္မတအုပ်ချုပ်ရေးဆိုသည်မှာ သတ်မှတ်ထားသော အုပ်ချုပ်ရေးကာလ သက်တမ်းတွင်း ဥပဒေပြု အဖွဲ့ကသော်လည်းကောင်း ပြည်သူများကသော်လည်းကောင်း ဖြုတ်ချ၍မရသော "ခိုင်မြဲသည့် အုပ်ချုပ်ရေး" (Fixed Executive) ပင်ဖြစ်သည်။

သမ္မတအုပ်ချုပ်ရေး၏ ထင်ရှားသောလက္ခဏာများ

၁) သမ္မတအုပ်ချုပ်ရေးစနစ်တွင် အုပ်ချုပ်ရေးဌာန၏ အကြီးအကဲဖြစ်သူ သမ္မတသည် ရုပ်ပြအုပ်ချုပ်ရေးသမား မဟုတ်ပေ။ ထို့ကြောင့် ၄င်းကိုပြည်သူများသာလျှင် တိုက်ရိုက်ရွေးကောက်တင်မြှောက်ရသည်။

၂) သမ္မတကို ဥပဒပြုအဖွဲ့က တင်မြှောက်ခြင်းမဟုတ်ပဲ ပြည်သူများကသာ ရွေးကောက် တင်မြှောက်ခြင်း ဖြစ်သောကြောင့် သမ္မတသက်တမ်းသည် ဥပဒေပြုအဖွဲ့ပေါ်မူတည်ည်။ ဥပဒေပြုအဖွဲ့သည် သမ္မတကိုမကြိုက်သော်လည်း ဖြုတ်မချနိုင်ပေ။ ယင်းသို့ ဥပဒေပြုအဖွဲ့နှင့် လုံးဝင်းလွတ်နေခြင်းသည် သမ္မတကို အုပ်ချုပ်ရေးစနစ်၏ ထူးခြားချက်တစ်ရပ်ပင်ဖြစ်သည်။

၃) သမ္မတအုပ်ချုပ်ရေးနစ်တွင် အစစ်နှင့်ရုပ်ပြအုပ်ချုပ်သမားသည် ပုဂ္ဂိုလ်တစ်ဦးတည်းသာ ဖြစ်သည်။ သမ္မတသည် ရုပ်ပြအနေဖြင့် တိုင်းပြည်၏ အထွတ်အထိပ် ဖြစ်သကဲ့သို့ အစစ်အမှန်အုပ်အုပ်ချုပ်ရေးသမား အနေဖြင့် အုပ်ချုပ်ရေးဌာန၏ အကြီးမားဆုံးသော ပုဂ္ဂိုလ်လည်းဖြစ်သည်။

၎) သမ္မတအုပ်ချုပ်ရေးစနစ်တွင် သမ္မတကိုမဲဆန္ဒပေး၍ တင်မြှောက်ပြီှးလျှင် သတ်မှတ်ထားသော သမ္မတသက်တမ်းအတွင်းတွင် ဖြုတ်မချနိုင်တောပေ။

အမေရိကန်သမ္မတ

အမေရိကန်သမ္မတသည် ရုပ်ပြအုပ်ချုပ်ရေးသမားအနေဖြင့် အမေရိကန်ပြည်ထောင်စု၏ အထွတ်အထိပ်သမ္မတ ဖြစ်ပြီး အစစ်အမှန် အုပ်ချုပ်ရေးသမားအနေဖြင့် အမေရိကန်အုပ်ချုပ်ရေးဌာန အစိုးရအဖွဲ့၏အကြီးဆုံး တာဝန်အရှိဆုံး ပုဂ္ဂိုလ်လည်းဖြစ်သည်။ ထို့ကြောင့်ပင် အမေရိကန်သမ္မတကို ကမ္ဘာပေါ်တွင် တန်ခိုးအကြီးဆုံးသော အုပ်ချုပ်ရေးသမားဟု ယူဆကြသည်။

အမေရိကန်သမ္မတရွေးကောက်ပွဲ


မဲဆန္ဒရှင်လူထုသည် ကော်လိပ်တော်အရာရှိခေါ် ရွေးချယ်ရေးအဖွဲ့ (College of Electros) ကိုရွေးရောက် တင်မြှောက်ရသည်။ အမေရိကန် ဥပဒေပြုအဖွဲ့ (Congress) အမတ်ဦးရေ အပြည့်ရွေးကောက်ပြီး ၄င်းရွေးချယ်ရေးပေါ်အဖွဲ့မှ သမ္မတကို ရွေးကောက်တင်မြှောက်ရသည်။ ထို့ကြောင့် စာဆိုအားဖြင့် ပြည်သူလူထုသည် သမ္မကိသွယ်ဝိုက်၍ ရွေးကောက်တင်မြှောက်ကြရသည်။

သို့ရာတွင် ပါတီစနစ်ကို အသုံးပြုသောကြောင့် ရွေးချယ်ရေးကိုယ်စားလှယ်များက သမ္မတကို မရွေးချယ်သေးမီပင် မည့်သည့် သမ္မတအနိုင်ရရှိကြောင်း သိရှိနိုင်သည်။ ရွေးချယ်ရေး ကိုယ်စားလှယ်များသည် ရွေးကောက်ပွဲကာလ၌ပင် မိမိတို့ ရွေးချယ်ရေးကိုယ်စားလှဝ်အဖြစ် အရွေးးခံရပါက မည်သူ့ကိုသမ္မတ အဖြစ်ရွေးကောက်တင်မြှောက်ရန် မဲပေးပါမည်ဟု ကြေငြာထားကြလေသည်။ ထို့ကြောင့် အမေရိကန်သမ္မတ ရွေးကောက်ပွဲစနစ်ကို တိုက်ရိုက် ရွေးကောက်သောစနစ်ဟုပင် ယူဆရပေမည်။

အမေရိကန်သမ္မတ၏ တန်ခိုးပါဝါများ


အမေရီကန်သမ္မတသည် ၄င်း၏အစိုးရအဖွဲ့ဝင်များအဖြစ် ၄င်းကြိုက်သောသူများကို ရွေးချယ်ခွင့်ရှိသည်။ ပါတီမှ ပုဂ္ဂိုလ်များကိုသာ ရွေးချယ်ရမည်ဟု ကန့်သတ်ချက်မရှိပေ။ သင့်တောင်မည်ထင်သူ မည်သူ့ကိုမဆို ရွေးချယ်ခန့်ထားနိုင်သည်။ ဆီးနိတ်လွှတ်တော်အနေဖြင့်သာ သမ္မတရွေးချယ်ထားသူများကို အတည်ပြုပေးရသော်လည်း ပြင်းပယ်ခွင့်မရှိ။ ထို့ကြောင့် သမ္မတလက်ထဲတွင် အစိုးရအဖွဲ့ဝန်ကြီးများကို ကြိုက်သလို ခန့်ထားခွင့် ပြည်ထောင်စု တရားသူကြီးများကို ကြိုက်သလိုခန့်ထားခွင့် ပြည်ထောင်စုတရားသူကြီးများ ခန့်ထားခွင့်နှင့် အခြားရာထူးများ ခန့်ထားခွင့်အာဏာများ ရှိသည်။

(၂) အမေရိကန် သမ္မတသည် လက်နက်ကိုင်တပ်ပေါင်းစုံ၏ စစ်သေနာပတိ ဗိုလ်ချုပ်ကြီးဖြစ်သည်။ သမ္မတကိုစစ်ရေးစစ်ရာနှင့် စပ်လျဉ်းပြီး အကြံဥာဏ်ပေးရန် တပ်ပေါင်းစု အကြံပေးအဖွဲ့ချုပ် ရှိသော်လည်း သမ္မတသည် အကြံပေးချက်များကို လက်ခံလိုမှ လက်ခံနိုင်သည်။ မကြိုက်လျှင် ငြင်းပယ်နိုင်ပေသည်။ ထို့အပြင် ၄င်းအကြံပေးအဖွဲ့သည် သမ္မတက ခန့်အပ်ထားခြင်းသာ ဖြစ်သည်။ သမ္မ၌ အုပ်ချုပ်ရေးဌာနမှ မည်သူ့ကိုမဆို ဖြုတ်ချနိုင်သောအာဏာရှိသည်။ ဥပမာ ကိုးရီးယား စစ်ပွဲကာလတွင် အမေရိကန်သမ္မတသည် စစ်ဗိုလ်ချုပ် မက်အာသာကို ရာထူးမှ ဖယ်ရှားခဲ့ဖူးသည်။

(၃) အမေရိကန်သမ္မတနှင့် ဥပဒေပြုအဖွဲ့ကို ပါတီကရွေးချယ်ထားခြင်းဖြစ်သည်။ သမ္မတပါတီမှ အမတ်များ လွှတ်တော်ထဲတွင် အများစုဖြစ်နေပါက သမ္မတအနေဖြင့် ၄င်းကြံစည်ချက်များနှင့် ကိုက်ညီသော ဥပဒေများကို ပြုလုပ်စေခိုင်းနိုင်သည်။

ထို့ကြောင့် အမေရိကန်သမ္မတဥပဒေပြုခြင်းကို သြဇာလွှမ်းမိုးနိုင်သော တန်ခိုးပါဝါရှိသည်။ သမ္မတသက်တမ်း ၄ နှစ်ဖြစ်ပြီး ဆီးနိတ်အမတ်တို့၏ ၁/၃ နှင့် အောက်လွှတ်တော် အမတ်အားလုံးတို့ကို ၂ နှစ် ၁ ခါ အသစ်တစ်ဖန် ရွေးကောက်တင်မြောက်ရသောကြောင့် သမ္မတသက်တမ်းအတွင်း ဥပဒေပြုအဖွဲ့၌ ၄င်းသမ္မတ၏ ပါတီမှအမတ်များ လူနည်းစုဖြစ်သွားနိုင်သည်။ ယင်းသို့ဖြစ်လာပါမူ သမ္မတအနေဖြင့် ဥပဒေပြုအဖွဲ့အပေါ် သြဇာမရှိနိုင်၊ သို့ရာတွင် သမ္မတ၀ီလဆင်လက်ထက်၌ သမ္မတပါတီမှ အမတ်များ ဥပဒေပြုအဖွဲ့အတွင်း လူနည်းစုဖြစ်ခဲ့ရပြီးနော်က ယနေ့အထိမူ ထိုသို့မဖြစ်သေးပေ။ သမ္မတပါတီမှ အမတ်များသည် ဥပဒေပြုအဖွဲ့ထဲ၌ အမြဲတမ်းဖြင့် လူများစုဖြစ်၏။ ထို့ကြောင့် သမ္မတအနေဖြင့် ၄င်း၏ ၀ါဒလမ်းစဉ်နှင့် ကိုက်ညီသော ဥပဒေများကို ပြုလုပ်စေခိုင်းခြင်းဖြင့် သမ္မတသည် ဥပဒေပြုအဖွဲ့အပေါ် သြဇာလွှမ်းမိုးနိုင်ခြင်းသည် သမ္မတ၏ တန်ခိုးပါဝါ တစ်ခုပင်ဖြစ်သည်။

(၄) သမ္မတတွင် ဥပဒေပြုအဖွဲ့မှ ပြုလုပ်လိုက်သာ ဥပဒေများကို ဗီတို (Veto) ခေါ် တစ်ချက်လွှတ်အမိန့်အာဏာဖြင့် ပယ်ချနိုင်သော အာဏာရှိသည်။ သမ္မတသည် ဥပဒေပြုအဖွဲ့၌ ၄င်း၏ ပါတီမှ အမတ်များလူနည်းစု ဖြစ်နေသောကြောင့် ၄င်း၏၀ါဒလမ်းစဉ်နှင့် မကိုက်ညီသော ဥပဒေများကို ဥပဒေပြုအဖွဲ့က ပြုစုလျှင်ဗီဒိုအာဏာဖြင့် ပယ်ချနိုင်သည်။ သမ္မတက ဗီဒိုအာဏာဖြင့် ပယ်ချထားသော ဥပဒေကို လွှတ်တော်သို့ ပြန်လည်တင်ပြပြီး လွှတ်တော်နှစ်ခုစလုံးက ၂/၃ သော အမတ်များကထော်ကခံရန်မှာ ဖြစ်နိုင်ခဲသော ကိစ္စတစ်ရပ်သာဖြစ်သည်။ ထို့ကြောင့် သမ္မတသည် ဥပဒေပြုဗီတိုအာဏာ (Legislative Veto) သည် အလွန်ထက်မြက်သော အာဏာဖြစ်သည်။

(၅) သမ္မတသည် အုပ်ချုပ်ရေးဌာန၏ အာဏာပိုင်ဖြစ်သည့်အလျောက် ရှိပေသည်။ ဥပဒေပြုအဖွဲ့အနေဖြင့် နိုင်ငံခြားရေးဝါဒကိုမူချထားသော်လည်း စေ့စပ်ဆွေးနွေးရေး၊ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးပမာဏတို့သည် သမ္မတ၏ လက်ထဲ၌သာရှိကြ၏။ ထို့ပြင် ဥပဒေပြုအဖွဲ့ပသည် သမ္မတ၏အလိုဆန္ဒနှင့်ကိုက်ညီသော နိုင်ငံရေးဝါဒကိုသာ ချမှတ်လေ့ရှိ၏။ သမ္မတသည်စစ်ကြေငြာ နိုင်ခြင်းမရှိသော်လည်း စစ်ဖြစ်ရန်မလွှဲရှောင်သာဟု ယုံကြည်ပြီး စစ်ကြေငြာလိုလျှင် စေ့စပ်ပြောဆုမှုကို အဆုံးသတ်ခွင့်ရှိသည်။ ယင်းသို့ စေ့စပ်ပြောဆိုမှု ရုပ်သိမ်းပြီးသောအခါ ကွန်ဂရက်လွှတ်တော်ကသာ စစ်ကြေငြာရလေသည်။ ထို့ကြောင့် သမ္မတတွင် အပြည်ပြည်ဆက်ဆံရေးအာဏာနှင့် နိုင်ငံခြားရေးမူဝါဒချမှတ်ခွင့် အာဏာများလည်း ရှိသည်။

(၆) သမ္မတသည် ဥပဒေပြုလွှတ်တော်သို့ တက်ရောက်၍ ဥပဒေပြုခြင်း လုပ်ငန်းများကို မပြုလုပ်သော်လည်း ဥပဒေပြုအဖွဲ့အနေဖြင့် စည်းဝေးကျင်းပရန်လိုအပ်လျှင် စည်းဝေးခေါ်ယူကျင်းပစေသည်။ သို့ရာတွင် လိုအပ်ပါက အလိုရှိတိုင်း ခေါ်ယူကျင်းပစေခိုင်းနိုင်ပေသည်။

(၇) ၁၉၄၆ ခုနှစ် အနုမြူအင်အား အက်ဥပဒေ (The Atomic Energy Act of 1946 ) အရ အမေရိကန် သမ္မတတွင် အနုမြူဗုံးကို အသုံးပြုရန် နောက်ဆုံးအမိန့်ပေးခွင့်အာစာ ရှိသည်။
အပြည့်အစုံသို့...

Puerto Rico

၁၇၉။ပူအာတိုရီကို
(Puerto Rico)
Commonwelth of Puerto Rico

နောက်ခံသမိုင်းအကျဉ်း

ရာစုနှစ်ပေါင်းများစွာ အတော်ရီးဂျင်းလူမျိုးများ အခြေချနေထိုင်ခဲ့ကြပြီး ကိုလံဘတ်၏ အမေရိကသို့ ဒုတိယခရီးစဉ် ရောက်ရှိပြီး နောက်ပိုင်း ၁၄၉၃တွင် စပိန်တို့ သိမ်းပိုက်ခဲ့သည်။ စပိန်ကိုလိုနီနယ်မြေအဖြစ် နှစ်ပေါင်း ၄၀၀ ကြာပြီးချိန်တွင် ဌာနေတိုင်းရင်ားးများ ပျောက်ကွယ်လုနီးပါးဖြစ်လာခဲ့ပြီး အာဖရိကမှ ကျွန်လုပ်သားများ တင်သွင်းခဲ့ကြသည်။ ၁၈၉၈ တွင် စပိန်-အမေရိကန် စစ်ဖြစ်ပွားပြီး ပူအာတိုရီကို ကျွန်းကိုအမေရီကန်ထံသို့ လွှဲပြောင်းပေးခဲ့ရသည်။ ၁၉၁၇ တွင် ပူအာတိုရီကိုကျွန်းကို အမေရိကန် နိုင်ငံသား ခံယူခွင့်ပေးခဲ့သည်။ ၁၉၄၈ မှစ၍ လူထုရွေးချယ်ခန့်အပ်သော ပြည်နယ်အုပ်ချုပ်ရေးမှူးများမှ အုပ်ချုပ်လာခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် အခြေခံဥပဒေတစ်ရပ် ပြဌာန်းပြီး ကိုယ်ပိုင်အုပ်ချုပ်ရေး ထည့်သွင်း ပြဌာန်းခဲ့သည်။ ၁၉၆၉၊ ၁၉၉၃ နှင့် ၁၉၉၈ ခုနှစ်များတွင် လူထုဆန္ဒခံယူပွဲများကျင်းပခဲ့သည်။ ဆန္ဒမဲပေးသူများက လက်ရှိနိုင်ငံရေးအခြေအနေကို ပြောင်းလဲခြင်း မပြုရန် ဆန္ဒပြုခဲ့ကြသည်။

ပထ၀ီအနေအထား
တည်နေရာ
ကာရစ်ဘီယံ၊ ကာရစ်ဘီယံပင်လယ်နှင့် မြောက်အတ္တလန္တိတ်သမုဒ္ဒရာကြားရှိ ကျွန်း၊ ဒိုမီနီကန် ပြည်ထောင်စု အရှေ့ ဘက်။

မြေပုံအညွှန်း
အမေရိကအလယ်ပိုင်းနှင့် ကာရစ်ဘီယံ။

ဧရိယာ
ကုန်းမြေ= ၈,၈၇၀ sqkm
ရေ=၄,၉၂၁ sqkm
စုစုပေါင်း=၁၃,၇၉၀ sqkm
ဧရိယာကျယ်ပြန့်မှု ကမ္ဘာ့အဆင့်=၁၆၂

ထိစပ်နယ်မြေ
မရှိ

ကမ်းရိုးတမ်း
၅၀၁km

ရာသီဥတု
အပူပိုင်းပင်လယ်၊ သမမျှတ၊ ရာသီလိုက် အပူချိန်အနည်းငယ် ပြောင်းလဲမှုရှိ။

မြေမျက်နှာသွင်ပြင်
မြောက်ပိုးကမ်းရိုးတမ်း ကုန်ပတ်လည် မြေပြန့်။ အများအားဖြင့် တောင်များ။ အနောက်ဘက်ကမ်းခြေတွင် မတ်စာက်သော တောင်များ။ ကမ်းခြေအများစုမှာ သဲလွှမ်း။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း
ကာရစ်ဘီယံပင်လယ်=၀m
အမြင့်ဆုံးအပိုင်း=၁၃၃၉m

သဘာဝအရင်းအမြစ်
ကြေးနီနှင့် နီကယ်အနည်းငယ်။ ကမ်းနီး။ ကမ်းဝေး ရေနံတူးဖေါ်ရရှိနိုင်။

လူ့အရင်းအမြစ်
လူဦးရေ=၃,၉၇၁,၀၂၀ (၂၀၀၉)
လူဦးရေကြီးမားမှု ကမ္ဘာ့အဆင့်=၁၂၈
လူဦးရေတိုးနှုန်း=၀.၃၄%
မွေးဖွားနှုန်း=၁၂.၁၂/၁၀၀၀ ဦးရေ (၂၀၀၉)
သေဆုံးနှုန်း = ၇.၇၅/၁၀၀၀ ဦးရေ (၂၀၀၉)
ပျမ်းမျှအသက်
ကျား=၇၄.၈၅ နှစ်
မ=၈၂.၃၉နှစ်
စုစုပေါင်း=၇၈.၅၃နှစ်(၂၀၀၉)

လူမျိုး
ပူအာတိုရီကန်(အမေရိကန်နိုင်ငံသား)

တိုင်းရင်းသားလူမျိုး
လူဖြူ (အများအားဖြင့် စပိန်ဆင်းသက်)=၇၆.၂%
လူမည်း=၆.၉%
အာရှ=၀.၃%
အမေရင်ဒီးယန်း=၀.၂%
သွေးနှော=၄.၄%
အခြား=၁၂%

ကိုးကွယ်မှု
ရိုမန်ကက်သလစ်=၈၅%
ပရိုတက်စတင့်နှင့်အခြား=၁၅%

ဘာသာစကား
စပိန်၊ အင်္ဂလိပ်။

မြို့ တော်
ဆန်ဂျူအန်(San Juan)
အပြည့်အစုံသို့...
 

Blog Archive