October 24, 2009

Papua New Guinea

၁၇၃။ ပါပူအာ နယူး ဂူနီးယား(Papua New Guinea)
Independent State of Papua New Guinea



နောက်ခံသမိုင်းအကျဉ်း

ကမ္ဘာ့ဒုတိယ အကြီးဆုံးကျွန်းဖြစ်သော နယူးဂူနီးယား၏ အရှေ့ ဘက်ခြမ်းကို ၁၈၈၅ တွင် မြောက်ပိုင်းကို ဂျာမဏီ၊ တောင်ပိုင်းကို ဗြိတိသျှတို့ခွဲဝေပိုင်ဆိုင်ခဲ့ကြသည်။ ထို့နောက် ၁၉၀၂ တွင် ဗြိတိသျှပိုင်ဆိုင်သောအပိုင်းကို သြစ တြေးလျသို့ လွှဲပြောင်းပေးခဲ့သည်။ ပထမကမ္ဘာစစ်အတွင်း ဂျာမဏီပိုင်ဆိုင်သောအပိုင်းကို သြစတြေးလျက သိမ်း ပိုက်နိုင်ခဲ့ပြီး ၁၉၇၅ အထိ ပေါင်းစည်းအုပ်ချုပ်ခဲ့သည်။ ထို့နောက် ဘိုဂိန်းဗီလီကျွန်း (Bougainville) ခွဲထွက်ရေး သမားတို့၏ လက်နက်ကိုင် ပုန်ကန်မှု ၁၉၉၇ တွင် အဆုံးသတ်သွားပြီး လူပေါင်း ၂၀၀၀၀ခန့် အသက်ဆုံးရှုံးခဲ့ရ သည်။



ပထ၀ီအနေအထား
တည်နေရာ

အိုရှင်းနီးယား၊ နယူးဂူနီးယားကျွန်း၏ အရှေ့ ဘက်ခြမ်းအပါအ၀င်ကော်ရယ်ပင်လယ်နှင့် တောင်ပစိဖိတ်သမုဒ္ဒရာ ကြားရှိ ကျွန်းစု။ အင်ဒိုနီးရှားအရှေ့ ဘက်။

မြေပုံအညွန်း
အိုရှင်းနီးယား

ဧရိယာ
ကုန်းမြေ = ၄၅၂,၈၆၀ sqkm
ရေ = ၉,၉၈၀ sqkm
စုစုပေါင်း = ၄၆၂ ၈၄၀ sqkm
ဧရိယာကျယ်ပြန့်မှုကမ္ဘာ့အဆင့် = ၆၁

ထိစပ်နယ်မြေ
အင်ဒိုနီးရှား ၈၂၀ km

ကမ်းရိုးတန်း
၅ ၁၅၂ km

ရာသီဥတု
အပူပိုင်းဒေသရာသီဥတု၊ ဒီဇင်ဘာလမှ မတ်လအထိ အနောက်တောင်မုတ်သုံရာသီဥတု။ မေလမှ အောက်တို ဘာလအထိ အရှေ့ တောင်မုတ်သုံရာသီဥတု။ ရာသီအလိုက် အပူချိန်အနည်းငယ်ပြောင်းလဲမှုရှိ။

မြေမျက်နှာသွင်ပြင်
အများအားဖြင့် ကမ်းရိုးတန်းမြေနိမ့်များနှင့် တောင်များ။ လှိုင်းတွန့်သဏ္ဍာန် တောင်ကုန်းများ။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း ပစိဖိတ်သမုဒ္ဒရာ = ၀ m
အမြင့်ဆုံးအပိုင်း ၀ီလ်ဟမ်တောင် = ၄, ၅၀၉ m

သဘာဝအရင်းအမြစ်
ရွှေ၊ ကြေးနီ၊ ငွေ၊ သဘာဝဓါတ်ငွေ့၊ သစ်၊ ရေနံ၊ ငါးဖမ်းလုပ်ငန်း

လူ့အရင်းအမြစ်
လူဦးရေကြီးမားမှုကမ္ဘာ့အဆင့် ၁၀၇
လူဦးရေ ကြီးထွားနှုန်း ၂.၀၆၉ %
မွေးဖွားနှုန်း ၂၇.၅၅/၁၀၀၀ဦးရေ(၂၀၀၉)
သေဆုံးနှုန်း ၆.၈၆/ ၁၀၀၀ ဦးရေ (၂၀၀၉)
ပျမ်းမျှအသက် ကျား = ၆၄.၀၈ နှစ်
=၆၈.၇၂ နှစ်
စုစုပေါင်း = ၆၆. ၃၄ နှစ်(၂၀၀၉)
လူမျိုး
ပါပူအာ နယူဂူနီးယန်း

တိုင်းရင်းသားလူမျိုး
မယ်လန်နီးရှန်း၊ ပါပူအန်၊ မိုက်ခရိုနီးရှန်း၊ ပိုလီနီးရှန်း။

ကိုးကွယ်မှု
ရိုမန်ကက်သလစ် = ၂၇ %
ဧ၀ံဂလိ လူသီရန် = ၁၉.၅ %
ညီညွတ်သော အသင်းတော် = ၁၁.၅ %
သတ္တမမြောက်နေ့ မျှော်လင့်ခြင်း =၁၀ %
ပင်တယ်ကိုစတယ် = ၈.၆ %
ဧ၀ံဂလိ မဟာမိတ် = ၅.၂ %
အင်္ဂလီကန် = ၃.၂ %
ဘက်ပတစ် = ၂.၅ %
အခြားပရိုတက်စတင့် = ၈.၉ %
ဘာဟိုင်း = ၀.၃ %
တိုင်းရင်းသား ရိုးရာယုံကြည်ကိုးကွယ်မှုများ = ၃.၃ %

ဘာသာစကား
တော့ပစ်ဆင်၊ အင်္ဂလိပ်၊ ဟိုင်ရီမိုတူ စသည့်ရုံးသုံးဘာသာစကားများနှင့် အခြားတိုင်းရင်းသားလူမျိုးစု၊ ဘာသာစ ကား၊ ၈၆၀ မျိုးခန့်။

မြို့ တော်
ပို့မော်ရစ်ဘီ (Port Moresby)

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။