October 23, 2009

Political Science Part (27)

နိုင်ငံရေးသိပ္ပံအပိုင်း (၂၈)
ကနေဒါအထက်လွှတ်တော်အာဏာများ

ကနေဒါအထက်လွှတ်တော်ကို အညီအမျှစနစ်ဖြင့် ဖွဲ့စည်းခြင်းမဟုတ်ပေ။ အွန်တရီအိုနှင့် ကွီဘတ်ပြည်တို့မှ ၂၄ ယောက်စီ နိုဗာစကိုရှားမှ ၁၀ ယောက်နှင့် ကျန်ပြည်နယ်များမှ ၆ ယောက်မှ ၄ ယောက်စီ ပါဝင်ဖွဲ့စည်းထားသောကြောင့် အထက်လွှတ်တော် (ဆီးနိတ်) အမတ်ပေါင်း ၁၀၂ ရှိသည်။ ၄င်း ဆီးနိတ်အမတ်များကို ကနေဒါ၊ ဂါဗာနာဂျင်နရယ်က ရာသက်ပန် ခန့်ထားခြင်းဖြစ်သည်။

ကနေဒါဆီးနိတ်အမတ်တစ်ယောက်ဖြစ်နိုင်ရန် အသက် ၃၀ ပြည့်သောကနေဒါ ဖြစ်ရမည့်အပြင် ဒေါ်လာ ၄၀၀၀ ထက်မနည်း ကြွဝချမ်းသာသူဖြစ်ရမည်။ အထက်လွှတ်တော်အမတ်တစ်ယောက်သည် ပစ္စည်းဥစ္စာဆုတ်ယုတ်၍ လူမွဲဖြစ်သွားလျှင်သော်လည်းကောင်း၊ လွတ်တော်အစည်းအဝေးကျင်းပသည့် ကာလနှစ်ကြီမ်ထက်ကျော်လွန်၍ တက်ရောက်ခြင်းမရှိသော်လည်းကောင်း အထက်လွတ်တော်အဖြစ်မှ ပယ်ဖြတ်ခြင်း ခံရသည်။

အထက်လွှတ်တော်သည် အဆိုအားဖြင့် အောက်လွှတ်တော်နှင့် တန်ဖိုးအာဏာညီမျှသည်။ သို့ရာတွင် ဘဏ္ဍာရေး ဥပဒေကြမ်းများကိုမူ တင်သွင်းပြင်ဆင်နိုင်ခွင့်မရှိပေ။ အမေရိကန် ဆီးနိတ်ကဲ့သို့ နိုင်ငံတကာ စာချုပ်များနှင့် စပ်လျဉ်း၍သော်လည်းကောင်း ပြည်ထောင်စုအစိုးရအတွက် ခန့်အပ်ထားသော ရာထူးကြီးများကိုလည်းကောင်း အတည်ပြုခွင့်မရှိပေး။ ထို့ကြောင့် ကနေဒါ အထက်လတ်တော်မှာ တန်ခိုးမကြီးကြောင်း ထင်ရှားသည်။

ကနေဒါအထက်လွှတ်တော် တန်ခိုးမကြီးခြင်းအကြောင်း

(၁) အထက်လွှတ်တော်အမတ်များကို ကနေဒါဘုရင်ခံချုပ် ခန့်အပ်ထားခြင်းဖြင့် ဖြစ်သောကြောင့် ၄င်းအမတ်များသည် ပြည်သူ့ကိုယ်စားလှယ်များ မဟုတ်ချေ။ ယင်းသို့ ပြည်သူ့ ကိုယ်စားလှယ်မဟုတ်သူများကို အာဏာပေးထားလျှင် ဒီမိုကရေစီနှင့် ဆန့်ကျင်နေရပေမည်။

(၂) ကနေဒါသည် ပြည်ထောင်စုစစ်သော နိုင်ငံမဟုတ်ပေ။ အကြွင်းအကျန်အာဏာကို ဗဟိုအစိုးရက ယူထားသဖြင့် ယူမီတရီဆန်သော ပြည်ထောင်စုနိုင်ငံဖြစ်သည်။ ထို့ကြောင့် အထက်လွတ်တော်အမတ်များကို ပြည်နယ်တို့မှ အညီအမျှ ရွေးကောက်ခြင်း မဟုတ်သောကြောင့် ၄င်းအမတ်တို့၌ ပြည်နယ်တို့၌ အခွင့်အရေးများကို အကာအကွယ်ပေးရန်အာဏာရရှိရန် မလိုပေ။

(၃) ကနေဒါအုပ်ချုပ်ရေးသည် ပါလီမန်ကိုတာဝန်ခံသော ပါလီမန်အုပ်ချုပ်ရေးဖြစ်သည်။ ထို့ကြောင့် အုပ်ချုပ်ရေးဌာန၏ အကြီးအကဲဖြစ်သော ၀န်ကြီးနှင့်တကွ ၀န်ကြီးများကို ပြည်သူ့ ကိုယ်စားလှယ်များဖြစ်သော အောက်လွှတ်တော်မှသာ ရွေးချယ်ခန့်ထားခြင်းဖြစ်သည်။ တနည်းအားဖြင့် အစိုးရအဖွဲ့သည် အောက်လွှတ်တော်၏ အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်သောကြောင့် ၄င်းအစိုးရကို အောက်လွှတ်တော်က သာလျှင်ကြိုးကိုင်နိုင်သည်။ ပြည်သူ့ကိုယ်စားလှယ် မဟုတ်သော အထက်လွှတ်တော်က အစိုးရကို ကြိုးကိုင်ရန်မသင့်ပေ။ ထို့ကြောင့် အထက်လွှတ်တော်၌ တန်ခိုးအာဏာမရှိခြင်းဖြစ်သည်။

သြစတေးလျအထက်လွှတ်တော်

သြစတေးလျအထက်လွှတ်တော်ကို စီးနိတ်ဟူ၍ ခေါ်ဆိုသည်။ ပြည်နယ် ၆ နယ်မှ တစ်နယ်လျှင် ၁၀ ယောက်ကျစီ အညီအမျှ စေလွတ်ဖွဲ့စည်းထားသောကြောင့် အထက်လွတ်တော်အမတ်ပေါင်း ၆၀ ရှိသည်။ ဆီးနိတ်အမတ်များကို ရင်ဆိုင်ရာ ပြည်နယ်လူထုက တိုက်ရိုက် ရွေးကောက် တင်မြှောက်ကြသောကြောင့် ၄င်းဆီးနိတ်အမတ်များသည် ပြည်သူ့ကိုယ်စားလှယ်များဖြစ်ကြသည်။ စီးနိတ်အမတ်သက်တမ်းမှာ ၆ နှစ်ဖြစ်ပြီး ၄င်းတို့အနက်မှ တစ်ဝက်ကို (၃၀) ကို (၃) နှစ်တကြိမ် နှုတ်ထွက်စေပြီး အသစ်တစ်ဖန်ရွေးကောက် တင်မြှောက်သည်။

သြစတြေးလျ ဆီးနတ်ဖွဲ့စည်းပုံမှာ အမေရိကန်နှင့်တူသည်၊ သို့ရာတွင် ဘဏ္ဍာရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ မည်သို့စပ်လျဉ်း၍ မည်သို့မည်မျှ ဆောင်ရွက်ခွင့် မရှိသည့်အပြင် အမေရိကန်စီးနိတ်ကဲ့သို့ စာချုပ်များနှင့် ရာထူးကြီးများ ခန့်ထားခြင်းကို အတည်ပြုခွင့် မရှိပေ။ ယင်းသို့ ဖြစ်ရခြင်း အကြောင်းရင်းများမှာ

၁။ သြစတေးလျအုပ်ချုပ်ရေးသည် ပါလီမန်အုပ်ချုပ်ရေးဖြစ်သောကြောင့် ၀န်ကြီးချုပ်နှင့်တကွ အစိုးအဖွဲ့ဝင် ၀န်ကြီးများကို အောက်လွှတ်တော်ကသာ ရွေးချယ်ခန့်အပ်ရသည်။ ထို့ကြောင့် ဆီးနိတ်အနေဖြင့် အစိုးအဖွဲ့ကို ကြိုးကိုင်ထားရန်မလိုချေ။ အမေရိကန်တွင် ပါလီမန်ကို တာဝန်မခံသောအုပ်ချုပ်ရေး ဖြစ်သောကြောင့် အုပ်ချုပ်ရေးဌာနချုပ်၏ ဤအကြီးအကဲဖြစ်သော အမေရိကန်သမ္မတနှင့်တကွ ၄င်း၏အစိုးရအဖွဲ့မှာ ဆီးနိတ် အနေဖြင့် အမေရိကန် အစိုးရကိုကြိုးကိုင် ထားရန်လိုအပ်သည်။

၂။ သြစတေးလျနိုင်ငံတွင် အထက်လွှတ်တော်နှင့် အောက်လွှတ်တော် သဘောကွဲလွဲကြသော အခါ သြစတေးလျ ဂါဗာနာဂျင်နရယ်က လွှတ်တော်ကိုဖျက်သိမ်း၍ ပြည်သူ့ဆန္ဒကောက်ခံစေသည်။ ယင်းသို့ ဖြစ်ပေါ်လာသော ပြဿနာကို ပြည်သူ့ဆန္ဒကောက်ခံဖြေရှင်းသော ကြောင့် သြစတေးလျဆိးနိတ်၌ အမေရိကန်ဆီးနိတ်ကဲ့သို့ အာဏာရှိရန်မလိုပေ။

သို့ရာတွင် သြစတေးလျ ဆီးနိတ်သည် ကိုယ်စားလှယ်အညီအမျှ စနစ်ဖြင့် ပြည်သူတို့က ရွေးကောက်တင်မြှောက်ထားခြင်း ဖြစ်သောကြောင့် သြစတြေးလျစီးနိတ်၌ ပြည်နယ်တို့၏ အခွင့်အရေးများကို ကာကွယ်နိုင်သော အာဏာရှိသည်။ ထို့ကြောင့် သြစတြေးလျဆီးနိတ်သည် အမေရိကန် ဆိးနိတ်ကဲ့သို့ တန်ခိုးပါဝါမကြီးသင့် မကြီးထိုက်၍ မကြီးသော်လည်း ဆီးနိတ်ထက်မူ တန်ခိုးအာဏာကြီးကြောင်း မှတ်ထားသင့်သည်။
ဆွတ်ဇာလန်အထက်လွှတ်တော်

ဆွတ်ဇာလန်အထက်လွှတ်တာ် (Council of State) သည် ပြည်နယ် ၁၉ နယ်နှင့် ပြည်နယ်တစ်ခုစီ၏ တစ်ဝက်စီသာရှိသောပြည်နယ် တနည်းအားဖြင့် ၂၂ ပြည်နယ်တို့မှ ကိုယ်စားလှယ်ပေါင်း ၄၄ ယောက် ဖြင့်ဖွဲ့ စည်းထားသည်။ ပြည်နယ် ၁၉ နယ်မှ ကိုယ်စားလှယ် နှစ်ဦးကျစီသာရှိသောပြည်နယ်၊ တနည်းအားဖြင့် ၂၂ ပြည်နယ်တို့မှ ကိုယ်စားလှယ်ပေါင်း ၄၄ ယောက်ဖြင့် ဖွဲ့စည်းထားသည်။ ပြည်နယ် ၁၉ နယ်မှ ကိုယ်စားလှယ်နှစ်ဦးကျစီနှင့် ပြည်နယ်တစ်ခု၏ တ၀က်စီသာရှိသော ၆ ပြည်နယ်တို့မှ တစ်ဦးကျစီကိုယ်စား လှယ်များ စေလွှတ်ဖွဲ့စည်းထားသော်လည်း ၄င်းကိုယ်စားလှယ်များအားလုံးကို ပြည်သူများက ရွေးကောက်စေလွှတ်ခြင်းမဟုတ်ပေ။ တချို့ တချို့  ပြည်နယ်များတွင် လူထုက ရွေးကောက်တင်မြှောက်သော်လည်း တချို့ ပြည်များတွင် ဆိုင်ရာအစိုးရတို့ကရွေးချယ်ခန့်အပ်ထားခြင်း ဖြစ်သည်။ အထက်လွှတ်တော်အမတ်တို့၏ အမတ်သက်တမ်းမှာလည်း ဥပဒေများအတိုင်း ၁ နှစ်မှ ၄ နှစ်အထိ အမျိုးမျိုးကွဲပြားခြားနားလျက်ရှိသည်။

ဆွတ်ဇာလန်အထက်လွှတ်တော်၏ တန်ခိုးအာဏာ

အထက်လွှတ်တော်၏ တန်ခိုးအာဏာသည် အောက်လွှတ်တော်တို့နှင့် မခြားနားလှပေ။ ထို့ကြောင့် အထက်လွှတ်တော်၏ အဓိကအလုပ်မှာ ဥပဒေပြုရေးပင်ဖြစ်သည်။ သို့ရာတွင် ဆွတ်ဇာလန် အထက်လွှတ်တော်သည် အင်္ဂလန်အထက်လွှတ်တာ် (House od lords) နှင့် ကနေဒါအထက်လွှတ်တော် (Senate) တို့ထက်တန်ခိုးကြီးသည်။ ကနေဒါနှင့် အထက်လွှတ်တော်များအနေဖြင့် ဘဏ္ဍာရေးဥပဒေကြမ်းများ တင်သွင်းခြင်း ပယ်ဖျက်ခြင်း၊ မပြုကြသော်လည်း ဆွစ်ဇာလန်အထက်လွှတ်တော်အနေဖြင့်မူ ဆွစ်ဇာလန် အောက်လွှတ်တော်၏ ဘဏ္ဍာရေး ဥပဒေကြမ်းများ အပါအ၀င် မည်သည့်ဥပဒေကိုမဆို ဗီဒိုခေါ် တစ်ချက်လွှတ်အာဏာဖြင့် ပယ်ချနိုင်သည်။ သို့ရာတွင် ဆွစ်ဇာလန် အထက်လွှတ်တော်၌ ပြည်နယ်တို့၏ အခွင့်အရေးများကို ကာကွယ်နိုင်ခြင်း မရှိသောကြောင့် အမေရိကန်လွှတ်တော် ဆီးနိတ်လောက် တန်ခိုးမကြီးပေ။

ဆွစ်ဇာလန်သည် ပြည်ထောင်စုစစ်သော နိုင်ငံတစ်နိုင်ငံဖြစ်ပါလျက် ဆွစ်ဇာလန်လွှတ်တော်သည် ပြည်နယ်တို့၏ အခွင့်အရေးများကို ကာကွယ်ခွင့်မရရှိခြင်းမှာ …..

(၁) အထက်လွှတ်တော် အမတ်များကို ရွှေးကောက်တင်မြှောက်ထားခြင်းသာ မဟုတ်၊ ခန့်အပ်ထားသော အမတ်များလည်း ပါဝင်ဖွဲ့စည်းထားသောကြောင့် အထက်လွှတ်တော်သည် ပြည်သူ့ ကိုယ်စားလှယ် အစစ်ချည်းသာ မဟုတ်ကြခြင်း။

(၂) အထက်လွှတ်တော်အမတ်တို့၏ အမတ်သက်တမ်းမာလည်း ၁ နှစ်မှ ၄ နှစ်အထိ ကွဲပြားခြားနာနေခြင်းတို့ကြောင့်ပင် ဖြစ်သည်။ ယင်းသို့ဖြစ်လျှင် “ဗဟိုအစိုးရသည် ပြည်နယ်တို့၏ အခွင့်အရေးများကို မကျူးလွန်သင့်ပဲနေမည်လော ” ဟူ၍ မေးစရာအကြောင်းရှိပေသည်။
သို့ရာတွင် ယင်းကဲ့သို့မေးရန် ပြဿနာမပေါ်ပေ၊ အကြောင်းမှာ ဆွစ်ဇာလန်နိုင်ငံတွင် အုပ်ချုပ်ရေး စက်ယန္တရားကို ပြည်သူတို့က တိုက်ရိုက်ကြိုးကိုင်ရာတွင် ယင်းကဲ့သို့ မေးရန်ပြဿနာမပေါ်ပေ၊ အကြောင်းမှာ ဆွစ်ဇာလန်နိုင်ငံတွင် အုပ်ချုပ်ရေးစက်ယန္တယားကို ပြည်သူတို့က တိုက်ရိုက်ကြိုးကိုင်ထားသော စနစ် (Direct, Democratic, Check) ကို အသုံးပြုသောကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့်ပြည်နယ်တို့၏ အခွင့်အရေးများကို ပြည်နယ်တို့က ကာကွယ်နိုင်သော အထက်လွှတ်တော်၌ ပြည်နယ်များကို ကာကွယ်နိုင်သော အာဏာရှိရန်မလိုတော့ပေ။

ပြင်သစ်အထက်လွှတ်တော်

ပြင်သစ်လွှတ်တော်နှစ်ခုရှိပြီး ပထမလွှတ်တော် (၀ါ) အောက်လွှတ်တော်ကို အမျိုးသားလွှတ်တော် (National Assembly) ဟူ၍ ခေါ်ဆိုပြီးဒုတိယ လွှတ်တော် (၀ါ) အထက်လွှတ်တော်ကို စီးနိတ်လွှတ်တော် ( Senate ) ဟူ၍ ခေါ်ဆိုကြသည်။

အောက်လွှတ်တော်ကို ပြည်သူတို့က ရွေးကောက်တင်မြှောက်ထားကြသော အမတ်ပေါင်း ၄၆၈ ယောက်ဖြင့် ဖွဲ့စည်းထားပြီး အထက်လွှတ်တော်ကိုမူ ပြည်မမှ ၂၀၀၊ အယ်(လ်) ဂျီးရီးယားမှ ၁၄၊ ကျန်ပြင်သစ်ပိုင် ကိုလိုနီနိုင်ငံများမှ ၅၁ ယောက်ဖြင့် အောက်လွှတ်တော်က ရွေးကောက်တင်မြှောက်သော အမတ် ၅၀ (ပေါင်း ၃၁၅) ယောက်တို့ဖြင့် ဖွဲ့စည်းထားသည်။


ပြင်သစ်အထက်လွှတ်တော်၏အာဏာများ

ဝန်ကြီးချုပ်တင်ပြသော အစိုးရ၏ ၀ါဒလမ်းစဉ်ကို လက်ခံအတည်ပြုရသည်။ ဘဏ္ဍာရေးဥပဒေကြမ်းကို အောက်လွှတ်တော်၌ ရက် (၄၀) အတွင်း ဆွေးနွေးမပြီးပြန်သော် အထက်လွတ်တော်က ၄င်းဘဏ္ဍာရေး ဥပဒေကြမ်းကိုယူ၍ ဆွေးနွေး စဉ်းစားခွင့်ရှိသည်။ ရိုးရိုးဥပဒေများကို ပြုလုပ်ခွင့်နှင့် စပ်လျဉ်းပြီးအထက်လွှတ်တော်သည် အောက်လွှတ်တော်ကဲ့သို့ တန်ခိုးရှိသည်။ ဥပဒေပြုရာတွင် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲခဲ့သော် ၄င်းလွှတ်တော်နှစ်ရပ်မှ ကိုယ်စားလှယ်အညီအမျှပါသော ကော်မတီ သဘောတူညီချက်ရ၍သော်လည်းကောင်း မရဘဲနှင့်သော်လည်းကောင်း လွှတ်တော်နှစ်ရပ်သို့ ၄င်းပြဿနာကို ပြန်လည်တင်ပြရသည်။ ယင်းကဲ့သို့ ကော်မတီက ပြန်တင်ပြချက်ကို လွှတ်တော်နှစ်ရပ်ထပ်မံ၍ သဘောကွဲလွဲနေပါမှုအစိုးရသည် ယင်းပြဿနာကိုအောက်လွှတ်တော်တစ်ခုတည်း၏ သဘောဆန္ဒအတိုင်းဆုံးဖြတ် အတည်ပြုနိုင်သည်။

တရုတ်ပြည်သူ့သမ္မနိုင်ငံဥပဒေပြုလွှတ်တော်

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် အထက်လွှတ်တော် အောက်လွှတ်တော်ဟု၍ ဥပဒေပြုလွှတ်တော်မရှိပဲ တစ်ခုတည်းသာရှိသည်။ ၄င်းလွှတ်တော်ကို အမျိုးသားလွှတ်တော် (National People Congress) ဟူ၍ ခေါ်ဆိုပြီး အမတ်ပေါင်း “၁၂၂၆” ယောက်ဖြင့် ဖွဲ့ဆည်းထားသောကြောင့် ကမ္ဘာပေါ်တွင် အမတ်ဦးရေအများဆုံးသော လွှတ်တော်ပင်ဖြစ်သည်။ ၄င်းလွှတ်တော်ကို ပြည်နယ်များဖြင့် ဖွဲ့စည်းထားသောကြောင့် လူတန်းစားပေါင်းစုံ ပါဝင်သော လွှတ်တော်လည်း မည်ပေသည်။

အမတ်သက်တမ်း ၄ နှစ်ဖြစ်သော်လည်း မည်သည့်အမတ်ကိုမဆို ဆိုင်ရာမဲဆန္ဒနယ်က အချိန်မရွှေးပြန်လည် ခေါ်ယူအစားထိုးနိုင်သည်။ ထို့ကြောင့် အမတ်တစ်ယောက်သည် ဆိုင်ရာမဲဆန္ဒရှင်တို့၏ အလိုဆန္ဒကိုမဆန့်ကျင်ဝံ့ပေ။ ယင်းသို့အမတ်သက်တမ်း မပြည့်မီအမတ်ဖြစ်မှ ဆိုင်ရာမဲဆန္ဒရှင်တို့က ရုပ်သိမ်းခြင်းကို “ပြည်လည်ခေါ်ယူခြင်း” (Recell) ဟူ၍ မှတ်ယူနားလည်ကြသည်။

လွှတ်တော်အစည်းအဝေးကို တစ်နှစ်တစ်ကြိမ်သာ စည်းဝေးသော်လည်း လွှတ်တော်အမတ် ၁/၅ က စည်းဝေးကျင်းပရန်တောင်းဆိုလျှင် ကျင်းပပေးရသည်။ ထို့ပြင် လွှတ်တော်ကခန့်ထားသော ကော်မတီ အနေဖြင့် အလိုဆန္ဒရှိလျှင်လည်း လွှတ်တော်အစည်းအဝေး ကျင်းပနိုင်ပေသည်။ ဥပဒေပြုလွှတ်တော် တစ်ခုတည်းရှိသည့်အလျောက် ဥပဒေအားလုံးကို ၄င်းဥပဒေပြုလွှတ်တော်ကသာပြုလုပ်ရသည်။ ဖွဲ့စည်ုးပ်ချုပ်ပုံ အခြေခံပြုဥပဒေကို ၂/၃ သော မဲဖြင့်ပြင်ဆင်နိုင်သည့်ပြင် စစ်ကျေငြာခြင်း၊ စစ်ပြေငြိမ်းခြင်း၊ စစ်ပြေငြိမ်းစာချုပ်များ ချုပ်ဆိုခြင်း၊ ရာထူးကြီးများခန့်ခြင်း ဖြုတ်ခြင်း၊ ၀န်ကြီးချုပ်နှင့် ဒုဝန်ကြီးချုပ်တို့ကို ခန့်ခြင်း လွှတ်တော်စတင်စည်းဝေးစဉ် သက်တမ်း ၄ နှစ်ရှိ ကော်မတီခန့်အပ်ခြင်း စသည်တို့ပြုလုပ်နိုင်သည်။

လွှတ်တော်ဖွဲ့စည်းလိုက်သောကော်မတီ၌ ……

(၁) ဥပဒေများ အဓိပ္ပါယ်တို့ကို ဖြေရှင်းပေးရခြင်း။
(၂) နိုင်ငံတွင်းဖွဲ့ စစ်ဥပဒေထုတ်ပြန်ရေး ဆုံးဖြတ်ရခြင်း။
(၃) ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် မကိုက်ညီသောအစိုးရ၏ ပြုမူချက်များကို တာဆီးနိုင်ခြင်း။
(၄) စစ်ပြေငြိမ်းစာချုပ်ကို အတည်ပြုနိုင်ခြင်း ပယ်ဖျက်နိုင်ခြင်း။

စသော အာဏာများသည်။ ထို့ကြောင့် ယင်းကော်မတီမှာ တန်ခိုကြီးမားသော အဖွဲ့ပင်ဖြစ်သည်။

လွှတ်တော်နှစ်ခုစနစ်၏ ကောင်းကျိုးများ

၁။ ဒုတိယလွှတ်တော်ထားရှိခြင်းကြောင့် တရားဥပဒေပြုစုရာ၌ လည်းကောင်း၊ ပြင်ဆင်ပယ်ဖျက်ရာ၌ လည်းကောင်း၊ အလျင်စလိုလုပ်၍ မဖြစ်နိုင်ချေ။ တရားဥပဒေရေးရာများနှင့် စပ်လျဉ်းပြီး ချင့်ချင့်ချိန်ချိန်၊ ဆင်ဆင်ခြင်ခြင် ဆေးဆေး လေးလေး ပြုလုပ်ရသဖြင့် အမှားနည်းပေမည်။ ထို့ပြင် ပါတီတစ်ခုတည်းသော်လည်းကောင်း၊ လွှတ်တော်တစ်ခုတည်းသော်လည်းကောင်း အာဏာရှင် ဆန်ဆန် ပြုလုပ်ရန် မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် လွှတ်တော်နှစ်ခု ထားခြင်းဖြင့် လူထု၏ လွတ်လပ်မှုကို လုံခြုံစိတ်ချရစေမည်။

၂။ လွှတ်တော်နှစ်ခုရှိခြင်းကြောင့် တစ်ခုနှင့်တစ်ခု အပြိုင်အဆိုင် သဘောရှိနေပေသည်။ ယင်းသို့ဖြစ်ခြင်းကြောင့် အစိုးရအဖွဲ့ အနေဖြင့် လွတ်လပ်မှုရှိကာ တန်ခိုးပမာဏကြီးမားခွင့်ရရှိသည်။ တစ်နည်းအားဖြင့် အစိုးရအဖွဲ့သည် ပါလီမန်၏ ကျေးကျွန်သဖွယ် ဖြစ်မနေသောကြောင့် ဆောင်ရွက်စရာရှိသည်တို့ကို လျှင်မြန်စွာဆောင်ရွက်နိုင်ပေမည်။ ယင်းသို့ အရေးကြီးသောပြဿများကို လျင်မြန်စွာ ဆောင်ရွက်နိုင်ခြင်းဖြင့် တိုင်းပြည်တိုးတက်မှု ရရှိပေသည်။

၃။ လွှတ်တော်နှစ်ခုရှိသောကြောင့် အမြင်အမျိုးမျိုးရှိသောကြောင့် လူတန်းစားအသီးသီးတို့မှ ကိုယ်စားလှယ်များ လွှတ်တော်နှစ်ရပ်ထဲတွင် ပါဝင်ခွင့်ရရှိပေမည်။ ထို့ကြောင့် ဒီမိုကရေစီသဘောနှင့် ကိုက်ညီသည်။ ပြည်ထောင်စုနိုင်ငံဖြစ်လျှင် လူမျိုးစုအသီးသီးမှ ကိုယ်စားလှယ်များပါဝင်ခွင့်ရရှိစေရန် ဒုတိယလွှတ်တော်ရှိရပေမည်။

၎။ ဒုတိယလွှတ်တော်ရှိခြင်းကြောင့် တိုင်းပြည်၏ ပညာရှိကြီးများ၊ အရည်အချင်းရှိပြီး လုပ်ရည်ကိုင်ရည်ရှိသော ပုဂ္ဂိုလ်ကြီးများ၏ အကြံအဖန် လုပ်ရည်ကိုင်ရည်များကို ရရှိခြင်းဖြင့် တိုင်းပြည်တိုးတက်မှုရရှိနိုင်ပေသည်။

၅။ လွှတ်တော်နှစ်ခုရှိသောကြောင့် အောက်ဖော်ပြပါ လုပ်ငန်းအများကို နိုင်နင်းစွာပြုလုပ်နိုင်သည်။ ၄င်းတို့မှာ ...
(၁) တရားဥပဒေပြုလုပ်ခြင်း။
(၂) ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ခြင်း။
(၃) ရွေးကောက်တော် အရာအရှိများအဖြစ် ဆောင်ရွက်နိုင်ခြင်း (Electoral Colleges)
(၄) အရေးကြီးသော ပြဿနာများအတွက် စုံစမ်းရေးကော်မတီခန့်၍ စုံစမ်းနိုင်ခြင်း။
(၅) ပြည်သူ့ဘဏ္ဍာထိန်းသိမ်းခြင်း။
(၆) တစ်ချို့ ဥပဒေပြုအဖွဲ့တို့က အုပ်ချုပ်ရေးအာဏာကို သုံးစွဲ၍ရာထူးခန့်ခြင်း၊ အပြည်ပြည်ဆိုင်ရာ စာချုပ်များကို အတည်ပြုခြင်း။
(၇) တရားစီရင်ရေးအာဏာကို အသုံးပြု၍ တရားစီရင်ခြင်း။
(၈) ပြည်သူလူထု၏ ဤအသိတရားကို ထက်မြက်တိုးတက်မြင့်မားစေခြင်း စသော လုပ်ဆောင်ချက်များကို ပြုလုပ်နိုင်သည်။

လွှတ်တော်နှစ်ခုထားရှိခြင်း၏ဆိုးကျိုးများ

၁။အထက်လွှတ်တော်သည် တန်ခိုးပါဝါအထူးတလည်မရှိဘဲ၊ အောက်လွှတ်တော်နှင့် မခြားနား ပါက လွှတ်တော်နှစ်ခု ထားရှိခြင်းသည် တိုင်းပြည်ဘဏ္ဍာတော်ကို ဖြုန်းတီးရာသာ ကျပေလိမ့်မည်။

၂။လွှတ်တော်နှစ်ခုထားရှိသောကြောင့် ဥပဒေရေးရာ အုပ်ချုပ်ရေးရာ၊ တရားစီရင်ရေးရာ အစရှိသော အုပ်ချုပ်ရေး စက်ယန္တယားကို မလိုလားအပ်သော နေရာများတွင် နှေးကွေးစေသည်။ လွှတ်တော်နှစ်ခု တစ်ခုနှင့်နစ်ခု သဘောခြင်းမတိုက်ဆိုင်ပါက ဖြေရှင်းရန်အခက်အခဲတွေ့ရှိစမြဲဖြစ်သည်။ အင်္ဂလန်တွင် လွှတ်တော်နှစ်ရပ် သဘောမတိုက်ဆိုင်ပါက အောက်လွှတ်တော်၏ ဤအဆိုပြုချက်ကို အထက်လွှတ်တော်က ဗီဒိုအာဏာသုံး၍ ဆိုင်းငံ့ထားနိုင်သည်။ သြစတြေးလျတွင်မူ လွှတ်တော်ကိုဖျက်၍ ပြည်သူ့ဆန္ဒကောက်ခံရသည်။ ယင်းသို့ မကြာခဏဖြစ်ပါက တိုင်းပြည်၏ တိုးတက်မှုကို ထိခိုက်ပေမည်။

၃။တိုင်းပြည်ငယ်၍ ယူနီတရီနိုင်ငံဖြစ်ကာ ပြည်သူပြည်သားတို့လည်း လူမျိုးဓလေ့ထုံးစံ၊ သဘောအယူအ၀ါဒ တူညီကြလျှင်လွှတ်တော်နှစ်ခု ထားခြင်းဖြင့် အကျိုးမများနိုင်ပေ။ ထို့ကြောင့်ပင် နယူးဇ်ီးလန်နိုင်ငံသည် ၁၉၅၁ ခုနှစ်က အထက်လွှတ်တော်ကို ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။ တောင်အာဖရိက တိုင်းပြည်၏ ပြည်နယ် အားလုံးတွင်လည်းကောင်း၊ ကနေဒါ နိုင်ငံ၏ပြည်နယ်မှအပ ကျန်ပြည်နယ်များတွင်လည်းကောင်း အထက်လွှတ်တော် တို့ကို ဖျက်သိမ်းပြီးခဲ့ကြပေပြီ။

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။