August 5, 2009

Dominicon Republic


၆၄။ဒိုမီနီကန် သမ္မတနိုင်ငံ
(Dominican Republic)

နောက်ခံသမိုင်း အကျဉ်း
၁၉၄၂ ခုနှစ်တွင် ခရစ္စတိုဖါ ကိုလံဘတ်၏ ပထမဦးဆုံးခရီးစဉ်၌ ရှာဖွေတွေ့ရှိခဲ့ပြီး ဟစ္စပန်ညိုလာ (Hispaniola) ကျွန်းသည် ကာရစ်ဘီယံဒေသတွင်း နှင့် အမေရိကန် ကုန်းမသို့ စပိန် တို့ကျုးကျော်ဝင် ရောက်ရန် အားယူရာ ကြားခံဒေသတစ်ခုဖြစ်လာခဲ့သည်။ ၁၆၉၇ ခုနှစ်တွင် ကျွန်း၏ အနောက်ဘက်ခြမ်း သုံးပုံတစ်ပုံကို ပြင်သစ် ပိုင်နယ်မြေ အဖြစ် အသိအမှတ်ပြုခဲ့သည်။ ၎င်းနယ်မြေသည် ၁၈၀၄ ခုနှစ်တွင် ဟေတီနိုင်ငံဖြစ်လာခဲ့ပြီး ဆန်တို ဒိုမင်ဂို ဟု နောက်ပိုင်းတွင်ခေါ်တွင်သော ကျွန်း၏ ကျန်သောအပိုင်းသည် ၁၈၂၁ တွင် လွတ်လပ်ရေးရရှိ ခဲ့သည်။ သို့သော် ဟေတီက သိမ်းပိုက်ထားခဲ့ပြီး ၂၂ နှစ်ကြာ အုပ်ချုပ်ခဲ့သည်။ ၁၈၄၄ တွင် ဒိုမီနီကန်သမ္မတနိုင်ငံ အဖြစ် လွတ်လပ်ရေးရရှိခဲ့ပြန်သည်။ ၁၈၆၁ တွင် မိမိ၏ဆန္ဒအလျှောက် စပိန်အင်ပါယာ လက်အောက်သို့ ခိုဝင်ခဲ့ ပြီး နှစ်နှစ်အကြာတွင် တိုက်ပွဲဆင်နွှဲခဲ့ပြီး ၁၈၆၅ တွင် လွတ်လပ်ရေးပြန်လည်ရယူခဲ့သည်။ အခြေအနေမတည်ငြိမ် မှုများကြောင့် ပြည်သူကိုယ်စားပြုသော အစိုးရများပေါ်ပေါက်ခြင်းမရှိဘဲ ၁၉၆၀ မှ ၁၉၆၁ အထိ ရာဖေးလီယိုနီ ဒတ်တရူဂျီလို (Rafael Leonidas Trujillo) က အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခဲ့သည်။ (Juan Bosch) ၁၉၆၂ တွင် ဂျူအန်ဘို့ခ်ျကို သမ္မတအဖြစ်ရွေးကောက်တင်မြောက်ခဲံ့သော်လည်း ၁၉၆၃ တွင်စစ်တပ်မှ အာဏာ သိမ်းပြီး ဖယ်ရှားပစ်ခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် ဘို့ခ်ျကိုသမ္မတ အဖြစ်ပြန်လည်ပေးအပ်ရန် ဆူပူအုံးကြွရာမှ ပြည်တွင်းစစ် ဖြစ်ပွားခဲ့ရာ အမေရိကန်ပြည်ထောင်စု က ကြားဝင်ဖြေရှင်းပေးခဲ့သည်။ ၁၉၆၆ ရွေးကောက်ပွဲတွင် ဂျိုအာကွင် ဘာလာဂူအာ (Joaquin Balaguer) က ဘို့ခ်ျ ကို အနိုင်ရရှိပြီး သမ္မတ ဖြစ်လာခဲ့သည်။ ဘာလာဂူအာ က အနှစ် (၃၀) ခန့် အာဏာဖက်တွယ်ထားခဲ့ပြီး နိုင်ငံတကာမှ မသန့်ရှင်းသော ရွေးကောက်ပွဲများ အပေါ် ဖိအားပေးမှု ကြောင့် ၁၉၉၆ တွင် ဘာလာဂူအာ ၏အုပ်ချုပ်မှုကို အဆုံးသတ်စေခဲ့သည်။ ထိုနောက်ပိုင်းပုံမှန်ရွေးကောက် ပွဲများတွင် အတိုက်အခံ ကိုယ်စားလှယ်များမှ အနိုင်ရရှိခဲ့ကြသည်။ သမ္မတ သက်တမ်းနှစ်ကြိမ် ထမ်းဆောင်ခွင့် အခြေခံဥပဒေတွင် ပြင်ဆင်ဖြည့်စွက်ခဲ့ပြီးနောက် သမ္မတဟောင်း လီယိုနယ် ဖါနန်ဒတ်ရေနာ (Leonel Fernandez Reyna – 1996 – 2000)သည် ၂၀၀၄ ရွေးကောက်ပွဲတွင် ဒုတိယ သက်တမ်းအတွက် အနိုင်ရရှိခဲ့သည်။

ပထ၀ီအနေအထား
တည်နေရာ
ကာရစ်ဘီယံ ။ ဟစ္စပန်ညိုလာကျွန်း၏ အရှေ့ဘက်ခြမ်း သုံးပုံနှစ်ပုံ ။မြောက်အတ္တလန္တိတ်
သမုဒ္ဒရာ နှင့် ကာရစ်ဘီယံ ပင်လယ်ကြား။ဟေတီ အရှေ့ဘက်။

မြေပုံအညွှန်း
အမေရိက အလယ်ပိုင်း နှင့် ကာရစ်ဘီယံ ။

ဧရိယာ
ကုန်းမြေ m- 48,380 sq km
ရေ - 350 sq km
စုစုပေါင်း - 48,730 sq k

ထိစပ်နယ်မြေ
ဟေတီ - 360 km

ကမ်းရိုးတန်း
12,88 km

ရာသီဥတု
အပူပိုင်းပင်လယ် ရာသီဥတု ။ ရာသီလိုက်အပူချိန် အနည်းငယ်ပြောင်းလဲမှုရှိ ။
ရာသီလိုက် မိုးရွာသွန်းမှုပြောင်းလဲမှုရှိ။

မြေမျက်နှာသွင်ပြင်
ကြမ်းတမ်းသော ကုန်းမြင့် နှင့် တောင်များ။ တောင်ကြားဒေသများတွင် မြေဩဇာကောင်းမွန်။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ်ဆုံးအပိုင်း လာဂိုအင်နရီကွီလို - 46 m
အမြင့်ဆုံးအပိုင်း ပီကို ဒွါတီ - 3,175 m

သဘာဝအရင်းအမြစ်
နီကယ် ၊ ဘောက်ဇိုက်သတ္တု ၊ ရွှေ ၊ငွေ ။

လူ့အရင်းအမြစ်
လူဦးရေ 9,507,133 ဦးရေ (2008)
လူဦးရေတိုးနှုန်း 1.495 % (2008)
မွေးဖွားနှုန်း 22.65 /1000 ဦးရေ (2008)
သေဆုံးနှုန်း 5.3 / 1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 71.61 နှစ်
မ - 75.24 နှစ်
စုစုပေါင်း - 73.39 နှစ် (2008)

လူမျိုး
ဒိုမီနီကန်

တိုင်းရင်းသားလူမျိုး
သွေးနှော - 73 %
လူဖြူ - 16 %
လူမည်း - 11 %

ကိုးကွယ်မှု
ရိုမန်ကက်သလစ် - 95 %
အခြား - 5 %

ဘာသာစကား
စပိန် ။

မြို့တော်
ဆန်တို ဒိုမင်ဂို (Santo Domingo)

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။