၆၃။ဒိုမီနီကာ(Dominica)
Commonwealth of Dominica
နောက်ခံသမိုင်း အကျဉ်း
ဒေသခံ ကာရစ်လူမျိုးများ၏ အပြင်းအထန်ခုခံတိုက်ခိုက်မှုကြောင့် ကာရစ်ဘီယံ ပင်လယ်အတွင်းရှိကျွန်း များတွင် ဥရောပ၏ ကိုလိုနီပြုမှုကို နောက်ဆုံးမှ ခံရသောနိုင်ငံဖြစ်သည်။ ၁၇၆၃ တွင် ဗြိတိန်က ကိုလိုနီ အဖြစ် သွတ်သွင်းခဲ့သည်။ လွတ်လပ်ရေးရပြီးနှစ်နှစ်အကြာ ၁၉၈၀ တွင် ဒိုမီနီကာ၏ နိုင်ငံရေး အခြေအနေတိုးတက်ပြောင်းလဲလာခဲ့သည်။ အဘယ်ကြောင့်ဆိုသော်အကျင့်ပျက်အာဏာရှင်ဆန်သော အစိုးရကို ဖယ်ရှား၍ ကာရစ်ဘီယံဒေသတွင် ပထမဦးဆုံး အမျိုးသမီး ၀န်ကြီးချုပ်အဖြစ် မေရီယူဂျီးနီးယား ချားလိစ် (Mary Eugenia Charles) အာဏာရရှိခဲ့ပြီး (၁၅)နှစ်ကြာရုံးထိုင်ခဲ့သည်။ ကိုလံဘီယာ မတိုင်မီကတည်းက တည်ရှိသော ကာရစ်အင်ဒီးယန်း ၃၀၀၀ ခန့် ဒိုမီနီကာနိုင်ငံတွင် နေထိုင်လျက်ရှိသည်။
ပထ၀ီ အနေအထား
တည်နေရာ
ကာရစ်ဘီယံ ။ ကာရစ်ဘီယံ ပင်လယ် နှင့် မြောက်အတ္တလန္တိတ် သမုဒ္ဒရာကြားရှိကျွန်း ။ ပူအာတိုရီကို ၊
ထရီနီဒတ် နှင့် တိုဘာဂို တို့ကြား လမ်းခုလပ်တွင်တည်ရှိသည်။
မြေပုံအညွှန်း
အမေရိက အလယ်ပိုင်း နှင့် ကာရစ်ဘီယံ ။
ဧရိယာ
ကုန်းမြေ - 754 sq km
ရေ - 0 sq km
စုစုပေါင်း - 754 sq km
ထိစပ်နယ်မြေ
မရှိ ။
ကမ်းရိုးတန်း
148 km
ရာသီဥတု
အပူပိုင်းဒေသရာသီဥတု ၊ အရှေ့မြောက်ကုန်သည်လေ တိုက်ခတ်မှုကြောင့်သမမျှတသော
ရာသီဥတုရှိ ။ မိုးသည်းထန် ။
မြေမျက်နှာသွင်ပြင်
မီးတောင်မှ ဖြစ်သောကြမ်းတမ်းသောတောင်များ ။
မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း ကာရစ်ဘီယံ ပင်လယ် - 0 m
အမြင့်ဆုံးအပိုင်း မွန်းဒိုင်ယာဘလက်တင် - 1,447 m
သဘာဝအရင်းအမြစ်
သစ် ၊ ရေအားလျှပ်စစ် ၊ စိုက်းပျိုးမြေ ။
လူ့အရင်းအမြစ်
လူဦးရေ 72,514 ဦးရေ (2008)
လူဦးရေတိုးနှုန်း 0.196 % (2008)
မွေးဖွားနှုန်း 15.73 / 1000 ဦးရေ (2008)
သေဆုံးနှုန်း 8.32 / 1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 72.39 နှစ်
မ - 78.41 နှစ်
စုစုပေါင်း - 75.33 နှစ် (2008)
လူမျိုး
ဒိုမီနီတန်
တိုင်းရင်းသားလူမျိုး
လူမည်း - 86.8 %
သွေးနှော - 8.9 %
ကာရစ်အမေရင်ဒီယန် - 2.9 %
လူဖြူ - 0.8 %
အခြား - 0.7 %
ကိုးကွယ်မှု
ရိုမန်ကက်သလစ် - 61.4 %
ဆဲဗင်းဒေးအက်ဗန်းတစ် - 6 %
ပင်တယ်ကိုစတယ် - 5.6 %
ဘက်ပတစ် - 4.1 %
မက်သဒစ် - 3.7 %
ဘုရားသခင်ကျောင်းတော် - 1.2 %
ယေဝေါဟာသက်သေ - 1.2 %
အခြားခ၇စ်ယာန် - 7.7 %
ရက်စတာဖါရီယန် - 1.3 %
အခြား(သို့) အမည်မသိ - 1.6 %
ဘာသာမဲ့ - 6.1 %
ဘာသာစကား
အင်္ဂလိပ် (ရုံးသုံး) ပြင်သစ် ပက်တွိုက်
မြို့တော်
ရိုဆူး (Roseau)












Wednesday, August 05, 2009
0000
Posted in:
0 comments:
Post a Comment
comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။