၁၅၃။ မွန်တီနီဂရိုး
(Montenegro)
(Montenegro)
နောက်ခံသမိုင်းအကျဉ်း
ဇီတာ ၏ ဆာဗီးယန်း မင်းသားအုပ်ချုပ်ခံနယမြေတွင် ခရနိုဂျဗစ် မင်းဆက်ကို စတင်အုပ်စိုးချိန် (၁၅) ရာစုတွင် မွန်တီနီဂရိုး ဟူသောအမည်ကို စတင်အသုံးပြုခဲ့သည်။ ထို့နောက် ရာစုနှစ်ပေါင်းများစွာ မွန်တီနီဂရိုးသည် အော်တိုမန်အင်ပါယာ၏ လက်အောက်သို့ မကျရောက်အောင်ထိန်းထားနိုင်ခဲ့သည်။ (၁၆) ရာစုမှ (၁၉) ရာစုထိအောင် ဘာသာရေးလက်အောက်ခံတိုင်းပြည်အဖြစ် ဘုန်းကြီးမင်းသားများ အုပ်ချုပ်ခဲ့သည်။ (၁၈၅၂) တွင် လောကီအုပ်ချုပ်ရေးပုံစံဖြင့် မင်းသားနယ်ဖြစ်လာခဲ့သည်။ ပထမကမ္ဘာစစ်အပြီးတွင် ဆာ့ဘ် ၊ ခရိုအေရှား ၊ ဘလိုဗင်း တို့၏ သိမ်းယူခြင်းကိုခံခဲ့ရပြီး ၁၉၂၉ တွင် ယူရိုဆလားဗီးယား ဘုရင့်နိုင်ငံတော်ဖြစ်လာခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်တွင် ယူရိုဆလားဗီးယား ဆိုရှယ်လစ်ဖယ်ဒရယ် ပြည်ထောင်စုဝင် နိုင်ငံဖြစ်လာခဲ့သည်။ ၁၉၉၂ တွင် ယူရိုဆလားဗီးယား ပြိုကွဲသောအခါ ဆားဗီးယား နှင့် ဖယ်ဒရယ် ပြည်ထောင်စုဖွဲ့ခဲ့ပြီး ပထမဦးစွာ ယူရိုဆလားဗီးယား ဖယ်ဒရယ် ပြည်ထောင်စုအဖြစ် ရပ်တည်ခဲ့ပြီး ၂၀၀၃ ခုနှစ် နောက်ပိုင်းတွင် ဆားဘီးယား ၊မွန်တီနီဂရိုး ဟူ၍ မခိုင်မာသောပြည်ထောင်စု ဖွဲ့ခဲ့သည်။ ၂၀၀၆ မေလတွင် ဆားဘီးယားနှင့်မွန်တီနီဂရိုး ဖွဲ့စည်းပုံသဘောတူစာချုပ်အရ ပြည်ထောင်စုနိုင်ငံမှ ခွဲထွက်၍ လွတ်လပ်ရေးရယူရန် လူထုဆန္ဒခံယူပွဲ ကျင်းပခဲ့သည်။ ဆားဘီးယားမှ ခွဲထွက်ရန် မဲ ၅၅ % ရရှိခဲ့ပြီး ဥရောပသမဂ္ဂမှ နယ်မြေသတ်မှတ်ပေးခြင်းဖြင့် မွန်တီနီဂရိုးသည် လွတ်လပ်သောနိုင်ငံဖြစ်လာခဲ့သည်။
ပထ၀ီအနေအထား
တည်နေရာ
ဥရောပတောင်ပိုင်း ၊ ဆားဘီးယား နှင့် အက်ဒရီးအေးတစ် ပင်လယ်ကြား။
မြေပုံအညွှန်း
ဥရောပ
ဧရိယာ
ကုန်းမြေ ၁၃,၄၅၂ sq km
ရေ ၃၆၀ sq km
ထိစပ်နယ်မြေ
အယ်ဘေးနီးယား ၁၇၂ km
ဘော့စ်နီးယားနှင့် ဟာဇီရိုးဗီးယား ၂၂၅ km
ခရိုအေရှား ၂၅ km
ကိုဆိုဗို ၇၉ km
ဆားဗီးယား ၁၂၄ km
ကမ်းရိုးတန်း
၂၉၃.၅ km
ရာသီဥတု
မြေထဲပင်လယ်ရာသီဥတု ။ ပူ၍ခြောက်သွေ့သော နွေရာသီနှင့် ဆောင်းဦးပေါက်။ အတော်အသင့်အေးမြသော ဆောင်းရာသီနှင့် ကုန်းတွင်းပိုင်း နှင်းသည်းထန်။
မြေမျက်နှာသွင်ပြင်
ချိုင့်ဝင်ကမ်းရိုးတန်းတွင် ကျဉ်းမြောင်းသော ကမ်းရိုးတန်းမြေပြန့် နောက်တွင် ကြမ်းတမ်သော ထုံးကျောက်တောင်များ နှင့် ကုန်းမြင့်လွင်ပြင်များရှိ။
မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း အက်ဒရီးအေးတစ်ပင်လယ် 0 m
အမြင့်ဆုံးအပိုင်း ဘိုဘိုတော့ကွတ် ၂,၅၂၂ m
သဘာဝအရင်းအမြစ်
ဘောက်ဇိုက်သတ္တု ၊ရေအားလျှပ်စစ်။
လူ့အရင်းအမြစ်
လူဦးရေ ၆၂၇,၁၈၀ (၂၀၀၉)
လူဦးရေကြီးမားမှုကမ္ဘာ့အဆင့် ၁၆၅
လူဦးရေတိုးနှုန်း ၀.၈၅၁% (၂၀၀၉)
မွေးဖွားနှုန်း ၁၁.၁၄/၁၀၀၀ ဦးရေ (၂၀၀၉)
သေဆုံးနှုန်း ၈.၆၃/၁၀၀၀ ဦးရေ (၂၀၀၉)
လူမျိုး
မွန်တီနီဂရိုး
တိုင်းရင်းသားလူမျိုး
မွန်တီနီဂရိုး ၄၃%
ဆားဘီးယား ၃၂%
ဘော့စနီးယက် ၈%
အယ်လဘေးနီးယန်း ၅%
အခြား ၁၂%
ကိုးကွယ်မှု
အော်သိုဒေါ့ ၇၄.၂%
မွတ်စလင် ၁၇.၇%
ကက်သလစ် ၃.၅%
အခြား ၀.၆%
အမည်မသိ ၃%
ဘာသာမဲ့ ၁%
ဘာသာစကား
ဆားဘီးယန်း ၆၃.၆%
မွန်တီနီဂရိုး (ရုံးသုံး) ၂၂%
ဘော့စနီးယန်း ၅.၅%
အယ်လ်ဘေးနီးယန်း ၅.၃%
အမည်မသိ ၃.၇%
မြို့တော်
ပေါ့ဂိုရီကာ (Podgorica)












Thursday, September 17, 2009
0000
Posted in:
0 comments:
Post a Comment
comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။