August 1, 2009

Republic of Chad


၄၃။ချဒ်(Chad)
Republic of Chad

နောက်ခံသမိုင်းအကျဉ်း
ပင်သစ်၏ အာဖရိက ကိုလိုနီအဖြစ် ၁၉၆၀ အထိ ဖြစ်ခဲ့သည်။ နှစ်(၃၀) ကြာပြည်တွင်းစစ်နှင့် လစ်ဗျား၏ ကျုးကျော်မှုဒါဏ်များခံခဲ့ရပြီး ၁၉၉၀ တွင် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ခဲ့သည်။ အစိုးရက ဒီမိုကရေစီ အခြေခံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်းတစ်ရပ်ရေးဆွဲခဲ့ပြီး ၁၉၉၆ နှင့် ၂၀၀၁ ခုနှစ်များတွင် အပြည့်အ၀မှန်ကန်မှု မရှိသော သမ္မတရွေးကောက်ပွဲများ ကျင်းပခဲ့သည်။ ၁၉၉၈ ခုနှစ် တွင်နိုင်ငံမြောက်ပိုင်း၌ ပုန်ကန်ထကြွမှုဖြစ်ပွား ခဲ့သည်။ သူပုန်များနှင့် အစိုးရကြားတွင် ငြိမ်းချမ်းရေးသဘောတူညီများစွာရှိသော်လည်း မကြာခဏဆိုသလို ပေါ် ပေါက်ခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ဆူဒန်အနောက်ပိုင်းတွင် သူပုန်အုပ်စုတစ်စု ပေါ်ပေါက်လာပြီး ချဒ် အရှေ့ပိုင်းဒေသသို့သွေးတိုးစမ်းဝင်ရောက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။ ၂၀၀၆ ဒီဇင်ဘာလ နှင့် ၂၀၀၇ အောက်တိုဘာလတွင် ငြိမ်းချမ်းရေး စာချုပ်များချုပ်ဆိုခဲ့သည်။ တိုင်းရင်းသား လူမျိုးစုတစ်စုက ချုပ်ကိုင်ထားသည်။ ၂၀၀၅ ဇွန်လ တွင် သမ္မတ အိုင်ဒရစ်ဒဲဘိုင် ကလူထုဆန္ဒခံယူပွဲတစ်ရပ်ကိုအောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး အခြေခံဥပဒေပါကန့်သက်ချက်များကို ဖယ်ရှားပစ်ခဲ့သည်။ ၂၀၀၆ တွင် နောက်ထပ် အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲ တစ်ခုတွင် အနိုင်ရရှိခဲ့သည်။ ၂၀၀၆ နှင့် ၂၀၀၇ ခုနှစ်များတွင် ပုန်ကန် တိုက်ခိုက်မှုများမကြာခဏ ဖြစ်ပွားခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် မြို့တော်ကို တိုက်ခိုက်လာသည်အထိ သူပုန်တို့၏ခြိမ်းချောက်မှုက ကြီးမားလာခဲ့သည်။


ပထ၀ီ အနေအထား
တည်နေရာ
အာဖရိက အလယ်ပိုင်း ။လစ်ဗျားနိုင်ငံ၏တောင်ဘက်။

မြေပုံအညွှန်း
အာဖရိကတိုက်။

ဧရိယာ
ကုန်းမြေ - 1259,200 sq km
ရေ - 24,800 sq km
စုစုပေါင်း - 1.284 သန်း sq km


ထိစပ်နယ်မြေ
ကင်မရွန်း - 1094 km
ဗဟိုအာဖရိက သမ္မတနိုင်ငံ - 1,197 km
လစ်ဗျား - 1,055 km
နိုင်ဂါ - 1,175 km
နိုင်ဂျီးရီးယား - 87 km
ဆူဒန် - 1,360 km


ကမ်းရိုးတန်း
မရှိ (ကုန်းတွင်းပိတ်)

ရာသီဥတု
တောင်ပိုင်းတွင် အပူပိုင်းဒေသရာသီဥတု။မြောက်ပိုင်းတွင် ကန္တာရရာသီဥတု။

မြေမျက်နှာသွင်ပြင်
အလယ်ပိုင်းတွင် ကျယ်ပြန့်၍ မိုးခေါင်သောမြေပြန့်။
အနောက်မြောက်ဘက်တွင်တောင်များရှိ။တောင်ဘက်တွင်မြေနိမ့်။


မျက်နှာပြင်ထက်ခြားနားချက်
အနိမ့်ဆုံးအပိုင်း ဂျိုရတ် (ဘ)ချိုင့်ဝှမ်း - 160 m
အမြင့်ဆုံးအပိုင်း အမ်မီတောင်ဆီ - 3,415 m


သဘာဝအရင်းအမြစ်
ရေနံ ၊ ယူရေနီယမ် ၊ နာတရွန်ဆား (သတ္တုဓါတ်ပါသောဆားတစ်မျိုး)
ကာအိုလင်းမြေစေးဖြူ ၊ ငါး ၊ ရွှေ ၊ ထုံးကျောက် ၊ သဲ ၊ ကျောက်စရစ် ၊ ဆား။


လူ့အရင်းအမြစ်
လူဦးရေ 10,111,1337(2008)
လူဦးရေတိုးနှုန်း 2.165 % (2008)
မွေးဖွားနှုန်း 41.61 /1000 ဦးရေ (2008)
သေဆုံးနှုန်း 16.39 /1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 46.4 နှစ်
မ - 48.5 နှစ်
စုစုပေါင်း - 47.43 နှစ်


လူမျိုး
ချဒ်

တိုင်းရင်းသားလူမျိုး
ဆာရာ - 27.7 %
အာရပ် - 12.3 %
မေယို -ကက်ဘီ - 11.5 %
ခမ်နမ် - ဘိုနူ - 9 %
အွတ်ဒိုင်း - 8.7 %
ဟက်ဂျာရိုင်း - 6.7 %
တန်းဂျီး - 6.5 %
ဂေါ်ရန်း - 6.3 %
ဖစ်ရီ- ဘာသာ - 4.7 %
အခြား - 6.4 %
အမည်မသိ - 0.3 %


ကိုးကွယ်မှု
မွတ်စလင် - 53.1 %
ကက်သလစ် - 20.1 %
ပရိုတက်စတင့် - 14.2 %
သဘာဝတရားကိုးကွယ်မှု - 7.3 %
အခြား - 0.5 %
အမည်မသိ - 1.7 %
ဘုရားမဲ့ဝါဒ - 3.1 %


ဘာသာစကား
ပြင်သစ် (ရုံးသုံး) ။ အာရပ် (ရုံးသုံး)။ ဆာရာ (တောင်ပိုင်း) ။လူမျိုးစု ဒေသိယဘာသာစကား အမျိုး 120 ကျော်။

မြို့တော်
အန် - ဂျာမဲနာ (N’ Djamena)

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။