August 1, 2009

Republic of Chile


၄၄။ချီလီ(Chile)
Republic of Chile

နောက်ခံသမိုင်းအကျဉ်း
(၁၆)ရာစု စပိန်တို့ ၀င်ရောက်မလာခင်က ချီလီမြောက်ပိုင်းတွင် အင်တာလူမျိုးများ အုပ်စိုးလျက်ရှိပြီး တောင်ပိုင်းနှင့်အလယ်ပိုင်းတွင် အာရုကန်နီးယန်း (မာပူချက်) လူမျိုးများနေထိုင်ခဲ့ကြသည်။ ၁၈၁၀ ခုနှစ်တွင် စပိန်ထံမှ လွတ်လပ်ရေးကြေငြာခဲ့သော်လည်း ၁၈၁၈ ခုနှစ်အထိ အပြည့်အ၀ လွတ်လပ်ရေး မရှိသေးပေ။ ၁၈၇၉ မှ ၁၈၈၃ အတွင်းဖြစ်ပွားသောပစိဖိတ်စစ်ပွဲတွင် ချီလီက ပီရူးနှင့် ဘိုလီးဗီးယားကို အနိုင်ရရှိခဲ့ပြီး ယနေ့ခေတ် မြောက်ပိုင်းဒေသနယ်မြေများ ရရှိခဲ့သည်။ ၁၈၈၀ ခုနှစ်များအထိ အာရူးကန်းနီးယန်း အင်ဒီးယန်းများကို လက် အောက်ခံအဖြစ်သွတ်သွင်းနိုင်ခြင်းမရှိသေးပေ။ ဆယ်ဗာဗို အလန်ဒီ ၏ မာ့ခ်စ်ဝါဒီ အစိုးရ သုံးနှစ်အကြာ အုပ်ချုပ် ပြီးနောက် ၁၉၇၃ တွင် ဩဂတ်စတိုပီဒိုရှေး ဦးဆောင်သော စစ်တပ်ကအာဏာသိမ်းခဲ့သည်။ ၁၉၉၀ တွင် လွတ် လပ်စွာရွေးချယ်တင်မြှောက်သော သမ္မတ ပေါ်ပေါက်လာသည်အထိ ပီဒိုရှေး အုပ်ချုပ်ခဲ့သည်။ ၁၉၈၀ ခုနှစ်များမှ စ၍ တည်ငြိမ်သောစီးပွားရေးပေါ်လစီများ ချမှတ်ဆောင်ရွက်ခြင်းကြောင့် စီးပွားရေးပုံမှန်တိုးတက်လာခဲ့ပြီး ဆင်းရဲမွဲတေမှုနှုန်း တစ်ဝက်ကျော် လျှော့ချနိုင်ခဲ့သည်။ ဒီမိုကရေစီနှင့် ပြည်သူ့ကိုယ်စားလှယ်အစိုးရ ပေါ်ပေါက်ရေးအတွက် ခိုင်မာသော အထောက်အကူတစ်ရပ်ဖြစ်ခဲ့သည်။ တည်ငြိမ်သောဒီမိုကရေစီ နိုင်ငံဖြစ်ခြင်းကြောင့် ချီလီနိုင်ငံသည် ဒေသတွင်းနှင့် နိုင်ငံတကာတွင် ဦးဆောင်မှု အခန်းကဏ္ဍ၌ပါဝင် ရပ်တည်လျက်ရှိသည်။


ပထ၀ီ အနေအထား
တည်နေရာ
တောင်အမေရိကတောင်ပိုင်း။ တောင်ပစိဖိတ်သမုဒ္ဒရာ နှင့် ထိစပ်။ ပီရူး နှင့် အာဂျင်တီးနားကြား။

မြေပုံအညွှန်း
တောင်အမေရိက။

ဧရိယာ
ကုန်းမြေ - 748,800 sq km
ရေ - 8,150 sq km
စုစုပေါင်း - 756,950 sq km


ထိစပ်နယ်မြေ
အာဂျင်တီးနား - 5308 km
ဘိုလီဗီးယား - 860 km
ပီရူး - 171 km


ကမ်းရိုးတန်း
6,435 km

ရာသီဥတု
အပူအအေးသမမျှတ ။ မြောက်ဘက်တွင် ကန္တာရရာသီဥတု အလယ်ပိုင်းတွင်
မြေထဲပင်လယ်ရာသီဥတု။ တောင်ပိုင်းတွင် အေး၍စိုထိုင်းသောရာသီဥတု။


မြေမျက်နှာသွင်ပြင်
ကမ်းရိုးတန်းတောင်နိမ့်များရှိ။ မြေဩဇာကောင်းမွန်သော အလယ်ပိုင်းတောင်ကြား
အရှေ့ဘက်တွင် ကြမ်းတမ်းသော အင်ဒီးတောင်တန်း။

မျက်နှာပြင်အထက်ခြားနားချက်
အနိမ့်ဆုံးအပိုင်း ပစိဖိတ်သမုဒ္ဒရာ - 0 m
အမြင့်ဆုံးအပိုင်း နီဗာဒို အိုဂျော့ ဒယ်ဆယ်လာဒို - 6,880 m

သဘာဝအရင်းအမြစ်
ကြေးနီ ၊သစ် ၊သံရိုင်း၊ နိုက်ထရိတ် ၊ အဖိုးတန်သတ္တုများ၊ မော်လစ်ဒီယမ် ၊ရေအားလျှပ်စစ်။


လူ့ အရင်းအမြစ်
လူဦးရေ 16.454,143 ဦးရေ (2008)
လူဦးရေတိုးနှုန်း 0.905 % (2008)
မွေးဖွားနှုန်း 14.82 /1000 ဦးရေ (2008)
သေဆုံးနှုန်း 5.77 / 1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 73.88 နှစ်
မ - 80.59 နှစ်
စုစုပေါင်း - 77.15 နှစ်

လူမျိုး
ချီလီ ။

တိုင်းရင်းသားလူမျိုး
လူဖြူ နှင့် အမေရင်းဒီးယန်းလူဖြူ - 95.4 %
မာပူချီ - 4 %
အခြားဋ္ဌာနေတိုင်းရင်းသားများ - 0.6 %


ကိုးကွယ်မှု
ရိုမန်ကက်သလစ် - 70 %
ဧ၀ံဂလီ - 15.1 %
ယေဝေါဟာသက်သေ - 1.1 %
အခြားခရစ်ယာန် - 1 %
အခြား - 4.6 %
ဘာသာမဲ့ - 8.3 %


ဘာသာစကား
စပိန် (ရုံးသုံး) ၊ မာပူဒန်ဂန် ၊ ဂျာမန် ၊ အင်္ဂလိပ်။

မြို့တော်
ဆန်တီယေဂို (Santiago)

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။