August 12, 2009

Looperative Republic of Guyana


၉၃။ ဂူယားနား(Guyana)
Looperative Republic of Guyana

နောက်ခံသမိုင်းအကျဉ်း
(၁၇) ရာစု အတွင်းက ဒတ်ခ်ျ ကိုလိုနီ ပထမ ဦးစွာဖြစ်ခဲ့ပြီး ၁၈၁၅ တွင် ဗြိတိသျှကိုလိုနီ ဖြစ်လာ ခဲ့သည်။ ကျွန်း စနစ်ဖျတ်သိမ်းလိုက်ခြင်းကြောင့် မြို့ပေါ်ဒေသတွင် လူမည်းများ အခြေချ နေထိုင် လာကြပြီးသကြားခင်းများတွင် အလုပ်ခိုင်းစေရန် အိန္ဒိယမှ လုပ်သားအများအပြား တင်သွင်းခဲ့သည်။ ယင်းသို့ယဉ်ကျေးမှုခြားနားမှုများပြင်းထန်လာပြီး နိုင်ငံရေးမငြိမ်သက်မှုများဆီသို့ဦးတည်သွားစေခဲ့ သည်။ ၁၉၆၆ တွင် ဗြိတိန်ထံမှလွတ်လပ်ရေးရရှိပြီး ဆိုရှယ်လစ်စနစ်ကို ကျင့်သုံးသော အစိုးရများအုပ်ချုပ်ခဲ့သည်။ ၁၉၉၂ တွင်နိုင်ငံ၏ ပထမဦးဆုံး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကျင်းပခဲ့ပြီး ရှက်ဒီဂျာဂင် (Cheddi Jagan) သမ္မတ ဖြစ်လာခဲ့သည်။ ၎င်း သေဆုံးပြီးနောက် ငါးနှစ်အကြာတွင် ၎င်း၏ဇနီး ဂျက်နက်ဂျာဂင် (Janef Jargan) သမ္မတ ဖြစ်လာခဲ့ပြီး ၁၉၉၉ တွင် ကျန်းမာရေးချို့တဲ့မှုကြောင့် နှုတ်ထွက်သွားခဲ့သည်။ ထို့နောက် ၂၀၀၁ ခုနှစ် တွင် ဘားရက်ဂျက်ဒီယို (Bharral Jagdeo)သမ္မတ ဖြစ်လာခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် ထပ်မံအရွေးခံရသည်။

ပထ၀ီ အနေအထား
တည်နေရာ
တောင်အမေရိကတိုက်တောင်ပိုင်း။မြောက်အတ္တလန္တိတ်သမုဒ္ဒရာ နှင့် ထိစပ်။
ဆူရီနိမ်း နှင့် ဗင်နီဇွဲလား နိုင်ငံများကြား။

မြေပုံအညွှန်း
တောင်အမေရိကတိုက်။

ဧရိယာ
ကုန်းမြေ - 196,850 sq km
ရေ - 18,120 sq km
စုစုပေါင်း - 214,970 sq km

ထိစပ်နယ်မြေ
ဘရာဇီး - 1606 km
ဆူရီနိမ်း - 600 km
ဗင်နီဇွဲလား - 743 km

ကမ်းရိုးတန်း
459 km

ရာသီဥတု
အပူပိုင်းဒေသရာသီဥတု။ အရှေ့မြောက်ကုန်သည်လေတိုက်ခတ်မှုကြောင့်စိုထိုင်း၍ သမမျှတသော ရာသီဥတု။ မေလ မှ ဩဂုတ်လအထိ နှင့် နိုဝင်ဘာလ မှ
ဇန်န၀ါရီလအထိ ဟူ၍ မိုးရာသီ နှစ်ခုရှိ။

မြေမျက်နှာသွင်ပြင်
လှိုင်းတွန့်ကုန်းပြင်မြင့်များ ၊ နိမ့်သောကမ်းရိုးတန်း မြေပြန့်များ ၊
တောင်ပိုင်းတွင် ဆဗားနား မြက်ခင်း။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း အတ္တလန္တိတ်သမုဒ္ဒရာ - 0 m
အမြင့်ဆုံးအပိုင်း ရော်ရိုင်မာတောင် - 2835 m

သဘာဝအရင်းအမြစ်
ဘောက်ဇိုက်သတ္တု ၊ ရွှေ ၊ စိန် ၊ သစ်မာ ၊ ပုဇွန် ၊ငါး ၊

လူ့အရင်းအမြစ်
လူဦးရေ 770,794 (2008)
လူဦးရေတိုးနှုန်း 0.211 % (2008)
မွေးဖွားနှုန်း 17.85 / 1000 ဦးရေ (2008)
သေဆုံးနှုန်း 8.29 / 1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 63.81 နှစ်
မ - 69.18 နှစ်
စုစုပေါင်း - 06.43 နှစ် (2008)

လူမျိုး
ဂူယန်နိ

တိုင်းရင်းသားလူမျိုး
အရှေ့အိန္ဒိယ - 43.5 %
လူမည်း - 30.2 %
သွေးနှော - 16.7 %
အမေရင်းဒီးယန်း - 9.1 %
အခြား - 0.5 %

ကိုးကွယ်မှု
ဟိန္ဒူ - 28.4 % ၊ ပန်တယ်ကိုစတယ် - 16.9 %
ရိုမန်ကက်သလစ် - 8.1 % ၊ အင်္ဂလီကန် - 6.9 %
ဆဲဗင်းဒေးအက်ဗန်တစ် - 5 % ၊ မက်သဒစ် - 1.7 %
ယေဝေါဟာသက်သေ - 1.1 %
အခြားခရစ်ယာန် - 17.7 % ၊မွတ်စလင် - 7.2 %
အခြား - 4.3 % ၊ ဘာသာမဲ့ 4.3 %

ဘာသာစကား
အင်္ဂလိပ် ၊ အမေရင်ဒီယန်း စကား ၊ခရီအိုး ၊ ကာရစ်ဘီယံ ဟိန္ဒူနီစတန်၊ အူရဒူ။

မြို့တော်
ဂျော့တောင်း (Geargetown)

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။