August 12, 2009

Republic of Haiti


၉၄။ဟေတီ(Haiti)
Republic of Haiti

နောက်ခံသမိုင်းအကျဉ်း
၁၉၄၂ ခုနှစ်တွင် ဟစ္စပန်နီယိုလာ (Hispaniola) ကျွန်းကို ကိုလံဘတ် ရှာဖွေတွေ့ရှိချိန်တွင် ဒေသခံတိုင်နို အမေရင်းဒီယန်း(Taino Amerindian)တိုင်းရင်းသားများ အခြေချနေထိုင်လျက်ရှိသည်။ စပိန်တို့ ၀င်ရောက်လာပြီး(၂၅) နှစ်အတွင်း ဒေသခံတိုင်းရင်းသားများ မျိုးတုန်းပျောက်ကွယ်သွားခဲ့သည်။ (၁၇) ရာစုတွင် ပြင်သစ်တို့ရောက်ရှိလာခဲ့ပြီး ၁၆၉၇ တွင် ကျွန်း၏ အနောက်ဘက် နယ်မြေ ၁/၃ ကို ပြင်သစ် ကိုပေးအပ်ခဲ့ရကာ ၎င်းနယ်မြေသည် ဟေတီ ဖြစ်လာခဲ့သည်။ ၎င်း ကိုလိုနီ နယ်မြေတွင် သစ်တော နှင့် ကြံလုပ်ငန်းများ လုပ်ကိုင်ပြီး ကာရစ်ဘီယံဒေသတွင် အကြွယ်ဝဆုံးဖြစ်လာခဲ့သည်။ အာဖရိကမှ ကျွန်အမြောက်အများတင်သွင်းခဲ့မှုကြောင့် သဘာဝပတ်ဝန်းကျင်ဆုတ်ယုတ်ပျက်စီးမှုများ ဖြစ်ပေါ်လာခဲ့သည်။ (၁၈) ရာစု နှောင်ပိုင်းတွင် တူးစိန့် လူးဗာချာ (Toussaint L’ouverture) ဦးဆောင်၍ ကျွန်းပေါင်း ငါးသိန်း နီးပါး တော်လှန်ပြီးနောက် ၁၈၀၄ ခုနှစ်တွင် ဟေတီ လွတ်လပ်ရေးရခဲ့ပြီး ပထမဦးဆုံးလူမည်းသမ္မတနိုင်ငံ ဖြစ်လာခဲ့သည်။ ကမ္ဘာ့အနောက်ခြမ်းတွင် အဆင်းရဲဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး သမိုင်းတစ်လျှေက်တွင် နိုင်ငံရေးပဋိပက္ခများ အဆက်မပြက် ပေါ်ပေါက်ခဲ့သည်။ လက်နက်ကိုင်တော်လှန်ရေးတစ်ရပ်ဖြစ်ပွားခဲ့ပြီး သမ္မတ ဂျင်းဘာထရန် အရစ္စတိုက် (Jean – Bertrand Aristide) ကို ၂၀၀၄ ဖေဖေါ်ဝါရီလတွင် နှုတ်ထွက်စေ၍ ပြည်နှင်ဒဏ်ပေးခဲ့သည်။ ဟေတီ နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ တည်ငြိမ်မှုရရှိရေး မစ်ရှင် ၏ဦးဆောင်မှုဖြင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရန်ကြားဖြတ် အစိုးရက တာဝန်ယူ ထိန်းသိမ်းခဲ့သည်။ အကြမ်းဖက်မှုများဆက်လက်ဖြစ်ပွားနေခြင်း ၊ နည်းပညာ အခက်အခဲများရှိခြင်းကြောင့် ရွေးကောက်ပွဲ ကျင်းပရန် မကြာခဏ ရွှေ့ဆိုင်းခဲ့ရသော်လည်း ၂၀၀၆ မေလ တွင် ပါလီမန် နှင့် သမ္မတ ကို ရွေးကောက် တင်မြှောက်နိုင်ခဲ့သည်။

ပထ၀ီ အနေအထား
တည်နေရာ
ကာရစ်ဘီယံ ။ ဟစ္စပန်နီယိုလာ ကျွန်း၏ အနောက်ဘက် သုံးပုံတစ်ပုံ။
မြောက်အတ္တလန္တိတ်သမုဒ္ဒရာ နှင့် ကာရစ်ဘီယံ ပင်လယ်ကြား၊ ဒိုမီနီကန် သမ္မတနိုင်ငံ၏ အနောက်ဘက်။

မြေပုံအညွှန်း
အမေရိက အလယ်ပိုင်း နှင့် ကာရစ်ဘီယံ။

ဧရိယာ
ကုန်းမြေ - 27560 sq km
ရေ - 190 sq km
စုစုပေါင်း - 27750 sq km

ထိစပ်နယ်မြေ
ဒိုမီနီကန် သမ္မတနိုင်ငံ - 360 km

ကမ်းရိုးတန်း
1,771 km

ရာသီဥတု
အပူပိုင်းဒေသ ရာသီဥတု ။ အရှေ့ဘက်ရှိတောင်များက ကုန်သည်လေတိုက်ခတ်မှုမှ တားဆီးထားသော ကြောင့် မိုးအတော်အတင့်ခေါင်သည်။

မြေမျက်နှာသွင်ပြင်
ကြမ်းတမ်း၍တောင်ထူထပ်။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း ကာရစ်ဘီယံပင်လယ် - 0m
အမြင့်ဆုံးအပိုင်း ချိုင်းနီဒီလာဆယ်လီ - 2,680 m


သဘာဝအရင်းအမြစ်
ဘောက်ဇိုက်သတ္တု ၊ ကြေးနီ ၊ ကယ်လဆီယမ်ကာဗွန်နိတ် ၊
ရွှေ ၊စကျင်ကျောက် ၊ရေးအားလျှပ်စစ်။

လူ့အရင်းအမြစ်
လူဦးရေ 8,924,553 (2008)
လူဦးရေတိုးနှုန်း 2.493 % (2008)
မွေးဖွားနှုန်း 35.69 / 1000 ဦးရေ (2008)
သေဆုံးနှုန်း 10.15 / 1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 55.83 နှစ်
မ - 59.35 နှစ်
စုစုပေါင်း - 57.56 နှစ် (2008)

လူမျိုး
ဟေတီယန်

တိုင်းရင်းသားလူမျိုး
လူမည်း - 95 %
မူလတို နှင့် လူဖြူ - 5 %

ကိုးကွယ်မှု
ရိုမန်ကက်သလစ် - 8 % ၊
ပရိုတက်စတင့် - 16
ဘာသာမဲ့ - 1 % ၊ အခြား - 3 %

ဘာသာစကား
ပြင်သစ် (ရုံးသုံး) ၊ခရီအိုး (ရုံးသုံး)

မြို့တော်
အော်ပရင့် ဆိပ်ကမ်းမြို့ (Pert – au – Prince)

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။