August 11, 2009

Guernsey


၉၀။ဂူအန်ဆီ
(Guernsey)

နောက်ခံသမိုင်း အကျဉ်း
အင်္ဂလိပ်ရေလက်ကြားအတွင်းရှိ ဂူအန်ဆီ နှင့် အခြားကျွန်းများသည် အင်္ဂလန်နှင့် ပြင်သစ် နိုင်ငံများအပေါ်လွှမ်းမိုးမှုရှိခဲ့သော အလယ်ခေတ် နော်မန်ဒီ မြို့စားနယ်စား အကြွင်းအကျန်များ၏ ပြယုဂ်အဖြစ်တည်ရှိသည်။ ဒုတိယ ကမ္ဘာစစ်အတွင် ဂျာမဏီက သိမ်းပိုက်ခဲ့သည်။ ဂူအန်ဆီသည် ဗြိတိသျ ထီးရိပ်နန်ရိပ် ခိုသော်လည်း ဗြိတိသျ၏ နယ်မြေအစိတ်အပိုင်းတစ်ခုမဟုတ်ပေ။ သို့သော် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဗြီတိသျ အစိုးရက ကာကွယ်ရေးနှင့် အပြည်ပြည်ဆိုင်ရာ ကိစ္စရပ် များအတွက် တာဝန်ယူထားသည်။



ပထ၀ီ အနေအထား
တည်နေရာ
အနောက်ဥရောပ ။ အင်္ဂလိပ်ရေလက်ကြားအတွင်းရှိကျွန်းများ။
ပြင်သစ် နိုင်ငံ၏ အနောက်မြောက်ဘက်။

မြေပုံအညွှန်း
ဥရောပ

ဧရိယာ
ကုန်းမြေ - 78 sq km
ရေ - 0 sq km
စုစုပေါင်း - 78 sq km

ထိစပ်နယ်မြေ
မရှိ

ကမ်းရိုးတန်း
50 km

ရာသီဥတု
သမမျှတသော ဆောင်းရာသီ ။ အေးမြသောနွေရာသီ တို့နှင့်
အပူအအေးမျှတသော ရာသီဥတု။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း အတ္တလန္တိတ်သမုဒ္ဒရာ - 0 m
အမြင့်ဆုံးအပိုင်း ဆာစ့်ဒေသရှိအမည်မရှိနေရာတစ်ခု - 144 m

သဘာဝအရင်းအမြစ်
သီးနှံစိုက်ခင်း။

လူ့အရင်းအမြစ်
လူဦးရေ 65,726 (2008)
လူဦးရေတိုးနှုန်း 0.228 % (2008)
မွေးဖွားနှုန်း 8.57 / 1000 ဦးရေ (2008)
သေဆုံးနှုန်း 10.07 / 1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 77.64 နှစ်
မ - 83.76 နှစ်
စုစုပေါင်း - 80.65 နှစ် (2008)

လူမျိုး
ရေလက်ကြားကျွန်းသား


တိုင်းရင်းသားလူမျိုး
ဗြိတိသျှ နှင့် နော်မန် ပြင်သစ် မျိုးဆက်အများစုတွင် ဥရောပသားအနည်းငယ်။

ကိုးကွယ်မှု
အင်္ဂလီကန်၊ရိုမန်ကက်သလစ် ၊ပရက်စဘိုင်တာရီယန်၊ဘက်ပတစ် ၊
ကွန်ဂရီဂေရှင်နယ် ၊မက်သဒစ်။

ဘာသာစကား
အင်္ဂလိပ် ၊ပြင်သစ် ၊နော်မန်၊ ပြင်သစ်ဒေသိယစကား ။

မြို့တော်
စိန့်ပီတာဆိပ်ကမ်းမြို့။

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။