August 5, 2009

Dhekelia Soverign Bace Area(British)


၆၁။ဒီခီးလီးယား(Dhekelia)
Dhekelia Soverign Bace Area (British)

နောက်ခံသမိုင်း အကျဉ်း
၁၉၆၀ စတင်တည်ထောင်ခြင်းစာချုပ် (Treaty of Ertablishmenf) အရ ဆိုက်ပရပ်သမ္မတ နိုင်ငံသည် လွတ်လပ်သော နိုင်ငံ တစ်နိုင်ငံဖြစ်လာသည်။ ဗြိတိသျှ အစိုးရက စုစုပေါင်း ဧရိယာ ၂၅၄ စတုရန်းကီလိုမီတာ နီးပါးကျယ်ဝန်းသော အက်ခရိုတီရီ နှင့် ဒီခီလီယာ နယ်မြေနှစ်ခုတွင် အချုပ်အခြာ အာဏာ နှင့် တရားစီရင်ရေး အာဏာတို့ အပြည့်အ၀ ရရှိခဲ့သည်။ ဒီခီလီယာ အချုပ်အခြာ အခြေစိုက်ဒေသက ပိုမိုကြီးမားလာပြီး အရှေ့အချုပ် အခြာ အခြေစိုက်နယ်မြေဟုလည်းခေါ်သည်။

ပထ၀ီ အနေအထား
တည်နေရာ
အရှေ့မြေထဲပင်လယ် ၊ဖာမာဂတ်စတာ အနီးရှိ ဆိုက်ပရပ် အရှေ့တောင်ဘက်ကမ်းရိုးတန်း။

မြေပုံအညွှန်း
အရှေ့အလယ်ပိုင်း။

ဧရိယာ
စုစုပေါင်း 130.8 sq km

ထိစပ်နယ်မြေ
ဆိုက်ပရပ် - 103 sq km

ကမ်းရိုးတန်း
27.5 km

ရာသီဥတု
အပူအအေးမျှတ ၊ ပူ၍ခြောက်သွေ့သောနွေရာသီ ၊အေးမြသောဆောင်းရာသီ တို့
ရှိသော မြေထဲ ပင်လယ်ရာသီဥတု။

လူဦးရေ
15700 ဦးရေ

ဘာသာစကား
အင်္ဂလိပ် ၊ဂရိ ။

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။