August 5, 2009

Republic of Djibouti


၆၂။ဂျစ်ဘောက်တီ(Djibouti)
Republic of Djibouti


နောက်ခံသမိုင်း အကျဉ်း
ပြင်သစ်ပိုင်နက်များဖြစ်သော အေဖာနှင့် အိုင်ဆက်နယ်မြေများသည် ၁၉၇၇ တွင် ဂျစ်ဘောက်တီ နိုင်ငံဖြစ်လာခဲ့သည်။ ဟက်ဆန်ဂူးလက် အက်ပတီဒွန် (Hassan Gouled Aptidon) သည်တစ်ပါတီ အာဏာရှင် စနစ်ကို တည်ထောင်ပြီး ၁၉၉၉ ခုနှစ် အထိသမ္မတ အဖြစ်အုပ်ချုပ်ခဲ့သည်။ ၁၉၉၀ ခုနှစ်များ အတောအတွင်း အေဖာလူမျိုးများအတွင်း မငြိမ်သက်မှုများဖြစ်ပွားခဲ့ပြီး ပြည်တွင်းစစ်ဖြစ်ပွားစေခဲ့ကာ ၂၀၀၁ ခုနှစ်တွင် အေဖါ သူပုန်များနှင့် အိုင်ဆာအစိုးရတို့ ငြိမ်းချမ်းရေးစာချုပ်ဖြင့် စစ်ပွဲအဆုံးသတ်ခဲ့သည်။ ၁၉၉၉ တွင် ကျင်းပသော ဂျစ်ဘောက်တီ၏ ပထမဦးဆုံးပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် အစ္စမေးအိုမာဂူအယ်လာ (Ismail Omar Guelleh) အနိုင်ရရှိခဲ့သည်။ ၂၀၀၅ ခုနှစ် ရွေးကောက်ပွဲတွင် ဒုတိယနှင့် နောက်ဆုံးသက်တမ်းအဖြစ် ထပ်မံ ရွေးချယ်ခြင်းခံခဲ့ရသည်။ ဂျစ်ဘောက်တီ နိုင်ငံသည် ပထ၀ီအနေအထားအရ အချက်အခြာကျသော ပင်လယ်နီ ၀င်ထွက်ပေါက်ကို ပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်သည့်အလျောက် အာဖရိကကုန်းတွင်းပိုင်းသို့ ကုန်စည်များ ၀င် ထွက်သွားလာရန် အရေးကြီးသော သဘောင်္ကုန်တင် ၊ ကုန်ချ ဆိပ်ကမ်းတစ်ခု ဖြစ်သည်။ လက်ရှိအစိုးရသည် ပြင်သစ်နိုင်ငံနှင့်ဆက်ဆံရေး အလွန်ရင်းနှီး၍ ပြင်သစ်စစ်တပ်ထားရှိမှုကို လက်ခံထားသည်။ အမေရိကန် ပြည်ထောင်စုနှင့်လည်း ခိုင်မာသောဆက်ဆံရေးရှိ၏ ဂျစ်ဘောက်တီ နိုင်ငံသည် ဆာဟာရ တောင်ဘက်အာဖရိက နိုင်ငံများ (Sub Saharan Africa) တွင် အမေရိကန် စစ်အခြေစိုက်စခန်း တည်ရှိသော တစ်ဦးသော နိုင်ငံဖြစ်ပြီး ကမ္ဘာ့အကြမ်းဖက်မှု နှိမ်နင်းတိုက်ဖျက်ရေးတွင် ရှေ့တန်းမှ ပါဝင်သော နိုင်ငံ တစ်နိုင်ငံဖြစ်၏။

ပထ၀ီ အနေအထား
တည်နေရာ
အာဖရိက အရှေ့ပိုင်း ၊ ပင်လယ်နီ နှင့် အေဒင်ပင်လယ် ကွေ့တို့ထိစပ်၊
အီရစ်ထရီယာ နှင့် ဆိုမာလီယာ နိုင်ငံ တို့ အကြား။

မြေပုံအညွှန်း
အာဖရိက တိုက် ။

ဧရိယာ
ကုန်းမြေ - 22,980 sq km
ရေ - 20 sq km
စုစုပေါင်း - 23,000 sq km

ထိစပ်နယ်မြေ
အီရစ်ထရီယာ - 109 km
အီတီယိုးပီးယား - 349 km
ဆိုမာလီယာ - 58 km

ကမ်းရိုးတန်း
314 km

ရာသီဥတု
ကန္တာရရာသီဥတု ။ အလွန်ပူပြင်းခြောက်သွေ့ ။

မြေမျက်နှာသွင်ပြင်
အလယ်တွင် တောင်များဖြင့် ပိုင်ခြားထားသော ကမ်းရိုးတန်းမြေပြန့် နှင့် မြေပြန့်လွင်ပြင်။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း လက်အပ်ဘယ် (-155) m
အမြင့်ဆုံးအပိုင်း မောက်ဆာအလီ 2,023 m

သဘာဝအရင်းအမြစ်
ကမ္ဘာ့အပူစွမ်းအင်နယ်မြေ ၊ ရွှေ ၊ ရွှံ့စေး ၊နှမ်းဖက်ကျောက် ၊ ထုံးကျောက်၊
ဆား ၊ ဒိုင်ယာတိုမိုက် ၊ ကျောက်ပတ်တီးကျောက်၊ ရေမြုပ်ကျောက် ၊ရေနံ။

လူ့အရင်းအမြစ်
လူဦးရေ 506,221 (2008)
လူဦးရေတိုးနှုန်း 1.945 % (2008)
မွေးဖွားနှုန်း 38.61 / 1000 ဦးရေ (2008)
သေဆုံးနှုန်း 19.16 / 1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 41.89 နှစ်
မ - 44.77 နှစ်
စုစုပေါင်း - 43.31 နှစ် (2008)


လူမျိုး
ဂျစ်ဘောက်တိယန်

တိုင်းရင်းသားလူမျိုး
ဆိုမာလီ - 60 %
အေဖါ - 35 %
အခြား - 5 %

ကိုးကွယ်မှု
မွတ်စလင် - 94 %
ခရစ်ယာန် - 6 %

ဘာသာစကား
ပြင်သစ် (ရုံးသုံး) ၊အာရပ် (ရုံးသုံး) ၊ဆိုမာလီ ၊ အေဖါ။

မြို့တော်
ဂျစ်ဘောက်တီ (Djibouti)

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။