August 1, 2009

Chiristmas Island

၄၆။ခရစ်စမတ်ကျွန်း
Christmas Island
နောက်ခံသမိုင်း အကျဉ်း
၁၆၄၃ ခုနှစ် ခရစ်စမတ်နေ့တွင် စတင်တွေ့ရှိမှုကို အစွဲပြု၍ ခရစ်စမတ်ကျွန်းဟု ခေါ်တွင်ခဲ့သည်။ ၁၈၈၈ ခုနှစ်တွင် အင်္ဂလန်ကစတင်၍ နယ်ပယ်ချဲ့ ထွင်နေထိုင်ခဲ့သည်။ ၁၈၉၀ ခုနှစ်တွင် ဖေါ့စဖိတ် သတ္တုတွင်းလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။ ၁၉၅၈ ခုတွင် ဩစတေးလျသို့ အပြီးအပိုင် လွှဲပြောင်းပေးခဲ့သည်။ ကျွန်း၏ ၃ ပုံ ၂ ပုံ ခန့်ကို ယခုအခါ အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ထားသည်။


ပထ၀ီ အနေအထား
တည်နေရာ
အာရှတိုက်၏ အရှေ့တောင်ဘက်။ အိန္ဒိယသမုဒ္ဒရာအတွင်း။ အင်ဒိုနီးရှား၏တောင်ဘက်။

မြေပုံအညွှန်း
အရှေ့တောင်အာရှ။

ဧရိယာ
ကုန်းမြေ = 135 sq km
ရေ = 0 sq km
စုစုပေါင်း = 135 sq km

ကမ်းရိုးတန်း
138 .9 km

ရာသီဥတု
စိုစွတ်သော အပူပိုင်းဒေသ ရာသီဥတု (ဒီဇင်ဘာ မှ ဧပြီ အထိ) ခြောက်သွေ့ သော ရာသီဥတု ။ ပူ၍စိုထိုင်းပြီး ကုန်းသည် လေတိုက်ခတ်မှုကြောင့် မျှတသောရာသီဥတုရှိ။

မြေမျက်နှာသွင်ပြင်
ကမ်းရိုးတန်းတစ်လျောက် မတ်စောက်သော ကျောက်ဆောင်များရှိပြီး အလယ်ပိုင်းကုန်းမြင့်လွင်ပြင်ဆီသို့
မတ်စောက်စွာမြင့်တက်သွား။

မျက်နှာပြင်ထက်ခြားနားချက်
အနိမ့်ဆုံးအပိုင်း အိန္ဒိယသမုဒ္ဒရာ - 0 m
မြေင့်ဆုံးအပိုင်း မာရေးတောင်ကုန်း - 360 m

သဘာဝအရင်းအမြစ်
ဖေါ့စဖိတ်၊ လှပသာယာသော ကမ်းခြေများ။

လူ့အရင်းအမြစ်
လူဦးရေ 1,402 ဦးရေ (2008)
လူဦးရေတိုးနှုန်း 0 % (2008)
မွေးဖွားနှုန်း 0 % (2008)
သေဆုံးနှုန်း မရှိ (2008)

လူမျိုး
ခရစ်စမတ်ကျွန်းသား။

တိုင်းရင်းသားလူမျိုး
တရုတ် = 70 %
ဥရောပ = 20 %
မလေး = 10 %

ကိုးကွယ်မှု
ဗုဒ္ဓ = 36 %
ခရစ်ယာန် = 18 %
အခြား = 21 %

ဘာသာစကား
အင်္ဂလိပ် (ရုံးသုံး)၊ တရုတ်၊ မလေး။

မြို့တော်
သည်ဆက်တဲမင့် (The Settlemenf)

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။