
၄၇။ ကလစ်ပါတန် ကျွန်း
(Clipperton Island)
(Clipperton Island)
နောက်ခံသမိုင်း အကျဉ်း
ယင်းဝေးလံခေါင်ဖျားသော ကျွန်းကို(၁၈)ရာစုအတွင်းက ပင်လယ်ဓါးမြ ဂျွန်ကလစ်ပါတန် ပုန်းအောင်းစတည်းချရာ အရပ်ဖြစ်ခဲ့ခြင်းကို အကြောင်းပြု၍ ကလစ်ပါတန်ကျွန်းဟု တွင်ခဲ့သည်။ ၁၈၅၅တွင် ပြင်သစ်က နယ်ပယ်ချဲ့ထင် သိမ်းပိုက်ခဲ့ပြီး ၁၈၉၇ တွင် မက္ကဆီကို ကသိမ်းပိုက်ခဲ့သည်။ ထို့နောက် စုံသမာဓိဆုံးဖြတ်ချက်အရ ၁၉၃၅ တွင် ပြင်သစ်က ပိုင်ဆိုင်ခွင့်ရရှိခဲ့သည်။
ပထ၀ီ အနေအထား
တည်နေရာ
အမေရိကတိုက် အလယ်ပိုင်း။ မြောက်ပစိဖိတ် သမုဒ္ဒရာ အတွင်းရှိ ရေငန်းအိုင် အလယ်ပေါက်ကျွန်း။
မက္ကဆီကို အနောက်တောင်ဘက် 1,120 km
မက္ကဆီကို အနောက်တောင်ဘက် 1,120 km
မြေပုံအညွှန်း
ကမ္ဘာနိုင်ငံရေး မြေပုံ ။
ဧရိယာ
ကုန်းမြေ = 6 sq km
ရေ = 0 sq km
စုစုပေါင်း = 6 sq km
ထိစပ်နယ်မြေ
မရှိ ။
ကမ်းရိုးတန်း
11.1 m
ရာသီဥတု
အပူပိုင်းဒေသ ရာသီဥတု ။ ပျှမ်းမျှအပူချိန် 20 မှ 32 ဒီဂရီ စင်တီဂရိတ်အထိ။
စိုစွတ်သော ရာသီဥတု (မေလမှ အောက်တိုဘာလ အထိ )
မြေမျက်နှာသွင်ပြင်
အလယ်၌ရေငန်အိုင်ရှိသော သန္တာကျောက်ကျွန်း။
မျက်နှာပြင်ထက်ခြားနားချက်
အနိမ့်ဆုံးအပိုင်း ပစိဖိတ်သမုဒ္ဒရာ - 0 m
အမြင့်ဆုံးအပိုင်း ရိုချာ ကလစ်ပေါတန် - 29 m
သဘာဝအရင်းအမြစ်
ငါး။
လူ့အရင်းအမြစ်
လူနေထိုင်ခြင်းမရှိ ။















Saturday, August 01, 2009
0000
Posted in:
0 comments:
Post a Comment
comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။