July 20, 2009

Republic of Armenia


၁၁။ အာမေးနီးယား (Armenia)
Republic of Armenia

နောက်ခံသမိုင်းအကျဉ်း
(၄)ရာစုတွင် ခရစ်ယာန်ဘာသာကို ပထမဦးဆုံးစတင် ကိုးကွယ်သည့်နိုင်ငံ အဖြစ်ထင်ရှားသည်။ ရာစုနှစ် ပေါင်းများစွာ အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် ရိုမန် ၊ ဘိုင်ဇန်တိုင်း၊ အာရပ်၊ ပါရှန်း အော့တိုမန် အင်ပါယာ အစုအဝေးထဲ ပါဝင်ခဲ့သည်။ ပထမကမ္ဘာစစ်အတွင်း အာမေးနီးယန်း အနောက် ပိုင်းနှင့် အော်တိုမန်တူရကီတို့တွင် နှိပ်စက်ညှင်းပန်းမှုများ နှင့် အတင်းအဓမ္မ နယ်မြေ ရွှေ့ပြောင်းနေရာချထားမှု များကြောင့် အာမေးနီးယန်းလူမျိုး (၁)သန်းခန့် အသက်ဆုံးရူံးခဲ့ ရသည်။ 1828 ခုနှစ်တွင် အားမေးနီးယား အရှေ့ ဘက်ခြမ်းကို အော်တိုမန်အင်ပါယာ ထံမှ ဂျာမနီက သိမ်းပိုက်ခဲ့သည်။ 1918 ခုနှစ်တွင် ၄င်းအရှေ့ဘက် အား မေးနီးယား လွတ်လပ်ရေး ကြေငြာခဲ့သည်။သို့သော် 1920ခုနှစ်များတွင် မော်စကို အစိုးရက ဆိုဗီယက် တပ်နီတော်မှ ထပ်မံသိမ်းပိုက်ခဲ့သည်။ 1920 ခုနှစ် များတွင် မော်စကို အစိုးရက ဆိုဖီယက်အဇာဘိုင်ဂျန် အဖြစ် သတ်မှတ်ထားသော မူလ အာမေးနီးယန်း လူမျိုးများ အစပြုနေထိုင်ခဲ့ နာဂိုနို ကာရာဘာ့(စ)ဒေသကို မွတ်စလင် အဇာဘိုင်ဂျန်များနှင့် ပဋိပက္ခပြုလျက် အာမေးနီးယန်း ခေါင်ဆောင်များက ဆက်လက် ထိန်းသိမ်း ထားခဲ့သည်။ 1988 ၌ အဆိုပါဒေသတွင် အာမေးနီးယန်းနှင့်အဇာဘိုင် တို့တိုက်ခိုက်ခဲ့ကြသည်။ တိုက်ခိုက်မှုများ အရှိန်အဟုန် မြင့်လာခဲ့ပြီး 1991 ခုနှစ်တွင် နှစ်နိုင်ငံစလုံး ဆိုဗီယက်ထံမှ လွတ်လပ်ရေးရခဲ့သည်။ 1994, မေလ ၊ အပစ်အခတ်ရပ် ဆဲရေးသဘောတူပြီးချိန်၌ အာမေးနီးယားက နော်ဂိုနို-ခရာဘာ့ဒေသနှင့် အဇာဘိုင်ဂျန်ပရော်ပါ၏ အရေးပါသော ဒေသကို ထိန်းချုပ်ထားခဲ့သည်။ နှစ်နိုင်ငံငြိမ်းချမ်းရေး အခြေခံရရှိအောင် ဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက် စီးပွားရေးတွင် ထိခိုက်နစ်နာမှု များဖြစ်ပွားခဲ့သည်။ အားမေးနီးယန်း ခွဲထွက်ရေးသမားများက နာဂိုနို -ကာရာဘာ့နှင့် ပတ်ဝန်းကျင် ဒေသများကို ထိန်းချုပ်ထားမှုကြောင့် တူရကီကအာမေးနီးယားနှင့် စီးပွားရေး ဖြတ် တောက်ထားခဲ့ပြီး နှစ်နိုင်ငံနယ်စပ်ကိုလည်း ပိတ်ထားခဲ့သည်။

ပထ၀ီ အနေအထား
တည်နေရာ
အာရှအနောက်တောင် ၊ တူရကီအရှေ့ဘက်။

မြေပုံအညွှန်း
အာရှ

ှဧရိယာ
ကုန်းမြေ - 28,454 sq km
ရေ - 1,289 sq km
စုစုပေါင်း - 29,743 sq km

ထိစပ်နယ်မြေ
အဇာဘိုင်ဂျန် - ပရော်ပါ - 566 km
အဇာဘိုင်ဂျန် - နက်ဇီဘန် - 221 km
ဂျော်ဂျီယာ - 164 km
တူရကီ - 268 km
စုစုပေါင်း - 1,254 km
ကမ်းရိုးတန်း
0 km (ကုန်းတွင်းပိတ်)

ရာသီဥတု
ကုန်းမြင့်။ ပူပြင်းသောနွေရာသီ။အေးမြသောဆောင်းရာသီ။

မြေမျက်နှာသွင်ပြင်
အာမေးနီးယန်း ကုန်းမြင့်တွင် တောင်များရှိ။
သစ်တောအနည်းငယ်ရှိရေစီးသန်သောမြစ်များရှိ။
အာရတ်(စ)မြစ်တောင်ကြားဒေသတွင်မြေသြဇာကောင်းမွန်။

မျက်နှာပြင်အထက်ခြားနားချက်
အမြင့်ဆုံးအပိုင်း အာရာဂတ်(စ်) လာနာဂါဂတ် (စ်) – 4090 m
အနိမ့်ဆုံးအပိုင်း ဒဲဗက်မြစ် - 400 m
သဘာဝအရင်းအမြစ်
ရွှေကြောအနည်းငယ်ရှိ။ ကြေးနီ၊ မိုလက်ဒီနမ်၊ သတ္တု၊ ဘောက်ဆိုဒ်သတ္တု။

လူ့အရင်းအမြစ်
လူဦးရေ 2,968,586 (2008)
လူဦးရေတိုးနှုန်း - 0.077% (2008)
မွေးဖွားနှုန်း 12.53/1000 ဦးရေ
သေဆုံးနှုန်း 8.34/1000 ဦးရေ
ပျှမ်းမျှအသက် ကျား - 68.79 နှစ်
မ - 76.55 နှစ်
စုစုပေါင်း - 72.4 နှစ်

လူမျိုး
အာမေးနီးယန်း

တိုင်းရင်းသားလူမျိုးစု
အာမေးနီးယန်း - 97.9%
ရီဇီဒီ (ကာ့ဒ်) – 1.3 %
ရုရှန်း - 0.5 %
အခြား - 0.3%

ကိုးကွယ်မှု
အာမေးနီးယန်း အပိုစတိုလစ် - 94,7%
အခြားခရစ်ယာန် - 4 %
ရီဇီဒီ - 1.3 %

ဘာသာစကား
အာမေနီးယန်း - 97.7 %
ရီဇီဒီး - 1 %
ရုရှ - 0.9 %
အခြား - 0.4 %


မြို့ တော်
ယာရီဗန်(Yerevan)

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။