July 21, 2009

Aruba


၁၂။ အာရူဘာ
(Aruba)

နောက်ခံသမိုင်း အကျဉ်း
1499 တွင် စပိန်က အာရူဘာကျွန်းကို ရှာဖွေ တွေ့ရှိခဲ့သည်။ 1636 တွင် ဒတ်ခ်ျတို့ သိမ်းပိုက်ခဲ့သည်။ အာရူ ဘာကျွန်းကို အဓိက စီးပွားရေး လုပ်ငန်း (၃)ခုဖြင့် ကျောထောက် နောက်ခံ ပြုထားသည်။ 19 ရာစုတွင် ရွှေရှာဖွေသူများ ၀င်ရောက်လာပြီးနောက် 1924 ခုနှစ်တွင် ရေနံသန့်စင် စက်ရုံ တည်ထောင်ခဲ့သည်။ (20) ရာစု၏ နောက်ဆုံး ဆယ်ရာစုနှစ်အတွင်း ခရီးသွားလုပ်ငန်း တဟုန်ထိုး တိုးတက်လာခဲ့သည်။ 1986 တွင် နယ်သာလန်ကျွန်း နိုင်ငံများ၏ သီးခြားကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့သည်။ လုံးဝ လွတ်လပ်ရေးအတွက် လှုပ်ရှား တောင်းဆိုမှုများ 1990 တွင် ရပ်တန့်သွားခဲ့သည်။

ပထ၀ီ အနေအထား
တည်နေရာ
ကာရစ်ဘီယန်ပင်လယ် ။ ဗင်နီဇွဲလား မြောက်ဘက်။

မြေပုံအညွှန်း
အမေရိက အလယ်ပိုင်း နှင့် ကာရစ်ဘီယန်ပင်လယ်။

ဧရိယာ
ကုန်းမြေ - 193 sq km
ရေ - 0 sq km
စုစုပေါင်း - 193 sq km

ထိစပ်နယ်မြေ
မရှိ

ကမ်းရိုးတန်း
68.5 km

ရာသီဥတု
အပူပိုင်း ပင်လယ် ။ ရာသီလိုက်အပူချိန် ပြောင်းလဲမှုမရှိ။

မြေမျက်နှာသွင်ပြင်
ပြန့်ပျူးပြီး တောင်ကုန်းအနည်းငယ်ရှိ။သီးနှံစိုက်ခင်းမရှိသလောက်ရှားပါး။

မျက်နှာပြင်အထက်ခြားနားချက်
အမြင့်ဆုံးအပိုင်း ဂျာမာနိုတာ တောင် 188 m
အနိမ့်ဆုံးအပိုင်း ကာရစ်ဘီယန် ပင်လယ် 0 m

သဘာဝအရင်းအမြစ်
သဲသောင်ဖြူကမ်းခြေများရှိ။

လူ့အရင်းအမြစ်
လူဦးရေ 101,541 ဦးရေ
လူဦးရေတိုးနှုန်း 1.501 % (2008)
မွေးဖွားနှုန်း 12.81/1000 ဦးရေ
သေဆုံးနှုန်း 7.65 /1000 ဦးရေ
ပျှမ်းမျှအသက် ကျား - 72.03 နှစ်
မ - 78.14 နှစ် (2008)

လူမျိုး
အာရူဘန်

တိုင်းရင်းသားလူမျိုးစု
သွေးနှောလူဖြူ ၊ ကာရစ်ဘီယန် အမေရင်ဒီယန်း80 % ၊ အခြား 20 %

ကိုးကွယ်မှု
ရိုမန်တက်သလစ် - 80.8 %
ပရိုတက်စတင့် - 9 %
အခြား - (ဟိန္ဒူ ၊ မွတ်စလင် ၊ ကွန်ဖြူးရှပ် ၊ ဂျူး)
5.6 % , ဘာသာမဲ့ သို့မဟုတ် အမည်မသိ ဘာသာများ - 4.6 %

ဘာသာစကား
ပက်ပီယာမန်တို (စပိန်+ ပေါ်တူဂီ+ အင်္ဂလိပ် ရောနှောပြောဆိုသောစကား) – 66.3%
စပိန် - 12.6%, အင်္ဂလိပ် -7.7%, ဒပ်ခ်ျ(ရုံးသုံး) – 5.8%
အခြား 2.2%, အမျိုးအမည်မသိသော ဘာသာစကားများ - 5.3%

မြို့တော်
အော်ရန်ဂျက်စတက် (Oranjested)

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။