July 28, 2009

Belize



၂၃။ဘယ်လီဇီ(Belize)

နောက်ခံသမိုင်းအကျဉ်း
ပထမ ထောင်စုနှစ်ကုန်ခါနီးအချိန်၌ ဘယ်လီဇီနိုင်ငံသည် မာယာမြို့ပြနိုင်ငံများ အဖြစ်မှ ပျက်သုဉ်းသွား ခဲ့သည်။ (17) ရာစု နှင့် (18) ရာစု များတွင် ဘယ်လီဇီ နှင့် ပတ်သက်၍ အင်္ဂလိပ် နှင့် စပိန်တို့ အငြင်းပွားခဲ့ကြပြီး ၁၈၅၄ တွင် ဗြတိသျှ - ဟွန်ဒူရပ်၏ ကိုလိုနီနယ်မြေတစ်ခုဖြစ်လာခဲ့သည်။ထို့နောက် ၁၉၈၁ ခုနှစ် ဘယ်လီဇီ လွတ်လပ်ရေးရသည့်အချိန်အထိ ဂွါတီမာလာနှင့်အင်္ဂလိပ်တို့ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားခဲ့ကြသည်။ 1992 အထိ ဘယ်လီဇီကို နိုင်ငံတစ်နိုင်ငံအဖြစ်လက်ခံရန် ဂွါတီမာလာက ငြင်းဆိုခဲ့သည်။ ခရီးသွားလုပ်ငန်းသည် ဘယ်လီဇီ ၏ အဓိကသွေးကြော ဖြစ်သည်။ လက်ရှိအခြေအနေတွင် ဘယ်လီဇီ နိုင်ငံသည် နိုင်ငံခြားကြွေးမြီများ ၊ အလုပ်လက် မဲ့နှုန်းမြင့်မားလာခြင်း၊ တောင်အမေရိကတိုက် မူးယစ်ဆေး ကူးသန်းမှုများ၌ပါဝင်ပတ်သက်နေခြင်း၊ ရာဇ၀တ်မှု များကြီးထွားလာခြင်း၊ HIV/AIDS နှုန်းတိုးမြင့်လာခြင်း စသည် အကျပ်အတည်းပေါင်းများစွာနှင့်ရင်ဆိုင်ရလျက် ရှိသည်။

ပထ၀ီ အနေအထား
တည်နေရာ
အမေရိက အလယ်ပိုင်း ။ ကာရစ်ဘီယံပင်လယ်နှင့်ထိစပ်။ ဂွါတီမာလာ နှင့် မက္ကစီကိုကြား။

မြေပုံအညွှန်း
အမေရိက အလယ်ပိုင်း နှင့် ကာရစ်ဘီယန်။
ဧရိယာ
ကုန်းမြေ - 22806 sq km
ရေ - 160 sq km
စုစုပေါင်း - 22966 sq km

ထိစပ်နယ်မြေ
ဂွါတီမာလာ - 266 km
မက္ကစီကို - 250 km
စုစုပေါင်း - 516 km

ကမ်းရိုးတန်း
386 km

ရာသီဥတု
အပူပိုင်းဒေသ။ ပူပြင်း၍စိုထိုင်း ။
မေလမှ နိုဝင်ဘာလ အထိ မိုးရာသီ ။
ဖေဖေါ်ဝါရီိလ မှ မေလအထိ ခြောက်သွေ့ရာသီ။

မြေမျက်နှာသွင်ပြင်
ပြန့်ပြူး၍ရေ၀ပ်သော ကမ်းရိုးတန်းမြေပြန့်။တောင်ဘက်တွင် တောင်နိမ့်များရှိ။

မျက်နှာပြင်အထက်ခြားနားချက်
အနိမ့်ဆုံးအပိုင်း ကာရစ်ဘီယန်ပင်လယ် - 0 m
အမြင့်ဆုံးအပိုင်း ဒွိုင်လီဒီလိုက် - 1,160 m
သဘာဝအရင်းအမြစ်
သီးနှံဖြစ်ထွန်းသောမြေယာ။ သစ် ။ ငါး ။ ရေအားလျှပ်စစ်။

လူ့အရင်းအမြစ်
လူဦးရေ 301,270 ဦးရေ
လူဦးရေတိုးနှုန်း 2.207 % (2008)
မွေးဖွားနှုန်း 27.84 / 1000 ဦးရေ (2008)
သေဆုံးနှုန်း 5.77 / 1000 ဦးရေ (2008)
ပျှမ်းမျှသက်တမ်း ကျား - 66.39 နှစ်
မ - 70.08 နှစ်
စုစုပေါင်း - 68.19 နှစ်

လူမျိုး
ဘယ်လီဇီယမ်

တိုင်းရင်းသားလူမျိုး
မက္ကစီကို - 48.7 %
ခရီအိုး - 24.9 %
မာယာ - 10.6 %
ဂါရီဖူနာ - 6.1 %
အခြား - 9.7 %

ကိုးကွယ်မှု
ရိုမန်ကက်သလစ် - 49.6 %
ပရိုတက်စတင့် - 27 %
အခြား - 14 %
ဘာသာမဲ့ - 9.4 %

ဘာသာစကား
စပိန် - 46 %
ခရီအိုး - 32.9 %
မာယာ - 8.9 %
အင်္ဂလိပ် - 3.9 % (ရုံးသုံး)
ဂါရီဖူနာ - 3.4 %
ဂျာမန် - 3.3 %
အခြား - 1.4 %
အမည်မသိ - 0.2 %

မြို့တော်
ဘယ်မိုပန် (Belmopan)

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။