July 28, 2009

Kingdom of Belgium



၂၂။ဘယ်(လ)ဂျီယန် (Belgium)
Kingdom of Belgium


နောက်ခံသမိုင်းအကျဉ်း
1830 တွင် နယ်သာလန်ထံမှ လွတ်လပ်ရေး ရခဲ့ပြီး ပထမ နှင့် ဒုတိယကမ္ဘာစစ်အတွင်း ဂျာမဏီက သိမ်း ပိုက်ခဲ့သည်။ လွန်ခဲ့သောရာစုနှစ်ဝက်အတွင်း ခေတ်မီသော၊ နည်းပညာထွန်းကားသော ဥရောပ နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ပြီး နေတိုးနှင့် ဥရောပ သမဂ္ဂအဖွဲ့ဝင်များသို့ဝင်ရောက်ခဲ့သည်။ မြောက်ပိုင်း ဖလမ်းမင်း (Flemish) လူမျိုးများနှင့် ပြင်သစ်စကားပြောတောင်ပိုင်း ဝေါလွန်း (Wallonia) လူမျိုးများကြား တင်းမာမှုများရှိလာခဲ့သောကြောင့် မကြာမီနှစ်များအတွင်းက အခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲမှုများပြုလုပ်၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေများ အဖြစ်သတ်မှတ်ခဲ့သည်။

ပထ၀ီ အနေအထား
တည်နေရာ
အနောက်ဥရောပ ၊ မြောက်ဘက်ပင်လယ် နှင့် ထိစပ်။ ပြင်သစ် နှင့် နယ်သာလန် အကြား တည်ရှိ။

မြေပုံအညွှန်း
ဥရောပ

ဧရိယာ
ကုန်းမြေ - 30278 km
ရေ - 250 km
စုစုပေါင်း - 30528 km

ထိစပ်နယ်မြေ
ပြင်သစ် - 620 km
ဂျာမဏီ - 167 km
လူဇင်ဘာ့ - 148 km
နယ်သာလန် - 450 km

ကမ်းရိုးတန်း
66.5 km
ရာသီဥတု
အပူအအေးမျှတ ။ သမမျှတသောဆောင်းရာသီ။ အေးမြသောနွေရာသီ။ စိုထိုင်း၊ တိမ်ထူ။


မြေမျက်နှာသွင်ပြင်
အနောက်မြောက်ဘက်တွင် ပြန့်ပြူးညီညာသော ကမ်းရိုးတန်းမြေပြန့်ရှိ။အလယ်ပိုင်းတွင် တောင်ကုန်းပေါများ။ အရှေ့တောင် ဘက်တွင်အာဒန်းနက်သစ်တော၏ကြမ်းတမ်းသောတောင်များရှိ။

မျက်နှာပြင်အထက်ခြားနားချက်
အနိမ့်ဆုံးအပိုင်း မြောက်ဘက်ပင်ယ် - 0 m
အမြင့်ဆုံးအပိုင်း ဆစ်ဂနယ် ဒီဘော့ရန့် - 694 m

သဘာဝအရင်းအမြစ်
ဆောက်လုပ်ရေး ကုန်ကြမ်းများ။ ဆီလီကွန်သဲ။ ကာဗွန်နိတ်။

လူ့အရင်းအမြစ်
လူဦးရေ 10,403,951 ဦးရေ (2008)
လူဦးရေတိုးနှုန်း 0.016 % (2008)
မွေးဖွားနှုန်း 10.22 / 1000 ဦးရေ
သေဆုံးနှုန်း 10.38 / 1000 ဦးရေ
ပျှမ်းမျှသက်တမ်း ကျား - 75.9 နှစ်
မ - 82.38 နှစ်
စုစုပေါင်း - 82.38 နှစ်

လူမျိုး
ဘယ်(လ) ဂျီယန်

တိုင်းရင်းသားလူမျိုး
ဖလန်းမင်း - 58 %
ဝေါလွန်း - 31 %
သွေးနှော (သို့) အခြား - 11 %

ကိုးကွယ်မှု
ရိုမန်ကသလစ် - 75 %
အခြား - 25 %
ဘာသာစကား
ဒတ်ခ်ျ (ရုံးသုံး) 60 %
ပြင်သစ် (ရုံးသုံး) 40 %
ဂျာမန် (ရုံးသုံး) 1.% အောက်

မြို့တော်
ဘရပ်ဆဲ(Brussels)

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။