July 28, 2009

Republic of Belarus



၂၁။ဘီလာရု(စ်)(Belarus)
Republic of Belarus

နောက်ခံသမိုင်းအကျဉ်း
ဆယ်စုနှစ် (၇) ခုမျှအကြာ ဆိုဗီယက်ပြည်ထောင်စု၏ အစိတ်အပိုင်းတစ်ခုအဖြစ်မှ 1991 တွင်ဘီလာ ရု(စ်) လွတ်လပ်ရေးရခဲ့သည်။ ဆိုဗီယက်ပြည်ထောင်စု ခွဲထွက်နိုင်ငံများတွင် ဘီလာရု(စ်)သည် အခြားနိုင်ငံများ ထက် ရုရှနိုင်ငံများ နှင့် နိုင်ငံရေး၊ စီးပွားရေးအရ ပိုမိုရင်းနှီးဆက်ဆံမှုရှိသည်။ နှစ်နိုင်ငံစီးပွားရေး၊ နိုင်ငံရေး တိုးတက်မှု အတွက် ရုရှ နှင့် ဘီလာရု(စ်) တို့ 1999 ဒီဇင်ဘာလ (8) ရက် နေ့တွင်နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးစာချုပ် ချုပ်ဆိုခဲ့သည်။ စာချုပ်ပါအခြေခံ သဘောတူညီချက်များကို ဘီလာရု(စ်) အနေနှင့်ဆောင်ရွက်ပေးခြင်း မရှိသေးပေ။1994 ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော သမ္မတ အလတ်ဇန္ဒါး လူတာရှန်းကို သည်တိုင်းပြည် ကိုအာဏာရှင် ပုံစံဖြင့် ယနေ့ထိအုပ်ချုပ်ဆဲဖြစ်သည်။ လွတ်လပ်စွာ ပြောဆိုရေးသား စုဝေးခွင့်များနှင့် ဘာသာရေး အခွင့်အရေး များအပေါ် အစိုးရမှ တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားသည်။

ပထ၀ီ အနေအထား
တည်နေရာ
အရှေ့ဥရောပ ။ ပိုလန်နိုင်ငံအရှေ့ဘက် ။

မြေပုံအညွှန်း
ဥရောပ ။

ဧရိယာ
ကုန်းမြေ - 207,600 sq km
ရေ - 0 sq km
စုစုပေါင်း - 207,600 sq km

ထိစပ်နယ်မြေ
လတ်ဗီးယား - 171 km
လစ်သူယေးနီးယား - 680 km
ပိုလန် - 605 km
ရုရှ - 959 km
ယူကရိန်း - 891 km

ကမ်းရိုးတန်း
မရှိ

ရာသီဥတု
အေးမြသောဆောင်းရာသီ။အေး၍စိုစွတ်သောနွေရာသီ။ ဥရောပ ကုန်းမရာသီဥတု နှင့်ပင်လယ် သက်ရောက်မှုရှိ။

မြေမျက်နှာသွင်ပြင်
အများအားဖြင့်ပြန့်ပြူးညီညာ၍ စိမ့်မြေ့ပေါများ။

မျက်နှာပြင်အထက်ခြားနားချက်
အနိမ့်ဆုံးအပိုင်း ညိုမန်မြစ် - 90 m
အမြင့်ဆုံးအပိုင်း ဂျာညန်စကာရာ ဟာရာ - 346 m

သဘာဝအရင်းအမြစ်
သစ်တော။ သစ်ဆွေးမြေ။ သဘာဝဓါတ်ငွေ့ နှင့်လောင်စာဆီ အနည်းငယ်။
နှမ်းဖတ်ကျောက်။ သတ္တုထုံးကျောက်။ ထုံးမြေစေးကျောက်။သဲ။ ကျောက်စရစ်.ရွှံ့စေး။

လူ့ အရင်းအမြစ်
လူဦးရေ 9685768 ဦးရေ
လူဦးရေတိုးနှုန်း။ -0.393 % (2008)
မွေးဖွားနှုန်း 9.62 / 1000 ဦးရေ (2008)
သေဆုံးနှုန်း 13.92 / 1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 64.63 နှစ်
မ - 76.4 နှစ်
စုစုပေါင်း - 70.34 နှစ် (2008)

လူမျိုး
ဘီလာရူစီယန်။

တိုင်းရင်းသားလူမျိုး
ဘီလာရု(စ်) – 81.2 %
ရုရှ - 11.4 %
ပိုလန် - 3.9 %
ယူကရိန်း - 2.4 %
အခြား - 1.1 %


ကိုးကွယ်မှု
အော်သိုဒေါ့ (အရှေ့ပိုင်း) – 80 %
အခြား - 20 %

ဘာသာစကား
ဘီလာရု(စ်) ၊ ရုရှ ၊ အခြား။

မြို့တော်
မင်းစ(စ်) (Minsk)

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။