July 28, 2009

Republic of Benin



၂၄။ဘီနင်(Benin)
Republic of Benin
နောက်ခံသမိုင်းအကျဉ်း
(15) ရာစု အတွင်းက ထင်ရှားသော အနောက်အာဖရိက နိုင်ငံတော်အဖြစ် ဒါဟိုမီ ယဉ်ကျေးမှုထွန်းကား ခဲ့ရာဒေသဖြစ်သည်။ ၁၈၇၂ ခုနှစ်တွင် ပြင်သစ်ကိုလိုနီအဖြစ် ကျရောက်ခဲ့ပြီး ၁၉၆၀ ဩဂုတ်လ (၁) ရက်နေ့တွင် ဘီနင်သမ္မတနိုင်ငံအဖြစ် လွတ်လပ်ရေးရရှိခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် စစ်အုပ်ချုပ်ရေး အဆုံးသတ် ခဲ့ပြီး မက်သီအူကာရက်ကိုး (Mathieu Kerekou) အာဏာရရှိလာကာ မာ့(ခ်စ်) - လီနီ ၀ါဒများ အပေါ်အခြေခံသော အစိုးရတစ်ရပ် တည်ထောင်ခဲ့သည်။ ၁၉၈၉ တွင် ရွေးကောက်တင်မြောက်သော အစိုးရ ဖွဲ့စည်းရေးအတွက် စတင်ဆောင်ရွက်ခဲ့သည်။ ယခင် ၀န်ကြီးချုပ်ဟောင်း နစ်ဆက်ဖိုးဆိုဂလို (Nicephore Soglo) အနိုင်ရရှိပြီး သမ္မတဖြစ်လာခဲ့သည်။ အာဖရိကတွင် အာဏာရှင်စနစ်မှဒီမိုကရေစီစနစ်သို့အောင်မြင်စွာ အာဏာလွှဲပြောင်း ပေးနိုင်ခဲ့သည်။ မရိုးသားမှုများရှိခဲ့သည်ဟု စွပ်စွဲမှုများရှိလင့်ကစား ၁၉၉၆ နှင့် ၂၀၀၁ ရွေး ကောက်ပွဲနှစ်ခုစလုံးတွင် ကာရက်ကိုး အနိုင်ရရှိကာ အာဏာရရှိခဲ့သည်။ ဒုတိယ သက်တမ်းကုန်းဆုံးသော ၂၀၀၆ ရွေးကော်ပွဲတွင် တသီးပုဂ္ဂလရွေးကောက်ခံ သောမတ်ယာယီဘွန်နီ (Thomas Yayi Boni) ကာရက်ကိုးကို အနိုင်ရရှိခဲ့ပြီး သမ္မတ ဖြစ်လာခဲ့သည်။ ယာယီဘွန်နီ အာဏာရလာပြီးနောက်ပိုင်း အဂတိ လိုက်စားမှုများကို အပြင်းအထန် နှိမ်နင်းခဲ့ပြီး ဘီနင်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။


ပထ၀ီ အနေအထား
တည်နေရာ
အနောက်အာဖရိက ၊ ဘီနင်ကမ်းရိုးကွေ့နှင့်ထိစပ်။နိုင်ဂျီးယားနှင့်တိုရိုကြား။

မြေပုံအညွှန်း
အာဖရိက

ဧရိယာ
ကုန်းမြေ - 110,620 sq km
ရေ - 2000 sq km
စုစုပေါင်း - 112,620 sq km


ထိစပ်နယ်မြေ
ဘာကီနာ ဖါဆို - 306 km
နိုင်ဂျာ - 226 km
နိုင်ဂျာရီယာ - 773 km
တိုရို - 664 km


ကမ်းရိုးတန်း
121 km

ရာသီဥတု
အပူပိုင်းဒေသ ၊ တောင်ပိုင်းတွင်ပူပြင်း၍ စိုစွတ်၊ မြောက်ဘက်မိုးနည်း။

မြေမျက်နှာသွင်ပြင်
ပန့်ပြူးမြေပြန့်၊ လှိုင်းတွန့်မြေပြန့်များရှိ၊တောင်ကုန်းများ တောင်နိမ့်များရှိ။

မျက်နှာပြင်အထက်ခြားနားချက်
အနိမ့်ဆုံးအပိုင်း အတ္တလန္တိတ်သမုဒ္ဒရာ - 0 m
အမြင့်ဆုံးအပိုင်း ဆော့စဘာရို - 658 m


သဘာဝအရင်းအမြစ်
ကမ်းလွန်ရေနံသိုက်ငယ်များ၊ ထုံးကျောက်၊ စကျင်ကျောက် ၊သစ်။

လူအရင်းအမြစ်
လူဦးရေ 8,532,547 ဦးရေ
လူဦးရေတိုးနှုန်း 3.01 % (2008)
မွေးဖွားနှုန်း 39.8 / 1000 ဦးရေ (2008)
သေဆုံးနှုန်း 9.69 / 1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 57.42 နှစ်
မ - 59.76 နှစ်
စုစုပေါင်း - 58.56 နှစ် (2008)


လူမျိုး
ဘီနင်

တိုင်းရင်းသားလူမျိုး
ဖွန်လူမျိုးနှင့် အနွယ်များ - 39.2 %
အက်ဒဂျာလူမျိုးနှင့်အနွယ်များ - 15.2 %
ယော်ရုဘာလူမျိုးနှင့်အနွယ်များ - 12.3 %
ဘာရီဘာလူမျိုးနှင့်အနွယ်များ - 9.2 %
ဒန်ဒီလူမျိုးနှင့်အနွယ်များ - 2.5 %
အခြား - 1.6 %
အမျိုးအမည်မသိ - 2.9 %

ကိုးကွယ်မှု
ခရစ်ယာန် - 42.8 %
မွတ်စလင် - 24.4 %
စုန်းကဝေကိုးကွယ်မှု (ဗူးဒူး) – 17.3 %
အခြား - 15.5 %

ဘာသာစကား
ပြင်သစ် (ရုံးသုံး) ။ ဖွန် နှင့် ယော်ရုဘာ ၊ အခြားလူမျိုးစုစကားများ။

မြို့ တော်
ပေါ်တို - နိုဗို (Porto – Novo)

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။