၁၇၂။ ပနားမား(Panama)
Republic of Panama
Republic of Panama
နောက်ခံသမိုင်းအကျဉ်း
(၁၆) ရာစုတွင် စပိန် စွန့်စားရှာဖွေသူတို့ အခြေချခဲ့ကြသည်။ ၁၈၂၁ တွင် စပိန်နှင့် ခွဲထွက်ခဲ့ပြီး ဂရန်း ကိုလံ ဘီ ယာ သမ္မတနိုင်ငံခေါ် (Republic of Gran Colombia) ကိုလံဘီယာ၊ အီကွေဒေါ၊ ဗင်နီဇွဲလားတို့ပါဝင်သော ပြည်ထောင်စုပြိုကွဲသောအခါ ပနားမားသည် ကိုလံဘီယာနှင့် ပူပေါင်းကျန်ရစ်သည်။ ထို့နောက် အမေရိကန်ပြည် ထောင်စု၏ ကျောထောက်နောက်ခံဖြင့် ၁၉၀၃ ခုနှစ်တွင် ဗင်နီဇွဲလားနှင့်ပြတ်စဲခဲ့ပြီး တူးမြောင်းဒေသ ခေါ် တူး မြောင်းတစ်ဖက်တစ်ချက်ရှိ နယ်မြေများတွင် အမေရိကန် အချုပ်အခြာတည်ခဲ့သည်။ ၁၉၀၄ နှင့် ၁၉၁၄ အတွင်း အမေရိကန် တပ်မတော်အင်ဂျင်နီယာကော်ပိုရေးရှင်းမှ တူးမြောင်းကို တာဝန်ယူဖောက်လုပ်ခဲ့ခြင်းဖြစ်၏။ ရာစု နှစ် ကုန်လျင် အမေရိကန်မှ ပနားမားသို့ တူးမြောင်းလွှဲအပ်ရန် သဘောတူစာချုပ်ကို ၁၉၇၇ တွင် ချုပ်ဆိုခဲ့သည်။ ၁၉၈၉တွင် အမေရိကန်၏ အကူအညီဖြင့် အာဏာရှင် မန်နွေလ နော်ရိုင်ဂါ (Manuel Noriega) ကို ဖယ်ရှားနိုင် ခဲ့သည်။ ၁၉၉၉ ခုနှစ်အကုန်တွင် တူးမြောင်းကြီးတစ်ခုလုံး၊ တူးမြောင်းထောက်ပံ့ဒေသနှင့် အမေရိကန်စစ်ဖက်ဌာ နများအားလုံးကို ပနားမားသို့အလုံးစုံလွှဲပြောင်းပေးခဲ့သည်။ ၂၀၀၆ အောက်တိုဘာတွင် ပနားမားတူးမြောင်းချဲ့  ထွင်ရေးစီမံကိန်းကို ပနားမားသားတို့ သဘောတူညီခဲ့ကြသည်။ ၂၀၀၇ ခုနှစ်တွင် စီမံကိန်း စတင်ခဲ့ပြီး တူးမြောင်း ပမာဏနှစ်ဆခန့် ကျယ်သွားမည်ဖြစ်၍ ၂၀၁၄ - ၁၅ တွင် အပြီးသတ်ရန် ခန့်မှန်းထားသည်။
ပထ၀ီအနေအထား
တည်နေရာ
အမေရိကအလယ်ပိုင်း ကာရစ်ဘီယံပင်လယ်၊ ပစိဖိတ်သမုဒ္ဒရာတို့နှင့်ထိစပ်၊ ကိုလံဘီယာနှင့်ကော်စတာရီကာ နိုင်ငံတို့ကြား။
မြေပုံအညွှန်း
အမေရိကအလယ်ပိုင်းနှင့် ကာရစ်ဘီယံပင်လယ်။
ဧရိယာ
ကုန်းမြေ = ၇၄,၃၄၀ sqkm
ရေ = ၁, ၀၈၀ sqkm
စုစုပေါင်း = ရ၅ , ၄၂၀ sqkm
ဧရိယာကျယ်ပြန့်မှုကမ္ဘာ့အဆင့် = ၁၂၄
ထိစပ်နယ်မြေ
ကိုလံဘီယာ = ၂၂၅
ကောစတာရီကာ = ၃၃၀ km
စုစုပေါင်း = ၅၅၅ km
ကမ်းရိုးတန်း = ၂၄၉၀ km
ရာသီဥတု
အပူပိုင်းပင်လယ်ရာသီဥတု၊ ပူ၍၊ စိုစွတ်၊ တိမ်ထူထပ်။ မေလမှဇန်န၀ါရီလအထိ ရှည်လျားသော မိုးရာသီ။ ဇန်န၀ါ ရီလမှ မေလအထိ တိုတောင်းသော ခြောက်သွေ့ရာသီ
မြေမျက်နှာသွင်ပြင်
အများအားဖြင့် မက်စောက်သော ကုန်းတွင်းပိုင်း၊ ကြမ်းတမ်းသောတောင်များနှင့်တစ်ဘက်တစ်စပ်တည်း မရှိ သောကုန်းမြင့်မြေပြန့်များ။ ကမ်းရိုးတန်းကျယ်ပြန့်သော မြေပြန့်များနှင့် လှိုင်းတွန့်တောင်ကုန်းများ။
မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း ။ ပစိဖိတ်သမုဒ္ဒရာ = 0 m
အမြင့်ဆုံးအပိုင်း ။ဗော်လ်တန်ဘာရု = ၃,၄၇၅ m
သဘာဝအရင်းအမြစ်
ကြေးနီ၊ မဟောဂနီသစ်တော၊ ပုဇွန်၊ ရေအားလျှပ်စစ်။
လူ့အရင်းအမြစ်
လူဦးရေ ။ ၃,၃၆၀,၄၇၄ (၂၀၀၉)
လူဦးရေ ကြီးမားမှုကမ္ဘာ့အဆင့် = ၁၃၅
လူဦးရေတိုးနှုန်း = ၁.၅၀၃ %
မွေးဖွားနှုန်း = ၂၀.၁၈ / ၁၀၀၀ ဦးရေ (၂၀၀၉)
သေဆုံးနှုန်း = ၄.၆၆ / ၁၀၀၀ ဦးရေ (၂၀၀၉)
ပျမ်းမျှအသက် = ကျား ၇၄.၄၇နှစ်
မ ၈၀ . ၁၆ နှစ်
စုစုပေါင်း = ၇၇. ၂၅ နှစ်(၂၀၀၉)
လူမျိုး
ပနားမားနီးယန်း
တိုင်းရင်းသားလူမျိုး
မက်စတီကို (အမေရင်ဒီးယန်းနှင့်လူဖြူကပြား) = ရ၀%
အမေရင်ဒီးယန်းနှင့် သွေးနှောများ = ၁၄ %
လူဖြူ = ၁၀ %
အမေရင်ဒီးယန်း = ၆%
ကိုးကွယ်မှု
ရိုမန်ကက်သလစ် = ၈၅ %
ပရိုတက်စတင့် = ၁၅ %
ဘာသာစကား
စပိန်(ရုံးသုံး)
အင်္ဂလိပ် = ၁၄%
မြို့ တော်
ပနားမား (Panama)

Friday, October 23, 2009
0000
Posted in:
0 comments:
Post a Comment
comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။