October 5, 2009

Republic of Nicaragua



၁၆၂။ နိုင်ကာရာဂွါ
(Nicaragua)
Republic of Nicaragua

နောက်ခံသမိုင်းအကျဉ်း

နိုင်ကာရာဂွါ၏ ပစိဖိတ်ကမ်းရိုးတန်းတွင် (၂၉ ) ရာစု အစောပိုးက ပနာမားဒေသမှ စပိန်တို့လာရောက် ကိုလိုနီပြု အခြေချခဲ့ကြသည်။ ၁၈၂၁ တွင် စပိန်မှ လွတ်လပ်ရေးရခဲ့ပြီး ၁၈၃၈ တွင် လွတ်လပ်သော သမ္မတနိုင်ငံ တည်ထောင်ခဲ့သည်။ (၁၉) ရာစု ပထမရာစုဝက်အတွင်း ကာရစ်ဘီယံ ကမ်းရိုးတန်းဒေသကို ဗြိတိသျှတို့ သိမ်းပိုက်ခဲ့သည်။ သို့သော် နောက်ပိုင်းဆယ်စုနှစ်များတွင် တဖြည်းဖြည်းပြန်လည် လက်လွတ်ခဲ့ရသည်။ ၁၉၈၇ ခုနှစ် အရောက်တွင် အစိုးရအတွင်း လက်စားမှုများ အလွှာလွှာအသီးသီးတွင် ဖြစ်ပေါ်မှုများကို အကြမ်းဖက် ဆန့်ကျင်ခဲ့ရာမှ ပြည်တွင်းစစ်ဖြစ်ပွားခဲ့ပြီး မာ့ခ်စ် ၀ါဒီ ဆန်နီနစ္စတာသူပုန်များ (Sandinista) အာဏာရလာခဲ့သည်။

နိုင်ကာရာဂွါ လူမျိုးများက အယ်လ်ဆယ်ဗါဒိုရှိ လက်ဝဲသူပုန်များကို ထောက်ခံခဲ့ခြင်းဖြင့် အမေရိကန်ပြည်ထောင်စုမှ ဆန်နီနစ္စတာကို ဆန့်ကျင်သော သူပုန်များကို ၁၉၆၀ ခုနှစ်များ တစ်လျောက်လုံး ထောက်ပံ့ခဲ့သည်။ ၁၉၉၀၊ ၁၉၉၆ နှင့် ၂၀၀၁ ရွေးကောက်ပွဲများတွင်မူ ယခင်ဆန်ဒီနစ္စတာ ဥက္ကဌဟောင်း ဒန်နီယယ်အော်တေဂါ ဆာဗီဒရာ (Daniel Ortega Saavedra) အနိုင်ရရှိခဲ့သည်။ ၂၀၀၈ မြူနီစပယ်ရွေးကောက် ပွဲများသည် မှန်ကန်မှုမရှိကြောင်း စွပ်စွဲမှုများရရှိခဲ့သည်။ အစောပိုင်းက ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်နှင့်၁၉၉၈ တိုက်ခိုက်ခဲ့သော ဟာရီကိန်းမစ် (Mitch) တို့၏ ဒါဏ်ကြောင့် တိုင်းပြည်အခြေခံအဆောက်အအုံများနှင့် စီးပွားရေး ထိခိုက်ပျက်စီးမှုများကို တဖြည်းဖြည်း ပြန်လည် တည်ဆော်ကလျက်ရှိသည်။ သို့သော် အော်တေဂါ အစိုးရ လက်အောက်တွင် ဒီမိုကရေစီအဖွဲ့အစည်းများ အကျပ်အတည်း တွေ့လျက်ရှိ၏။

ပထ၀ီအနေအထား
တည်နေရာ
အမေရိကအလယ်ပိုင်း။ မြောက်ပစိဖိတ်သမုဒ္ဒရာနှင့် တာရစ်ဘီယံပင်လယ်တို့ကြား ကော်စတာရီကနှင့် ဟွန်ဒူးရပ် နိုင်ငံများကြား။

မြေပုံအညွှန်း
အမေရိကအလယ်ပိုင်း၊ ကာရစ်ဘီယံ။

ဧရိယာ
ကုန်းမြေ - ၁၁၉, ၉၉၀ sqkm
ရေ - ၁၀, ၃၈၀ sqkm
စုစုပေါင်း - ၁၃၀, ၃၇၀ sqkm

ဧရိယာကျယ်ပြန့်မှု ကမ္ဘာ့အဆင့် - ၁၀၄

ထိစပ်နယ်မြေ
ကော်စရာရီကာ = ၃၀၉ km
ယွန်ဒူးရပ်စ် = ၉၉၂၂ km

ကမ်းရိုးတမ်း
၉၂၀km

ရာသီဥတု
အိနိမ့်ပိုင်း အပူပိုင်းရာသီဥတု။ ကုန်းမြင့်ပိုင်း အအေးပို။

မြေမျက်နှာသွင်ပြင်
ကျယ်ပြန့်သော အတ္တလန်တစ် ကမ်းရိုးတန်း မြေပြန့်များမှ အတွင်းပိုင်း တေင်များဆီသို့ မြင့်တက်သွား၊ မီးတောင် ကုန်းများရှိသော ကျဉ်းမြောင်း ပစိဖိတ်ကမ်းရိုးတမ်း မြေပြန့်။

မြေမျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း
ပစိဖိတ်သမုဒ္ဒရာ=0m

အမြင့်ဆုံးအပိုင်း
မိုရိုတန်= ၂,၄၃၈ m

သဘာဝအရင်းအမြစ်
ရွှေ၊ ငွေ၊ ကြေးနီ၊ အဖြိုက်နက်၊ ခဲ၊ သွပ်၊ သစ်၊ ငါး။

လူ့အရင်းအမြစ်
လူဦးရေ - ၅,၈၉၁,၁၉၉ (၂၀၀၉)
လူဦးရအမျာဆုံး ကမ္ဘာ့အဆင့် = ၁၀၉
လူဦးရေတိုးနှုန်း = ၁.၇၈၄%(၂၀၀၉)
မွေးဖွားနှုန်း = ၂၃.၂၅ /၁၀၀၀ ဦးရေ (၂၀၀၉)
သေဆုံးနှုန်း = ၄.၃ / ၁၀၀၀ ဦးရေ (၂၀၀၉)

ပျမ်းမျှအသက်
ကျား=၆၉.၃၈နှစ်
မ= ၇၃.၇၅ နှစ်
စုစုပေါင်း = ၇၁.၅ နှစ် (၂၀၀၉)

လူမျိုး
ဒိုင်ကာရာဂွာ

တိုင်းရင်းသားလူမျိုး
မက်စတီကို = ၆၉%
လူဖြူ = ၁၇%
လူမည်း = ၉%
အမေရင်ဒီယန်း= ၅%

ကိုးကွယ်မှု
ရိုမန်ကက်သလစ် = ၅၈.၅%
ဝံဂလိ = ၂၁.၆%
မော်ရာဗီယံ = ၁.၆%
ယေဝေါဟာသက်သေ = ၀.၉%
အခြား = ၁.၇%
ဘာသာမဲ့ = ၁၅.၇%

ဘာသာစကား
စပိန် = ၉၇.၅% (ရုံးသုံး)
မစ္စကီတို = ၁.၇%
အခြား = ၀.၈%

မြို့ တော်
မာနာဂွါ (Managua)

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။