October 5, 2009

Republic of Niger


၁၆၁။နိုင်ဂျာ
(Republic of Niger)


နောက်ခံသမိုင်းအကျဉ်း

1960 တွင် ပြင်သစ်ထံမှ လွတ်လပ်ရေးရရှိခဲ့ပြီး ၁၉၉၁ ခုနှစ်အထိ တစ်ပါတီ စစ်အာဏာရှင်စနစ်ဖြင့် ဗိုလ်ချုပ် အလီဆိုင်းဘူး (Gen.Ali Saibou) က အုပ်ချုပ်ခဲ့ပြီး ပြည်သူလူထု၏ ဖိအားပေးမှုဖြင့် ပါတီစုံ ဒီမိုကရေစီ အထွေအထွေ ရွေးကောက်ပွဲ ကျင်းပပေးခဲ့ရပြီး ၁၉၉၃ တွင် ဒီမိုကရေစီ အစိုးရအာဏာရလာခဲ့သည်။ နိုင်ငံရေးလောကအတွင်း အချင်းချင်းတိုက်ခိုက်မှုများကြောင့် အစိုးရအနေဖြင့် အကြပ်အတည်းအတည်း တွေ့ခဲ့ရပြီး 1996 တွင် ကာနယ် အီဗရာဟင်ဘဲရ် (Col.2brahim Bare) က အာဏာသိမ်းယူခဲ့သည်။ ၁၉၉၉ တွင် စစ်တပ်အရာရှိများ ဦးဆောင်သော အာဏာသိမ်းပွဲတွင် အီဗရာဟင် အသတ်ခံခဲ့ရပြီး ဒီမိုကရေစီရွေးကောက်ပွဲ ပြန်လည်ကျင်းပခဲ့သည်။ ထို့နောက် ယင်းနှစ်ဒီဇင်ဘာလတွင် မာမာဒူးတန်ဂျာ (Mamadou Tanja) အာဏာ ရရှိလာခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် တန်ဂျာကပင် ထပ်မံအနိုင်ရ ရွေးချယ်ခံခဲ့ရသည်။ နိုင်ဂျာသည် ကမ္ဘွာှ့အဆင်းရဲဆုံး နိုင်ငံများတွင် တစ်နိုင်ငံအပါအ၀င် ဖြစ်ပြီး အစိုးရ၏၀န်ဆောင်မှု မရှိသလောက်နည်းပါးသော နိုင်ငံဖြစ်၍ အရင်းအမြစ်သယံဇာတများ တိုးတက်ဖွံ့ဖြိုးရေးအတွက် အစိုးရ ရံပုံငွေလည်း လောက်လောက်ငှငှ မရှိပေ။

နိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးအခြေခံစီးပွားရေးမှာ အာဖရိက ဆာဟယ်ဒေသ၏ (Sahel region) ၏ မိုးခေါင်ရေရှား တိုက်ခတ်မှုဒဏ်ကြောင့် မကြာခဏ ပျက်စီးလျက်ရှိ၏။ ၂၀၀၇ ဖေဖော်ဝါရီလတွင် နိုင်ဂျီးရီးယား တရားမျှတရေး လှုပ်ရှားမှု (Nigerien Movement for Justice-MNJ ) ခေါ် တူအာရက် (Tuareg) တိုင်းရင်းသားတို့ ထကြွခဲ့သည်။ ၂၀၀၇ နှင့် ၂၀၀၈ ခုနှစ်များတလျောက်လုံး နိုင်ဂျာမြောက်ပိုင်းဒေသ စစ်ရေးပစ်မှတ်များကို တိုက်ခက်ခဲ့ကြသည်။ ထိုအချိန်မှ စ၍ သူပုန်ထကြွမှု ကြီးထွားလားခဲ့သည်။

ပထ၀ီအနေအထား
တည်နေရာ
အနောက်အာဖရိက အယ်ဂျီးရီးယား အရှေ့ တောင်ဘက်။

မြေပုံအညွှန်း
အာဖရိက

ဧရိယာ
ကုန်းမြေ - ၁,၂၆၆,၇၀၀ sqkm
ရေ - ၃၀၀ sqkm
စုစုပေါင်း - ၁.၂၆၇ သန်း sqkm

ထိစပ်နယ်မြေ
အယ်လ်ဂျီနီယား - ၉၅၆ km
ဘင်နင် - ၂၆၆ km
ဘာကီနာဖာဆို - ၆၂၈ km
ချာဒ် - ၁,၁၇၅ km
လစ်ဗျား - ၃၅၄ km
မာလီ - ၈၂၁ km
နိုင်ဂျီရီးယား - ၁၄၉၇ Km

ကမ်းရိုးတန်း
မရှိ (ကုန်းတွင်းပိတ်)

ရာသီဥတု
ကန္တာရရာသီဥတု။ များသောအားဖြင့် ပူပြင်း၊ ခြောက်သွေ့၊ တောင်ပိုင်းတွင် အပြင်းထန်ဆုံး အပူပိုင်းရာသီဥတု။

မြေမျက်နှာသွင်ပြင်
အများအားဖြင့် ကန္တာရလွင်မြင်များနှင့် တောင်ပိုင်းတွင် ပြန့်ပြူးသော မျက်နှာမြင်များဖြင့် လှိုင်းထသော မျက်နှာပြင်များ ရောနှောမြောက်ဘက် တောင်ကုန်းများ။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း - နိုင်ဂျာမြစ် - ၂၀၀ m
အမြင့်ဆုံးအပိုင်း - ဘာဇာနီတောင် -၂၀၂၂ာ

သဘာဝအရင်းအမြစ်
ယူရေနီယံ၊ ကျောက်မီးသွေး၊ သံရိုင်း၊ သံဖြူ၊ ဖော့စဖိတ်၊ ရွှေ၊ မိုလစ်ဘဒီနမ်၊ ဂျစ်ပဆမ်ကျောက်၊ ဆား၊ ရေနံ။

လူ့အရင်းအမြစ်
လူဦးရေ - ၁၅, ၃၀၆,၂၅၂ (၂၀၀၉)
လူဦးရေတိုးနှုန်း - ၃.၆၇၇% (၂၀၀၉)
မွေးဖွားနှုန်း - ၅၁.၆% / ၁၀၀၀ ဦးရေ (၂၀၀၉)
သေဆုံးနှုန်း - ၁၄.၈၃/ ၁၀၀၀ ဦးရေ (၂၀၀၉)

ပျမ်းမျှအသက်
ကျား- ၅၁.၃၉နှစ်%
မ- ၅၃.၈၅နှစ်%
စုစုပေါင်း - ၅၂နှစ်

လူမျိုး
နိုင်ဂျာရီးယန်း

တိုင်းရင်းသားလူမျိုး
ဟာအူဆာ = ၅၅.၄%
ဂျာမာ = ၂၁%
ဘူအာရက် = ၄.၃%
ဖူးအူးလ် = ၈.၅%
ကနူရီမန်ဒါ = ၄၇%
အခြား = ၁.၂%

ကိုးကွယ်မှု
မွတ်စလင် = ၈၀%
အခြား= ၂၀%

ဘာသာစကား
ပြင်သစ် (ရုံးသုံး)၊ ဟူဆာ၊ ဂျာမာ။

မြို့ တော်
နိုင်မေး (Niamey)

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။