September 28, 2009

New Caledonia

၂၆၁။ Caledonia

နောက်ခံသမိုင်းအကျဉ်း
(၁၉)ရာစု ပထမရာစုဝက်အတွင်း ပြင်သစ်နှင့် ဗြိတိသျှတို့ အခြေချခဲ့ကြပြီး ၁၈၅၃ တွင် ပြင်သစ်ပိုင် ကျွန်းဖြစ်လာခဲ့သည်။ ၁၉၆၄ နောက်ပိုင်းတွင် တစ်သက်တစ်ကျွန်းခံ အကျဉ်းသားများထားရာ ကျွန်းအဖြစ် နှစ်ပေါင်း (၄၀) ခန့် အသုံးပြုခဲ့သည်။ ၁၉၈၀ ခုနှစ်များ ၁၉၉၀ ခုနှစ်များတွင် လွတ်လပ်ရေးအတွက် ဆူပူအုံကြွမှုများ ဖြစ်ပွားခဲ့ပြီး ၁၉၉၈ နူမီးယား သဘောတူညီချက်အရ ပြင်သစ်မှ နယူးကယ်လီဒိုးနီးယားကို အုပ်ချုပ်ခွင့် အချိန်ကာလဆွဲဆန့်ပြီး ၁၅ နှစ် (သို့) အနှစ် (၂၀) တွင်း လွှဲပြောင်းပေးရမည်ဖြစ်၏။

ထို့အပြင် လုံးဝလွတ်လပ်ရေးနှင့် လုံးဝအချုပ်အခြာအာဏာပိုင် နိုင်ငHအဖြစ် ရရှိရေးအတွက် ၂၀၁၀ နှင့် ၂၀၁၈ ခုနှစ်အကြား လူထုဆန္ဒဆံယူပွဲ (၃) ကြိမ် ကျင်းပရမည်ဖြစ်၏။

ပထ၀ီအနေအထား
တည်နေရာ
အိုးရှင်းနီးယား၊ တောင်ပစိဖိတ်သမုဒ္ဒရာ အတွင်းရှိကျွန်း၊ သြစတေးလျ အရှေ့ ဘက်။

မြေပုံအညွှန်း
အိုရှင်းနီးယား

ဧရိယာ
ကုန်းမြေ - ၁၈၂၇၅ sqkm
ရေ - ၃၀၀ sqkm
စုစုပေါင်း - ၁၈၅၇၅ sqkm
ဧရိယာကျယ်ပြန့်မှု ကမ္ဘာ့အဆင့် - ၁၆၂

ထိစပ်နယ်မြေ
မရှိ

ကမ်းရိုးတန်း
၂၂၅၄ km

ရာသီဥတု
အပူပိုင်းဒေသ၊ အရှေ့ တောင် ကုန်သည်လေကြောင့် သမမျှတသော ရာသီဥတုရှိ။ ပူ၍၊ စိုထိုင်း။

မြေမျက်နှာသွင်ပြင်
ကမ်းရိုးတန်း မြေပြန့်၊ ကုန်းတွင်းပိုင်းတောင်များရှိ။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း - ပစိဖိတ်သမုဒ္ဒရာ = ၀m
အမြင့်ဆုံးအပိုင်း - ပဏီးတောင် = ၁၆၂၈ m
သဘာဝအရင်းအမြစ် - နီကယ်၊ ခရုမ်း၊ သံ၊ ကိုးဗော့လတ္တု၊ မန်ဂနိ၊ ငွေ၊ ရွှေ၊ ခဲ၊ ကြေးနီ။

လူ့အရင်းအမြစ်
လူဦးရေ - ၂၂၇, ၄၃၆ (2009)
လူဦးရေကြီးမားမှု ကမ္ဘာ့အဆင့် - ၁၈၂
လူဦးရေတိုးနှုန်း - ၁.၁၃၆ %
မွေးဖွားနှုန်း - ၁၇.၀၄/ ၁၀၀၀ ဦးရေ (၂၀၀၉)
သေဆုံးနှုန်း - ၅.၆၈/ ၁၀၀၀ ဦးရေ (၂၀၀၉)

ပျမ်းမျှအသက်
ကျား - ၇၂.၉၉ နှစ်
မ - ၇၈.၁၂ နှစ်
စုစုပေါင်း - ၇၄.၉၈ နှစ် (၂၀၀၉)

လူမျိုး
နယူး ကယ်လီဒိုးနီးယန်း

တိုင်းရင်းသားလူမျိုး
မယ်လနီးရှန်း = ၄၄.၁ %
ဥရောပ =၃၄.၁ %
ဝီလီရှန်းနှင့် ဖူတူနီးယန်း = ၉%
တစီတီယန် = ၂.၆%
အင်ဒိုနီးရှန်း = ၂.၅%
ဗီယက်နမ် - ၁.၄%
နီဗန်နူအာတူ = ၁.၁%
အခြား = ၅.၂%

ကိုးကွယ်မှု
ရိုမန်ကက်သလစ် = ၆၀%
ပရိုတက်စတင့် = ၃၀%
အခြား= ၁၀%

ဘာသာစကား
ပြင်သစ် (ရုံးသုံး)။ မယ်လနီးရှန်း - ပိုလီနေရှင်း
ဒေသိယစကား (၃၃) မျိုး

မြို့ တော်
နူမီးယား (Noumea)

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။