၁၁၆။ကီရီဘာတီ(Kiribati)
Republic of Kiribati
နောက်ခံသမိုင်းအကျဉ်း Republic of Kiribati
ဂီးလ်ဘက် (Gilbert Islands) ကျွန်းများသည် ၁၈၉၂ တွင် ဗြိတိသျှ အစောင့်အရှောက်ခံဖြစ်လာခဲ့ပြီး ၁၉၁၅ တွင် ကိုလိုနီဖြစ်လာခဲ့သည်။ ၁၉၄၁ ပစိဖိတ် စစ်ပွဲအတွင်း ဂျပန်က သိမ်းပိုက်ခဲ့သည်။ ၁၉၄၃ တွင်မာကင်ကျွန်း နှင့် တာရာဝါ ကျွန်းများပေါ်တွင် အခိုင်အမာတပ်ခွဲထားသော ဂျပန် တို့ကို အမေရိကန် ကမ်းတက်စစ်တပ်များက အနိုင်ရရှိခဲ့သည်။ ၁၉၇၁ တွင် ဂီးလ်ဘတ် ကျွန်းများကို ဗြိတိသျှက ကိုယ်ပိုင်အုပ်ချုပ်ရေးပေးခဲ့ပြီး ၁၉၇၉ တွင် ကီရီဘာတီ ဟူသော အမည်သစ်ဖြင့် လုံးဝလွတ်လပ်ရေးပေးခဲ့သည်။ ၁၉၇၉ တွင် အမေရိကန်က ကီရီဘာတီ နှင့် ချစ်ကြည်ရေး စာချုပ် ချုပ်ဆို၍ ဖီးနစ်ကျွန်း နှင့် လိုင်းကျွန်းများအပေါ်ပိုင်ဆိုင်လိုမှု တောင်းဆိုချက်များ အားလုံးကို ပြန်လည်ရုပ်သိမ်းပေးခဲ့သည်။
ပထ၀ီအနေအထား
တည်နေရာ
အိုးရှင်းနီးယာ။ ပစိဖိတ်သမုဒ္ဒရာ အတွင်းရှိ ဆားအိုင်လယ်ပေါက်သန္တာကျောက်ကျွန်း ၃၃ ခု ပါဝင်သော ကျွန်းအုပ်စု ။ အီကွေတာ မျဉ်းပေါ်ကန့်လန့်ဖြတ်တည်ရှိ။
မြေပုံအညွှန်း
အိုးရှင်းနီးယား ။
ဧရိယာ
ကုန်းမြေ - 811 sq km
ရေ - 0 sq km
စုစုပေါင်း - 811 sq km
ကမ်းရိုးတန်း
1,143 km
ရာသီဥတု
အပူပိုင်းဒေသရာသီဥတု ။ ပင်လယ်ပိုင်းရာသီဥတု။ ပူ၍စိုထိုင်းပြီး ကုန်သည်လေတိုက်ခတ်မှုကြောင့် မျှတ။
မြေမျက်နှာသွင်ပြင်
အများအားဖြင့်နိမ့်သော အလယ်ထုံးအိုင်ပေါက် သန္တာကျောက် ကျွန်းများဖြစ်သည်။
မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း ပစိဖိတ်သမုဒ္ဒရာ - 0 m
အမြင့်ဆုံးအပိုင်း ဘနားဘားကျွန်းပေါ်ရှိ အမည်ပေးမထားသောနေရာတစ်ခု - 81 m
သဘာဝအရင်းအမြစ်
ဖေါ့စဖိတ်
လူ့အရင်းအမြစ်
လူဦးရေ 112,850 (2009)
လူဦးရေတိုးနှုန်း 2.235 % (2009)
မွေးဖွားနှုန်း 30.31 / 1000 ဦးရေ (2008)
သေဆုံးနှုန်း 7.97 / 1000 ဦးရေ (2008)
ပျှမ်မျှအသက် ကျား - 60.14 နှစ်
မ - 66.45 နှစ်
စုစုပေါင်း - 63.22 နှစ် (2009)
လူမျိုး
အိုင် ၊ ကီရီဘာတီ
တိုင်းရင်းသားလူမျိုး
မိုက်ခရိုနေရှင်း - 98.8 %
အခြား - 1.2 %
ကိုးကွယ်မှု
ရိုမန်ကက်သလစ် - 52 %
ပရိုတက်စတင့် - 40 %
အခြား - 8 %
ဘာသာစကား
အိုင် ၊ ကီရီဘာတီ၊ အင်္ဂလိပ် (ရုံးသုံး)
မြို့တော်
တာရာဝါ (Tarawa)












Tuesday, August 25, 2009
0000
Posted in:
0 comments:
Post a Comment
comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။