၉၉။ဟန်ဂေရီ (Hungary)
Republic of Hungary
နောက်ခံသမိုင်း အကျဉ်း   Republic of Hungary
 ဟန်ဂေရီသည် ခရစ်သက္ကရာဇ် (၁၀၀၀) တွင် ခရစ်ယာန်နိုင်ငံ တစ်နိုင်ငံ ဖြစ်လာခဲ့ပြီး ဥရောပသို့ အော်တိုမန် တာကစ်ရှ် (Ottoman Turkish) တို့ နယ်ပယ်ချဲ့ထွင်မလာနိုင်စေရန် ကျားကန် ပေးထားခဲ့သည်။ထို့နောက် လူမျိုးပေါင်းစုံ ပါဝင်သော ဩစတြို  - ဟန်ဂေရီ  အင်ပါယာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။  ပထမ  ကမ္ဘာ စစ်အတွင်ရောက်သောအခါ ဩစတြို - ဟန်ဂေရီ  အင်ပါယာ ပြိုကွဲသွားခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးနောက် ကွန်မြူနစ် အုပ်စိုးခြင်းခံခဲ့ရသည်။ ၁၉၅၆ တွင် တော်လှန်ရေးတစ်ရပ် ပေါ်ပေါက်လာပြီး ၀ါဆော စာချုပ်အဖွဲ့မှ နှုတ်ထွက်ကြောင်း ကြေငြာ လိုက်သောအခါ မော်စတို အစိုးရမှ အလုံးအရင်းဖြစ်ကျုးကျော်ခဲ့သည်။ ၁၉၆၈ တွင် ဂျာနို့ကာဒါ (Janos Kadar) ဦးဆောင်၍ လွတ်လပ်သောစီးပွားရေး စနစ်ကို စတင်ခဲ့ပြီး ဂူးလက်ရှ် ကွန်မြူနစ်ဝါဒ (Goulash Communism) ကို မိတ်ဆက်ခဲ့သည်။ ၁၉၉၀ တွင်ပထမဦး ဆုံးပါတီစုံ ရွေးကောက်ပွဲ ကျင်းပခဲ့ပြီးဈေးကွက်စီးပွားရေးစနစ်ကိုစတင်ဖေါ်ဆောင်ခဲ့သည်။ ၁၉၉၉ တွင် နေတိုး သို့ဝင် ရောက် ခဲံပြီး ၂၀၀၄ တွင် ဥရောပသမဂ္ဂ သို့ဝင်ရောက်ခဲ့သည်။
ပထ၀ီ အနေအထား
တည်နေရာ
ဥရောပ အလယ်ပိုင်း ။ ရိုမေနီးယာ၏ အနောက်မြောက်ဘက်။
မြေပုံအညွှန်း
ဥရောပ
ဧရိယာ
ကုန်းမြေ - 92,340 sq km
ရေ - 690 sq km
စုစုပေါင်း - 93,030 sq km
ထိစပ်နယ်မြေ
ဩစတြေးယား - 366 km
စရိုအေးရှား - 329 km
ရိုမေနီးယား - 443 km
ဆားဗီးယား - 166 km
ဆလိုဗက်ကီးယား - 676 km
ဆလိုဗေနီးယား - 102 km
ယူကရိန်း - 103 km
ကမ်းရိုးတန်း
မရှိ (ကုန်းတွင်းပိတ်)
ရာသီဥတု
အပူအအေးမျှတ။ အေး၍တိမ်ထူ၊ စိုစွတ်သော ဆောင်းရာသီ ။
နွေးထွေးသောနွေရာသီ။
မြေမျက်နှာသွင်ပြင်
ပြန့်ပြူးညီညာသောမြေပြန့်နှင့်လှိုင်းထသောမြေပြန့်များရှိ။ ဆလိုဗေးကီးယား
နှင့် နယ်စပ်တွင် တောင်ကုန်းများ တောင်နိမ့်များရှိ။
မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း တစ်ဇါမြစ် - 78 m
အမြင့်ဆုံးအပိုင်း ကီကက် - 1014 m
သဘာဝအရင်းအမြစ်
ဘောက်ဇိုက်သတ္တု ၊ ကျောက်မီးသွေး ၊ သဘာဝဓါတ်ငွေ့ ၊ မြေဆီမြေနှစ်၊စိုပ်ပျိုးမြေ။
လူ့အရင်းအမြစ်
လူဦးရေ 9,930,915 (2008)
လူဦးရေတိုးနှုန်း -0.254 % (2008)
မွေးဖွားနှုန်း 9.59 / 1000 ဦးရေ (2008)
သေဆုံးနှုန်း 12.99 / 1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 69 နှစ်
မ - 77.62 နှစ်
စုစုပေါင်း - 73.18 နှစ် (2008)
လူမျိုး
ဟန်ဂေရီယန်
တိုင်းရင်းသားလူမျိုး
ဟန်ဂေရီယန် - 92.3 %
ရောမ - 1.9 %
အခြား (သို့) အမည်မသိ - 5.8 %
ကိုးကွယ်မှု
ရိုမန်ကက်သလစ် - 51.9 %
တယ်လဗင်နစ် - 15.9 %
လူသီရန် - 3 %
ဂရိကက်သလစ် - 2.6 %
အခြားခရစ်ယာန် - 1 %
အမည်မသိ - 11.1 %
ဘာသာစွဲမရှိ - 14.5 %
ဘာသာစကား
ဟန်ဂေရီယန် - 93.6 %
အခြား (သို့)အမည်မသိ - 6.4 %
မြို့တော်
ဘူဒါပက် (Budapesf)


 










 Wednesday, August 19, 2009
Wednesday, August 19, 2009
 0000
0000
 
 Posted in:
 Posted in:   
0 comments:
Post a Comment
comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။