August 19, 2009

Hong Kong


၉၈။ဟောင်ကောင်(Hong Kong)
Hong Kong Special Administrative Regiom

နောက်ခံသမိုင်းအကျဉ်း
၁၈၄၁ ခုနှစ်တွင် ဗြိတိသျှ က တရုတ်ထံမှ သိမ်းပိုက်ခဲ့ပြီး ၁၉ ရာစု နှောင်ပိုင်းနှစ်များတွင် အနီးပတ်ဝန်းကျင် နယ်မြေအများအပြားကို စုစည်းသိမ်းသွင်းခဲ့သည်။ ၁၉၈၄ ဒီဇင်ဘာ (၁၉) ရက်နေ့တွင် ချုပ်ဆိုခဲ့သော တရုတ်ဗြိတိန် သဘောတူစာချုပ် အရ ဟောင်ကောင်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ အထူးအုပ်ချုပ်ရေး ဒေသ(Hong Kong Sepcial Administrative Region – SAR) ဖြစ်လာခဲ့သည်။ အဆိုပါ စာချုပ်အရ “နိုင်ငံတစ်ခု ၊ဒွိစံနစ်” (one country , two systema) မူကို ကျင့်သုံး၍ ဟောင်ကောင်တွင် တောက် - နှစ်ပေါင်း ငါးဆယ်ကြာသည်အထိ ဆိုရှယ်လစ် စနစ် မသွတ်သွင်းရန် ၊ နိုင်ငံခြားရေးနှင့် ကာကွယ်ရေးကိစ္စများမှ အပ ကိုယ်ပိုင်အုပ်ချုပ်ရေး အပြည့်အ၀ ပေးရန် သဘောတူညီခဲ့သည်။

ပထ၀ီအနေအထား
တည်နေရာ
အရှေ့ အာရှ။ တောင်တရုတ် ပင်လယ် ၊ တရုတ်နိုင်ငံ တို့နှင့်ထိစပ်။

မြေပုံအညွှန်း
အရှေ့တောင်အာရှ။

ဧရိယာ
ကုန်းမြေ - 1,042 sq km
ရေ - 50 sq km
စုစုပေါင်း - 1092 sq km

ထိစပ်နယ်မြေ
တရုတ် - 30 km

ကမ်းရိုးတန်း
733 km

ရာသီဥတု
အပူလျော့ပိုင်း မုတ်သုံရာသီ။ ပူ၍စိုထိုင်းသောဆောင်းရာသီ။ နွေဦးကာလ မှ
နွေရာသီအထိ ပူ၍ မိုးရွာသွန်း။ နွေးထွေး၍နေသာသော ဆောင်းဦး။

မြေမျက်နှာသွင်ပြင်
မတ်စောက်သော တောင်ကုန်း ၊ တောင်တန်းပေါများ ၊မြောက်ပိုင်းမြေနိမ့်ဒေသ။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း တောင်တရုတ်ပင်လယ် - 0m
အမြင့်ဆုံးအပိုင်း တိုင်မိုရှန်း - 958 m

သဘာဝအရင်းအမြစ်
ရေနက်ဆိပ်ကမ်း ၊ မျောကျောက်။

လူ့အရင်းအမြစ်
လူဦးရေ 7,018,636 (2008)
လူဦးရေတိုးနှုန်း 0.532 % (2008)
မွေးဖွားနှုန်း 7.37 / 1000 ဦးရေ (2008)
သေဆုံးနှုန်း 6.6 / 1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 79.07 နှစ်
မ - 84.69 နှစ်
စုစုပေါင်း - 81.77 နှစ် (2008)

လူမျိုး
ဟောင်ကောင် တရုတ် ။

တိုင်းရင်းသားလူမျိုး
တရုတ် - 95 %
ဖိလစ်ပိုင် - 106 %
အင်ဒိုနီးရှား - 1.3 %
အခြား - 2.1 %

ကိုးကွယ်မှု
ကျယ်ပြန့်စွာ ရောသမမွှေလျှက်ရှိသော ဒေသတွင်
ကိုးကွယ်မှုများ - 90 %
ခရစ်ယာန် - 10 %

ဘာသာစကား
တရုတ် (ကန်တုံ) – 89.2 % (ရုံးသုံး)
ဒေသိယစကားများ - 6.4 %
အင်္ဂလိပ် - 3.2 % (ရုံးသုံး)
အခြား - 1.2 %

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။