August 8, 2009

French Republic


၇၆။ပြင်သစ်( France )
French Republic

နောက်ခံသမိုင်း အကျဉ်း
ပထမ နှင့် ဒုတိယ ကမ္ဘာစစ်များတွင် အနိုင်ရရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့သော်လည်း အင်အားကြီးနိုင်ငံ ဖြစ်သော ပြင်သစ်နိုင်ငံသည် ဩဇာအာဏာ ၊ လူ့အရင်းအမြစ်နှင့် ရပ်တည်မှုအဆင့်အတန်းတို့ ကျဆင်းသွားခဲ့ရ သည်။ သို့သော် ယခုအခါ ပြင်သစ်သည် ကမ္ဘာပေါ်တွင် တိုးတက်ခေတ်အမှီဆုံးနိုင်ငံများထဲတွင် တစ်နိုင်ငံ အပါ အ၀င်ဖြစ်ပြီး ဥရောပ နိုင်ငံများတွင် ဦးဆောင်နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အစောပိုင်း ပါလီမန် အုပ်ချုပ်ရေး၏ အား နည်းချက်များကြောင့် ၁၉၅၈ မှစ၍ သမ္မတနှင့်ပါလီမန် အုပ်ချုပ်ရေးစနစ်နှစ်ခု ရောစပ်ကျင့်သုံးခဲ့သည်။ မကြာသေးမီ နှစ်များအတွင်း ဂျာမဏီနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသည် ဥရောပစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုအတွက်အဓိကကျကြောင်းသိရှိလာပြီး ၁၉၉၉ ဇန်န၀ါရီလတွင် ဥရောပဘုံငွေကြေးစနစ်ကို စတင် အကောင်အထည်ဖော်ခဲ့သည်။ မျက်မှောက်ကာလတွင် ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးမူဝါဒများ တိုးတက်အောင် မြင်မှု ရရှိသွားရေးအတွက် သမဂ္ဂစစ်အင်အား တိုးတက်ကောင်းမွန်အောင် ရှေ့တန်းမှ အားသွန် ခွန်စိုက် ကြိုးပမ်း လျက်ရှိသည်။


ပထ၀ီ အနေအထား
တည်နေရာ
ပြင်သစ် မက်ထရိုပိုလီတန် (ပြင်သစ်ပြည်မ) - အနောက်ဥရောပ ။ ဘစ်ခတေးပင်လယ်အော်နင့် အင်္ဂလိပ်ရေလက် ကြားတို့နှင့်ထိစပ်။ ဘယ်လဂျီယန် နှင့် စပိန်တို့ကြား ဗြိတိန် နိုင်ငံ၏ အရှေ့တောင်ဘက် ။ မြေထဲပင်လယ် နှင့် ထိစပ်။အီတလီ နှင့် စပိန်ကြား ။ ပြင်သစ် ဂူအန်းနား - တောင်အမေရိက မြောက်ပိုင်း။မြောက်အတ္တလန္တိတ် သမုဒ္ဒရာ နှင်ထိစပ် ။ ဘရာဇီး နှင့် ဆူရီနိမ်းကြား။ဂွါဒီလုပ် - ကာရစ်ဘီယံ ပင်လယ်။ မြောက်အတ္တလန္တိတ် သမုဒ္ဒရာ နှင့် ကာရစ်ဘီယံပင်လယ်ကြား။ ပူအာတိုရီကို၏ အရှေ့တောင်ဘက် ။ မာတင်နစ် - ကာရစ်ဘီယံပင်လယ်။ မြောက်အတ္တလန္တိတ် သမုဒ္ဒရာ နှင့် ကာရစ်ဘီယံ ပင်လယ်ကြား။ထရီနီဒတ် နှင့် တိုဘာကို နိုင်ငံတို့၏ မြောက်ဘက် ရီယူနီယံ - အာဖရိက တောင်ပိုင်း။ အိန္ဒိယ သမုဒ္ဒရာအတွင်းရှိကျွန်း ၊ မာဒါကာစကာ ၏ အရှေ့ဘက်။

မြေပုံအညွှန်း
ပြင်သစ်မက်ထရိုပိုလီတန် (ပြင်သစ်ပြည်မ) - ဥရောပ ။ ပြင်သစ် ဂူအန်းနား - တောင်အမေရိက
ဂွါဒီလုပ် - အမေရိက အလယ်ပိုင်း ကာရစ်ဘီယံ ပင်လယ်။မာတင်နစ် - အမေရိက အလယ်ပိုင်း
ကာရစ်ဘီယံ ပင်လယ်။

ဧရိယာ
ကုန်းမြေ - 640,053 sq km - 545,630 sq km (ပြင်သစ်ပြည်မ)
ရေ - 3,374 sq km - 1,400 sq km (ပြင်သစ်ပြည်မ)
စုစုပေါင်း - 643,427 sq km - 547,030 sq km (ပြင်သစ်ပြည်မ)
မှတ်ချက် ။ ပထမဖေါ်ပြသောကိန်းဂဏန်းတွင် ပြင်သစ်ပိုင် အဝေးရောက်နယ်မြေ
များ၏ ဧရိယာအကျယ်အ၀န်းများပါဝင်သည်။


ထိစပ်နယ်မြေ
ပြင်သစ်ပြည်မ
အန်ဒိုရာ - 56.6 km
ဘယ်လဂျီယန် - 620 km
ဂျာမဏီ - 415 km
အီတလီ - 488 km
လူဇင်ဘက် - 73 km
မိုနာကို - 4.4 km
စပိန် - 623 km
ဆွတ်ဇလန် - 573 km
စုစုပေါင်း - 2889 km

ပြင်သစ်ဂူနီးယား
ဘရာဇီး - 673 km
ဆူရီနိမ်း - 510 km
စုစုပေါင်း - 1,183 km

ကမ်းရိုးတန်း
ပြင်သစ်ပြည်မ - 3,427 km
စုစုပေါင်း - 4,668 km

ရာသီဥတု (ပြင်သစ်ပြည်မ)
ယေဘုယအားဖြင့် အေးမြသောဆောင်းရာသီ နှင့် မျှတသောနွေရာသီတို့ရှိ။မြေထဲပင်လယ်တလျှောက် မျှတသော ဆောင်းရာသီ နှင့်ပူသောနွေရာသီဥတုတို့ရှိ။မကြာခဏဆိုသလို မြောက်နှင့် အနောက်မြောက်အရပ်မှ မစ္စထ ရယ်ခေါ် အေး၍ခြောက်သွေ့သောလေကြမ်းတိုက်ခတ်လေ့ရှိ။

ဂွါဒီလုပ် နှင့် မာတီနစ်
ကုန်သည်လေတိုက်ခတ်မှုကြောင့် အပူပိုင်းဆန်သော်လည်း အပူအအေးမျှတသောရာသီဥတုရှိ။ စိုထိုင်းမှုမြင့်မား။ ဇွန်လ မှ အောက်တိုဘာလ အထိ မိုးရာသီ။ ပျှမ်မျှအားဖြင့် ရှစ်နှစ်တစ်ကြိမ်ခန့် ပြင်းထန်သော ဆိုင်ကလုံ မုန်တိုင်းတိုက်ခတ်လေ့ရှိ။

ရီယူနီယံ
အပူပိုင်းဒေသရာသီဥတု။ မျက်နှာပြင်အလိုက် အပူချိန်မျှတမှုရှိ။ မေလ မှ နိုဝင်ဘာလ အထိ အေး၍ခြောက် သွေ့။ နိုဝင်ဘာလ မှ ဧပြီလအထိ ပူ၍မိုးရွာသွန်း။

မြေမျက်နှာသွင်ပြင် (ပြင်သစ်ပြည်မ)
အများအားဖြင့်ပြန့်ပြူး ညီညာ။ မြောက်ပိုင်း နှင့် အနောက်ပိုင်းတွင် လှိုင်းထသောတောင်ကုန်းများ။ ကျန်သော အပိုင်းများ တောင်ထူထပ်။ အထူးသဖြင့်တောင်ဘက်တွင် ပိုင်ရင်နီး တောင်တန်း နှင့် အရှေ့ဘက်တွင် အဲလ်ပ် တောင်တန်း။

ပြင်သစ်ဂူနီးယား
နိမ့်သောကမ်းရိုးတန်းလွင်ပြင်များမှသည်တောင်ကုန်းများ၊တောင်နိမ့်ဆီသို့ မြင့်တက် သွားသော သွင်ပြင်ရှိ။

ဂွါဒီလုပ်
ဘက်ဆီ - တာရီ ကျွန်းများသည် မီးတောင်ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသောကျွန်းများဖြစ်ပြီး အတွင်းပိုင်း တောင်များရှိ။ ဂရင်း - တာရီ ကျွန်းများသည် ထုံးကျောက်ဖွဲ့ ဖြစ်၍ မျက်နှာပြင်နိမ့်သည်။ ကျန်သော ကျွန်း ခုနှစ် ကျွန်းတွင် အများစုမှာ မီးတောင်ကျွန်းမှားဖြစ်၏။

မာတင်နစ်
တောင်ထူထပ်၍ ကွေ့ဟိုက်သော ကမ်းရိုးတန်းရှိ။ မီးတောင်မြုံရှိ။

ရီယူနီးယံ
အများအားဖြင့်မျက်နှာပြင်ကြမ်းတမ်း၍ တောင်ထူထပ်။ ကမ်းခြေတလျှောက်မြေဩဇာကောင်မွန်သော မြေနိမ့်။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း ရုန်းမြစ်ဝကျွန်းပေါ် (- 2 m)
အမြင့်ဆုံးအပိုင်း ဘလန့်တောင် - 4,807 m

သဘာဝအရင်းအမြစ် (ပြင်သစ်ပြည်မ)
ကျောက်မီးသွေး ၊ သံရိုင်း ၊ ဘောက်ဇိုက် ၊ သွပ် ၊ ယူရေနီယံ ၊ ခနောက်စိမ်း ၊
အဆိပ် (စိန်) ၊ ဓါတ်ပြား ၊ မျောကျောက် ၊ ဖလူအိုရင်းဒြပ်စင် ၊ ဂျစ်ပဆမ်သတ္တု ။သစ် ၊ ငါး ။

ပြင်သစ်ဂူးနီးယား
ရွှေတွင်း ၊ ရေနံ ၊ ကေအိုလင် မြေစေးဖြူ ၊ နီရိုဘီယမ်သတ္တု ၊ တမ်တယ်လန်သတ္တု ၊ ရွှံ့စေး။

လူ့အရင်းအမြစ်
လူဦးရေ 62,150,775 (ပြင်သစ်ပြည်မ) (2008)
စုစုပေါင်း 64,057,792
လူဦးရေတိုးနှုန်း 0.574 % (2008)
မွေးဖွားနှုန်း 12.73 / 1000 ဦးရေ (2008)
သေဆုံးနှုန်း 8.48 / 1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 77.68 နှစ်
မ - 84.23 နှစ်
စုစုပေါင်း - 80.87 နှစ် (2008)

လူမျိုး
ပြင်သစ်

တိုင်းရင်းသားလူမျိုး
ဆဲလ်တစ် နှင့် လက်တင် ပါဝင်သောတျူတိုးနစ် ၊ ဆလာဗစ် ၊ မြောက်အဖရိကန်၊အင်ဒိုချိုင်းနိ ၊ဘက်ကျု။

အဝေးရောက်နယ်မြေများ
လူမဲ ၊ လူဖြူ ၊ မူလတို ၊ အရှေ့အင်ဒီးယန်း ၊တရုတ် ၊ အမေရင်ဒီးယန်း ။

ကိုးကွယ်မှု
ရိုမန်ကက်သလစ် - 83% - 88 %
ပရိုတက်စတင့် - 2 %
ဂျူး - 1 %
မွတ်စလင် - 5 % - 10 %
ဘာသာစွဲမရှိ - 4 %

ဘာသာစကား
ပြင်သစ် - 100 %

မြို့တော်
ပဲရစ် (Paris)

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။