July 30, 2009

Republic of Bulgaria



၃၅။ဘူ(လ်)ဂေးရီးယား(Bulgaria)
Republic of Bulgaria

နောက်ခံသမိုင်း အကျဉ်း
(၇)ရာစုနှောင်းပိုင်းတွင် အာရှအလယ်ပိုင်း တာကစ်လူမျိုးများသည် ဒေသခံဆလာဗစ် လူမျိုးများနှင့် ပူးပေါင်း၍ ဘူ(လ်)ဂေးရီးယားနိုင်ငံထူထောင်ခဲ့ကြသည်။ နောက်ပိုင်းရာစုနှစ်များတွင် ဘော်လကန်ဒေသတွင် ၄င်းတို့ နိုင်ငံတည်မြဲရေးအတွက် ဘိုင်ဇန်တိုင်းအင်ပါယာ၏ ခြိမ်းခြောက်မှုနှင့်ရင်ဆိုင်ရုန်းကန်ခဲ့ရသည်။ သို့သော် (၁၄) ရာစုနှောင်းပိုင်းတွင် အော်တိုမန်တာ့စ်တို့၏ လက်အောက်သို့ကျရောက်သွားခဲ့သည်။ 1878 တွင် မြောက်ပိုင်း ဘူလ်ဂေးရီးယားက ကိုယ်ပိုင်အုပ်ချုပ်ရေးရရှိခဲ့သည်။ 1908 ခုနှစ်တွင် ဘူလ်ဂေးရီးယားတစ်နိုင်ငံလုံး အော်တိုမန် အင်ပါယာထံမှလွတ်လပ်ရေးရခဲ့သည်။ ပထမနှင့်ဒုတိယ ကမ္ဘာစစ်ပွဲနှစ်ခုစလုံး ရှုံးနိမ့်ခဲ့ရပြီး ဆိုဗီယက်၏ ကွန်မြူနစ် ၀ါဒ အရိပ်အောက်တွင်ရှိခဲ့ပြီး 1946 တွင် ပြည်သူ့သမ္မတနိုင်ငံ (People's Republic) ဖြစ်လာခဲ့သည်။ 1990 တွင် ကွန်မြူနစ် အစိုးရနိဂုးံချုပ်သွားခဲ့ပြီး ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ်ပါတီစုံ ရွေးကောက်ပွဲ ကျင်းပခဲ့သည်။ ဒီမိုကရေစီ နိုင်ငံရေးနှင့် ဈေးကွက်စီးပွားရေး သို့ဦးတည်သောလုပ်ဆောင်မှုများတွင် လစ်ဟာယိုယွင်းမှုများရှိခဲ့သည်။ တစ်ဖက်တွင်လည်း ငွေကြေးဖောင်းပွမှု ၊ အလုပ်လက်မဲ့ ၊ အဂတိလိုက်စားမှု၊ ရာဇ၀တ်မှုများကို ရင်ဆိုင်ရသည်။ 2004 ခုနှစ်တွင် NATO အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး 2007 ခုနှစ်တွင် ဥရောပသမဂ္ဂသို့ ၀င်ရောက်ခဲ့ သည်။


ပထ၀ီ အနေအထား
တည်နေရာ
အရှေ့တောင် ဥရောပ ။ ပင်လယ်နက်နှင့် ထိစပ်။ ရိုမေးနီးယား နှင့် တူရကီကြား ။

မြေပုံအညွှန်း
ကုန်းမြေ - 110,550 sq km
ရေ - 360 sq km
စုစုပေါင်း - 110,910 sq km


ထိစပ်နယ်မြေ
ဂရိ - 494 km
မက်ဆီဒိုးနီးယား - 148 km
ရိုမေးနီးယား - 608 km
ဆားဗီယား - 318 km
တူရကီ - 240 km
စုစုပေါင်း - 1808 km


ကမ်းရိုးတန်း
354 km

ရာသီဥတု
အပူအအေးမျှတ။ အေးမျှစိုထိုင်းသောဆောင်းရာသီ။ ခြောက်သွေ့သောနွေရာသီ။

မြေမျက်နှာသွင်ပြင်
အရှေ့တောင်ဘက်နှင့်မြောက်ဘက်တွင်တောင်ထူထပ်သောမြေနိမ့်ဒေသများဖြစ်။

မျက်နှာပြင်အထက်ခြားနားချက်
အနိမ့်ဆုံးအပိုင်း ပင်လယ်နက် - 0 m
အမြင့်ဆုံးအပိုင်း မူဆာလာ - 2,925 m


သဘာဝအရင်းအမြစ်
ဘောက်ဇိုက်သတ္တု ၊ကြေးနီ ၊ခဲ ၊ သွပ်၊ သစ်၊ စိုက်ပျိုးမြေ။

လူ့အရင်းအမြစ်
လူဦးရေ 7,262,675 (2008)
လူဦးရေတိုးနှုန်း 0.813 % (2008)
မွေးဖွားနှုန်း 9.58 /1000 ဦးရေ (2008)
သေဆုံးနှုန်း 14.3 /1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 69.22 နှစ်
မ - 76.66 နှစ်
စုစုပေါင်း - 72.83 နှစ်


လူမျိုး
ဘူလ်ဂေးရီးယန်း ။

တိုင်းရင်းသားလူမျိုး
ဘူလ်ဂေရီးယန်း- 83.9 %
တာ့(စ်) - 9.4 %
ရိုးမား - 4.7 %
အခြား - 2 %


ကိုးကွယ်မှု
ဘူလ်ဂေးဂရီးယန်း အော့သိုဒေါ့ - 82.6 %
မွတ်စလင် - 12.2 %
အခြားခရစ်ယာန် -1.2 %
အခြား - 4 %


ဘာသာစကား
ဘူလ်ဂေးရီးယန်း - 84.5 %
တာကစ် - 9.6 %
ရိုးမား - 4.1 %
အခြားအမည်မသိ - 1.8 %


မြို့တော်
ဆိုဖီယာ (Sofia)

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။