July 28, 2009

People's Republic of Bangladesh


၁၉။ဘင်္ဂလားဒေ့ရှ် (Bangladesh)
People's Republic of Bangladesh

နောက်ခံသမိုင်းအကျဉ်း
16 ရာစုအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ဥရောပတိုက်သားများလာရောက်၍ ကုန်ကူးသန်းရောင်းဝယ်မှု များပြုခဲ့သည်။ ထို့နောက် အင်္ဂလိပ်လက်အောက်သို့ကျရောက်သွားပြီး ဗြိတိသျှ - အိန္ဒိယ နယ်မြေတစ်ခုဖြစ်လာ ခဲ့သည်။ ၁၉၄၇ ခုနှစ် မွတ်စလင်အများစုနေထိုင်သော အနောက်ပါကစ္စတန်နှင့်အရှေ့ ဘင်္ဂလားတို့ ဟိန္ဒူ အများ စုနေထိုင်သော အိန္ဒိယမှခွဲထွက်ခဲ့သည်။ ထိုနယ်နှစ်ခု ပေါင်း၍ ပါကစ္စတန်နိုင်ငံဖြစ်လာခဲ့သည်။ 1955 တွင် အရှေ့ ဘင်္ဂလားသည် အရှေ့ပါကစ္စတန်ဟူ၍ ဖြစ်လာခဲ့သည်။သို့သော် 1600 km ရှိသောနယ်နှစ်ခုအပိုင်း အခြားသတ် မှတ်ချက်ပေါ်တွင် ဘင်္ဂလားတို့က ကျေနပ်မှု သိပ်မရှိခဲ့ကြပေ။1971 တွင် အရှေ့ပါကစ္စတန်မှ ခွဲထွက်ခဲ့ပြီး ဘင်္ဂလာဒေ့ရှ်ဟူ၍ခေါ်တွင်ခဲ့သည်။ စစ်တပ်ကျောထောက်နောက်ခံပြု အိမ်စောင့်အစိုးရ အုပ်ချုပ်ခဲ့ပြီး အဂတိ လိုက်စားမှု ပပျောက်ရေး ၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရေးအတွက် ပါလီမန်ရွေးကောက်ပွဲ ကျင်းပရန် 2007 အထိ ရွှေ့ဆိုင်းထားခဲ့သည်။ 2008 ခုနှစ် အဆုံးတွင် ဒီမိုကရေစီနည်းကျရွေးကောက်ပွဲ ကျင်းပရန်ကတိပေးခဲ့သည်။ လူဦးရေ သုံးပုံတစ်ပုံခန့် ချွတ် ခြုံကျမွဲတေနေသော ဘင်္ဂလားဒေ့ရှ်တွင် နှစ်စဉ် မုတ်သုံ မိုးရာသီတွင် ရေကြီးလေ့ရှိသောကြောင့် စီးပွားရေး ဖွံဖြိုးတိုးတက်ရေးအတွက် အတားအဆီး ဖြစ်လျက်ရှိသည်။

ပထ၀ီအနေအထား
တည်နေရာ
အာရှတိုက်တောင်ပိုင်း ။ ဘင်္ဂးလားပင်လယ်အော် နှင့် ထိစပ်လျက်ရှိ။မြန်မာနှင့် အိန္ဒိယနိုင်ငံများအကြား။

မြေပုံအညွှန်း
အာရှ ။

ဧရိယာ
ကုန်းမြေ - 133,910 km
ရေ - 10,090 km
စုစုပေါင်း - 144,000 km

ထိစပ်နယ်မြေ
ယ - 4053 kအိန္ဒိမြန်မာ - m 193 km

ကမ်းရိုးတန်း
580 - km

ရာသီဥတု
အပူပိုင်းဒေသ။ သင့်တင့်မျှတသောဆောင်း (အောက်တိုဘာလ မှမတ်လအထိ)ပူပြင်းစိုထိုင်းသော နွေရာသီ (မတ်လ မှ ဇွန်လအထိ) စိုထိုင်းနွေးထွေးသောမုတ်သုံရာသီ (ဇွန်လ မှ အောက်တိုဘာလ အထိ)

မြေမျက်နှာသွင်ပြင်
အနိမ့်ဆုံးအပိုင်း အိန္ဒိယသမုဒ္ဒရာ - 0 m
အမြင့်ဆုံးအပိုင်း ကီအိုခရာဒွန် - 1,230 m

သဘာဝအရင်းအမြစ်
သဘာဝဓါတ်ငွေ့ ၊ သီးနှံဖြစ်ထွန်းသောမြေ။ သစ်။ ကျောက်မီးသွေး။

လူ့အရင်းအမြစ်
လူဦးရေ 153,546,896 (2008)
လူဦးရေတိုးနှုန်း 2.022 % (2008)
မွေးဖွားနှုန်း 26.86 / 1000 ဦးရေ (2008)
သေဆုံးနှုန်း 8 / 1000 ဦးရေ (2008)
ပျှမ်းမျှသက်တမ်း ကျား - 63.14 နှစ်
မ - 63.28 နှစ်
စုစုပေါင်း - 63.21 နှစ် (2008)


လူမျိုး
ဘင်္ဂလားဒေ့ရှ်

တိုင်းရင်းသားလူမျိုး
ဘင်္ဂလီ 98 %
အခြား 2 %

ကိုးကွယ်မှု
မွတ်စလင် - 83 %
ဟိန္ဒူ - 16 %
အခြား - 1 %

ဘာသာစကား
ဘင်္ဂလား (ရုံးသုံး) အင်္ဂလိပ်။

မြို့တော်
ဒါကာ (Dhaka)

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။