November 5, 2009

Political Science Part (29)

ဆွတ်ဇာလန်အထက်လွှတ်တော်

ဆွတ်ဇာလန်အထက်လွှတ်တော် (Council of State) သည်ပြည်နယ် ၁၉ ပြည်နယ်နှင့် ပြည်နယ် တစ်ခုစီ၏ တစ်ဝက်စီသာရှိသော ပြည်နယ်၊ တစ်နည်းအားဖြင့် ၂၂ ပြည်နယ်တို့မှ ကိုယ်စားလှယ်ပေါင်း "၄၄" ယောက်ဖြင့် ဖွဲ့စည်းထားသည်။ ပြည်နယ် ၁၉ ပြည်နယ်မှ ကိုယ်စားလှယ် နှစ်ဦးကျစီနှင့် ပြည်နယ်တစ်ခု၏ တစ်ဝက်စီသာရှိသော ၆ ပြည်နယ်တို့မှ တစ်ဦးကျစီကိုယ်စားလှယ် များစေလွှတ်ဖွဲ့စည်းထားသော်လည်း ၄င်းကိုယ်စားလှယ်အားလုံးကို ပြည်သူများက ရွေးကောက်တင်မြှောက်ခြင်း မဟုတ်ပေ။ တစ်ချို့ တစ်ချို့ ပြည်နယ်များတွင် လူထုက လူထုကရွေးကောက်တင်မြှောက်သော်လည်း တစ်ချို့ ပြည်နယ်များတွင် ဆိုင်ရာအစိုးရတို့က ရွေးချယ်ခန့်အပ်ထားခြင်းဖြစ်သည်။ အထက်လွှတ်တော် အမတ်တို့၏ အမတ်သက်တမ်းမှာလည်း ဥပဒေများအတိုင်း ၁ နှစ်မှ ၄ နှစ်အထိ အမျိုးမျိုး ကွဲပြားခြားနားချက်ရှိသည်။

ဆွတ်ဇာလန်လွှတ်တော်၏ တန်ခိုးအာဏာ


အထက်လွှတ်တော်၏ တန်ခိုးအာဏာသည် အောက်လွှတ်တော်နှင့် မခြားနားလှပေ။ ထို့ကြောင့် အထက်လွှတ်တော်၏ အဓိကအလုပ်မှာ ဥပဒေပြုရေးပင်ဖြစ်သည်။ သို့ရာတွင် ဆွစ်ဇာလန် အထက်လွှတ်တော်သည် အင်္ဂလန်အထက်လွှတ်တော် (House od lords) နှင့် ကနေဒါ အထက်လွှတ်တော် (Senate) တို့ထက် တန်ခိုးကြီးသည်။ ကနေဒါနှင့် အထက်လွှတ်တော်များအနေဖြင့် ဘဏ္ဍာရေး ဥပဒေကြမ်း တင်သွင်းပယ်ဖျက်ခြင်း မပြုကြသော်လည်း ဆွစ်ဇာလန်အထက်လွှတ်တော်အနေဖြင့်မူ ဆွစ်ဇာလန် အောက်လွှတ်တော်၏ ဘဏ္ဍာရေး ဥပဒေကြမ်းအပါအ၀င် မည်သည့်ဥပဒေကိုမဆို ဗီဒိုခေါ်တစ်ချက်လွတ်အာဏာဖြင့် ပယ်ချနိုင်သည်။ သို့ရာတွင် ဆွတ်ဇာလန် အထက်လွှတ်တော်၌ ပြည်နယ်တို့၏ အခွင့်အရေးကို ကာကွယ်နိုင်ခြင်း မရှိသောကြောင့် အမေရိကန်အထက်လွှတ်တော် ဆီးနိတ်လောက် တန်ခိုးမကြီးပေ။

ဆွစ်ဇာလန်သည် ပြည်ထောင်စုစစ်သော နိုင်ငံတစ်နိုင်ငံဖြစ်ပါလျက် ဆွစ်ဇာလန်အထက်လွှတ်တော်သည် ပြည်နယ်တို့၏ အခွင့်အရေးများကို ကာကွယ်ခွင့်မရရှိခြင်းမှာ ....

(၁) အထက်လွှတ်တော် အမတ်များကို ရွေးကောက်တင်မြှောက်ခြင်းသာ မဟုတ်၊ ခန့်အပ်ထားသော အမတ်များလည်း ပါဝင်ဖွဲ့စည်းထားသောကြောင့် ပြည်သူ့ကိုယ်စားလှယ်အစစ်ချဉ်းသာ မဟုတ်ကြခြင်း။

(၂) အထက်လွှတ်တော်အမတ်တို့၏ အမတ်သက်တမ်းမှာလည်း ၁ နှစ် ၄ နှစ်အထိ ကွဲပြားခြားနားနေခြင်းတို့ ကြောင့်ပင်ဖြစ်သည်။ ယင်းသို့ဖြစ်လျှင် "ဗဟိုအစိုးရသည် ပြည်နယ်တို့၏ အခွင့်အရေးများကို မကျူးလွန်ဘဲ နေမည်လော" ဟူ၍ မေးစရာ အကြောင်းရှိပေသည်။ သို့ရာတွင် ယင်းကဲ့သို့မေးရန် ပြဿနာမပေါ်ပေ၊ အကြောင်းမှာ ဆွစ်ဇာလန်နိုင်ငံတွင် အုပ်ချုပ်ရေးစက်ယန္တယားကို ပြည်သူတို့က တိုက်ရိုက်ကြိုးကိုင်သောစနစ် (Direct, Democratic, Check) ကို အသုံးပြုသောကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့်ပြည်နယ်တို့၏ အခွင့်အရေးများကို ပြည်နယ်တို့ ကိုယ်တွယ် ကာကွယ်နိုင်သော အထက်လွှတ်တော်၌ ပြည်နယ်များကို ကာကွယ်နိုင်သော အာဏာရှိရန်မလိုတော့ပေ။

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။