August 10, 2009

Federal Republic of Genmany


၈၃။ဂျာမဏီ(Germany)
Federal Republic of Genmany
နောက်ခံသမိုင်းအကျဉ်း
ဥရောပ၌စီးပွားေးရးအတောင့်တင်းဆုံးနိုင်ငံဖြစ်ပြီး လူဦးရေဒုတိယအများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သော ကြောင့် ဥရောပ ၏ စီးပွားရေး နိုင်ငံရေး ကာကွယ်ရေး အဖွဲ့အစည်းများတွင် အရေးပါသော အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်၏ (၂၀) ရာစု ၏ ပထမရာစုဝက် အတွင်း ဥရောပအင်းအားကြီးများ ပြိုင်ဆိုင်ကြရာတွင် ဂျာမဏီသည် ကမ္ဘာစစ်ကြီး နှစ်ခုစလုံးတွင် ရှုံးနိမ့်ခဲ့ပြီး ၁၉၄၅ တွင် မဟာမိတ်အင်အားစုများ ဖြစ်ကြသော အမေရိကန် ၊ ဗြိတိန် ၊ ပြင်သစ် နှင့် ဆိုဗီယက်ယူနီယံ တို့၏ သိမ်းပိုက်ယူငင်ခြင်းကိုခံခဲ့ရသည်။ စစ်အေးခေတ် ပေါ်ပေါက်လာခြင်းနှင့်အတူ ၁၉၄၉ တွင် ဂျာမဏီနှစ်ခြမ်းကွဲခဲ့သည်။ ပြည်ထောင်စုသမ္မတဂျာမဏီ နိုင်ငံ (အနောက်ဂျာမဏီ) (Federal Republic ofGermany – FRG) နှင့် ဂျာမဏီ ဒီမိုကရက်တစ်သမ္မတနိုင်ငံ (အရှေ့ဂျာမဏီ) (Germany Democratic Republic – GDR) ဟူ၍ ဖြစ်ကြသည်။ ထို့နောက်အနောက်ဂျာမဏီသည် အနောက်အုပ်စု၏ အဓိက စီးပွားရေးနှင့်လုံခြုံရေး အဖွဲ့အစည်းများဖြစ်သော ဥရောပ သမဂ္ဂ (EU) (ယခင် EC)နှင့်နေတိုးအဖွဲ့များသို့ ၀င်ရောက်ခဲ့ပြီး အရှေ့ဂျာမဏီက ဆိုဗီယက် ဦးဆောင်သော ၀ါဆောပဋိဥာဉ် အဖွဲ့ထဲ၌ ရှေ့တန်း၌ ပါဝင်ခဲ့သည်။ ဆိုဗီယက်ယူနီယံကျဆုံး၍ စစ်အေးတိုက်ပွဲပြီးဆုံးသွားသောအခါ ၁၉၉၀ တွင် ဂျာမဏီနှင့် နှစ်နိုင်ငံပြန်လည်ပေါင်းစည်းခဲ့သည်။ ထိုအချိန်မှစ၍ ဂျာမဏီနိုင်ငံသည် ဘဏ္ဍာရေးတောင့်တင်းလာခဲ့ပြီး အရှေ့တိုင်းကုန်ထုတ်စွမ်းအားရှိ၍ အနောက်တိုင်း လူမှု အဆင့်အတန်းနှင့်အမီ လုပ်ခလစာရရှိခဲ့သည်။ ၁၉၉၉ ဇန်န၀ါရီလတွင် ဂျာမဏီ နှင့် ဥရောပ သမဂ္ဂ ၀င်အခြား (၁၀) နိုင်ငံတို့သည် ဥရောပဘုံကြေးစနစ် (Euro) ကို စတင်အသုံးပြုခဲ့သည်။


ပထ၀ီ အနေအထား
တည်နေရာ
ဥရောပ အလယ်ပိုင်း ။ မြောက်ပင်လယ် ၊ဘောလတစ် ပင်လယ်တို့နှင့်ထိစပ်။နယ်သာလန်နှင့် ပိုလန်နိုင်ငံ တို့ကြား။ဒိန်းမတ်နိုင်ငံ၏တောင်ဘက်။

မြေပုံအညွှန်း
ဥရောပ

ဧရိယာ
ကုန်းမြေ - 349,223 sq km
ရေ - 7,798 sq km
စုစုပေါင်း - 357,021 sq km

ထိစပ်နယ်မြေ
သြစတြီးယား - 784 km
ဘယ်လဂျီယံ - 167 km
ချက်သမ္မတ - 646 km
ဒိန်းမတ် - 68 km
ပြင်သစ် - 154 km
လူဇင်ဘတ် - 138 km
နယ်သာလန် - 577 km
ပိုလန် - 456 km
ဆွမ်ဇါလန် - 334 km

ကမ်းရိုးတန်း
2,389 km

ရာသီဥတု
အပူအအေးမျှတ၍ ပင်လယ်ပိုင်းရာသီဥတု။ အေးမြ ၊တိမ်ထူ ၊ စိုစွတ်သောဆောင်းရာသီ နှင့် နွေရာသီ တို့ရှိ။ အဲပ်စ် တောင်တန်းမြောက်ပိုင်းဆင်ခြေ လျှောဆီမှ ဖာန်း(Foehn) လေ တိုက်ခတ်လေ့ရှိ။

မြေမျက်နှာသွင်ပြင်
မြောက်ဘက်မြေနိမ့်ပိုင်း ။ အလယ်ပိုင်းတွင်ကုန်းမြင့် ။ တောင်ဘက်တွင် ဘာဗာရီးယန်းအဲပစ်တောင်တန်းများရှိ။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း နျူအန်ဒေါ့ဘိုင်းဝီလ်စတာ - (-3.54 m)
အမြင့်ဆုံးအပိုင်း ဇာတ်စပစ်တီ - 2,963 m

သဘာဝအရင်းအမြစ်
ကျောက်မီးသွေး ၊ ကျောက်မီးသွေးညို ၊ သဘာဝဓါတ်ငွေ့ ၊သံရိုင်း ၊ကြေးနီ ၊ နီတယ် ၊ ယူရေနီယမ် ၊ ပြာဓါတ် ၊ ဆား ၊ဆောက်လုပ်ရေး ပစ္စည်းများ၊ သစ် စိုက်ပျိုးမြေ။

လူ့အရင်းအမြစ်
လူဦးရေ 82,369,552 (2008)
လူဦးရေတိုးနှုန်း - 0.044 % (2008)
မွေးဖွားနှုန်း 8.18 / 1000 ဦးရေ (2008)
သေဆုံးနှုန်း 10.8 / 1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 76.11 နှစ်
မ - 82.26 နှစ်
စုစုပေါင်း - 79.1 နှစ် (2008)

လူမျိုး
ဂျာမန်

တိုင်းရင်းသားလူမျိုး
ဂျာမန် - 91.5 %
တူရကီ - 2.4 %
အခြား - 6.1 %

ကိုးကွယ်မှု
ပရိုတက်စတင့် - 34 %
ရိုမန်ကက်သလစ် - 34 %
မွတ်စလင် - 3.7 %
ဘာသာစွဲမရှိ(သို့) အခြား - 28.3 %

ဘာသာစကား
ဂျာမန်

မြို့တော်
ဘာလင် (Berlin)

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။