August 7, 2009

Faroe Islands


၇၃။ ဖါရိုး ကျွန်းများ
(Faroe Islands)

နောက်ခံသမိုင်း အကျဉ်း
ယင်းကျွန်းများပေါ်တွင် နေထိုင်သူအများစုမှာ (၉) ရာစုတွင် ရာက်ရှိလာခဲ့ကြသော ဗိုက်ကင်းလူမျိုးစု မှ ဆင်းသက်လာသူများ ဖြစ်ကြသည်။ (၁၄) ရာစု ကတည်းက ဒိန်းမတ်နှင့် နိုင်ငံရေးအရ ဆက်နွယ်မှုရှိခဲ့သည်။ ၁၉၄၈ တွင် ကိုယ်ပိုင်အစိုးရ တည်ထောင်ခဲ့သည်။


ပထ၀ီ အနေအထား
တည်နေရာ
ဥရောပ မြောက်ပိုင်း ။ မြောက်အတ္တလန္တိတ် သမုဒ္ဒရာနှင့် နော်ဝေဂျီယန်
ပင်လယ်ကြားရှိ ကျွန်းစု။ အိုက်စဂန် နှင့် နော်ဝေကြားလမ်းခုလပ်။

မြေပုံအညွှန်း
ဥရောပ။

ဧရိယာ
ကုန်းမြေ - 1,399 sq km
ရေ - 0 sq km
စုစုပေါင်း - 1399 sq km

ထိစပ်နယ်မြေ
မရှိ

ကမ်းရိုးတန်း
1,117 km

ရာသီဥတု
သမမျှတသော ဆောင်းရာသီ။ အေးမြသောနွေရာသီ တိမ်အမြဲဖုံး။ဆီးနှင်းထူထပ်။ လေထန် ။

မြေမျက်နှာသွင်ပြင်
ကြမ်းတမ်းသောကျောက်ဆောင် ၊ ကျောက်စွန်းနိမ့်များ ၊ကမ်းတစ်လျောက် ချောက်ကမ်းပါးများ။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း အတ္တလန္တိတ် သမုဒ္ဒရာ - 0 m
အမြင့်ဆုံးအပိုင်း ဆေးလ်တာရာတင်ဂျာ - 882 m

သဘာဝအရင်းအမြစ်
ငါး ၊ဝေလငါး ၊ ရေအားလျှပ်စစ်၊ ရေနံ နှင့် ဓါတ်ငွေ့ ထုတ်ယူနိုင်ဖွယ်ရှိ။

လူ့အရင်းအမြစ်
လူဦးရေ 48,668 (2008)
လူဦးရေတိုးနှုန်း 0.376 % (2008)
မွေးဖွားနှုန်း 13.25 / 1000 ဦးရေ (2008)
သေဆုံးနှုန်း 8.67 / 1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 78.86 နှစ်
မ - 81.89 နှစ်
စုစုပေါင်း - 79.29 နှစ် (2008)

လူမျိုး
ဖါရိုးဆီ

တိုင်းရင်းသားလူမျိုးစု
စကင်ဒီနေဗီးယန်း

ကိုးကွယ်မှု
ဧ၀ံဂလိ လူသီယနိ - 83.8 %
အခြားနှင့် အမည်မသိ - 16.2 %

ဘာသာစကား
ဖါရိုးဆီ ၊ ဒိန်းမတ်

မြို့တော်
တော်ရှာဗန် (Torshavn)

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။