၅၂။ကွက်ကျွန်းများ
(Cook Islands)
(Cook Islands)
နောက်ခံသမိုင်း အကျဉ်း
၁၇၇၀ တွင် ကပ္ပတိန်ကွက်ကစတင်ရှာဖွေတွေ့ရှိခဲ့သဖြင့် ကွက်ကျွန်းများဟုခေါ်တွင်ခဲ့သည်။ ၁၈၈၈ တွင် ဗြိတိသျှက သိမ်းပိုက်ခဲ့သည်။ ၁၉၀၀ ခုနှစ်တွင် အုပ်ချုပ်ရေးကိစ္စအ၀၀ကို နယူးဇီလန်သို့ လွှဲပြောင်းပေးခဲ့သည်။ ၁၉၆၅ ခုတွင် ကျွန်းသားများကကိုယ်ပိုင်အစိုးရဖွဲ့စည်းခဲ့ပြီး နယူးဇီလန်နှင့် လွတ်လပ်စွာဆက်ဆံနေထိုင် ခဲ့ကြသည်။ ကျွမ်းကျင်လုပ်သားများနယူးဇီလန်သို့ ပြောင်းရွှေ့အခြေချမှုနှင့် အစိုးရ၏ အားနည်းချက်များမှာ အဓိကပြသာနာ များအားဖြင့်တည်ရှိနေသည်။
ပထ၀ီ အနေအထား
တည်နေရာ
တောင်ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းစု။ဟာဝိုင်အီနှင့် နယူးဇီလန်ကြား လမ်းခုလပ်။
မြေပုံအညွှန်း
အိုးရှင်းနီးယား။
ဧရိယာ
ကုန်းမြေ - 2367sq km
ရေ - 0 sq km
စုစုပေါင်း - 236,7 sq km
ထိစပ်နယ်မြေ
မရှိ ။
ကမ်းရိုးတန်း
120 km
ရာသီဥတု
အပူပိုင်း သမုဒ္ဒရာဒေသ ရာသီဥတု။ ကုန်သည်လေ တိုက်ခတ်မှုကြောင့် သမမျှတသော ရာသီဥတုရှိ။ ဧပြီလ မှ နိုဝင်ဘာလ အထိ ခြောက်သွေ့ရာသီ။ဒီဇင်ဘာ မှ မတ်လ အထိ စိုထိုင်းမှုကဲသောရာသီ။
မြေမျက်နှာသွင်ပြင်
မြောက်ဘက်တွင် အလယ်ရေငန်အိုင်ပေါက် သန္တာကျောက်ကျွန်းနိမ့်။
မီတောင်ကျွန်း။တောင်ဘက်တွင် တောင်ကုန်းပေါများဥောကျွန်းများ။
မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း ပစိဖိတ်သမုဒ္ဒရာ - 0 m
အမြင့်ဆုံးအပိုင်း တီမန်ဂါ - 652 m
သဘာဝအရင်းအမြစ်
အလွန်ရှားပါး ။
လူ့အရင်းအမြစ်
လူဦးရေ 12,271 ဦးရေ (2008)
လူဦးရေတိုးနှုန်း မရှိ (2008)
မွေးဖွားနှုန်း 16.71 / 1000 ဦးရေ (2008)
သေဆုံးနှုန်း မရှိ ။ (2008)
ပျှမ်းမျှအသက် မရှိ ။
လူမျိုး
ကွက်ကျွန်းသား ။
တိုင်းရင်းသားလူမျိုး
ကွက် ကျွန်း မာအိုရီ (ပိုလီနေရှင်း) – 87.7 %
ကွက် ကျွန်းမာအိုရီ (အခွဲ) – 5.8 %
အခြား - 6.5 %
ကိုးကွယ်မှု
ကွက် ကျွန်း ခရစ်ယာန်ကျောင်းတော်ဝါဒ - 55.9 %
ရိုမန်ကက်သလစ် - 16.8 %
ဆဲဗင်းဒေး - အက်ဗန်းတစ် - 7.9 %
နှောင်းပိုင်းသူတော်စင်များကျောင်းတော်ဝါဒ - 3.8 %
အခြားပရိုတက်စတင့် - 5.8 %
အခြား - 4.8 %
အမည်မသိ - 2.6 %
ဘာသာမဲ့ - 3 %
ဘာသာစကား - အင်္ဂလိပ် (ရုံးသုံး) ၊မာအိုရီ
မြို့တော်
အေဗာရုဝါ (Avarua)












Sunday, August 02, 2009
0000
Posted in:
0 comments:
Post a Comment
comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။