၁၁၂။ဂျာဆီ(Jersey)
Bailiwick of Jersey
နောက်ခံသမိုင်းအကျဉ်းBailiwick of Jersey
ဂျာဆီ နှင့်အခြား ရေလက်ကြားကျွန်းများသည် အလယ်ခေတ် နော်မန်နီ နယ်စားမြို့စား တို့၏နောက်ဆုံးအကြွင်းအကျန် အမှတ်အသား တစ်ခုအဖြစ်ကျန်ရစ်သည်။ အင်္ဂလိပ်နှင့်ပြင်သစ် နှစ်နိုင်ငံလုံး၏လွှမ်းမိုးမှုကိုခံခဲ့ရသည်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမဏီ သိမ်းပိုက်ခဲ့သည်။ ဗြိတိသျှဘုရင့်နိုင်ငံတော်၏ ထီးရိပ်ခိုနိုင်ငံဖြစ်သော်လည်း အစိတ်အပိုင်းတစ်ခုအဖြစ်မပါဝင်ပေ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဂျာဆီ၏ ကာကွယ်ရေးနှင့် အပြည်ပြည်ဆိုင်ရာအရေးများအတွက် ဗြိတိန်ကတာဝန်ယူထားသည်။
ပထ၀ီအနေအထား
တည်နေရာ
အနောက်ဥရောပ ၊ အင်္ဂလိပ်ရေလက်ကြားအတွင်းရှိကျွန်း။
ပြင်သစ်အနောက်မြောက်ဘက်။
မြေပုံအညွှန်း
ဥရောပ ။
ဧရိယာ
ကုန်းမြေ - 116 sq km
ရေ - 0 sq km
စုစုပေါင်း - 116 sq km
ထိစပ်နယ်မြေ
0 km
ကမ်းရိုးတန်း
70 km
ရာသီဥတု
အပူအအေးမျှတ။ မျှတသောဆောင်းရာသီ နှင့် အေးမြသောနွေရာသီ ။
မြေမျက်နှာသွင်ပြင်
အနည်းငယ်လှိုင်းတွန့်သောမြေပြန့်ရှိပြီးမြောက်ဘက်ကမ်းခြေတလျှောက်နိမ့်၍ကြမ်းတမ်းသော တောင်ကုန်းများရှိ။
မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း အတ္တလန္တိတ်သမုဒ္ဒရာ - 0 m
အမြင့်ဆုံးအပိုင်း အမည်ပေးမထားသောနေရာတစ်ခု - 143 m
သဘာဝအရင်းအမြစ်
စိုက်ပျိုးမြေ ။
လူ့အရင်းအမြစ်
လူဦးရေ 91,626 (2009)
လူဦးရေတိုးနှုန်း 0.211 % (2009)
မွေးဖွားနှုန်း 8.84 / 1000 ဦးရေ (2008)
သေဆုံးနှုန်း 9.36 / 1000 ဦးရေ (2008)
ပျှမ်းပျှအသက် ကျား - 77.23 နှစ်
မ - 82.46 နှစ်
စုစုပေါင်း - 79.75 နှစ် (2009)
လူမျိုး
ရေလက်ကြားကျွန်သား
တိုင်းရင်းသားလူမျိုး
ဂျာဆီ - 51.1 %
ဘရစ်တန် - 34.8 %
အိုင်းရစ် ၊ပြင်သစ် နှင့် အခြားလူဖြူများ - 6.6 %
ပေါ်တူဂီ/ မတ်ဒီရန် - 6.4 %
ကိုးကွယ်မှု
အင်္ဂလီကန် ၊ ရိုမန်ကက်သလစ် ၊ဘက်ပတစ် ၊ ကွန်ဂရက်ရှင်နယ် ၊
ကျောင်းတော်သစ် ၊ မတ်သဒစ် ၊ ပရက်စတီတာရီးယန်း။
ဘာသာစကား
အင်္ဂလိပ် - 94.5 % (ရုံးသုံး)
ပေါ်တူဂီ - 4.6 %
အခြား - 0.9 %
မြို့တော်
စိန့်ဟယ်လီယာ (Saint Helier)












Monday, August 24, 2009
0000
Posted in:
0 comments:
Post a Comment
comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။