၁၃။အတ်ရှမိုးနှင့် ကာတီးယားကျွန်းများ
(Ashmore and Cartier Islands)
(Ashmore and Cartier Islands)
နောက်ခံသမိုင်းအကျဉ်း
ယင်းလူသူကင်းမဲ့သော ကျွန်းများကို 1931တွင် ဩစတြေးလျ အစိုးရက ထိန်းချုပ်ခဲ့သည်။ နှစ်နှစ်အကြာတွင် တရားဝင် အုပ်ချုပ်ခဲ့သည်။ အာရှမိုးကျွန်း ကျောက်တန်းများတွင် ငှက်များ၊ ပင်လယ်သတ္တ၀ါများ၊ အမျိုးအစား ပေါင်းစုံ ကျက်စားလျက်ရှိသည်။ 1983တွင် အမျိုးသား သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး နယ်မြေတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။ ကာတီးယားကျွန်းသည် ယခင်က ဗုံးစမ်းသပ်နယ်မြေ တစ်ခုဖြစ်ပြီး 2000 ခုနှစ်တွင် ပင်လယ် သတ္တ၀ါထိန်းသိမ်းနယ်မြေအဖြစ် သတ်မှတ်ခဲ့သည်။
ပထ၀ီ အနေအထား
တည်နေရာ
အာရှတိုက် အရှေ့တောင်ဘက် အိန္ဒိယသမုဒ္ဒရာ အတွင်းရှိ ကျွန်းးများ။
ဩစတြေးလျ နှင့် တီမောကျွန်းကြား။
မြေပုံအညွှန်း
အရှေ့တောင်အာရှ။
ဧရိယာ
ကုန်းမြေ - 5 sq km
ရေ - 0 sq km
စုစုပေါင်း - 5 sq km
ထိစပ်နယ်မြေ
မရှိ
ကမ်းရိုးတန်း
74.1 km
ရာသီဥတု
အပူပိုင်းဒေသ။
မြေမျက်နှာသွင်ပြင်
သဲ၊ သန္တာများ ရှိသော ကျွန်းနိမ့်။
သဘာဝအရင်းအမြစ်
ငါး။
လူဦးရေ
မှီတင်းနေထိုင်သူမရှိ။












Wednesday, July 22, 2009
0000
Posted in:
0 comments:
Post a Comment
comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။