July 14, 2009

Andorra


၆။ အန်ဒိုရာ
(Andorra)

နောက်ခံသမိုင်း အကျဉ်း
1278မှ 1993 အထိ နှစ်ပေါင်း 715နှစ်ကြာအထိ အန်ဒိုရာ နိုင်ငံသည် ပြင်သစ်နှင့် စပိန် နိုင်ငံတို့၏ ပူးတွဲ အုပ်ချုပ်မှုအောက်၌ရှိခဲ့သည်။ ၁၆၀၇ ခုနှစ်မှစ၍ ပြင်သစ် နိုင်ငံတော်အကြီးအကဲနှင့် စပိန် အူရ်ဂျယ်ဘုန်းတော် တို့အုပ်ချုပ်ခဲ့သည်)။ 1993 တွင် အမည်ခံဖယ်ဒရယ် အစိုးရများအသွင်သို့ ကူးပြောင်းခဲ့သည်။ သို့သော် ပါလီမန် ဒီမိုကရေစီ အစိုးရအဖြစ်သို့ ပြောင်းလဲခဲ့သည်။ ကာလကြာရှည်စွာ အထီးကျန် ၊ဆင်းရဲမှု တို့ဖြင့် ဖြတ်သန်းခဲ့ရသော တောင်ထူထပ်သော အန်ဒိုရာနိုင်ငံသည် ဒုတိယ ကမ္ဘာစစ်ပြီ်းနောက် ခရီးသွားလုပ်ငန်းဖြင့် အတန်အသင့် စီးပွားရေး ပြေလည်လာခဲ့သည်။ တရိပ်ရိပ် တိုးတက်လာခဲ့သော စီးပွားရေးအခြေအနေနှင့် ၀င် ငွေခွန် ကောက်ခံမှု မရှိခြင်းတို့ကြောင့် တရားဝင်၊ တရားမ၀င် ရွှေ့ပြောင်းအလုပ်သမားများအတွက် မျက်စိကျစရာဖြစ်လာခဲ့သည်။

ပထ၀ီအနေအထား
တည်နေရာ
စပိန်နှင့် ပြင်သစ်ကြား အနောက်တောင် ဥရောပ ။

မြေပုံအညွှန်း
ဥရောပ ။

ဧရိယာ
ကုန်းမြေ - 486 sq km
ရေ - 0 sq km
စုစုပေါင်း - 486 sq km

ထိစပ်နယ်မြေ
ပြင်သစ် - 56.6 km
စပိန် - 63.7 km
စုစုပေါင်း - 120 . 3 km

ကမ်းရိုးတန်း
0 km - ကုန်းတွင်ပိတ်။

ရာသီဥတု
ပူပြင်း ၊ နှင်းထူထပ် ၊ အေးမြသောဆောင်ရာသီ၊နွေးထွေးခြောက်သွေ့သော နွေရာသီ။

မြေမျက်နှာသွင်ပြင်
တောင်ထူထပ် ၊ ကျဉ်းမြောင်းတောင်ကြားများ။

မျက်နှာပြင်အထက်ခြားနားချက်
အနိမ့်ဆုံးအပိုင်း ရူးရပ်နာ - 840 m
အမြင့်ဆုံးအပိုင်း ကိုးမားပတ်ဒရိုတာ - 2946 m ။
သဘာဝအရင်းအမြစ် ရေအားလျှပ်စစ် ။
သတ္တုပျော်ဝင်ရေ (mineral water)
သစ် ၊ သံရိုင်း ၊ ခဲ ။

လူ့အရင်းအမြစ်
လူဦးရေ 82,627 (ဇူလိုင် 2008)
လူဦးရေတိုးနှုန်း 1.899% (2008)
မွေးဖွားနှုန်း 10.59/ 1000 ဦးရေ။
သေဆုံးနှုန်း 5.59/ 1000 ဦးရေ။
ပျမ်းမျှသက်တမ်း ကျား - .35 နှစ်
မ - 85.14 နှစ်
စုစုပေါင်း - 82.67 နှစ်

လူမျိုး
အန်ဒိုရန်။

တိုင်းရင်းသားလူမျိုးစု
စပိန် - 43 % ။
အန်ဒိုရန် - 33 % ။
ပေါ်တူဂီ - 11 %။
ပြင်သစ် - 7 % ။
အခြား - 6 % ။

ကိုးကွယ်မှု
ရိုမန်ကစလစ်။

ဘာသာစကား
ကာတာလန် (ရုံးသုံး) ၊ ပြင်သစ်။
ကာစတီလီယန် ၊ ပေါ်တူဂီ။

မြို့တော်
အန်ဒိုရာ လာဗယ်လာ။

1 comments:

0000 said...

ကောင်းပါတယ် ဗဟုသုတတွေနဲ့ ပြည့်နေတဲ့ ဘလော့င်္ဂလေးပါ

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။