December 16, 2009

Political Science Part (48)

ၾသစေၾတးလ်

နိုင်ငံ
သြစတေးလျနိုင်ငံသည် ၁၉၀၀ခုနှစ်တွင် ၆ပြည်နယ်တို့ကို ပူးပေါင်းဖွဲ့စည်းထားသော ပြည်ထောင်စု နိုင်ငံဖြစ်သည်။ ရေးသားသတ်မှတ်ထာသော အာဏာကို ပြည်ထောင်စု အစိုးရလက်ထဲ၌ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၌ ရေးသားသတ်မှတ်မထားသော အကြွင်းအကျန်အာဏာများကို ပြည်နယ်များ၏လက်ထဲ၌ ထားရှိသောကြောင့် သြစတြေးလျနိုင်ငံသည် ပြည်ထောင်စုနိုင်ငံ တစ်နိုင်ငံဖြစ်သည်။

ဖွဲ့စည်းအုပ်ချုပ်ပုံ
ပြင်ဆင်ရန်ခက်ခဲ့သော အခြေခံဥပဒေဖြစ်ပြီး ရေးသားမှတ်တမ်းတင်ထားသော ဥပဒေများ ဖြစ်သည်။ ဥပဒေ ပြင်ဆင်ချက်များကို လွှတ်တော်နှစ်ရပ်မှ အတည်ပြုရမည့်အပြင် ပြည်နယ်အများစုက ပြည်သူအများစုတို့ သဘောတူမှသာလျှင် ပြင်ဆင်ချက်အတည်ဖြစ်သည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ချက် အဆိုကြမ်းကို အောက်လွှတ်တော်ကသာ စတင်၍ အဆိုတင်သွင်းခွင့်ရှိသည်။ အကယ်၍ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေပြင်ဆင်ချက် အဆိုကြမ်းနှင့် စပ်လျဉ်း၍လွှတ်တော်နှစ်ခု သဘောတူညီမှုမရပါက ရက်ပေါင်း ၉၀ ခြားပြီး ထပ်၍ ဆွေးနွေးရသည်။ ဒုတိယ အကြိမ် ဆွေးနွေးရသည်။ ဒုတိယအကြိမ် ဆွေးနွေးခြင်းဖြင့် လွှတ်တော်နှစ်ရပ်အနေနှင့် သဘောတူညီချက် မရရှိပါက သြစတြေးလျ ဂါဗာနာဂျင်နရယ်ခေါ် ဘုရင်ခံချုပ်က လွှတ်တော်ကိုဖျက်သိမ်း၍ ပြင်ဆင်ျချက်အဆိုကို ကြိုက် မကြိုက်ပြည်သူ့ဆန္ဒကောက်ခံကြသည်။

ကိုယ်စားလှယ်အမတ်ရွေးချယ်ရေးစနစ်
အသက် ၂၁နှစ်ပြည့်သော သြစတြေးလျသူ သြစတေးလျသားတိုင်း မဲပေးခါင့်ရရှိကြသည်။ ပါတီကြီးနှစ်ခု စနစ်ဖြင့် မဲဆန္ဒတစ်နယ် ကိုယ်စားလှယ်တစ်ယောက်အနေဖြင့် ရွေးကောက်တင်မြှောက်ကြသည်။

ဥပဒေပြုအဖွဲ့
လွှတ်တော်နှစ်ခု စနစ်ကိုအသုံးပြုသည်။ အောက်လွှတ်တော်တွင် အမတ်ပေါင်း ၁၂၃ ယောက် ပါဝင်ပြီး၎င်းတို့ကို ပြည်သူလူထုက တိုက်ရိုက် ရွေးကောက်တင်မြှောက်ကြရသည်။ အောက်လွှတ်တော် အမတ်သက်တမ်းမှာ ၃နှစ်ဖြစ်ပြီး ၄င်းလွှတ်တော်၏ တရားဥပဒေပြုစုရေး အာဏာမှာ အထက်လွှတ်တော်နှင့် ညီမျှသည်။

အထက်လွှတ်တော်ကို ဆီးနိတ်ဟူ၍ ခေါ်ဆိုကြသည်။ ၄င်းအထက်လွှတ်တော်ကို ပြည်နယ်တစ်နယ်မှ အမတ် ၁၀ယောက်စီဖြင့် ဖွဲ့စည်းထားသောကြောင့် အမတ်ပေါင်း ၆၀ပါဝင်သည်။ အထက်လွှတ်တော် အမတ်တို့၏ အမတ်သက်တမ်းမှာ ၆နှစ်ဖြစ်ပြီး ၁/၂ ကို သုံးနှစ် တစ်ကြိမ် ရွေးကောက်ပွဲအသစ် ကျင်းပ၍ ပြန်လည် ရွေးကောက် တင်မြောက်ကြသည်။

ဆီးနိတ်အမတ်များကို အချိုးကျကိုယ်စားလှယ်စနစ်တွင် မဲလွဲပြောင်းပေးသောစနစ်ဖြင့် ရွေကောက်တင်မြှောက်ကြသည်။ ဘဏ္ဍာရေး ဥပဒေကြမ်းကို မတင်သွင်းနိုင်သောကြောင့် အောက်လွှတ်တော်ထက် တန်ခိုးသေးငယ်သည်ဟု ယူဆရပေသည်။

အုပ်ချုပ်ရေးဌာန
အုပ်ချုပ်ရေးအဖွဲ့ကို ပါလီမန်က ရွေးချယ်တင်မြှောက်ရသောကြောင့် ပါလီမန်အုပ်ချုပ်ရေး ဖြစ်သည်။ အုပ်ချုပ်ရေး အာဏာလက်ကိုင်ထားရသည့် အုပ်ချုပ်ရေးအရာရှိအစစ်မှာ ၀န်ကြီးချုပ်နှင့် ၄င်း၏၀န်ကြီးအဖွဲ့ဖြစ်ပြီး ရုပ်ပြအုပ်ချုပ်ရေးမှူးမှာ ဘုရင်ခံချုပ်ဖြစ်သည်။ ၄င်းဘုရင်ခံချုပ်ကို ဗြိတိသျှဘုရင်က ခန့်အပ်ရသည်။ အစိုးရအဖွဲ့ကို ဥပဒေပြုအဖွဲ့က အယုံအကြည်မရှိ အဆိုတင်သွင်း၍ ဖြုတ်ကိုင်သကဲ့သို့ ၀န်ကြီးချုပ်ကလည်း ဥပဒေပြုအဖွဲ့ကို ဖျက်သိမ်းနိုင်သည်။

တရားစီင်ရေးဌာန
ဥပဒေတစ်မျိုးစနစ်ကိုသာ အသုံးပြုသည်။ ပြည်ထောင်စု တရားစီရင်ရေးဌာနမှ တရားသူကြီးများကို ၀န်ကြီးချုပ်က ခန့်အပ်ရ၏ ၄င်းတရားစီရင်ရေးဌာန၌ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေများကိုလည်း ၀င်ရောက် စွက်ဖက်နိုင်ခွင့်ရှိသည်။

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။