October 7, 2009

Federal Republic of Nigernia


၁၆၅။နိုင်ဂျီးရီးယား(Nigeria)
Federal Republic of Nigernia

နောက်ခံသမိုင်းအကျဉ်း
ဗြိတိသျှတို့ အုပ်စိုးခဲ့ပြီး နောက်ပိုင်းတွင် နိုင်ဂျီးရီးယားဟူ၍ ဖြစ်ပေါ်လာသည်။ အာဖရိကတွင် လူဦးရေ အများဆုံးနိုင်ငံသည် (၁၉)ရာစုအတွင်း ဖွံ့ဖြိုးလာခဲ့သည်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်းဖွဲ့စည်းပုံအခြေခံ ဥပဒေအများအပြားရေးဆွဲပြဋ္ဌာန်းခဲ့ပြီး နိုင်ဂျီးရီးယားသည် ကိုယ်ပိုင်အုပ်ချုပ်ရေးပိုမိုရရှိလာခဲ့သည်။ ၁၉၆၀ တွင် လွတ်လပ်ရေးရရှိခဲ့သည်။ ၁၆နှစ်မျှ စစ်အစိုးရမှအုပ်ချုပ်ခဲ့ပြီး ၁၉၉၉ တွင် ဖွဲ့စည်းပုံအခြေခံဥ ပဒေတစ်ရပ် ထပ်မံပြဋ္ဌာန်းခဲ့သည်။ ထို့နောက် အရပ်သားအစိုးရအုပ်ချုပ်ရေးအသွင်သို့ ငြိမ်းချမ်းစွာ ကူး ပြောင်းခဲ့သည်။ အစိုးရ၏ အခြေခံစီးပွားရေးမှာ လာဘ်ပေးလာဘ်ယူမှုများနှင့်စီမံခန့်ခွဲရေးညံ့ဖျင်းမှုတို့ ကြောင့် ယိုယွင်းလျက်ရှိသည်။ ထို့ပြင်ကာလရှည်ကြာဖြစ်ပွားလာခဲ့သော တိုင်းရင်းသားလူမျိုးစုများနှင့် ဘာသာရေးတင်းမာမှုများ ဆက်လက်ဖြစ်ပွားလျက်ရှိ၏။ ၂၀၀၃ နှင့် ၂၀၀၇သမ္မတရွေးကောက်ပွဲများမှာ မသမာမှုများ၊ အကြမ်းဖက်မှုများကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရသော်လည်း နိုင်ဂျီးရီးယားတွင် လွတ် လပ်ရေးရပြီးချိန်မှစ၍ အရှည်လျားဆုံးသော အရပ်သားအုပ်ချုပ်ရေးဖြင့်အုပ်ချူပ်နိုင်ခဲ့သည်။ ၂၀၀၇ ဧပြီ လကကျင်းပခဲ့သော ရွေးကောက်ပွဲသည် နိုင်ငံသမိုင်းတွင် ပထမဦးဆုံးအကြိမ်အဖြစ် အရပ်သားအစိုးရ မှ အရပ်သားအစိုးရထံသို့အာဏာလွှဲသော အလွှဲအပြောင်းတစ်ခုဖြစ်ခဲ့သည်။

ပထ၀ီအနေအထား
တည်နေရာ
အနောက်အာဖရိက၊ ဂူနီးယားပင်လယ်ကွေ့နှင့်ထိစပ်၊ ဘီနင်နှင့်ကင်မရွန်းနိုင်ငံတို့ကြား။

မြေပုံအညွှန်း
အာဖရိက

ဧရိယာ
ကုန်းမြေ = ၉၁၀ ၇၆၈ sqkm
ရေ = ၁၃ ၀၀၀ sqkm
စုစုပေါင်း = ၉၂၃ ၇၆၈ sqkm
ဧရိယာကျယ်ပြန့်မှု ကမ္ဘာ့အဆင့် = ၃၉

ထိစပ်နယ်မြေ
ဘီနင် = ၇၇၃ km
ကင်မရွန်း =၁၆၉၀ km
ချာ့ဒ် = ၈၇ km
နိုင်ဂျာ =၁ ၄၇၉ km

ကမ်းရိုးတန်း
၈၅၃ km

ရာသီဥတု
တောင်ဘက်အီကွေတာရာသီဥတု။
အလယ်ပိုင်း အပူပိုင်းရာသီဥတု။
မြောက်ဘက်မိုးခေါင်ခြောက်သွေ့။

မြေမျက်နှာသွင်ပြင်
တောင်ပိုင်းမြေနိမ့်များနှင့် အလယ်ပိုင်းတောင်ကုန်းများ၊ ကုန်းမြင့်လွင်ပြင်များနှင့်ထိစပ်။ အရှေ့ တောင်ဘက် တောင်များနှင့်၊ မြောက်ပိုင်းမြေပြန့်များ။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း = အတ္တလန္တိတိတ်သမုဒ္ဒရာ = ၀m
အမြင့်ဆုံးအပိုင်း = ချက်ပယ်ဝက်ဒီ = ၂ ၄၁၉ m

သဘာဝအရင်းအမြစ်
သဘာဝဓါတ်ငွေ့၊ ရေနံ၊ သံဖြူ၊ သံရိုင်း၊ ကျောက်မီးသွေး၊ ထုံးကျောက်၊ နီယိုဘီယမ်၊ ခဲ၊ သွပ်၊ စိုက်ပျိုးမြေ။

လူ့အရင်းအမြစ်
လူဦးရေ ၁၄၉ ၂၂၉ ၀၉၀၀ ဦးရေ(၂၀၀၉)
လူဦးရေကြီးမားမှုကမ္ဘာ့အဆင့် ၉
လူဦးရေတိုးနနှုး ၁.၉၉၉%(၂၀၀၉)
မွေးဖွားနှုန်း ၃၆.၆၅/၁၀၀၀ဦးရေ (၂၀၀၉)
သေဆုံးနနှုန်း ၁၆.၅၆/၁၀၀၀ဦးရေ (၂၀၀၉)

ပျမ်းမျှအသက်
ကျား = ၄၆.၁၆ နှစ် မ =၄၇.၇၆ နှစ်
စုစုပေါင်း = ၄၉.၉၄ နှစ်(၂၀၀၉)

လူမျိုး
နိုင်ဂျီးရီးယန်း

တိုင်းရင်းသားလူမျိုး
နိုင်ဂျီးရီးယားသည် အာဖရိက လူဦးရေအများဆုံးနိုင်ငံဖြစ်ပြီးလူမျိုးစုပေါင်း ၂၅၀ ကျော်ဖြင့်ပါဝင်ဖွဲ့စည်း ထားသည်။အောက်ပါတိုင်းရင်းသားများမှာ အများစုဖြစ်သည်။
ယူဆွာ နှင့် ပူလာနီ = ၂၉%
ယောရူဘာ = ၂၁%
အစ်ဂဘို = ၁၈%
အီဂျော =၁၀%
ကနူရီ =၄%
အီဘိုဘိုင်အို =၃.၅%
တစ်ဗ် =၂.၅%

ကိုးကွယ်မှု
မွတ်စလင် =၅၀%
ခရစ်ယာန် =၄၀%
တိုင်းရင်းသားရိုးရာယုံကြည်မှု = ၁၀%

ဘာသာစကား
အင်္ဂလိပ်(ရုံးသုံး)
ဟူဆာ၊ ယောရူဘာ၊ အစ်ဂဘို၊ ဖူလာနီ

မြို့ တော်
အဘူဂျာ(Abuja)

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။