October 7, 2009

ကမ္ဘာ့အလုပ်သမားနေ့ မိန့်ခွန်း

ကမ္ဘာ့အလုပ်သမားနေ့မိန့်ခွန်းများ

၁၉၄၆ ခု၊ မေလတွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော (ဖဆပလ) အဖွဲ့ချုပ်ကြီးနှင့် မြန်မာပြည် ဘုရင် ခံတို့ အင်အားပြိုင်၍နေချိန်ဖြစ်သည်။ ထိုနှစ်က မေလ ၁ ရက်နေ့တွင် စစ်အပြီး မြန်မာပြည်၏ ပဌမဆုံးသော အ လုပ်သမားနေ့ (May Day) အထိမ်းအမှတ်ပွဲကို ရွှေတိဂုံဘုရားခြေရင်း၊ ကန်တော်မင်ပန်းခြံအတွင်း၌ ကျင်းပခဲ့လေသည်။ အဆိုပါ အလုပ်သမားနေ့ အခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်းက သဘာပတိအဖြစ် ဆောင်ရွက်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ သဘာပတိမိန့်ခွန်းမှာ အောက်ပါအတိုင်းဖြစ်သည်။


ယနေ့ကဲ့သို့ အလုပ်သမားနေ့မျိုး ကျင်းပသည်မှာ ဗမာပြည်တွင် စစ်ကြီးဖြစ်ပြီးမှ ယခု အကြိမ်သည် ပဌမဆုံးအ ကြိမ် ဖြစ်ကြောင်း၊ ဤနေ့မှာ အလုပ်သမားများ သွေးမြေကျအောင် နှိပ်စက်ခံရသော နေ့ဟူ၍ အမေရိကန်မှစပြီး လွန်ခဲ့သော နှစ်ပေါင်း ခြောက်ဆယ် လောက်က စတင်ပေါ်ပေါက်ခဲ့ကြောင်း။

အလုပ်သမားတို့သည် သူတို့၏ အခွင့်အရေးများကို တောင်းဆိုကြသောအခါ အရင်းရှင်ကြီးများက ကျည်ဆံကို အသုံးပြုပြီး အလုပ်သမားတို့ကို နှိပ်စက်ညှင်းပန်းကြကြောင်း၊ အလုပ်သမားများက တနေ့လျှင် အလုပ်ချိန်ကို ရှစ် နာရီ ကန့်သတ်ပေးဖို့ အလုပ်သမားများ လူတန်းစေ့ နေနိုင်ဖို့ကို တောင်းဆိုကြသောအခါ အလုပ်ရှင်ကြီးများက သူတို့ရဲ့ သွေးစုတ်ဝါဒကို ထိခိုက်တယ်ဆိုပြီး အစိုးရနှင့် ပူးပေါင်းကာ အလုပ်သမားများကို နှိမ်နင်းခဲ့ကြကြောင်း၊ အရင်းရှင်ကြီးများ၏ သွေးစုတ်ဝါဒမှာ သူတို့ ပြည်တွင်းမှာလဲ သွေးစုတ်တာဘဲ။ ကမ္ဘာပေါ်မှာ လူအမျိုးမျိုးရှိနေကြ သော်လဲ ထိုလူမျိုးကို အတန်းအစား ခွဲလိုက်ယင် နှစ်မျိုးနှစ်စားသာ ရှိတယ်။ တမျိုးက နှိပ်စက်ညှင်းပန်းခံနေရတဲ့ အလုပ်သမား အတန်းအစားနဲ့ တမျိုးက သွေးစုတ်နေတဲ့ အရင်းရှင်လူတန်းစားများသာ ဖြစ်ကြတယ်။

နောက်တော့ အလုပ်သမားတွေရဲ့ အရေးကိစ္စဟာ ဥရောပတိုက်မှာလဲ ဆူဆူပူပူ ဖြစ်လာပြီးတဲ့နောက် ကမ္ဘာ့ အလုပ်သမားများ အားလုံး သွေးစည်းကြရန်ဆိုပြီး ဒီမေလ တရက်နေ့ကို “မေဒေး” လို့ သတ်မှတ်ပြီး နှစ်စဉ်နှစ် တိုင်း ကျင်းပလာခဲ့ကြပါတယ်။ နိုးကြားတဲ့ နိုင်ငံများရှိ စက်ရုံအလုပ်သမားတွေက အရင်းရှင်စနစ်ကို ဖြိုဖျက် တိုက်ခိုက်ရန် ငါတို့ ကမ္ဘာ့အလုပ်သမားတွေ သွေးစည်းညီညွတ်ကြရမယ်။ ငါတို့ အလုပ်သမားတွေ သွေးစည်း ညီ ညွတ်ကြယင် အရင်းရှင်တွေက ငါတို့အပေါ်မှာ ဘယ်လိုကြိုးတွေနှင့် ချုပ်နှောင်ထားပေတဲ့၊ သင်းတို့ ကြိုးတွေသာ ပြတ်သွားဖို့ ရှိတယ်ဆိုပြီး နှိုးဆော်ကြတယ်။

ဒါကြောင့် ဒီကနေ့ဟာ ကမ္ဘာတခုလုံး အလုပ်သမားတွေ သွေးစည်းဖို့ကြွေးကြော်ကြတာဘဲ။ အလုပ်သမားတွေ ဟာ များစွာ အဖိုးတန်တဲ့ လူတန်းစားတွေဘဲ။ ကမ္ဘာပေါ်မှာ သွေးစုတ်ဝါဒတွေကြောင့် အရင်းရှင်ကြီးတွေဟာ ပေါင်းလို့ရတဲ့နေရာမှာ ပေါင်း၊ ပေါင်းလို့မရတဲ့နေရာကျတော့၊ စစ်ဖြစ်အောင် လှုံ့ ဆော်ကြတာဘဲ။ ကမ္ဘာ့သတင်း စာကြီးတွေနဲ့ဆက်သွယ်ပြီးကမ္ဘာကိုစစ်ဖြစ်ဖို့ လှုံ့ ဆော်ကြတတ်ကြတယ်။ စစ်ဖြစ်တော့ကာ သူတို့ရဲ့လက်နက် တွေရောင်းကြရတယ်။ ဒီလိုအထဲကဘဲ အင်မတန်ဆိုးဝါးတဲ့ဖက်ဆစ်ဝါဒတွေ တခါပေါ်လာတယ်။ ကမ္ဘာ့ အလုပ် သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို့ လုပ်ယင် စစ်မဖြစ်ရအောင် အလုပ်သ မားတွေရဲ့ အင်အားညီညီညွတ်ညွတ်နဲ့ တောင့်ထားလိုက်နိုင်တယ်။ အလုပ်သမားအားလုံး ကမ္ဘာတ၀ှန်းလုံးမှာ ညီ ညွတ်သွားမှလဲ ကမ္ဘာကြီးတခုလုံးရဲ့ တကဲ့ငြိမ်းချမ်းရေး အစစ်ကို ရနိုင်မယ်။ ။

ပြည်သူ့အသံသတင်းစာ
၁ - ၅ - ၄၆

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။