September 17, 2009

Republic of Namibia


၁၅၇။နမ္မီဘီးယား(Namibia)
Republic of Namibia

နောက်ခံသမိုင်းအကျဉ်း
ဂျာမဏီ ကိုလိုနီဖြစ်သော အနောက်တောင်အာဖရိက ကို ပထမကမ္ဘာစစ်အတွင်း တောင်အာဖရိကမှ သိမ်းပိုက်ခဲ့သည်။ ထို့နောက် အထူးခန့်ထား အုပ်ချုပ်ခဲ့ပြီး ဒုတိယကမ္ဘာစစ်အပြီးတွင် လုံးဝသိမ်းပိုက်ခဲ့သည်။ (၁၉၆၆) တွင် အနောက်အာဖရိက လူထုအစည်းအရုံး (South – West Africa People’s Organization – SWAPO) ခေါ် လက်ဝဲမာစ်စ်ဝါတို့က လွတ်လပ်ရေးအတွက် လက်နက်စွဲကိုင်တော်လှန်ခဲ့ကြပြီး ယင်းဒေသသည် နမ္မီဘီးယား ဖြစ်လာသည်။ သို့သော် (၁၉၈၈) ခုနှစ်သို့ ရောက်မှသာ ကုလသမဂ္ဂ၏ နယ်မြေအစီအစဉ်ဖြင့် တောင်အာဖရိကမှ ၎င်းတို့၏ အုပ်ချုပ်မှုကို အသုံးသတ်ခဲ့သည်။ ထို့နောက် (၁၉၉၀) တွင် လွတ်လပ်ရေးရရှိချိန်မှ စ၍ နမ္မီဘီးယားကို (SWAPO) က အုပ်ချုပ်ခဲ့သည်။ (၂၀၀၄) ခုနှစ်ရွေးကောက်ပွဲတွင် ဟစ်ဖီကီပူညီ ပိုဟစ်ဘာ (Hifikepunye Pohamba) က အပြတ်အသတ် အနိုင်ရရှိကာ (၁၄) နှစ်ကြာ အုပ်ချုပ်ခဲ့သော ဆမ်နျူဂျိုမာ (Sam Najoma) အားဖယ်ရှားပြီး သမ္မတ ဖြစ်လာခဲ့သည်။

ပထ၀ီအနေအထား
တည်နေရာ
အာဖရိကတောင်ပိုင်း ၊ တောင်အတ္တလန္တိတ် သမုဒ္ဒရာ နှင့် ထိစပ် ၊ အန်ဂိုလာနှင့် တောင်အာဖရိက နိုင်ငံများကြား။

မြေပုံအညွှန်း
အာဖရိက

ဧရိယာ
ကုန်းမြေ ၈၂၃,၂၉၀ sq km
ရေ ၁,၀၀၂ sq km
စုစုပေါင်း ၈၃၄,၂၉၂ sq km
ဧရိယာကျယ်ဝန်းမှုကမ္ဘာအဆင့် ၄၁

ထိစပ်နယ်မြေ
အန်ဂိုလာ ၁၃,၇၆ km
ဘော့ဆွာနာ ၁၃,၆၀ km
တောင်အာဖရိက ၉၆၇ km
ဇမ္ဘီးယား ၂၃၃ km

ကမ်းရိုးတန်း
၁,၅၇၂ km

ရာသီဥတု
ကန္တာရရာသီဥတု ၊ ပူ၍ခြောက်သွေ့ ၊ မိုးအလွန်နည်း။

မြေမျက်နှာသွင်ပြင်
အများအားဖြင့် ကုန်းမြင့်လွင်ပြင်။ ကမ်းရိုးတန်းတစ်လျောက် နမ္မီဘီးယား ကန္တာရ။ အရှေ့ဘက်တွင် ကလာဟာရီ ကန္တာရ။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း အတ္တလန္တိတ်သမုဒ္ဒရာ 0 m
အမြင့်ဆုံးအပိုင်း ကိုနစ်စတိန်း ၂၆၀၆ m

သဘာဝအရင်းအမြစ်
စိန်း ၊ ကြေးနီ ၊ ယူရေနီယံ ၊ ရွှေ ၊ ငွေ ၊ ခဲ ၊ သံဖြူ ၊ လစ်သီယမ် ။ ကက်မီယမ် ၊ အဖြိုက်နက် ၊ သွပ် ၊ ဆား ၊ ရေအားလျှပ်စစ် ၊ ငါး ။

လူ့အရင်းအမြစ်
လူဦးရေ ၂,၁၀၈,၆၆၅ (၂၀၀၉)
လူဦးရေတိုးနှုန်း ၀.၉၅ % (၂၀၀၉)
မွေးဖွားနှုန်း ၂၂.၅၁ / ၁၀၀၀ ဦးရေ (၂၀၀၉)
သေဆုံးနှုန်း ၁၃.၃ / ၁၀၀၀ ဦးေ၇ (၂၀၀၉)
ပျှမ်းမျှအသက် ကျား ၅၁.၆၁ နှစ်
မ ၅၀.၈၆ နှစ်
စုစုပေါင်း ၅၁.၂၄ နှစ် (၂၀၀၉)

လူမျိုး
နမ္မီဘီးယန်း

တိုင်းရင်းသားလူမျိုး
လူမည်း ၈၇.၅%
လူဖြူ ၆%
သွေးနှော ၆.၅%

ကိုးကွယ်မှု
ခရစ်ယာန် ၈၀ % မှ ၉၀ အထိ
တိုင်းရင်းသားရိုးရာဓလေ့ကိုကွယ်မှုများ ၁၀% မှ ၂၀%ထိ။

ဘာသာစကား
အင်္ဂလိပ် ၇% (ရုံးသုံး)
အာဖရိကန်ဘုံစကား ၆၀ %
ဂျာမန် ၃၂ %
မိရိုးဖလာတိုင်းရင်းသားစကား ၁%

မြို့တော်
ဝင်း(ဒ်)ဟို့ (Windhoek)

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။