September 8, 2009

Republic of Mali


၁၄၈။မာလီ(Mali)
(Repblic of Mali)

နောက်ခံသမိုင်းအကျဉ်း
၁၉၆၀ တွင် ဆူဒန် ရီပတ်သလစ်နှင့် ဆီနီဂေါနိုင်ငံတို့သည် ပြသစ်ထံမှ လွတ်လပ်ရေးရခဲ့ပြီး မာလီပြည်ထောင်စုနိုင်ငံ ဖြစ်လာခဲ့သည်။ လအနည်းငယ်အကြာတွင် ဆီနီဂေါ ခွဲထွက်သွားပြီး ဆူဒန်ရီပတ်ပလစ်သည် မာလီအမည်ကို ယူခဲ့သည်။ ၁၉၉၁ တွင် ယခုလက်ရှိသမ္မတ အမာဒူလိုးရေး (Amadou Toure) ဦးဆောင်သော စစ်တပ်မှ အာဏာသိမ်းယူခဲ့ပြီး အာဏာရှင်စနစ် အဆုံးသတ် ခဲ့သည်။ အာဖရိကတိုက်တွင် အခိုင်မာဆုံး ဒီမိုကရေစီစနစ် စတင်အသက်သွင်းနိုင်ခဲ့သည်။ အာဖရိကတိုက်တွင် အခိုင်မာဆုံး ဒီမိုကရေစီ စတင်အသက်သွင်းအနိုင်ရခဲ့သည်။ ၁၉၉၇ တွင် ဒုတိယသက်တမ်း ထပ်မံအနိုင်ရရှိခဲ့သည်။ ၂၀၀၂ တွင် သက်တမ်း ၂ ဆက်ကုန်ဆုံးသွားသော သမ္မတကိုနာရေးရာထူးမှ ဆင်းပေးခဲ့ပြီး အမာဒူးတိုးရေး သမ္မတဖြစ်လာခဲ့သည်။ ၂၀၀၇ တွင် ဒုတိယသက်တမ်း အတွက်ထပ်မံရွှေးခချယ်ခံရပြီး လွတ်လပ်သန့်ရှင်းမျှတသော ရွေးကောက်ပွဲများ ဖြစ်ကြောင်းလက်ခံကြသည်။

ပထ၀ီအနေအထား
တည်နေရာ
အနောက်အာဖရိက။ အယ်လ်ဂျီရီးယား အနောက်တောင်ဘက်။

မြေပုံအညွှန်း
အာဖရိက။

ထိစပ်နယ်မြေ
အယ်လ်ဂျီးရီးယား ၁၃၇၆ km
ဘာကီနာဖာဆို ၁၀၀၀ km
ဂူနီးယား ၈၅၆ km
အိုင်ဗရီကို့စ် ၅၃၂ km
မွာရီတာနီးယား ၂၂၃၇ km
နိုင်ဂျာ ၈၂၁ km

ဧရိယာ
ကုန်းမြေ ၁၂၂၀၁၉၀ sq km
ရေ ၂၀၀၂ sq km
စုစုပေါင်း ၁၂၄၀၁၉၂
ကုန်းမြေကျယ်ပြန့်မှု ကမ္ဘာ့အဆင့် ၃၁

ကမ်းရိုးတန်း
မရှိ။ ကုန်းတွင်းပိတ်

ရာသီဥတု
အပူလျှော့ပိုင်းရာသီဥတုမှ မိုးခေါင်ခြောက်သွေ့ရာသီဥတုအထိရှိ ဖေဖေါ်ဝါရီလမှ ဇွန်လအထိ ပူပြင်းခြောက်သွေ့။ ဇွန်လမှ နိုင်ဝင်ဘာလအထိ မိုးရွာစိုစွတ်၍ သမမျှတသော ရာသီဥတု။

မြေမျက်နှာသွင်ပြင်
အများအားဖြင့် မြန့်ပြူးညီညာ၍သဲလွှမ်းသောမြောက်ဘက်လှိုင်းတွှန့်လွင်ပြင်များရှိ၊ တောင်ဘက်တွင် သဗားနားမြက်ခင်း၊ အရှေ့ မြောက်ဘက်ကြမ်းတမ်းသော တောင်ကုန်းများ။

မျက်နှာပြင်အမြင့် ခြားနားချက်
အနိမ့်ဆုံးအပိုင်း ဆီနီဂေါမြစ် ၂၃ မီတာ
အမြင့်ဆုံးအပိုင်း ယွမ်ဘိုရီတွန်ဒို ၁၁၅၅ မီတာ

သဘာဝအရင်းအမြစ်
ရွှေ၊ ဖော့စဖိတ်၊ ခါအိုလင်၊ ဆား၊ ထုံးကျောက်၊ ယူရေနီယမ်၊ ဂျစ်ပဆမ်ကျောက်၊ ဂရက်နိုက်၊ ရေအားလျက်စစ်။

လူ့အရင်းအမြစ်
လူဦးရေ - ၁၂၆၆၆၉၈၇ ဦးရေ (၂၀၀၉)
လူဦးရေကြီးမားမှု ကမ္ဘာ့အဆင့် - ၇၁
လူဦးရေတိုးနှုန်း - ၂.၇၆၅% (၂၀၀၉)
မွေးဖွားနှုန်း - ၄၉.၁၅ / ၂၀၀၀ ဦးရေ (၂၀၀၉)
သေဆုံးနှုန်း - ၁၅.၈၂/ ၁၀၀၀ ဦးရေ (၂၀၀၉)

ပျမ်းမျှအသက်
ကျား ၄၈.၃၈နှစ်
မ ၅၂.၃၈နှစ်
စုစုပေါင်း = ၅၀.၃၅ (၂၀၀၉)

လူမျိုး
မာလာ

တိုင်းရင်းသားလူမျိုး
မန်ဒီ ၅၀%
ပျူးလ် ၁၇%
မော်လတိုက် ၁၂%
ဆောင်းဟိုင်း ၆%
တူအာရက်နှင့် မိုးရ် ၁၀%
အခြား ၅%

ကိုးကွယ်မှု
မွတ်စလင် ၉၀%
ခရစ်ယာန် ၁%%
တိုင်းရင်းသားလူမျိုးစု ယုံကြည်မှုများ ၉%

ဘာသာစကား
ပြင်သစ် (ရုံးသုံး)
ဘမ္ဘာရာ ၈၀%
အျခားအာဖရိက ဘာသာစကာမ်ား

မြို့ တော်
ဘာမာကို (Bamako)

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။