August 2, 2009

Union of Comoros


၅၀။ ကိုမိုရော့
(Comoros)
Union of Comoros

နောက်ခံသမိုင်း အကျဉ်း
၁၉၇၅ ခုနှစ် ပြင်သစ်ထံမှ လွတ်လပ်ရေးရပြီးချိန်မှစ၍ အာဏာသိမ်းရန်ကြိုးပမ်းမှု သို့မဟုတ် အာဏာသိမ်း မှုများ အကြိမ် (၂၀) ကျော် ဖြစ်ပွားခဲ့သည်။ ၁၉၉၇ တွင် အန်ဂျိုအန် ကျွန်း နှင့် မိုဟီလီ ကျွန်းတို့က ကိုမိုရော့ မှ ခွဲ ထွက်ကာ လွတ်လပ်ရေးကြေငြာခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် စစ်ဦးစီးချုပ် ဗိုလ်မှုးကြီး အာဇါလီ က အောင်မြင်စွာ သွေးမြေမကျ အာဏာသိမ်းခဲ့သည်။ ၄င်းသည် ၂၀၀၀ ခုနှစ်တွင် ဖွန်ဘိုနီစာချုပ် ဖြစ်မြောက်ရေးအတွက် စေ့စပ် ညှိနှိုင်းပေးခဲ့ပြီး အဆိုပါ စာချုပ်အရ အာဏာခွဲဝေရေးတွင် ပြည်ထောင်စု သမ္မတ ကို ကျွန်းသုံးကျွန်း မှ အလှည့် ကျစနစ်ဖြင့် ရွေးချယ်တင်မြောက်ရန် ကျွန်းတစ်ခုစီတွင် ကိုယ်ပိုင်အစိုးရ ထားရှိရေးအတွက် သဘောတူညီ ခဲ့ကြ သည်။၂၀၀၂ ခုနှစ် သမ္မတ ရွေးကောက်ပွဲတွင် အာဇါလီ ကပင်အနိုင်ရရှိခဲ့ပြီး ကျွန်းအသီးသီးတွင်လည်း ဥက္ကဌ များရွေးချယ်တင်မြောက်ခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် အာဏာလီ ရှုံနိမ့်ခဲ့ပြီး ဆမ်ဘီ သမ္မတ ဖြစ်လာခဲ့သည်။၂၀၀၇ ခုနှစ် ကိုမိုရော့ပြည်ထောင်စု အတွင်းရှိ ကျွန်းများတွင် ဂျူလိုင်လ ရွေးကောက်ပွဲ၌ အန်ဂျိုအန် ဥက္ကဌ ဘာကာ က ရာထူးမှ ဖယ်ရှားပေးရန်ငြင်းဆန်ခဲ့ပြီး အန်ဂျိုအန် ကို ပြည်ထောင်စု မှ ခွဲထုတ်ခဲ့သည်။ အာဖရိက သမဂ္ဂ (AU) က အဆိုပါ နိုင်ငံရေး ပဋိပက္ခ ကို ဖြေရှင်းရန်ဦးစွာ အန်ဂျိုအန် အပေါ် ရေကြောင်းပိတ်ဆို့ခြင်း ပိတ်ဆို့ ဒါဏ်ခတ် ခြင်း များ ပြုလုပ်၍ ၂၀၀၈ မတ်လတွင် အာဖရိကသမဂ္ဂ နှင့် ကိုမိုရော့ တပ်များက အန်ဂျိုအန် ကျွန်းကို သိမ်းပိုက်နိုင်ခဲ့ သည်။ ယင်းသို့ ပြန်လည်သိမ်းပိုက်ခြင်းကို ကျွန်းပေါ်နေထိုင်သူများက သဘောတူ ကျေနပ်ခဲ့ကြသည်။


ပထ၀ီ အနေအထား
တည်နေရာ
အာဖရိကတိုက်တောင်ပိုင်း ။ မိုဇစ်ဘစ် ရေလက်ကြား မြောက်ပိုင်း အ၀ရှိကျွန်းစု
မာဒါကာသကာ မြောက်ပိုင်း နှင့် မိုဇစ်ဘစ် မြောက်ပိုင်းအကြား ရေလမ်းခရီး သုံးပုံနှစ်ပုံခန့် တွင် တည်ရှိ။


မြေပုံအညွှန်း
အာဖရိက

ဧရိယာ
ကုန်းမြေ - 2170 sq km
ရေ - 0 sq km
စုစုပေါင်း - 2107 sq km


ထိစပ်နယ်မြေ
မရှိ ။

ကမ်းရိုးတန်း
340 km

ရာသီဥတု
အပူပိုင်း ပင်လယ်ရာသီဥတု ။မိုးရာသီ (နိုဝင်ဘာ မှ မေလ အထိ)။

မြေမျက်နှာသွင်ပြင်
မီးတောင်ကျွန်းများဖြစ်။ မတ်စောက်သောတောင်များ နှင့် တောင်ကုန်းနိမ့်များ ။


မျက်နှာပြင်ထက်ခြားနားချက်
အနိမ့်ဆုံးအပိုင်း အိန္ဒိာသမုဒ္ဒရာ - 0 m
အမြင့်ဆုံးအပိုင်း လီကာသာလာ - 2360 m


သဘာဝအရင်းအမြစ်
အလွန်နည်းပါး ။

လူ့အရင်းအမြစ်
လူဦးရေ 731,775 (2008)
လူဦးရေတိုးနှုန်း 2.803 % (2008)
မွေးဖွားနှုန်း 35.78 / 1000 ဦးရေ (2008)
သေဆုံးနှုန်း 7076 / 1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 60.72 နှစ်
မ - 65.55 နှစ်
စုစုပေါင်း - 63.1 နှစ် (2008)


လူမျိုး
ကိုမိုရန် ။

တိုင်းရင်းသားလူမျိုး
အန်တာလုတ် ၊ ကာဖရီ ၊ မက္ကိုအာ ၊ ဥမ္မာရှာဟာ ၊ ဆက္ကာလာဗာ။

ကိုးကွယ်မှု
ဆွန်နီမွတ်စလင် - 98 %
ရိုမန်ကက်သလစ် - 2 %


ဘာသာစကား
အာရပ် (ရုံးသုံး) ၊ပြင်သစ် (ရုံးသုံး) ၊ ရှီမိုကိုရို ။

မြို့တော်
မိုရိုနီ (Moeoni)

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။