August 4, 2009

Republic of Croatia


၅၆။ခရိုအေးရှား
(Croatia)
Republic of Croatia

နောက်ခံသမိုင်း အကျဉ်း
ယနေ့ ခရိုအေးရှားနိုင်ငံသည် ပထမကမ္ဘာစစ်ဖြစ်ပွားခါနီးအချိန်အထိ ဩစတြို - ဟန်ဂေရီယန် အင်ပါယာ အတွင်းမှ နယ်မြေတစ်ခုဖြစ်၏ ၁၉၁၈ ခုနှစ်တွင် ခရုတ်၊ ဆာဘ်၊ ဆလိုဗင်း နယ်မြေများစုပေါင်း၍ ၁၉၂၉ နောက် ပိုင်းတွင် ယူဂိုဆလားဗီးယား ဟူသောအမည်ဖြင့် နိုင်ငံတစ်ခုဖြစ်လာခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးနောက် ယူဂိုဆလားဗီးယားသည် မာရှယ် တီတိုး (Marshal Tito) ၏တင်းကျပ်သောထိန်းချုပ်မှုအောက်တွင် လွတ်လပ် သော ကွန်မြူနစ်ပြည်ထောင်စုတစ်ခုဖြစ်လာခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ယူဂိုဆလားဗီးယားမှ ခွဲထွက်၍လွတ်လပ် ရေးကြေငြာခဲ့သော်လည်း ဆာဘ့်စစ်တပ်များကို ခရိုအေးရှား မြေပေါ်မှလေးနှစ်ကြာအောင် တိုက်ထုတ် မောင်းနှင် ခဲ့ရသည်။ ၁၉၉၈ တွင် ကုလသမဂ္ဂ၏ ဦးဆောင်မှုဖြင့် နောက်ဆုံး ဆာဘ် အကြွင်းအကျန်တို့ ခြေကုပ် ယူထား သော အရှေ့ပိုင်းဆလာဗိုနီးယားရှိ နယ်မြေကို ပြန်လည်ရရှိခဲ့သည်။

ပထ၀ီ အနေအထား
တည်နေရာ
ဥရောပ အရှေ့တောင်ပိုင်း ။ အက်ဒရီအေးတစ် ပင်လယ် နှင့်ထိစပ် ။ဘော့စနီးယား ၊
ဟာဇီဂိုးဗီးနား၊ ဆလိုဗေးနီးယားနိုင်ငံများကြား ။

မြေပုံအညွှန်း
ဥရောပ ။

ဧရိယာ
ကုန်းမြေ - 56,414 sq km
ရေ - 120 sq km
စုစုပေါင်း - 56,542 sq km

ထိစပ်နယ်မြေ
ဘော့စနီးယာ နှင့် ဟာဇီဂိုးဗီးနား - 932 km
ဟန်ဂေရီ - 329 km
ဆာဗီးယား - 241 km
မွန်တီနီဂရိုး - 25 km
ဆလိုဗေးနီးယား - 455 km

ကမ်းရိုးတန်း
5,835 km (ကုန်းမ - 1,777 km , ကျွန်းများ - 4058 km)

ရာသီဥတု
မြေထဲပင်လယ် နှင့် ဥရောပ ကုန်းမ ရာသီဥတု ။ အဓိကအားဖြင့် ပူသောနွေရာသီ နှင့် အေးသောဆောင်းရာသီ တို့ရှိကြသည်။သမမျှတသောဆောင်းရာသီ။ ကမ်းရိုးတန်းတစ်လျောက် ခြောက်သွေ့သောနွေရာသီ ။

မြေမျက်နှာသွင်ပြင်
ပထ၀ီ အနေအထား အမျိုးမျိုးရှိ ။ဟန်ဂေရီ နှင့် နယ်စပ်တစ်လျှောက်ပြန့်ပြူးသော
မြေပြန့်။ အတ်ဒရီအေးတစ် ကမ်းရိုးတန်းတစ်လျှောက် ကုန့်းမြင့်ဒေသများနှင့် ကျွန်းများရှိ။

မျက်နှာပြင်ခြားနားချက်
အနိမ့်ဆုံးအပိုင်း အက်ဒရီအေးတစ် ပင်လယ် - 0 m
အမြင့်ဆုံးအပိုင်း ဒီနာရာ - 1,830 m

သဘာဝအရင်းအမြစ်
ဓါတ်ဆီ ၊ ကျောက်မီးသွေးအနည်းငယ် ။ဘောက်ဇိုက်သတ္တု ၊ အရည်နိမ့်သံရိုင်း၊
ကယ်လဆီယမ် ၊ မြေစေးဖြူ ၊ သဘာဝနိုင်လွန်ကတ္တရာ ၊ ဆီလီကာ ၊
မိုက်ကာ ၊ ရွှံ့စေး ၊ ဆား၊ ရေအားလျှပ်စစ်။

လူ့အရင်းအမြစ်
လူဦးရေ 4,419,543 (2008)
လူဦးရေတိုးနှုန်း 0.043 % (2008)
မွေးဖွားနှုန်း 9.64 / 1000 ဦးရေ (2008)
သေဆုံးနှုန်း 11.66 / 1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 71.49 နှစ်
မ - 78.97 နှစ်
စုစပေါင်း - 75.13 နှစ် (2008)

လူမျိုး
ခရုတ် ။

တိုင်းရင်းသားလူမျိုး
ခရုတ် - 86.6 %
ဆာဘ် - 4.5 %
အခြား - 5.9 %

ကိုးကွယ်မှု
ရိုမန်ကက်သလစ် - 87.8 %
အော်သိုဒေါ့ - 4.4 %
အခြားခရစ်ယာန် - 0.4 %
မွတ်စလင် - 1.3 %
အခြားနှင့်အမည်မသိ - 0.9 %
ဘာသာမဲ့ - 5.2 %

ဘာသာစကား
ခရိုအေးရှား - 96.1 %
ဆာဘီးယန်း - 1 %
အခြားဘာသာစကားများ နှင့် အကျုံမ၀င်သော
ဘာသာစကားများ - 2.9 %

မြို့တော်
ဇက်(ဂ)ရက် (Zagred)

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။