August 26, 2009

Kuwait


၁၂၀။ကူဝိတ်
(Kuwait)
နောက်ခံသမိုင်းအကျဉ်း
၁၈၉၉ မှ ၁၉၆၁ ခုနှစ်အထိ ကူဝိတ် အယ်ဆာဘား မင်းဆက် (AL – SABAH Dynasty) ၏ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးကိစ္စများကို ဗြိတိသျှအစိုးရက ချုပ်ကိုင်ထားခဲ့သည်။ ၁၉၉၀ ဩဂုတ်လ (၂၀) ရက်နေ့တွင် ကူဝိတ်ကို အီရတ်မှ တိုက်ခိုက်ကျူးကျော်ခဲ့သည်။ အမေရိကန်ဦးဆောင်၍ ကုလသမဂ္ဂညွှန့်ပေါင်းတပ်များမှ ရက်သတ္တပတ်ပေါင်းများစွာ ဗုံးကြဲတိုက်ခိုက်ပြီး ၁၉၉၁ ဖေဖေါ်ဝါရီ (၂၃) ရက်နေ့တွင် မြေပြင်ထိုးစစ် လေးရက်ကြာဆင်နွှဲပြီး အီရတ်တို့ကို ပြန်လည်ဆုတ်ခွါစေခဲ့သည်။ ၁၉၉၀ - ၉၁ အီရတ် ကျူးကျော်စစ်အတွင်း ပျက်စီးယိုယွင်းသွားသောရေနံတွင်းများကို ပြန်လည်ပြုပြင်ရန်အတွက် ကူဝိတ်အနေနှင့် ဒေါ်လာ ၅ ဘီလီယံကျော်ခန့်သုံးစွဲခဲ့ရသည်။ ၁၉၉၁မှစ၍ အယ်လ်ဆာဘားတော်ဝင်မိသားစုမှ တိုင်းပြည်ကို ပြန်လည်အုပ်ချုပ်ခဲ့ပြီး အောက်လွှတ်တော်ကို ပြန်လည်ဖွဲ့စည်းခဲ့သည်။

ပထ၀ီ အနေအထား
တည်နေရာ
အရှေ့အလယ်ပိုင်း ၊ပါရှန်းပင်လယ်ကွေ့ နှင့် ထိစပ်။ အီရတ် နှင့် ဆော်ဒီအာရေဗျနိုင်ငံများကြား။

မြေပုံအညွှန်း
အရှေ့အလယ်ပိုင်း။

ဧရိယာ
ကုန်းမြေ - 17820 sq km
ရေ - 0 sq km
စုစုပေါင်း - 17820 sq km

ထိစပ်နယ်မြေ
အီရတ် - 240 km
ဆော်ဒီအာရေဗျ - 222 km

ကမ်းရိုးတန်း
499 km

ရာသီဥတု
ခြောက်သွေ့ကန္တာရရာသီဥတု ။ အလွန်ပူပြင်းသောနွေရာသီ ၊ တိုတောင်း၍ အေးသော ဆောင်းရာသီ။

မြေမျက်နှာသွင်ပြင်
ပြန့်ပြူးသော ကန္တာရမြေပြန့် နှင့် လှိုင်းအနည်းငယ်တွန့်သော ကန္တာရမြေပြန့်။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း ပါရှန်းပင်လယ်ကွေ့ - 0 m
အမြင့်ဆုံးအပိုင်း အမည်ပေးမထားသောနေရာတစ်ခု - 306 m

သဘာဝအရင်းအမြစ်
ရေနံ ၊ ငါး ၊ ပုဇွန် ၊ သဘာဝဓါတ်ငွေ့။

လူ့အရင်းအမြစ်
လူဦးရေ 2,691,158 (2009)
လူဦးရေတိုးနှုန်း 3.547 % (2009)
မွေးဖွားနှုန်း 21.9 / 1000 ဦးရေ (2008)
သေဆုံးနှုန်း 2.37 / 1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 76.51 နှစ်
မ - 78.95 နှစ်
စုစုပေါင်း - 77.71 နှစ် (2009)

လူမျိုး
ကူဝိတ်

တိုင်းရင်းသားလူမျိုး
ကူဝိတ် - 45 %
အာရပ် - 35 %
တောင်အာရှ - 9 %
အီရန် - 4 %
အခြား - 7 %

ကိုးကွယ်မှု
မွတ်စလင် - 85 %
အခြား - 15 %

ဘာသာစကား
အာရဗီ (ရုံးသုံး)

မြို့တော်
ကူဝိတ် (Kuwait)

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။