August 4, 2009

Kingdom of Denmark


၆၀။ဒိန်းမတ်(Denmark)
Kingdom of Denmark


နောက်ခံသမိုင်း အကျဉ်း
အစောဦးပိုင်းက ဗိုက်ကင် ပင်လယ်ဓါးပြများ ကျက်စားရာဒေသတစ်ခုဖြစ်ခဲ့ပြီးနောက်ပိုင်းတွင် မြောက် ဥရောပ၏ အင်အားကြီး နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့သည်။ ဒိန်းမတ်နိုင်ငံသည် ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံ တစ်နိုင်ငံဖြစ်သည်။ ဥရောပ၏ အထွေထွေနိုင်ငံရေးနှင့်သာတူညီမျှ ပူးပေါင်းကုန်သွယ်မှုစနစ် အတွင်းပါဝင်သည်။ ၁၉၄၉ တွင် နေတိုး အုပ်စုထဲသို့ဝင်ရောက်ခဲ့ပြီး ၁၉၇၃ တွင် EEC (Europian Economic Community) (ယခု EV) သို့ ၀င်ရောက်ခဲ့သည်။ သို့သော် ဥရောပသမဂ္ဂ (EV) ၏ မားစထရစ် စာချုပ်ပါ ဥရောပ စီးပွားရေး နှင့် ငွေကြေး သမဂ္ဂ၊ ကာကွယ်ရေး ကိစ္စပူးပေါင်းဆောင်ရွက်ရေး ၊ အချို့သော တရားရေးရာ ကိစ္စများ နှင့် ပြည်တွင်းရေးကိစ္စရပ် များ တွင် ပါဝင်ဆောင်ရွက်ခြင်းမရှိပေ။

ပထ၀ီ အနေအထား
တည်နေရာ
ဥရောပ မြောက်ပိုင်း။ ဘော်လတစ်ပင်လယ် ၊ မြောက်ပင်လယ်တို့နှင့်ထိစပ်။ဂျာမဏီ နိုင်ငံ၏
မြောက်ဘက်ရှိ ကျွန်းဆွယ်ပေါ်တွင်တည်ရှိ။ ရှဲလ်လန်း နှင့် ဖင်း ကျွန်းနှစ်ကျွန်း ပါဝင်။

မြေပုံအညွှန်း
ဥရောပ ။

ဧရိယာ
ကုန်းမြေ - 42,394 sq km
ရေ - 700 sq km
စုစုပေါင်း - 43,094 sq km

ထိစပ်နယ်မြေ
ဂျာမဏီ - 68 km

ကမ်းရိုးတန်း
7,314 km

ရာသီဥတု
အပူအအေးမျှတ ၊ စိုထိုင်း၍အုံ့မှိုင်း ၊ သင့်တင့်၍လေထန်သောဆောင်းရာသီ။ အေးမြသော နွေရာသီ။

မြေမျက်နှာသွင်ပြင်
နိမ့်၍ ညီညာရာမှ လှိုင်းထသောမြေပြန့်။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း လမ္မာ့ဖျော့ - 7 m
အမြင့်ဆုံးအပိုင်း ရိုင်းစကိုဗိုးအယ့် - 173 m

သဘာဝအရင်းအမြစ်
ရေနံ ၊ သဘာဝဓါတ်ငွေ့ ၊ ငါး ၊ ဆား ၊ ထုံးကျောက် ၊ မြေဖြူ ၊ကျောက်တုံး၊ကျောက်စရစ်ခဲ ၊ သဲ။

လူ့အရင်းအမြစ်
လူဦးရေ 5,484,723 ဦးရေ
လူဦးရေတိုးနှုန်း 0.295 % (2008)
မွေးဖွားနှုန်း 10.71/1000 ဦးရေ (2008)
သေဆုံးနှုန်း 10.25 / 1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 75.8 နှစ်
မ - 80.59 နှစ်
စုစုပေါင်း - 78.13 နှစ်

လူမျိုး
ဒိန်း (ဒန်းနစ်)

တိုင်းရင်းသားလူမျိုး
စတင်ဒီနေဗီးယန်း ၊အင်နု ၊ ဖာရို့စီ ၊ ဂျာမန် ၊တူရကီ ၊ အီရန် ၊ ဘိုမာလီ။

ကိုးကွယ်မှု
ဝေဂလိ လူသာရန် - 95 %
အခြားခရစ်ယာန် - 3 %
မွတ်စလင် - 2 %

ဘာသာစကား
ဒန်းနစ် ၊ ဖါရိုစီ ၊ ဂရင်းလန် ၊ (အင်နု ဒေသီယ) ဂျာမန် (အနည်းငယ်)

မြို့တော်
ကိုပင်ဟေဂင် (Copenhagen)

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။