August 4, 2009

Czech Republic


၅၉။ချက်သမ္မတနိုင်ငံ
(Czech Republic)

နောက်ခံသမိုင်း အကျဉ်း
ပထမကမ္ဘာစစ်ပြီးနောက် ယခင် ဩစတြို - ဟန်ဂေရီယန် အင်ပါယာ အတွင်းရှိ ချက်နှင့် စလိုဗက်တို့ ပူးပေါင်း၍ ချက်ကိုဆလိုဗက်ကီးယား နိုင်ငံတည်ထောင်ခဲ့ကြသည်။ ပထမကမ္ဘာစစ် နှင့် ဒုတိယကမ္ဘစစ်ကြီး ကြားကာလတွင် အထူးသဖြင့် ဆူဒီတန် ဂျာမန်နှင့် ရူသီနီးယန်း (ယူကရိန်းနီးယန်း) လူမျိုးများ အပါအ၀င် တိုင်းရင်းသားလူမျိုးစုများ၏ လိုအပ်ချက်များအတွက် ချက်ကိုဆလိုဗက်ကီးယားနိုင်ငံ ခေါင်းဆောင်များ မကြာ ခဏ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ဒုတိယ ကမ္ဘာစစ်ပြီးနောက် ချက်ကိုဆလိုဗက်ကီးယားသည် ဆိုဗီယက် ဩဇာ လွှမ်းမိုးမှုအောက်ကျရောက်ခဲ့သည်။ ၁၉၆၈ တွင် နိုင်ငံခေါင်းဆောင်များ၏ ကွန်မြူနစ်ပါတီ အုပ်ချုပ်မှုကို လျှော့ပေါ့ စေ၍ ဆိုရှယ်စနစ် လူချင်းထောက်ထားသော ဆိုရှယ်လစ်စနစ်ဖန်တီးရန် ကြိုးပမ်းမှုကို ၀ါဆောအုပ်စု စစ်တပ်များ ၀င်ရောက်၍ ဟန့် တားခဲ့သည်။ ထိုနောက်ပိုင်းနှစ်များတွင် ဆိုဗီယက်ဆန့်ကျင်ရေး ဆန္ဒပြမှုများပေါ်ပေါက်ခဲ့ပြီး ရက်စက်စွာနိမ်နှင်းခြင်းခံခဲ့ရသည်။ ၁၉၈၉ တွင် ဆိုဗီယက် ပြိုကွဲသောအခါ ချက်ကိုဆလိုဗက်ကီးယားသည် “ကတ္တီပါ တော်လှန်ရေး” ဖြင့် ငြိမ်းချမ်းစွာ လွတ်လပ်ရေးရရှိခဲ့သည်။ ၁၉၉၃ ဇန်န၀ါရီလ (၁)ရက်နေ့တွင် ချက် သမ္မတနိုင်ငံ နှင့် ဆလိုဗက်ကီးယား နိုင်ငံဟူ၍ “ကတ္တီပါလမ်းခွဲ” သဘောတူညီမှုဖြင့် နိုင်ငံ(၂) နိုင်ငံအဖြစ် ကွဲပြား သွားခဲ့သည်။ ချက်သမ္မတနိုင်ငံသည် ၁၉၉၉ တွင် နေတိုးသို့လည်းကောင်း ၊ ၂၀၀၄ တွင် ဥရောပသမဂ္ဂသို့ လည်းကောင်း ၀င်ရောက်ခဲ့သည်။

ပထ၀ီ အနေအထား
တည်နေရာ
ဥရောပ အလယ်ပိုင်း ၊ ဂျာမဏီ နိုင်ငံ အရှေ့တောင်ဘက်။

မြေပုံအညွှန်း
ဥရောပ ။

ဧရိယာ
ကုန်းမြေ - 77,276 sq km
ရေ - 1590 sq km
စုစုပေါင်း - 78866 sq km

ထိစပ်နယ်မြေ
ဩစတြီးယား - 362 km
ဂျာမဏီ - 815 km
ပိုလန် - 615 km
ဆလိုဗက်ကီးယား - 197 km

ကမ်းရိုးတန်း
မရှိ (ကုန်းတွင်းပိတ်)

ရာသီဥတု
အပူအအေးမျှတ ။အေးမြသောနွေရာသီ ၊အေးသော ၊တိမ်ထူထပ်သော၊စိုထိုင်းသော ဆောင်းရာသီ။

မြေမျက်နှာသွင်ပြင်
အနောက်ဘက်ရှိ ဘိုဟီးမီးယားဒေသတွင် တောင်နိမ့်များဝန်းရံလျှက်ရှိသော လှိုင်းတွန့်သော
မြေပြန့်များ၊ တောင်ကုန်းများ၊ မြေပြန့်လွင်ပြင်များရှိ။အရှေ့ဘက်ရှိ မော်ရာဗီးယားဒေသ တောင်ကုန်းပေါများသည်။

မျက်နှာပြင်အမြင့်ခြားနားချက်
အနိမ့်ဆုံးအပိုင်း အယ်ဘီမြစ် - 115 m
အမြင့်ဆုံးအပိုင်း ဆနက်တာ - 1,602 m

သဘာဝအရင်းအမြစ်
ကျောက်မီးသွေးမာ၊ ကျောက်မီးသွေးနု၊ ရေနံဆီ ၊ ရွှံ့စေး၊ ဂရပ်ဖိုက် ၊ သစ်။

လူ့အရင်းအမြစ်
လူဦးရေ 10,220,911 (2008)
လူဦးရေတိုးနှုန်း -0.162 % (2008)
မွေးဖွားနှုန်း 8.89 / 1000 ဦးရေ (2008)
သေဆုံးနှုန်း 10.69 / 1000 ဦးရေ (2008)
ပျှမ်းမျှအသက် ကျား - 73.34 နှစ်
မ - 80.08 နှစ်
စုစုပေါင်း - 76.62 နှစ် (2008)

လူမျိုး
ချက် ။

တိုင်းရင်းသားလူမျိုး
ချက် - 9.4 %
မော်ရာဗီးယန်း - 3.7 %
ဆလိုဗက် - 1.9 %
အခြား - 4 %

ကိုးကွယ်မှု
ရိုမန်ကက်သလစ် - 26.8 %
ပရိုတက်စတင့် - 2.1 %
အခြား - 3.3 %
အမည်မသိ - 8.8 %
ဘာသာစွဲမရှိ - 59 %

ဘာသာစကား
ချက် - 94.9%
ဆလိုဗက် - 2 %
အခြား - 2.3 %
အမည်မသိ - 0.8 %

မြို့တော်
ပရာဂူး (Prague)

0 comments:

Post a Comment

comment လေးဖတ်ပါရစေ။
စိတ်ရှည် သည်းခံပေးပါ။

 
ယခုသင်ဖွင့်ကြည့်နေသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။